YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Your.Honor.US.S01E01.720p.(CM).mp4

401.39 MB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vacation Home Nightmare
3.2

ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။ အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။ Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။ File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Drama
3.2 2023 88 mins
Vacation Home Nightmare
My Name Is Vendetta
6.8

"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ သွေးကြွေးကို သမီးဖြစ်သူ ဆိုဖီယာနဲ့အတူ ကလဲ့စားချေဖို့ တာဆူတော့တာပေ့ါ။ သွေးသံတရဲရဲနဲ့ အက်ရှင်ခန်းတွေ အများကြီးပါပြီး လူမိုက်တစ်ဦးနဲ့ သူ့သမီးကြားက သံယောဇဉ်တွေကိုမြင်ရပြီး တန်ဖိုးထားရတဲ့ မိသားစုကို အလုယူခံလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.1GB, 470MB, 254MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Crime, Drama Translated by Kit Encoded by Kinnov

Horror • Thriller
6.8 2022 90 mins
My Name Is Vendetta
HELL DOGS
7.2

ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ... ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။ အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 2.6GB, 1GB, 515MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 18mins Genre              : Action Translated by Zwel Zan Aung Encoded by Kinnov

Comedy
7.2 2022 137 mins
HELL DOGS
Love 101

ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေ သင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား ? လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး မနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် .. နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကို တစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား အသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကို တခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့် “ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:) ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီး နှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ .. “ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့ “ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 674MB | 332MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder .....August

Drama • Horror • TV Movie • Thriller
0 2022 90 mins
Love 101
Hidden Strike
5.8

ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်း အရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေက ဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာ ကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာက ကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲက ဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ…. File size… 2.12GB / 925MB Quality… WEB-Rip 1080P 5.1 CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2023 103 mins
Hidden Strike
Marisol
5.6

Marisol (2023) ============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(3.21 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

Romance • Drama
5.6 2023
Marisol
Overhaul

Fast And Furious လိုမျိုးကားပြိုင်တာတွေ အက်ရှင်ဇာတ်ကြမ်းတွေပါတဲ့ ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက် ဘရာဇီးသားတွေက တစ်ကွက်ပြပြီး ရိုက်ကူးထားတဲ့ Overhaul ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘာထူးခြားသွားလဲဆိုတော့ ဒီဇာတ်ကားထဲမှာ ပြိုင်တဲ့ကားတွေက အလန်းစားပြိုင်ကားတွေမဟုတ်ဘဲ ကုန်တင်ကားကြီးတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ယှဉ်ပြိုင်တဲ့ ပုံတွေကိုကြည့်ရင် ထရပ်ကားပါမောင်းချင်သွားလောက်အောင် ရှယ်ကြမ်းတာကိုတွေ့ရမှာပါ။Imdb မှာ Rating နည်းပေမယ့် စာအုပ်တစ်အုပ် ကောင်းမကောင်းကိုအဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ရုပ်ရှင်တစ်ကား ကောင်းမကောင်းကိုလဲ Rating နဲ့ဆုံးဖြတ်လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အပေါ်မှာပြောသွားခဲ့တဲ့ ထရပ်ကားပြိုင်ပွဲမှာ နာမည်ကြီးတဲ့ ရော်ဂျာက အရည်အချင်း ရှိပေမဲ့ ပိုက်ဆံမရှိတော့ ကားကမလိုက်နိုင်တဲ့အခါ ပြိုင်ပွဲတွေမနိုင် စပွန်ဆာတွေ မရတော့ ပိုက်ဆံလည်းမရှိနဲ့ အဲ့ဒီသံသရာနဲ့လည်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာ သူ့အဖေဆုံးပါးသွားခဲ့ပြီး အမွေရရှိခဲ့ပါတော့တယ်။ဒါပေမယ့် ကံဆိုးချင်တော့ရခဲ့တဲ့ အမွေကလည်း အကြွေးတွေကြားထဲမှာ နှစ်နေတဲ့ကားပြင်ဆိုင်တစ်ဆိုင်ဖြစ်နေပြီး သူကပါ အဲ့ဒီအကြွေးတွေကိုဆပ်ရမဲ့ကိန်းဆိုက်လာပါတော့တယ်။ရော်ဂျာလည်း အကြွေးရှင်နဲ့ စကားသွားပြောလိုက်တဲ့အခါမှာတော့ သူ့အတွက်ကားမောင်းတဲ့ အလုပ်လုပ်ပေးရင် အကြွေးတွေကြေမယ့်အပြင် သူ့အတွက်ပိုက်ဆံတွေအများကြီး ရမယ်လို့ကမ်းလှမ်းလာပါတယ်။ရော်ဂျာလည်း သေမထူးနေမထူးဘဝဖြစ်နေတဲ့ အတွက် အလုပ်ကိုလက်ခံခဲ့ပါတယ်။ပိုက်ဆံတွေရလာပြီး အောင်မြင်မှုတွေရလာပေမဲ့ လူဆိုးတွေနဲ့ ပတ်သတ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မလွဲမသွေကြုံတွေ့ရမဲ့အရာတွေကို ရင်ဆိုင်လာရတဲ့အခါမှာတော့ ရော်ဂျာဘယ်လိုတွေဆက်ပြီး ရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…2.46GB/ 1.14GB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
0 2023 100 mins
Overhaul
Spirit Doll
5.7

Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်

5.7 2023
Spirit Doll
A Christmas Spark
6

ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။ တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။ အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆို‌တာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ File size…(1.6 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Horror
6 2022 85 mins
A Christmas Spark
Saving Grace

ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။ တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.4 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2022
Saving Grace
Stolen
5.5

ကမ္ဘာအနှံ့အပြားမှာ မထင်မရှား လူမျိုးနွယ်စုလေးတွေ ဟိုတစ်စု ဒီတစ်စုနဲ့ရှိနေတတ်ပါတယ်။ တချို့ လူမျိုးနွယ် စုတွေကျတော့ အခုခေတ်နဲ့အရမ်းဝေးကျန်နေခဲ့သလို တချို့တိုင်းရင်းသား လူမျိုးစုတွေကျတော့လည်း ခေတ်နဲ့အညီ လူတွေကြားထဲမှာအတူ ယှဉ်တွဲနေထိုင် နေကြပါတယ်။အခုတင်ဆက်ပေးမဲ့ Stolen ဆိုတဲ့ ဇာတ်ကားလေးက ဆာမီလူမျိုးတွေကို အဓိကထားရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ ဆာမီလူမျိုးတွေက သမင်တွေကို ကျောင်းတဲ့အလုပ်ကို အဓိကထားလုပ်ကြပြီး သမင်တွေက သူတို့အတွက် အရမ်းတန်ဖိုးထားရတဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့လူမျိုးတွေကို မုန်းတီးတဲ့ လူတစ်ယောက်က သမင်တွေကိုတစ်ကောင်ပြီး တစ်ကောင် စသတ်ပါတော့တယ်။ အဲ့ဒီအသတ်ခံရတဲ့ သမင်တွေထဲမှာ ညှပ်ပါသွားတာကတော့ ဆာမီကောင်မလေး အယ်လ်ဆာ မကြာသေးခင်ကမှ ရရှိထားတဲ့ သမင်ပုံစံချိုတပ်ထားတဲ့ နွားလေးပဲ ဖြစ်ပါတယ်။တရားခံကို သူကိုယ်တိုင် ရှင်းရှင်း လင်းလင်းမြင်ခဲ့ပေမဲ့ ကလေးဘ၀မှာ စိတ်ထိခိုက်စရာတွေ အများကြီးကို ကြုံတွေ့ခဲ့ရတဲ့အတွက် ရဲတွေရှေ့မှာဘာမှ ပြောမထွက်ခဲ့ပါဘူး။ဒီလိုနဲ့နှစ် ၂၀ ကျော်ကြာသွားခဲ့ပြီး အယ်လ်ဆာ တစ်ယောက်အရွယ်ရောက်လာတဲ့အထိ ဒီသမင်တွေအသတ်ခံရတဲ့ ကိစ္စတွေကအဆုံးမသတ်သေးတဲ့ အခါမှာတော့ ငယ်ငယ်တုန်းကစိတ်ဒဏ်ရာတွေကို ကျော်လွှားပြီး သနားစရာကောင်းတဲ့သမင်လေးတွေအတွက် တရားမျှတမှုကို ဖော်ထုတ်ပေးသွားနိုင်မလားဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.58GB / 774MB Quality…NF , WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Stolen
Between the White Key and the Black Key
6

ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

6 2023 94 mins
Between the White Key and the Black Key
Il Tha Ka Sai Aa

Il Tha Ka Sai Aa (2024) “အိပ်မက်ဆိုးအလွန်” တေလဂူး သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ် ရမ်နဲ့ ရမ်ယာတို့က ချစ်ခင်စုံမက်လို့ နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြတဲ့ ညားခါစလင်မယားပါ သူတို့အချစ်ရေးက သာသာယာယာရှိလှပြီး လောကထဲကို အသစ်ရောက်လာမယ့် လူသားကလေးကိုလည်း စောင့်ဆိုင်းနေကြတဲ့သူတွေ ဒီလိုပြည့်စုံတဲ့ ရမ်က အိပ်မက်ထဲမှာ သူ့မိန်းမသူ သတ်ပစ်လိုက်လို့ ရဲတွေလာဖမ်းတယ်ဆိုတဲ့ အိပ်မက်မက်တဲ့နောက် အဲဒီအိပ်မက်က သူ့ကိုဆက်လက်တုန်လှုပ်ခြောက်ခြားစေပါတော့တယ် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ အရာအားလုံးက အကြောင်းကြောင့် အကျိုးဖြစ်လာတာလား အပေါ်ယံနဲ့မမြင်ရတဲ့ ဖြစ်ရပ်တချို့ရှိနေမလား ဆိုတာကတော့ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ Cym ~ STAR ~ ToMo ~ Zwe မှ ဖြစ်ပါတယ်

