YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Zookeeper.2011.720p.(CM).mp4

1006.13 MB N/A video/mp4 644 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chokehold
5.5

IMDb Rating - 5.8/10 လင်မယားနှစ်ယောက်ဟာ ရွာငယ်လေးဆီကို ဘဝသစ်စဖို့ ပြောင်းလာကြတယ်။ ဒါပေမဲ့ အဲဒီရွာကလူတွေက သူတို့ကို သတ်ချင်နေကြပါသတဲ့။ ဒီဇာတ်ကားထဲက မင်းသားရဲ့ဇာတ်ကောင်ဟာ လူကောင်း လုံးလုံးကြီးရယ်လို့ မဟုတ်ပါ။ သူ့ပုံစံက လုပ်ရင်းလုပ်ရင်း လက်လွန်လာသလိုမျိုး။ ကိုယ့်ကို ဒုက္ခပေးတဲ့သူကို လက်စား ချေချင်လို့သတ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့သတ် လိုက်နဲ့ လုံးချာရိုက်နေတော့တာပေါ့။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်ကြား သံယောဇဉ် အက်ကွဲကြောင်းလေးတွေ ပေါ်လာပြန်တယ်။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ကြည့်ကောင်းပြီး Rating - 5.8 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.3 GB) / (654 MB)  /(361 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Ngwe Zin Encoder..........SWM

Action • Adventure • Fantasy • Mystery
5.5 2023 112 mins
Chokehold
Animal Kingdom
6.8

IMDb..7.3.,,, Rt..95% ဒီကားဟာ အော်စကာ ဆန်ကာတင်တစ်ဆုစာရင်းဝင်ခဲ့သလို အခြားဆု ၃၉ ဆုလည်းရရှိခဲ့ပါတယ်... မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့စကားရှိပါတယ်။ ဘယ်သူမှမသိတောင် ကိုယ်လုပ်တဲ့ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလို ခြောက်လှန့်ပြီး ဘာကိုကြောက်နေရမှန်းမသိ ကြောက်နေရတာမျိုးပါပဲ။ ဒါပေမယ့် တချို့လူတွေကတော့ ကြောက်ရွံမှုတွေနဲ့အတူ မကောင်းမှုတွေကို ထပ်ပြီး လုပ်မိတတ်ကြပါတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဂျေဆိုတဲ့ အသက်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် သူ့အမေ ဆေးလွန်ပြီးဆုံးပါးသွားခဲ့လို့ သူ့အဖွားတွေ သူ့ဦးလေးတွေဆီ သွားနေရဖို့ဖြစ်လာပါတယ်။ သူမသိခဲ့တာက အဲ့ဒီလူတွေက ဒုစရိုက်မှုတွေကို ကျူးလွန် နေကြသူတွေဆိုတာပါပဲ။ ပြီးတော့ တစ်ချိန်လုံး ကြောက်နေရသူတွေပေါ့။ ဂျေတစ်ယောက် သူ့ရောက်သွားရတဲ့ ပတ်ဝန်းကျင်အသစ်မှ ာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ပတ်ဝန်းကျင်ဆိုတာက လူတစ်ယောက်ကို ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size : (1.6GB) (552MB) and (162 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae

Horror • Thriller
6.8 2010 113 mins
Animal Kingdom
Deewangee
6.4

မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။ "အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်... ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်.. ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ... ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်... ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်... မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်.. လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်.. ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်... ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်... တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်... ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား... တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်... လောကမှာ အချစ်အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့ လူစားမျိုးကို ရလိုက်တာဟာ ကံကောင်းခြင်းလို့ မှတ်ယူနိုင်ပါတယ်... ဒါပေမဲ့ အချစ်ရဲ့စွဲလမ်းရူးသွပ်စိတ်မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တာကို ဒီဇာတ်ကားက အမိအရရိုက်ကူးထားပေးလို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်ကြပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ File size…(3 GB) / (1.3 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • TV Movie
6.4 2002 156 mins
Deewangee
Saw IV Saw 4
5.9

