YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Youns.Kitchen.S03E04.1080p.WEB-DL.CM.mp4

1.59 GB N/A video/mp4 250 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Protector
6

ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုးရဲ။ သူတို့က နာမည်ကြီး ဂုဏ်သရေရှိ လူဆိုးကြီးတစ်ယောက်ရဲ့ ပါတီပွဲကို သွားတက်တယ်။ အဲဒီလူကြီးရဲ့ သမီးက သူတို့ရှေ့တင်ပြန်ပေးဆွဲခံလိုက်ရတယ်။ စုံစမ်းကြည့်တော့ ဟောင်ကောင်က လူဆိုးဂိုဏ်းနဲ့ပတ်သက်နေလို့ ဟောင်ကောင်ကို အမှုလာလိုက်ကြရင်း ဟောင်ကောင်တစ်ခုလုံးကို ဩဇာညောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုအံတုကြမလဲ မြင်ရမှာပါ။ ဂျက်ကီချမ်းရဲ့ အက်ရှင်တွေ ဟာသတွေ တစ်ထောကြီးကို ကြည့်ရမယ့်ကားမို့ ဂျက်ကီဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဟာသအက်ရှင်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.94GB, 940MB, 555MB Quality - Remastered 1080p, 720p, 480p IMDb Rating - 5.7/10 Format - mp4 Duration - 1H 31Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
6 1985 91 mins
The Protector
To the Bone
7.2

~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။ ​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။ အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ... Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။ အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။ အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။ အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။ အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To The Bone '' ဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ဒီကား​လေးက ဝမှာတအားကြောက်နေတဲ့သူတွေ အစာအငတ်ခံလို့ အလွန်အမင်းဝိတ်ချနေတဲ့လူတွေ စိတ်ဆင်းရဲမှုကြောင့် ခံတွင်းမလိုက် ဖြစ်​နေသူတွေအတွက်လည်း ပညာပေးကားဆန်ဆန်​လေးဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ်အလေးချိန်နဲ့ ပတ်သက်တာကို အဓိကရိုက်ပြသွားပေမဲ့ ကိုယ့်ကိုယ်တွင်းက အကြောက်တရားကို တွန်းလှန်ပြီး စိတ်ချမ်းသာရာကို ဘယ်လိုရှာရမယ်ဆိုတာ ပြတဲ့ကားလေးဖြစ်တာမို့ လက်လွှတ်မခံသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်... ခေါင်းဆောင် မင်းသား မင်းသမီး​တွေအဖြစ် Emily in Paris ထဲက မင်းသမီးလေး Lilly Collins နဲ့ မသိသူမရှိလောက်မယ့် မင်းသားကြီး Keanu Reeves တို့ ပါဝင်ထားတာမို့ မကောင်းမှာကိုတော့ စိတ်ပူစရာမလိုမယ့် ကားကောင်းတစ်ကားပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Nadi Myint Naing မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 47Min Type - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Nadi Myint Naing Encoded by Y

Comedy • Drama
7.2 2017 107 mins
To the Bone
Free Fire
7

Free Fire 2016 ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ…..။ Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။ File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung

Comedy • Drama
7 2016 90 mins
Free Fire
Love Can’t Be Said
6.3

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ “တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ် ။

Horror
6.3 2022
Love Can’t Be Said
Do You Love Me?
6.2

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Ukraine ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်က ဆိုဗီယက်ပြည်ထောင်စု မပြိုလဲခင် တစ်နှစ်အလို ၁၉၉၀ခုနှစ် ဆိုဗီယက်ယူကရိန်းနိုင်ငံမှာ ဇာတ်လမ်းတည်ထားပါတယ်။ ခီရာဆိုတဲ့ကောင်မလေးက လူကုန်ထံအသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ကောင်မလေး တစ်ယောက်ပါ။ ခီရာ့ရဲ့အဖေက ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ခီရာကလည်း သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးဖြစ်ပါတယ်။ တိုင်းပြည်က ခေတ်ပျက်နေတာတောင် ခီရာတို့မိသားစုက ပဲရစ်မြို့က တင်သွင်းထားတဲ့ Pepsi၊ နိုင်ငံခြားက တင်သွင်းတဲ့ နာရီလိုမျိူး လူသုံးကုန်ပစ္စည်းတွေကို ဝတ်နိုင်တဲ့အထိ ချမ်းသာတဲ့ မိသားစုတွေပါ။ ခီရာတို့က ချမ်းသာရုံတင် မဟုတ်ဘဲ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ပါတယ်။ အဖိုးဆိုရင် ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ် နာဇီ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့တဲ့ တပ်နီရဲဘော်တစ်ယောက်ပါ။ ဒါပေမယ့် ပိုက်ဆံနဲ့ ဂုဏ်တွေက ပျော်ရွှင်အောင် လုပ်ပေးနိုင်ပေမယ့် အတိုင်းတာတစ်ခုအထိပါပဲ။ အရာရာအဆင်ပြေနေတဲ့ ခီရာတစ်ယောက် မထင်မှတ်ထားတဲ့ ကိစ္စတွေကို ကြုံလာရတဲ့အခါတော့ အသက် ၁၇နှစ်ပဲ ရှိသေးတဲ့ ကလေးမဟုတ် လူကြီးမဟုတ်တဲ့ ကာလမှာ သူ့အရွယ်နဲ့ ရုန်းကန်လာရပါတော့တယ်။ ခေတ်ပျက်ကြီး ထဲမှာ ရုန်းကန်ရင်း ခီရာရဲ့ အချစ်ရေးအကြောင်းကိုလည်း ယှဥ်တွဲပြီး ဖော်ပြပေးသွားတာ တကယ်ကို အံ့မခန်းပါပဲ။ ဒီရုပ်ရှင်မှာ ဆိုဗီယက်မပြိုလဲခင် တိုင်းပြည်ရဲ့နေရာတကာမှာ အယိုင်ယိုင်အလဲလဲဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဆိုဗီယက်ရဲ့အခွန်စနစ်၊ ရိက္ခာ ခွဲဝေမှုစနစ်နဲ့ အစားသောက် ရှားပါးလာပုံတွေ မှောင်ခိုလောကတွေ အကုန်လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကဲ ခီရာတစ်ယောက် ခေတ်ပျက်ကြီးထဲမှာ သူ့ရဲ့ဘဝလေးကို ဘယ်လိုရုန်းကန်ရင်း အချစ်ပျောက်လိုက်ရှာမလဲဆိုတာကို ရုပ်ရှင်ကိုကြည့်ရင်း စီးမြောလိုက်ရအောင်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