Fantasy • Comedy
0 2024
Il Tha Ka Sai Aa
Drop Dead Gorgeous

ဒီဇာတ်ကားလေးကတော့ Spidermanဇာတ်ကားသုံးတွဲမှာ MJအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kirsten Dunst ရဲ့ဇာတ်ကားလေးပါပဲ။ သူ့အပြင် တစ်ခြားအလှမင်းသမီးတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်မင်းသမီးလေးအလှမယ်ပြိုင်ပွဲဆိုပြီး အလှမယ်ပြိုင်ပွဲတစ်ခုရှိပါတယ်။ ဒီပြိုင်ပွဲကို မြို့နယ်ကနေ ပြည်နယ်အဆင့် ပြည်နယ်ကနေ နိုင်ငံအဆင့်ထိ ယှဥ်ပြိုင်ကြရပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ နယ်မြို့လေးဖြစ်တဲ့ မောင့်ရို့စ်ဆိုတဲ့နယ်မြို့‌‌လေးမှာပါပဲ။ ဒီမြို့လေးမှာလည်း အလှမယ်ပြိုင်ပွဲကျင်းပရင်း ပြိုင်ပွဲအဖွဲ့အစည်းရဲ့ ဥက္ကဌသမီးက နိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူမက ဒီပြိုင်ပွဲကိုအနိုင်ရဖို့ ဘယ်လောက်တောင်လုပ်ဆောင်သွားမလဲ။ ဇာတ်လိုက်ဖြစ်တဲ့ နောက်တွဲကားမှာ အမေနဲ့နှစ်ယောက်ထဲ နေထိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသမီးလေးကရော အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါ။ ရိုက်ကူးထားတဲ့ပုံစံကလည်း သာမန်နဲ့မတူဘဲ အလှမယ်ပြိုင်ပွဲကို မှတ်တမ်းတင်ရိုက်ကူးနေတဲ့ပုံစံနဲ့ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲလေးတစ်ခုအတွက် ဘယ်လောက်ထိရက်စက်ကြမလဲ။ မင်းသမီးကရော အနိုင်ရပါ့မလား။ ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုနိုင််မယ့် ဇာတ်လမ်း‌လေးတစ်ခုပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Action • Thriller
0 1999
Drop Dead Gorgeous
Ne Zha 2
8.1

Ne Zha 2 ကြည်တောက်ရှင်း ထွက်ပါပြီ ? (ပိုအဆင်ပြေမယ့် Version ကို 4K ရော 1080p/720p တွေပါ ထပ်မံ Update လုပ်ပေးထားပါတယ်။) ===================== IMDb Rating (8.1) / Rotten Tomatoes (96%) ဝင်ငွေအများဆုံး နံပတ်တစ် Animation ရုပ်ရှင်ဖြစ်တဲ့ Nezha 2 ရုပ်ရှင်ဟာ ဒီနေ့ Digital ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Fengshen Cinematic Universe ထဲက နီကျား 2 ရုပ်ရှင်ဟာ ရုံတင်ရက် ( ၅၂ )ရက်မှာ စုစုပေါင်း $2.2 billion အထိ ရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။ Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ (အကုန်လုံးကို CM App နဲ့ Web မှာ တင်ပြီးသားမလို့ ရှာပြီးကြည့်လို့ရပါတယ်နော်။) – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ နီကျား(၂)ရဲ့ စံချိန်တင်အောင်မြင်မှုဟာ FCU အတွက်တော့ ကြီးမားတဲ့လမ်းစဖြစ်သွားခဲ့ပြီး တခြားဇာတ်ကောင်တွေအတွက်ပါ အခွင့်အလမ်းရသွားစေခဲ့ပါတယ်။ လက်ရှိမှာ နီကျား (၃ ) ထပ်မံထွက်ရှိမှာဖြစ်ကြောင်း အတည်ပြုထားပြီး တခြားဘယ်ဇာတ်ကောင်တွေ ပွဲထုတ်လာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါ။ ( ရုပ်ရှင်အညွှန်းကို TOF Channel FB Page မှ ကူးယူဖော်ပြပါသည်။) တရုတ်စာမပါတဲ့ Clean Version ထွက်လာလို့ Update ထပ်တင်ပေးထားပါတယ်။

Drama • Romance • Adventure
8.1 2025 144 mins
Ne Zha 2