YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Zehan 2024 1080p ZEE5 WEB-DL YK(CM).mp4

1.84 GB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Adam
7.1

DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်... မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Fantasy, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 8.3GB | 2.5GB | 1.4GB | 726MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy
7.1 2022 124 mins
Black Adam
Extraordinary Hero Huang Jiguang
7.5

CM ရဲ့ chinese fan တွေအတွက် ဟွမ်ကျီကွမ်းဆိုတဲ့ သူရဲကောင်းရဲ့ အတ္ထုပတ္တိကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဟွမ်ကျီကွမ်း ဆိုတာ စီချွမ်းမှာ မွေးထားပြီး မတ်လ ၁၉၅၁ ခုနှစ်မှာ ကိုရီးယားစစ်ပွဲကို တရုတ်အမျိုးသားလုပ်အားပေးတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကိုရီးယားဖက်က ပေါင်းပြီး အမေရိကန်တပ်ကို တိုက်ခဲ့တယ်.... သူ့ဘဝနဲ့အတူ သူတို့ခေတ် သူတို့အခါက မရှိတဲ့လက်နက် မသိတဲ့စစ်ပညာကို အသုံးချပြီး အသက်ကိုလောင်းကြေးထပ်ပြီး တိုက်ပွဲဝင်ပြီး ရယူခဲ့တာမို့ မှတ်ကျောက်တင်ခံခဲ့ရသူတစ်ဦးပေါ့.... သူ့အကြောင်းကို version မျိုးစုံနဲ့ နိုင်ငံတကာက ရိုက်ကူးပုံဖော်ပြထားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တရုတ်ပြည်ဖွား တရုတ်သူရဲကောင်းဘဝကို တရုတ်က ပြန်လည်ရိုက်ကူးထားတာမို့ မမြင်ရတဲ့ရှုထောင့်နဲ့ မရိုက်ရဲတဲ့ ပြကွက်တွေကိုမြင်ရမှာမို့ အမျိုးသားစိတ်ဓာတ်နဲ့ တိုက်ပွဲမျှော်လင့်ချက်ကို တောင့်တသူ မက်မောသူတို့ ဒီကားလေးကို ဆက်ဆက် ဒေါင်းကြည့်လိုက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်.... Quality : WEB-DL 1080p,480p Format : mp4 Genres : Drama , War Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
7.5 2022
Extraordinary Hero Huang Jiguang
Scooby-Doo! Camp Scare
8

IMDb Rating - 7.2/10 မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား... ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။ အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး မညွှန်းတော့ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.5 GB) / (650 MB) / (420 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......May Thet Khine Soe Encoder..........SWM

Comedy • Romance
8 2010 72 mins
Scooby-Doo! Camp Scare
Family Camp
5.7

" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။ အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် မိသားစုဆိုတာ ဘယ်သူ့အမြင်မှာမှ စံပြဖြစ်နေစရာမလိုဘဲ သူတို့ချင်း ချစ်နေကြဖို့သာ အရေးကြီးကြောင်းကိုရောပေါ့။ ဒီရုပ်ရှင်ဟာခမ်းခမ်းနားနား ရုပ်ရှင်ကားကြီးမဟုတ်ပေမဲ့ နှလုံးသားတွေ နွေးထွေးစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.3GB Quality - Blu-ray 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 51Min Genre - Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Romance • Thriller
5.7 2022 111 mins
Family Camp
Sodium Day

"Sodium day"ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာ Class-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ် ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲ သွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို "Sodium day" လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။ အဲ့နေ့ "Sodium day"နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်း မပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေ ကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက် (၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။ အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော် ပြသွားတာကို "Sodium Day"ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (516 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Ngwe Zin Encoder..........SWM