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 4 (2007) အခုကားကတော့ Saw Franchise ရဲ့ စတုတ္ထမြောက်ကား။ Jigsaw လို့ အများကခေါ်ကြတဲ့ John Kramer ဟာ ဉာဏ်ကြီးရှင် civil အင်ဂျီနီယာတစ်ယောက်။ ပြီးတော့ စိတ္တဇလူသတ်သမားတစ်ယောက်လည်း ဖြစ်တယ်။ ရူးသွပ်ဖွယ် philosophy ကို လက်ကိုင်ထားပြီး စိတ္တဇကစားပွဲတွေကို ဖန်တီးသူတစ်ယောက်။ သူက လူတွေကို သူ့ရဲ့ ပြောင်မြောက်လှတဲ့ လူသတ်ကိရိယာတွေနဲ့ စမ်းသပ်မှုတွေလုပ်ပြီး ကစားပွဲထဲကို ခေါ်ငင်တယ်။ ရှင်သန်ဖို့နဲ့ သေဆုံးဖို့… ရွေးချယ်မှုကတော့ မင်းလက်ထဲမှာ… မင်း စိတ်ကြိုက်ရွေးချယ်လိုက်ပါ…။

Drama
5.9 2007
Saw IV Saw 4
Nightshift
6.1

Nightshift (2020) 2020 က ထွက်ရှိထားတဲ့ Nightshift (Phillipines) ဇာတ်ကားလေးဟာ Horror အမျိုးအစားဖြစ်ပြီး ရင်ခဲွရုံတစ်ခုကို အခြေတည်ထားတဲ့အတွက် ထိတ်လန့်စရာတွေ Jumpscare တွေနဲ့ ပြည့်နေပါတယ်။ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ရင်ခဲွရုံမှာတာ၀န်ကျတာ တစ်ပတ်ပဲရှိသေးတဲ့ လက်ထောက် Jessie တစ်ယောက်ဟာ လူသေအလောင်းတွေကြား နေသားမကျသေးဘဲ ဖြစ်ရိုးဖြစ်စဥ္ တွေကအစ ထိတ်လန့်တတ်သူပါ။ Jessie ကို တာ၀န်ကျတဲ့ အလောင်းခဲွစိတ်ဆရာ၀န်က လေ့လာမှတ်သားသင့်တာတွေကို ရှင်းပြတတ်ပါတယ်။ ဒါပေမယ့်လည်း အလောင်းတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုတဲ့ အပြုအမူတွေကို စတင်လာတဲ့အခါမှာတော့ Jessie တစ်ယောက် ဆက်ပြီး နေနိုင်ပါ့မလား၊ သဘာ၀ဖြစ်ရိုးဖြစ်စဥ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီ ၁နာရီ ၃၅မိနစ်ကြာမြင့်တဲ့ ဖိလစ်ပိုင် Horrr ဇာတ်ကားက ပြောပြပေးသွားမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 491MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

Drama • Romance • Comedy
6.1 2020 95 mins
Nightshift
Hell House LLC Origins: The Carmichael Manor
6.3

