YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Zodiac Slayer S01E02 1080p CM.mp4

663.11 MB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
The Mad Women's Ball
7.1

IMDb Rating - 6.6/10 လူတွေက လူတစ်ယောက်ရူးခြင်းမရူးခြင်းကို ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ် နေကြတာလဲ။ ဘုရားသခင်ကိုမြင်နေပြောနေရတယ်လို့ပြောတဲ့ လူတစ်ယောက် ကိုကျ လူတွေကအရူးလို့မသတ်မှတ်ဘဲ သရဲဝိဉာဉ်တွေကိုမြင်ရပြောနေရတယ်လို့ ပြောတဲ့လူကိုကျ အရူးတစ်ယောက်လို သတ်မှတ်နေကြတာလဲ။ ပြီးတော့ လူတစ် ယောက်ကရူးသွပ်သွားရင် လူမဟုတ်တော့ဘူးလား။ တိရိစ္ဆာန်တွေထက်ကိုဆိုးဝါးတဲ့ နည်းတွေနဲ့ ဆက်ဆံခွင့်ရှိနေသလား။ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်း အတွက်အမှိုက်လား ကြိုက်သလိုလုပ်ခွင့်ရှိတဲ့အစမ်းသပ်ခံလား။ သေချာတာကတော့ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်းကိုဘာဒုက္ခမှ မပေးတာပါပဲ။ စံနှုန်းတွေလက်ဝယ်ပိုက်ပြီး လူကြီးလူကောင်းဂိုက်နဲ့နေနေတဲ့လူတချို့ ကသာ လူ့အဖွဲ့အစည်းအတွက်အမှိုက်လိုလူတွေ လူအဖွဲ့အစည်းကိုဒုက္ခပေးပြီး သူတို့ စိတ်ပျော်ရွှင်ရာအတိုင်းလုပ်ဆောင်နေကြတဲ့လူတွေပါ။ ဒီကားလေးထဲမှာ ဝိဉာဉ်တွေကို မြင်ရလို့ အရူးလို့သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကိုအပို့ခံခဲ့ရတဲ့ ယူဂျင်းကလဲရ်၊၊ စိတ္တဇဆေးရုံမှာ လူကြီးလူကောင်းတချို့ရဲ့ အစမ်းသပ်ခံအရုပ်လေးတွေလို စိတ်ဖြေရာ အရုပ်လေးတွေလိုပြုသမျှနုနေကြရတဲ့ အရူးလို့သတ်မှတ်ခံအမျိုးသမီးလေးတွေရဲ့ဘဝကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (2.73 GB) / (663 MB) / (406 MB) Quality – Web-DL 1080p / 720p/480p Duration - 2h 02mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – SWM

Drama
7.1 2021 122 mins
The Mad Women's Ball
The Guilty
7.3

IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ ဇာတ်လမ်းအကျဉ်း ============ အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။ အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။ အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ဌာနတွေနဲ့ ချိတ်ပြီးလိုက်ခိုင်းတယ်။ ဒီကားမှာ အခြားရဲတွေ အဓိကဇာတ်ကောင် မိန်းမ ယောက်ျား ကလေးတွေ ဘာကိုမှ မပြသွားပါဘူး။ အက်စ်ဂါရဲ့ ဖုန်းထဲက အမေးအဖြေတွေ အသံတွေအစုံပြပြီး ပရိသတ်ကို ကိုယ်တိုင် မျက်စိနဲ့ လိုက်မြင်ယောင် ခံစားအောင် ဆွဲဆောင်သွားတာပါ။ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ တကယ်တမ်းပြောရရင် ဒီလို ဇာတ်ညွှန်းမျိုးကို မြန်မာတွေသာ စဉ်းစားမိခဲ့တဲံလူရှိရင် ကောင်းကောင်းရိုက်နိုင်ပါတယ်။ အသံတွေ ဖမ်းဖို့နဲ့ လူတစ်ယောက် ရုံးခန်းတစ်ခုပဲ လိုသလောက်ရှိမှာပါ။ ဒါပေမယ့်ပေါ့လေ မပြောတော့ပါဘူး အာလည်းပေါက်လှပါပြီ။ ဒိန်းမတ်ကားလေးပဲ စိတ်ချမ်းသာအောင် ကြည့်ကြပါတော့။ Quality          :     Bluray rip Duration       :     1 hr 25 min Translator     :     Littleneo Encoder         :     Than Htike Zaw

Action • Crime • Mystery
7.3 2018 86 mins
The Guilty
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
Rogue One: A Star Wars Story
7.5

Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ Jedi နဲ့ လွှတ်တော်တွေရဲ့ ရန်သူတော်တွေပါ။ Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို့ အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။(ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတို့ရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ) File Size      :   950Mb / 500 Mb Duration     :   2 hr Quality        :   Bluray Rip Translator  :   Littleneo Encoder     :   Littleneo

Drama
7.5 2016 133 mins
Rogue One: A Star Wars Story
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
The Divine Move
6.7

The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည…. မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်… လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်…. အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ… သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး…သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး အဖမ်းခံလိုက်ရတယ်… ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်း လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်… ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့် အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်… ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်… ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်… Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ… အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်.. ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်… ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စား အက်ရှင်ခန်းတွေနဲ့…..ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလို အက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်… ကိုင်းညွှန်းတာလည်း များပြီဆိုတော့ ထောင်ထဲမှာ သူဘယ်လိုကြိုးစားပြီး အကိုဖြစ်သူကိုသတ် သူ့ဘဝကိုပါစုတ်ပြတ်သွားအောင်လုပ်တဲ့သူတွေကို ဘယ်လိုလက်စားချေမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့…. File Size : (2.7GB) and (868MB) Quality : Blu-Ray (1080p 5.1 CH, 720p) Format…mp4 Duration…01:58:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae

6.7 2014 118 mins
The Divine Move
Dope
7.2

မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့ လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက် စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး တ‌ယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့ သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက် ဖို့အစီအစဉ်က ဒီမူးယစ်‌ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့ အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။ အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့ အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့် ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.2 2015 103 mins
Dope
The Year of the Dog
5.8

The Year of the Dog (2023) ~ IMDb – 5.8/10, Rotten Tomatoes – 100% ~ ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ “ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ” ဆိုတဲ့ စကားအရ အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။ ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။ မွန်တားနားပြည်နယ်ဟာ စွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။ ၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ… ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား… ဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အရင်က သေချာမသိခဲ့တဲ့ စွတ်ဖားခွေးတွေအကြောင်းနဲ့ ခွေး ဆိုက်ကိုလိုဂျီအကြောင်းလည်း ဟောဒီ ခွေးနှစ်ဆိုတဲ့ ကားထဲမှာ အထိုက်အသင့်မြင်ရမှာပါ။ ခွေးချစ်ရင်တော့ လက်လွှတ်မခံပါနဲ့ ဒါပေမဲ့ အရက်စွဲပြီး ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကိုမှ ဘုကလန့်လုပ်ချင်တဲ့သူမျိုးကို ကြည့်မရရင်တော့ ခွေးချစ်လည်း ဒီကားကို ကျော်သွားလိုက်ပါ။ မျက်ရည်မလွယ်ဘဲ သည်းခံနိုင်စွမ်းရှိမှ ခွေးလေးစွတ်ဖားဆွဲတာ လာကြည့်ပါလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 715MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.8 2022 96 mins
The Year of the Dog
September Babies

September Babies ရုပ်ရှင်ဟာ ၂၀၂၄ ထွက် ဂျာမနီ စကားပြော အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း: အဖွဲ့ တစ်ခုကထိန်းချုပ်နေတဲ့ လောကကြီးမှာ ဘွန်နီနဲ့ဘိုနို လို့ခေါ်တဲ့ ဘွန်နှစ်ယောက်ရယ် ညှင် ဆိုတဲ့လူတစ်ယောက်ရယ် ၁၂ နှစ်အရွယ် ဇီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်ရှိနေပါတယ်။ ဇီယာဟာ အဖွဲ့က ကျွေးမွေးထားပြီး လေ့ကျင့်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘွန်နှစ်ယောက်ရော ညှင်ရောက အတော်လေးကိုကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဇီယာမသိခဲ့တာက ခါးသီးတဲ့အမှန်တရားရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့မှာ ပရင့်စ်(မင်းသား) ဆိုတဲ့လူတစ်ယောက်ရှိနေပြီး သူကပဲအကုန်လုံးကိုထိန်းချုပ်ထားပါတယ်။ လက်တွေ့မှာ ၁၂ နှစ်အရွယ်ကောင်မလေးအတွက် ဒီလောကကြီးက ကြမ်းတမ်းလှပါတယ်။ အဲတော့ ဇီယာ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇီယာပြန်လာတဲ့အခါမှာတော့…. File size…(741 MB)/(361 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Drama, Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer

Action • Adventure • Comedy
0 2024
September Babies
Croupier
7

Croupier ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့ Crime Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဝါရင့် မင်းသား Clive Owen အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဇာတ်ကားထဲမှာ Clive သရုပ်ဆောင်ထားတဲ့ Jack ဟာ နာမည်တစ်ခုရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ သူလမ်းကြောင်းပျောက်နေတုန်း သူ့အဖေက သူ့ကို ကာစီနိုတစ်ခုမှာ ဖဲဝိုင်းကိုင်တစ်ယောက်အနေနဲ့ အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီအလုပ်က သူ့ရဲ့တည်ငြိမ်နေတဲ့ ဘဝကို ဘယ်လိုရှုပ်ထွေးစေမှာလဲ ဘာတွေ ထိခိုက်စေမှာလဲ သူ ရုန်းထွက်နိုင်မှာလား သူပဲ ကြုံလာတဲ့ ပြဿနာတွေကို အရှုံးပေးလိုက်ရမလား အမြတ်ထုတ်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ခံစားရမှာ ဖြစ်ပါတယ် ဖဲဝိုင်းကိုင်းတစ်ယောက်ရဲ့ ခံစားချက်၊ ကာစီနိုရဲ့ သဘောသဘာဝ၊ လူတွေရဲ့ စိတ်နေစိတ်ထား စတာတွေကို ထင်သာအောင် ရိုက်ပြထားလို့ စိတ်ဝင်စားဖို့ အတော်ကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်,………. File size…1.99GB / 966MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7 1998
Croupier
The Train of Death

သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကို အင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death (အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာ အပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက် အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကို ရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာ ရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက် ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦး ဘယ်လိုတွေဆက်လုပ်ကြမလဲ။ ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လို ကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီး ကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန် ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့…..။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

0 2024
The Train of Death
Buffalo Soldiers
6.7

ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ် လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီး Joaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ အနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ် တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက် စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်း ရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီး ဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့ စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့ အခါမှာတော့ ….. ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာ ဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာ Comedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်း ကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.7 2001
Buffalo Soldiers
Return to Me
7

Return to Me (2000) IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ “Return to Me” သည် စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.7 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2000 115 mins
Return to Me