Action • Comedy
0 2022 100 mins
Sodium Day
Apur Sansar
8.2

" အကောင်းဆုံး Art house Trilogyများ " ဆိုတဲ့ IMDb ရဲ့ List တစ်ခုမှာ ထိပ်ဆုံး၆ကားလုံးက ဘင်္ဂါလီဒါရိုက်တာကြီး ဆာတရာဂျစ်ရေးရဲ့ Trilogy နှစ်ခုပါပဲ။ ပထမကတော့ အပု Trilogy ပါ၊ နောက် ကာလကတ္တား Trilogy ကိုမြင်ရမှာပါ။ ရေးရဲ့အပု Trilogy မှာ Pather Panchali, Aparajito, Apur Sansar ဆိုတဲ့ သုံးကားပါပြီး သုံးကားလုံးဟာ IMDb ၈.၅ဝန်းကျင် ရထားတဲ့ ရုပ်ရှင်တွေပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအလီလီ ရရှိခဲ့တယ်။ နောက်ဆုံး ရေးဟာ မာတင်စကောဆေးစိရဲ့ ကမကထပြုမူနဲ့ ၁၉၉၂ အော်စကာဆုပေးပွဲမှာ Honorary Award ကိုတောင် ရခဲ့ပါတယ်။ ကျွန်တော်တို့ဆီက စွယ်စုံရဒါရိုက်တာကြီးဝင်းဖေကတော့ ဝင်းဖေလွယ်အိတ် စာအုပ်မှာ "ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ နိုင်ငံတကာရုပ်ရှင်ဆု အများဆုံးရထားသူဟာ ဥရောပကမဟုတ် အမေရိကက မဟုတ်တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာကြီး ရှော်ဒိုးဂျီးရွိုင်း (ဘင်္ဂါလီသံဖြင့်) ဖြစ်တယ်" လို့ ဆိုထားပါတယ်။ အပု Trilogy ဟာ ဘင်္ဂါလီစာရေးဆရာ ဘီဘုတိဘုဆန် ဘနားဂျေး (Bibhutibhushan Bandyopadhyay) ရဲ့ ပသာပန်ချာလီ (၁၉၂၉)နဲ့ အပရာဇိတ (၁၉၃၂) စာအုပ်၂အုပ်ကို အခြေတည်ပြီး ရေးကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာပါ။ ရေးရဲ့ ပထမကား ပသာပန်ချာလီကတော့ နာမည်တူစာအုပ်ကိုပဲ အခြေတည်ထားပြီးတော့ ဒုတိယကား အပရာဇိတကတော့ အပရာဇိတစာအုပ်ရဲ့ ပထမတစ်ဝက်ကို ရိုက်ကူးထားတာဖြစ်ပြီး နောက်ဆုံးကား အပုဆန်းဆားကတော့ အပရာဇိတစာအုပ်ရဲ့နောက်ဆုံးတစ်ဝက်ကိုရိုက်ကူးထားတာပါ။ ဒီသုံးကားလုံးဟာ အပုဆိုတဲ့ ဘင်္ဂါလီလူမျိုး အောက်ခြေလူတန်းစားကလေးရဲ့ လူမှန်းမသိတတ်သေးတဲ့ အရွယ်ကနေ ဖခင်ဖြစ်တဲ့အရွယ်အထိ အရွယ်သုံးပါးလုံးကိုပြပြီး ဘင်္ဂါလီမိသားစုတွေရဲ့ ဘဝကို အရိုးရှင်းဆုံးနဲ့အလှပဆုံးပုံဖော်ထားခဲ့တယ်။ နောက်ဆုံးကားအရ ဒီစာအုပ်၂အုပ်ဟာ စာရေးဆရာရဲ့ ဘဝဖြစ်စဉ်တွေလည်း နှောနေမယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်လည်း ဒီသုံးကားဟာ တော်တော့်ကို ခံစားရ စစ်မှန်နေတာပါပဲ။ ဘယ်လောက်ပဲနည်းပညာတွေဖွံ့ဖြိုးလာပါစေ အရှိတရားကို အရိုးရှင်းဆုံးပြထားတဲ့ ရုပ်ရှင်တွေက ခံစားမှုကတော့ အမြဲတစ်ပန်းသာနေမြဲမို့ ရေးရဲ့ရုပ်ရှင်တွေဟာ ခုလည်း ခေတ်ရဲ့နောက်မှာမကျန်ခဲ့သလို နောင်လည်းကျန်ခဲ့မှာမဟုတ်ပါဘူး။ ရေးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ နယ်ပယ်အစုံမှာ ခြေဆန့်နိုင်တဲ့ အနုပညာသမားပါ။ Screen Writer, Documentary, Filmmaker, Author, Essayist, Lyricist, Magazine Editor, Illustrator, Calligrapher, နဲ့ Music Composer စတဲ့ နယ်ပယ်တွေမှာလည်း ခြေဆန့်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း လိုင်းပေါင်းစုံကို ခြေဆန့်နိုင်ခဲ့ပါတယ်။ Goopy Bagha ရုပ်ရှင်သုံးကားတွဲနဲ့ အိန္ဒိယ fantasy ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သလို စုံထောက်ကြီး Feluda ဇာတ်ကားတွေရိုက်ကူးပြီးလည်း အိန္ဒိယရဲ့ကိုယ်ပိုင်ပုံစံနဲ့ ရှားလော့ခ်ကိုဖန်တီးခဲ့ပါတယ်။ သူ့ရုပ်ရှင်တွေရဲ့ costume ဒီဇိုင်းတွေ နောက်ခံတေးသံတွေကို ကြည့်ခြင်းအားဖြင့် ရေးဟာ အဘက်ဘက်မှာ ပါဖက်ရှင်နစ်ဖြစ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရေးကို အိန္ဒိယရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပေးခဲ့တဲ့သူလို့လည်း ဆိုကြပါတယ်။ သူ့ရုပ်ရှင်တွေမှာ ဘင်္ဂါလီဓလေ့တွေကို သေသေချာချာပြထားပြီး ကရုဏာသက်စရာ ဘင်္ဂါလီအမျိုးသမီးတွေ ဘဝကိုပါ ပေါ်လွင်အောင်ပြနိုင်ခဲ့ပါတယ်။ ဘယ်မှာဖတ်ခဲ့ဖူးတာလဲ မမှတ်မိတော့ပေမဲ့ ကျွန်တော် ခပ်ရေးရေး မှတ်မိနေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လူတစ်ယောက်ရှိတယ်။ သူက ဝက်အကြောင်းကလွဲ ဘာမှစိတ်မဝင်စားဘူး။ သို့ပေမဲ့ အိမ်နားက ကလေးမလေးလားမသိ မြူးထူးနေတာကိုကြည့်ပြီး ဒါဝက်မတွေအတွက်ဆို လင်လိုချင်နေတဲ့ အခြေအနေပဲ လို့ပြောတယ်။ နောက်ရက်ကျ အဲဒီကလေးမလေး တကယ် လင်နောက်လိုက်သွားတော့တာပါပဲ။ လောကဟာ ရှုပ်မယောင်နဲ့ အတော်ရိုးရှင်းပါတယ်။ တစ်ခုခုကို အတွင်းကျကျသိသွားပြီး သော့ချက်ရသွားတဲ့အခါ ဘာမဆို သိသွားသလိုပါပဲ။ တစ်ချို့ပြောကြသလို ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းနားလည်လိုက်တာနဲ့ လူတွေအားလုံးကို နားလည်နိုင်သလောက်ပဲမလား။ ဒါကြောင့်လည်း တရားတော်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်အောင်ကြည့်ဖို့ ဆိုခဲ့တယ်ထင်ပါတယ်။ ရေးဟာ အနုပညာနဲ့ပတ်သက်ရင် ဘက်စုံတော်တဲ့သူ၊ အနုပညာရဲ့သော့ချက်ကိုသိရှိပြီး ဘယ်အနုပညာမှာမဆို အသုံးချနိုင်တဲ့သူပါပဲ။ ဒီလိုလူတွေ မနည်းပေမဲ့ မများလှသလို ရေး‌လောက်လည်း ဘယ်သူမှ နာမည်မကျော်ဖူးကြတာတော့ အမှန်ပါပဲ။ " အပုရဲ့ကမ္ဘာ " အပုသုံးကားဟာ အပုရဲ့ကမ္ဘာပါပဲ။ ဒီသုံးကားဟာ အပုဘဝရဲ့ ရယူခြင်း ဆုံးရှုံးခြင်း၊ အောင်မြင်ခြင်း ကျရှုံးခြင်း၊ ဆုံဆည်းခြင်း ကွဲကွာခြင်းများကို မခြွင်းမချန်ပြထားတဲ့ ရုပ်ရှင်တွေပါပဲ။ ရှေ့၂ကားအကြောင်းရေးခဲ့ဖူးပြီမို့ အပုဆန်းဆားကားကိုပဲ အခုတော့ အပုဆန်းဆားကားကိုပဲ ဦးတည်လိုက်ပါမယ်။ ရှေ့သုံးကားလုံးကိုလည်း အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ~~ " The Apu Trilogy "  ~~ " Apur Sansar "(1959) " အပုဆန်းဆား " IMDb - 8.5/10 အဖေရော အမေရောမရှိတော့တဲ့ တစ်ကောင်ကြွက် အပုဟာ ကျောင်းပြီးအောင် မတက်နိုင်တော့ပါဘူး။ အပုဟာ သူနဲ့အဆင်ပြေတဲ့အလုပ်ကို ရှာကြည့်ပေမယ့်လည်း အခြေနေအကြောင်းကြောင်းကြောင့် သူနဲ့ အံကိုက်တဲ့အလုပ်ကိုမတွေ့ခဲ့ပါဘူး။ ဒီနောက်မှာတော့ အပုဟာ ပြန်လာရင်အလုပ်သွင်းပေးမယ်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့အတူ သူ့ငယ်ချင်းအမဝမ်းကွဲရဲ့ မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ ကံဆိုးချင်တော့ သူ့သူငယ်ချင်းအမရဲ့ သတို့သားလောင်းက မင်္ဂလာချိန်နီးမှ ရူးသွားခဲ့တယ်။ ဒုတိယကားမှာ ထုံးတမ်းစဉ်လာအောက်က အိန္ဒိယဇနီးသည်တွေရဲ့ဘဝဒုက္ခကို မြင်သာအောင်ပြသွားပြီးတဲ့နောက် ဒီတစ်ခါတော့ အိန္ဒိယသမီးပျိုတွေရဲ့ ဘဝဒုက္ခကို မြင်သာအောင်ပြတော့တာပါပဲ။ သတို့သားရူးသွားလို့ မင်္ဂလာပွဲကိုဖျက်လိုက်ကြပေမယ့် သတို့သမီးဟာ အဲဒီတစ်နေ့တာရဲ့ ဒုတိယမင်္ဂလာချိန်မှာမှ ခင်ပွန်းလောင်းလုပ်ပေးမယ့်သူကို ရှာမတွေ့ရင် တစ်သက်လုံးလက်ထပ်လို့မရတော့တဲ့ အမျိုးသမီးဖြစ်တော့မှာပါ။ ဒီတော့အပုသူငယ်ချင်းဟာ အပုကို သူ့အမကိုယူပေးဖို့ စကားဆိုလာတယ်။ အဆောင်လခက မပေးနိုင် အလုပ်ကရေရေရာရာမရှိတဲ့ တစ်ကောင်ကြွက် သူ့ဘဝပေးကြောင့် အပုဟာ အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမဲ့ သူ့ကိုသွင်းပေးမယ့် အလုပ်ရမှာသေချာလားမေးပြီးတဲ့နောက် အပုဟာ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ အပုနဲ့ သူ့မိန်းမရဲ့ အိမ်ထောင်ရေးကို ရေးဟာ အတော်ကြည်နူးစရာကောင်းအောင် ပုံဖော်သွားခဲ့တယ်။ အပုမိန်းမရဲ့ကာရိုက်တာဟာ မိန်းမဆန်တဲ့မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာပါပဲ။ ဒီလိုကာရိုက်တာမျိုးကို ကျွန်တော်သေချာရင်းနှီးဖူးတာက Farewell My Concubine ထဲက ဂေါင်လီရဲ့ကျူရှန်းကရယ်၊ မီနရီထဲက Han Ye-Ri ရဲ့ မိုနီကာရယ်မှာပါ။ မိန်းမနဲ့တူတဲ့ မိန်းမအဖြစ်ကောင်းကောင်း ပုံဖော်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ယောက်ကြောင့် အဲဒီရုပ်ရှင်၂ကားလုံးဟာ ကျွန်တော့်အတွက် အတော်ညှိလောက်စရာကားတွေဖြစ်ခဲ့တယ်။ အပုဆန်ဆားကတော့ သူတို့ထက် ပိုလှပအောင်ပုံဖော်သွားနိုင်တယ်ပဲ ဆိုရမှာပါ။ ၃၉မိနစ်ကနေ ၁နာရီ၁၃မိနစ်အထိ နာရီဝက်လောက်ပဲမြင်ခဲ့ရတဲ့ ဒီဇာတ်ကောင်ဟာ ဒီရုပ်ရှင်မှာ ရင်ထဲ အရောက်ဆုံး ဇာတ်ကောင်ဖြစ်ခဲ့ရလောက်အောင် သရုပ်ဆောင်ခဲ့တဲ့မင်းသမီးရော ရေးရောရဲ့ ပုံဖော်နိုင်စွမ်းက ပြောင်မြောက်ခဲ့တယ်။ ရေးဟာ ဇာတ်လိုက်‌နေရာမှာသာ အပုကို ထားထားပေမဲ့ သူ့အပုသုံးကားလုံးမှာ အပုဘဝထဲက အမျိုးသမီးဇာတ်ကောင်တွေကို ကြည့်ရှုသူ ရင်ထဲပိုရောက်အောင်၊ သူတို့ကိုစာနာတတ်အောင်၊ အိန္ဒိယယဉ်ကျေးမှုကြီးကို ပြောင်းလဲနိုင်အောင်များ ပုံဖော်သွားသလားတော့ မသိပါဘူး။ ရေးပြောဖူးသလိုပါပဲ။ " ရုပ်ရှင်တစ်ကားက ဘာအကြောင်းကို ရိုက်ထားခဲ့တာလဲဆိုတာကို ဒါရိုက်တာတစ်ယောက်တည်းသိမှာပါ"။ ကြည့်ရှုသူ ခံယူတဲ့အတိုင်းပဲ ဖြစ်သွားမှာပါပဲ။ တစ်နာရီဆယ့်သုံးမိနစ်နောက်ပိုင်းမှာ ရေးဟာ အပုမိန်းမ အပါနာဇာတ်ကောင်ကို စာတစ်စောင်နဲ့တော့ ဆက်ပုံဖော်သွားခဲ့ပါတယ်။ ဒီစာနဲ့တင် ဇာတ်ကောင်ဟာ ဘယ်လိုမျိုးလဲဆိုတာ သိစေနိုင်စွမ်းခဲ့ပါတယ်။ " ပွဲတော်ရှစ်ရက်မြောက်နေ့မှာ ကျွန်မဆီလာမယ်လို့ ရှင် ကျွန်မကို ကတိပေးထားတယ်နော်။ ကျွန်မ အဲဒီနေ့ကိုစောင့်နေမယ်။ ရှင်မလာရင် ကျွန်မရှင့်ကိုလုံးဝမခေါ်တော့ဘူး။ ရှင်ကလူလိမ်ကြီးပဲ။ အရင်လက ရှင်ကျွန်မဆီ စာ၇စောင်ပဲပို့တယ်။ တစ်ပတ်နှစ်စောင်ပို့ရမယ်လို့ ကျွန်မမှာထားတယ်လေ။ ရှင်က ရှင့်ကတိကိုတကယ်မတည်ဘူးပဲ။ ကျွန်မရှင်လာမယ့်ရက်ကို လက်ချိုးရေနေမယ်။ ရှင်မလာဘူးဆိုရင် ကျွန်မရှင့်ကို စကားမပြောဘူး။ ရှင့်အိမ်နားက ကောင်မလေးကို ကျွန်မမနာလိုဘူး။ သူကျ ရှင့်ကို မနက်တိုင်း ညနေတိုင်းတွေ့ရတယ်။ ကျွန်မကျ မတွေ့ရဘူး။ ဒါတော်တော်မတရားဘူး။ ရှင့်အခန်းပြတင်းပေါက်ကို သေချာပိတ်ထားနော်။ ကျွန်မစာလုံးပေါင်းတွေ အများကြီးမှားတယ်မလား။ ရှင် ရယ်တော့မှာ ကျွန်မသိနေတယ်။ ကျွန်မက စာရေးဆရာမှမဟုတ်ဘဲ။ စာရေးတတ်ရုံလောက်ရှိတာ။ ရှင့်ကိုယ်ရှင် ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်မက ကျန်းမာပေမဲ့ ကျွန်မနှလုံးသားကတော့ မကျန်းမာဘူး။ ရှင်ရောက်လာမှပဲ ပျောက်မှာ။ ရှင်ရောက်မလာရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ မခေါ်တော့ဘူး။ " ရုပ်ရှင်ဟာ စိတ်ရဲ့အစာပဲလို့ ရေးကဆိုပါတယ်။ အပုသုံးကားဟာ ကြည့်ရှုသူရဲ့ စိတ်ကို ဘယ်လိုပုံစံနဲ့ အဆာပြေစေမလဲကတော့ ကြည့်ရှုသူတစ်ယောက်ချင်းအလိုက် မူကွဲသွားမှာပါပဲ။ " ကိုယ်တိုင်တွေ့ရှိတဲ့ အဖြေတွေဟာ အကောင်းဆုံးအဖြေတွေပဲ "လို့ ရေးကိုယ်တိုင်ကပဲဆိုဖူးတော့ ဘယ်လိုအဆာပြေစေမလဲဆိုတာ ကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါတော့။ အမှန်ပြောရရင် ရေးကတော့ အပုသုံးကားကို အနိုင်နဲ့ပိုင်းပြီး ဇာတ်သိမ်းပစ်လိုက်ပေမဲ့ ကျွန်တော်ကတော့ အပုရဲ့ နောက်ပိုင်းဇာတ်ကို ဆက်ကြည့်ချင်မိတာပါပဲ။ သို့ပေမဲ့လည်း သုခမိန်လှိုင်ရေးဖူးတဲ့ စာသားတစ်ခုလို " အနုပညာမှာ ဘဝမှာ အချစ်မှာ အဆုံးသတ်ရန် တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။ " ဘာပြောပြောပါ အပုရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားပေမဲ့ အပုနဲ့ ရေးနဲ့ ဘနားဂျေးနဲ့ကတော့ ကျွန်တော်တို့ရင်ထဲကျန်နေမှာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.7GB, 1GB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Science Fiction
8.2 1959 105 mins
Apur Sansar
Liar x Liar
7.8

ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် ‌တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာ‌တစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK

Drama • Romance • War
7.8 2021 117 mins
Liar x Liar
Enemies Closer
5.2

မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closer ဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့ သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကို သတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲ မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုက သူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီး မူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Adventure • Animation • Comedy • Family • Fantasy
5.2 2013 85 mins
Enemies Closer
Girl in Room 13
5.4

(၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Crime
5.4 2022
Girl in Room 13
Amazing Elisa (Asombrosa Elisa)

Thriller drama အမျိုးစားဖြစ်တဲ့ စပိန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Sadrac González-Perellónကနေ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှု့ရမှာဖြစ်ပြီး မထင်ထားလောက်မယ့် plot twistနဲ့ ချပြထားဟန်က စွဲဆောင်မှု ရှိလှပါတယ်။ အယ်လီနေရာမှာ သရုပ်ဆောင်ထားတဲ့ Jana San Antonioရဲ့သရုပ်ဆောင်မှုတွေကလည်း ပြောင်မြောက်လှပြီး talented castတွေဖြစ်တဲ့ Silvia Abascal, Asier Etxeandia, and Iván Massaguéတို့တွေကပါ chemistry မိမိနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းလေးကို မိသားစု ၂ခုအကြောင်းနဲ့ အစပြုထားပါတယ်။ ဇာတ်လမ်း တစ်လျှောက်လုံးမှာလည်း ထိုမိသားစု၂ခုအကြောင်းကို အလွှာတစ်ခုချင်းကို တဖြည်းဖြည်းနဲ့ ဇာတ်ကိုဆွဲခေါ်ထားတဲ့ပုံစံနဲ့ ရိုက်ပြထားပါတယ်။ အီစတီဘန်နဲ့ အယ်လီဆာက သားအဖပါ။ အယ်လီတို့ ရဲ့အမေကတော့ ကားမတော်တဆမှုမှာ ဆုံးပါးသွားပါတယ်။ ဟက်တာနဲ့ အူဆူလာတို့ကတော့ လင်မယားပါ။ ဟက်တာက ပန်းချီဆရာ၊ အူဆူလာကတော့ အောက်ပိုင်းသေနေတဲ့ အိမ်သူဖြစ်ပါတယ်။ ဘဝလမ်းကြောင်းချင်းမတူကြတဲ့ မိသားစု၂ခုအကြောင်း၊ ဒီမိသားစု၂ခုရဲ့ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ အားသာချက်၊ အားနည်းချက် အစရှိသဖြင့် အလွှာတစ်ခုချင်းစီနဲ့ ဖော်ပြထားပါတယ်။ တွေးစရာတစ်ခုရှိတာက ပုံစံချင်းမတူကြတဲ့ မိသားစု ၂ခုကို ဘာလို့တစ်ဆင့်ချင်းစီ ရိုက်ပြနေရတာလဲ၊ သူတို့မိသားစု ၂ခုက ဘယ်လိုများပတ်သက်နေမလဲ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့အဆုံးသတ်က ဘာလဲ …. ဇာတ်လမ်းကို စကြည့်မိလိုက်တာနဲ့ အတွေးပေါင်းများစွာနဲ့ စီးမြောလိုက်ပါရမှာဖြစ်ပြီး အဆုံးသတ်လေးမှာ dramaလေးရော ဟင် .. ဟာ … ဪ ….. နဲ့ရော အဆုံးသတ်သွားအောင် Plotကိုအနုစိတ်ပြင်ဆင်တင်ပြထားနိုင်တဲ့ရုပ်ရှင်ကောင်း တစ်ခုဖြစ်ကြောင်းညွှန်းဆိုရင်း reviewလေးကိုအဆုံးသတ်ပါရစေ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.95 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

0 2022 104 mins
Amazing Elisa (Asombrosa Elisa)
Against the Tide
6.9

Against the Tide (2023) “ဒီရေကို ဆန်၍” ဒီတစ်ခါမှာ နိုင်ငံတကာဆုတချို့ရထားတဲ့ အိန္ဒိယမှတ်တမ်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရာကတ်ရှ်နဲ့ ဂါနေ့ရှ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လုံးက တိုင်းရင်းသားငါးဖမ်းသမားတွေဖြစ်ပြီး မိဘဘိုးဘွားလက်ဆင့်ကမ်းလာတဲ့ ငါးဖမ်းပညာကို မြတ်နိုးကြသူတွေပါ အချိန်အခါတွေ ပြောင်းလဲလာတော့ ငါးတွေအရင်လိုမရတော့ဘဲ ရှားပါးမှုတွေ တခြားအခက်အခဲတွေ ရင်ဆိုင်လာရပါတယ် ဒါပေမဲ့ တခြားအလုပ်ကိုမရွေးချယ်ချင်တဲ့ သူတို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲ မိသားစုဝမ်းရေးအတွက် ပင်လယ်ပြင်မှာ အခက်အခဲတွေကို ဘယ်လိုအံတုကြမလဲဆိုတာ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Eaindra ~ ToMo ~ Yunni တို့မှ ဖြစ်ပါတယ်

6.9 2023
Against the Tide
Survival on a Deserted Island