Hell House LLC Origins: The Carmichael Manor (2023) ~ IMDb – 6.3/10, Rotten Tomatoes – 83% ~ အခုတစ်ခေါက်ထပ်မံထွက်ရှိလာတဲ့ Hell House LLC ဇာတ်ကားကတော့ ၂၀၁၅၊ ၂၀၁၇ နဲ့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Hell House ရုပ်ရှင်သုံးခုရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hell House အကြောင်း အဓိကထားရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းရဲ့နာမည်အတိုင်း အဗ္ဗဒုန်ဟိုတယ်မီးပြာကျသွားတုန်းက ပါခဲ့တဲ့ အာသာ ကာမိုက်ကယ်ရဲ့ မိသားစုနောက်ကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်တမ်းရင့်အမှုအေးတွေနောက် လိုက်နေတဲ့ လူငယ်တစ်ဖွဲ့က လူသတ်မှုဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကာမိုက်ကယ်အိမ်ကြီးထဲမှ ၅ ညသွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီပေမဲ့ ၅ရက်မပြည့်ခင်မှာပဲ တစ်ဖွဲ့လုံး အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဘရစ်ဂျစ်၊ ရေဗက္ကာနဲ့ ချေ့စ်တို့သုံးယောက်ဟာ လူသတ်မှုဖြစ်ထားပြီး သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ကာမိုက်ကယ်အိမ်တော်ကြီးကို တကယ်ဟုတ်မဟုတ်စူးစမ်းလေ့လာဖို့အတွက် ၅ ရက် သွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူငယ်ချင်းသုံးယောက်ထဲမှာ ဘရစ်ဂျစ်ကတော့ အတက်ကြွဆုံးပေါ့။ သူက ငယ်ငယ်ကတည်းက အခုလိုမျိုး ထွေလျားဆန်းပြားတဲ့ အမှုမျိုးတွေဆိုအရမ်းကြိုက်တဲ့သူကိုး။ သူ့ရဲ့ ချစ်သူရေဗက္ကာကလည်း သူအတင်းခေါ်လို့ မသွားချင်သွားချင်နဲ့ လိုက်ခဲ့ရပါတယ်။ အဲဒါအပြင် အဖော်ထပ်ရှိအောင်ဆိုပြီး သူ့အစ်ကိုချေ့စ်ကိုပါ အပါခေါ်ခဲ့ပါသေးတယ်။ အနောက်တိုင်းလူငယ်တွေဆိုတဲ့သဘာဝအလျောက် ဒီလိုစူးစမ်းလေ့လာရတာမျိုးကို အရမ်းကြိုက်ကြတာပေါ့။ ကာမိုက်ကယ်အိမ်ကို ရောက်ပြီးချင်း ပထမ ၂ရက်ပြည့်တဲ့အထိတော့ ဘာမှမဖြစ်ခဲ့ပေမဲ့ ဘရစ်နဲ့ ရေဗက္ကာတို့ ကာမိုက်ကယ်အိမ်တော်နားက မြို့လေးတစ်မြို့မှာ အဗ္ဗဒုန်ဟိုတယ်ပြာမကျခင် ကျန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကိုသွားကြည့်ရင်း ဆန်းပြားတဲ့ပစ္စည်းတွေကို တွေ့ပြီး ကာမိုက်ကယ်အိမ်ကိုပြန်ရောက်လာတဲ့အချိန်ကစပြီး မသင်္ကာစရာတွေ စပြီးဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဘရစ်ဂျစ်နဲ့ ရေဗက္ကာတို့ အပြင်သွားနေတဲ့အချိန် တစ်ယောက်တည်း ကာမိုက်ကယ်အိမ်မှာကျန်နေခဲ့တဲ့ ချေ့စ်က မူမမှန်တာတွေကို စပြီးသတိထားမိလာပါတယ်။ ဒါနဲ့ ချေ့စ်က နောက်တစ်နေ့ကျ ရေဗက္ကာကို သွားသတိပေးခဲ့ပါတယ်။ ဘရစ်ဂျစ်က အရမ်းစူးစမ်းချင်လိုစိတ်ပြင်းတာကတစ်ကြောင်း ရေဗက္ကာကလည်း ဘရစ်ဂျစ်ကို အားနာတာကတစ်ကြောင်းဖြစ်နေတာနဲ့ပဲ မိတ်ဆွေသုံးယောက်က ကာမိုက်ကယ်အိမ်မှာဆက်နေဖြစ်ခဲ့ပါတယ်။ တတိယနေ့ညမှာပဲ မသင်္ကာစရာတွေ မူမမှန်တဲ့ကိစ္စတွေထပ်ပြီးဖြစ်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ အိမ်တော်ကြီးရဲ့ အပေါ်ထပ်မှာ ရေဗက္ကာက သူ့အခန်းထဲမှာတစ်ယောက်ထဲ လက်တော့ပ်ထဲ ဗီဒီယိုခေါ ပြောနေတဲ့အချိန် သူ့ကိုနောက်ကျောကနေ ဓာတ်ပုံပြန်ရိုက်ထားတဲ့အဖြစ်အပျက်ပါ။ အဲဒီအချိန်ကစပြီး ရေဗက္ကာကိုယ်တိုင် ထိတ်လန့်ချောက်ချားလာပြီး ကာမိုက်ကယ်အိမ်ကနေ ထွက်သွားတော့မယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဘရစ်ဂျစ်က ခေါင်းမာလွန်းလို့ နောက်တစ်နေ့အထိတော့ ဆက်နေဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းသုံးယောက် တတိယမြောက်ညကို ဘယ်လိုကျော်ဖြတ်ကြမလဲ… နောက်ဆုံးမှာ သရဲအိမ်နောက်ကွယ်က ကာမိုက်ကယ်မိသားစုရဲ့ ဇာတ်လမ်းကကော ဘယ်လိုဖြစ်နေမလဲဆိုတာကို ထိတ်လန့်တကြား ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အရမ်း Hell House ဇာတ်တွေလိုပါပဲ ဖြစ်ရပ်မှန်မှုခင်းတစ်ခုကို ပြန်ရိုက်ထားတဲ့ Documentary ပုံစံပြန်ရိုက်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် အရင်ကားတွေလိုမျိုး ဇာတ်ရည်လည် ကြောက်‌လည်းကြောက်အောင် ရိုက်ထားပြနိုင်တာဖြစ်လို့ Tomatometer ရဲ့ Audience Score ၈၆ ရာခိုင်နှုန်းအထိရထားပြီး တကယ်ကြည့်ကောင်းတဲ့ Horror ဇာတ်ကားတစ်ကားပါ။ ဆိုတော့ တခြား Genres ကား‌တွေကြည့်ပြီး ပျင်းနေကြတဲ့သူတွေအတွက် ထိတ်လန့်တကြား စောင့်မျှော်ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 785MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.3 2023 98 mins
Hell House LLC Origins: The Carmichael Manor
Dry Day
8.3

