YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Your Honor 2024 E01 WEB-DL EN 720p [CM].mp4

338.33 MB N/A video/mp4 870 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
Gattaca
7.5

သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။ အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ် အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ... Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude Law Vincent ရဲ့ love interest, Irene အဖြစ် Kill bill မှ Uma Thurman တို့ပါဝင်သရုပ်ဆောင်ထားကြပြီး Director Andrew Niccol ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ် ဒီကားဟာ Stranger things က Maya Hawke (Robin) ရဲ့ မိဘတွေဖြစ်တဲ့ Ethan Hawke နဲ့ Uma Thurman တို့ စတွေ့ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဒီရုပ်ရှင်ရဲ့ concept က ရုံတင်တဲ့အချိန်တုန်းကထက် ခေတ်ရှေ့ရောက်နေတာကြောင့် ရသင့်တဲ့ အားပေးမှု၊ အသိအမှတ်ပြုခံရမှုတွေကို သေချာမရခဲ့ပါဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ Gattaca ဟာ 90’s နှစ်တွေရဲ့ အကောင်းမွန်ဆုံး under-rated gem တွေထဲက တစ်ကားအနေနဲ့ သတ်မှတ်ခံထားရပါပြီ။ အချိန်ရဲ့ တိုက်စားမှုဒဏ်ခံနိုင်သော၊ တစ်မူထူးခြားသော၊ တစ်ချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းရဲ့ ဆိုးပြစ်တွေကို သရော်နိုင်သော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါ သင့်ကို တွေးစရာတစ်ခုပေးနိုင်ခဲ့တဲ့ ဇာတ်ကားမျိုးကိုမှ သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်အစစ်လို့ ခေါ်နိုင်ပါတယ်တဲ့။ ဒီဇာတ်ကားက ပေးချင်တဲ့မက်ဆေ့ခ်ျကရော ဘာဖြစ်မလဲ။ cast တွေကလည်း သရုပ်ဆောင်လည်းကောင်း နာမည်လည်းကြီးပြီးသားတွေဆိုတော့ စိတ်ပျက်စရာမရှိလို့ ကြည့်ရှုခံစားအားပေးကြပါဦးရှင် File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama / Sci-fi / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Comedy • Drama • Romance
7.5 1997 106 mins
Gattaca
Missing
7.5

ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant Bo

Crime
7.5 2023 111 mins
Missing
Sadak 2
5.2

လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။ အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကို လိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။ တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲ အန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီး ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.... ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းက ဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကို IMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်.... File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyi Koe & Myint Thu Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
5.2 2020 134 mins
Sadak 2
Enemy Mine

Enemy Mine (1985) ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့.. ဇာတ်လမ်းအကျဉ်း နှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ… ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့… ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်.. ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis Quaid (The Day After Tomorrow/Jaws 3-D) Louis Gossett Jr. (Jaws 3-D)တို့ပဲဖြစ်ပါတယ်.. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.24GB) / (980GB) / (631MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 1985 108 mins
Enemy Mine
Remi, Nobody’s Boy
7

ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲက တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသား ဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေ ဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody’s Boy ဖြစ်ပြီး ဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ် ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲ မွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစား သားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကို မကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာ မာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီး တိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီက နေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့ သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူ ဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာ တွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာ တွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီး နောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာ ကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7 2019
Remi, Nobody’s Boy
Darkland
6.6

Darkland (2017) ~ IMDb – 6.6/10, Rotten Tomatoes – 56% ~ ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 52Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2017
Darkland
How to Have Sex
6.6

How to Have Sex (2023) ~ IMDb – 6.6/10, RT – 95%, Meta – 80% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 31Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
6.6 2023 91 mins
How to Have Sex
Death is All Around
5

Death is All Around (2024) သင့်အနီးအနားက မရဏတရား လူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ …….. အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ….. ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou, Kaung, Mary Encoder ….. Aaron

5 2024
Death is All Around
The Jungle Bunch Operation Meltdown

ဒီတစ်ခါမှာတော့ “Jungle Bunch” ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ် မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လို့ထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲ့ခေါင်း​ဆောင်တစ်ယောက်ပါ တစ်နေ့ သူတို့ရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံ့လာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို့ အဲ့ပစ္စည်းကိုချေဖျက်ဖို့ ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ် ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို့ မောရစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖို့အတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါ နောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တို့အုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Comedy • Drama
0 2023
The Jungle Bunch Operation Meltdown
Gaganachari
7.4

Gaganchari (2024)”အာကာသခရီးသည်” =============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Mystery
7.4 2024 114 mins
Gaganachari
A Missed Connection
5.8

အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Romance ကားလေး ကြည့်ချင်တယ်ဆိုရင်တော့ rating 5.8 ရှိတဲ့ A missed connection ဆိုတာကားလေးရှိပါတယ်။ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့ကြသလဲ ဆိုတဲ့အတိုင်း ဗစ်ကီနဲ့ မက်စ်တို့ဟာ ရထားဘူတာမှာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် တွေ့ကြ ပြီး ဘူတာမှာပဲ လွဲခဲ့ကြပါတယ်။ ဗစ်ကီဟာ ငါးနှစ်တာplanတွေကို ချထားပြီးရည်မှန်းချက် ကြီးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘူတာမှာလွဲပြီး ငါးနှစ်ကြာသွားတဲ့အခါ သူ့ငါးနှစ်တာplanအတိုင်း မင်္ဂလာပွဲကိုအပန်းဖြေကျွန်းတစ်ခုပေါ်မှာ လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဘူတာမှာလွဲသော်လည်း ကံတရားကသူတို့နှစ်ဦးကို ပြန်လည် တွေ့ဆုံစေချင်တဲ့အတွက် ဓာတ်ပုံဆရာဖြစ်လာတဲ့ မက်စ်က ဗစ်ကီရဲ့ မင်္ဂလာပွဲအခိုက်အတန့်တွေ့ကိုဓာတ်ပုံရိုက်ပေးဖို့ အလုပ်ကမ်းလှမ်းခံရပါတော့တယ်။ သူတို့နှစ်ဦးဟာ ကျွန်းဆီကိုဆိုက်မဲ့လေယာဥ်ရှိရာ လေယာဥ် ကွင်းမှာ ဒုတိယအကြိမ်ပြန်ဆုံခဲ့ကြတဲ့အခါ သူတို့အချင်းချင်း ပြန်မှတ်မိကြမလား… တစ်ယောက်ပေါ်တစ်ယောက်ဘယ်လိုခံစားချက်တွေရှိနေသေးမလဲ လေယာဥ်ကွင်းမှာရောပြန်လွဲ ကြဦးမှာလား ဆိုတာတွေကိုပေါ့ပေါ့ ပါးပါးနဲ့စိတ်ဝင်စားဖွယ်ရှူစားနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုတွေ့တဲ့အခါဘာတွေဖြစ်ကြမလဲ ဆက်ဆံရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးလဲ ဦးနှောက်နဲ့ပဲ ဆုံးဖြတ်ပြီးဘဝကိုဖြတ်သန်းလာတဲ့ဗစ်ကီကို နှလုံးသား စေရာ နောက်လိုက်ဖို့ မက်စ်ကလမ်းပြပေးတဲ့အခါ ဗစ်ကီတစ်ယောက်ရဲ့ ဘဝလေးဘယ်လိုပြောင်းလဲသွားမလဲကို မိသားစုအချစ် သူငယ်ချင်း အချစ် သူစိမ်းအချစ်တွေနဲ့အတူ ရသပေါင်းစုံကိုလည်းခံစားရနိုင်မဲ့ ကားလေးပဲဖြစ်ပါတယ်…. File size… (2.16GB) / (0.99GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Horror • Action
5.8 2024 90 mins
A Missed Connection
Ultraviolet
4.4

UltraViolet(2006) 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ultraviolet ဟာ သိပ္ပံစိတ်ကူးယဉ်အက်ရှင် ဇာတ်ကားတစ်ခုဖြစ်ပြီး၊ Resident Evil ထဲက Milla Jovovich က မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ သူမက Violet အဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်။ အနာဂတ်ကမ္ဘာမှာ Hemophages လို့ခေါ်တဲ့သွေးစုပ်သတ္တဝါ ဗီဇပြောင်းလဲသူတွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ သိမြင်ခံထားရပြီး အစိုးရက သုတ်သင်ဖို့ ကြိုးစားနေပါတယ်။ Violetဟာသွေးစုပ်သတ္တဝါ တစ်ဦးဖြစ်ပြီး သူမ့ရဲ့ မိသားစုကို မတရားသတ်ဖြတ်ခံခဲ့ရတဲ့အတွက် အစိုးရကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာ သူမဟာ အရေးပါတဲ့ ဇီဝလက်နက် တစ်ခုကို ခိုးယူဖို့တာဝန်ကျရောက်လာခဲ့ပြီး၊ ထိုလက်နက်ဟာ Six လို့ခေါ်တဲ့ ကလေးတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ့ကို သတ်ဖို့ ညှင်းပမ်းခံရပေမယ့် Six ဟာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်နိုင်မယ့် သူဖြစ်နေတာကို သိလိုက်တဲ့အခါမှာတော့ Violet ဟာ သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူမဟာ အစိုးရနဲ့ တိုက်ရိုက်တော်လှန်ရင်း၊ သွေးစုပ်သတ္တဝါ တွေရဲ့ မျိုးဆက်အနာဂတ်ကို ပြောင်းလဲပေးနိုင်မယ့် တိုက်ပွဲထဲရောက်သွားပြီး တကယ်ပဲမျိုးဆက်အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့မှာလား Sixနဲ့သူမနဲ့ ရောဘာတွေဆက်ဖြစ်သွားမှာလဲ Six ဟာသူတို့ကိုတကယ်ရော ကယ်တင်နိုင်ရဲ့လားကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။)

Action • Thriller
4.4 2006 87 mins
Ultraviolet