Dry Day (2023) “ခြောက်ကပ်ကပ်နေ့များဆီသို့… ” Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။ အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Drama • Crime
8.3 2023
Dry Day
The Number 23

ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ထားပြီး ရော်ဘင်လို့ ခေါ်တဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ထားပြီး မိသားစု ဘဝလေးကို တည်ထောင်ထားပါတယ်။ သူက ပုံမှန်လူတွေလိုပဲ အလုပ်လုပ်မယ် မိန်းမကို ချစ်မယ် သားလေးကို ပျိုးထောင်မယ်၊ ဒီလိုလေးတွေ လုပ်ရင်းနဲ့ပဲ ဘဝကို နေထိုင်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ တခုသော မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် “နံပါတ် ၂၃”ဆိုတဲ့ စာအုပ်ကို ရလိုက်တဲ့အချိန်က စပြီး အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ စိတ်ကူးယဥ်ရေးထားတဲ့ စာအုပ်က သူ့ရဲ့ဘဝနဲ့ ထပ်တူကျနေတဲ့အခါ၊ စာအုပ်ထဲက အကြောင်းရာတွေ အပြင်မှာပါ တအားမှန်လာတဲ့အခါ၊ နံပါတ် ၂၃ကို တဖြည်းဖြည်း စွဲလန်းလာတဲ့အခါ … စွဲလန်းမှုကနေ လူသတ်မှုတွေထိပါ ဆက်နွယ်လာတဲ့အခါ …. ဒီ”နံပါတ်၂၃”စာအုပ်ကို ရေးခဲ့တာ ဘယ်သူလဲ … ဒီစာအုပ်ထဲက အကြောင်းရာတွေက ဘာလို့ ဝေါတာရဲ့ဘဝနဲ့ တထပ်တည်းနီးပါးထပ်တူကျနေတာလဲ … လူသတ်မှုကရော တကယ်ပဲဖြစ်ခဲ့တာလား …. တကယ်ဆိုရင် ဘယ်သူသတ်ခဲ့တာလဲ … လူသတ်သမားက သူ လူသတ်ခဲ့ကြောင်း စာအုပ်ရေးပြီး ဝန်ခံထားတာလား … ဒါဆိုရင် စာရေးဆရာက ဘယ်သူလဲ … ဒါမှမဟုတ် နံပါတ် ၂၃ကို စွဲလန်းလာရာကနေ စိတ်ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား …. ဇာတ်လမ်းကို ကြည့်နေရင်းနဲ့ လူက ဇာတ်ရှိန်နဲ့အတူ မျောပြီးတော့ကို ပါသွားမှာပါ။ ဒီရုပ်ရှင်က Leonardo DiCaprioeရဲ့ Shutter Islandနဲ့တောင် ဆင်တယ်လို့တောင် ခံစားမိပါတယ်။ မတူတာကတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခုကိုလည်း ပေးသွားတာမို့လို့ ရုပ်ရှင်တစ်ခုရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2007
The Number 23
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
Wildlike
6.6

သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့ live action series ထဲက မင်းသမီး Ella Purnell ပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ် ဆယ်ကျော်သက်မလေး Mckenzie နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူ နေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေး ဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈ မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေ တစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊ အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲ အခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့ မတာ်တဆ ဆုံမိသွားတဲ့အခါ……. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Comedy • Action
6.6 2014
Wildlike
The Wild

The Wild (2006) *************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်… File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : 1 hr. 22 min. Genre : Family, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Heather Oo

Action • Romance • Drama
0 2006 82 mins
The Wild
Adharma Kadhaigal
5.1

Adharma Kadhaigal (2024) “စိတ်အမှောင်” ဒီတစ်ခါ‌တော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။ မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Family • Drama
5.1 2024 131 mins
Adharma Kadhaigal
Dilan : Wo Ai Ni (2024)

ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။

Horror • Drama
0 1983
Dilan : Wo Ai Ni (2024)