6.2 2023
Do You Love Me?
[18+] Red Flag
5.5

Red Flag (2024) ============== ဂျီနာက ကားအရောင်းအေးဂျင့်တစ်ယောက်ပါ။ လှပထက်မြက်ပြီး ငွေကြေးလည်းမပူပင်ရတဲ့သူ့မှာ အားနည်းချက် တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ လင်တရူးတာပါပဲ။ သူ့ကိုစိတ်ဝင်စားနေတဲ့၊ အစစအရာရာပြစ်ချက်မရှိတဲ့ သူတစ်ယောက်အနားမှာရှိပေမယ့် သူကတော့ Red Flag တွေအပြည့်နဲ့ငနဲတွေကိုမှ ရွေးပြီးကြွေတတ်သလို ပတ်ဝန်းကျင်က သတိပေးမှုတွေကိုလည်း ခေါင်းထဲမဝင်ပဲမွှန်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျီနာနဲ့ Red Flag ငနဲ၊ သူ့ဘေးနားမှာအမြဲရှိနေတဲ့ သူ့ကိုကြိတ်ကြွေနေတဲ့ ငယ်သူငယ်ချင်းတို့ရဲ့ကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းကိုရှုစားရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(660GB) Quality_Blu-Ray 1080p Format_mp4 Duration_00:47:00 Genre_Adult , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama
5.5 2024 46 mins
[18+] Red Flag
Sijjin 5 (or) Siccin 5
5

Siccin 5 (2018) IMDB : 5 Genre: Horror/Thriller Siccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့ တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းက ထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။ မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။ သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီး မကြာခင်ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။ သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။ File size… 1.2 GB / 616 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5 2018
Sijjin 5 (or) Siccin 5
Detective Chinatown
6.6

Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်… ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown (1) (2015) IMDb Rating (6.6) / Rotten Tomatoes (74%) ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့… တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကို လူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေ ထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်… ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား အလွဲတွေကြားကနေ ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့……။ (ယခင်တင်ထားတုန်းက စာတန်းထိုးမညီတာတချို့ရှိတာကြောင့် ယခုပြန်လည်ပြင်ဆင်တင်ဆက်ထားပါတယ်။)

6.6 2015
Detective Chinatown
Gobangiri (or) Bushido
7.5

Gobangiri (or) Bushido (2024) IMDb Rating (7.5) ယာနာဂီတကခုနိုရှင်းဟာ ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး မှားယွင်းတဲ့ စွပ်စွဲခံရမှုတခုကြောင့် မြို့ကနေမောင်းထုတ်ခံခဲ့ရပြီး သူ့သမီး ကီနုနဲ့အတူ ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိပါတယ်… ဒါပေမယ့် ဆာမူရိုင်းတို့ရဲ့စံအတိုင်း လူနေခြုံကြားပေမယ့် စိတ်နေဘုံဖျားရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျားထိုးရတာကို ဝါသနာကြီးပြီး ပညာရှင်အဆင့်လို့ ဆိုနိုင်ပေမယ့် လောင်းကစားလုပ်ရတာ မကြိုက်သူတစ်ယောက်ဖြစ်တော့… ကျားထိုးရုံမှာ အပျော်သွားကစားတာကလွဲပြီး တစ်ခါမှ လောင်းကြေးနဲ့ မကစားခဲ့ဘူး… ဘာလို့လဲဆိုတော့ တစ်ချိန်က ကျားကစားရင်း လွဲချော်မှုတစ်ခုကြောင့် ဇနီးသည်ကို ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာကြောင့်ပါ.. တစ်နေ့မှာတော့ သူ့ဇနီးသည် သေဆုံးရတဲ့ ဖြစ်ရပ်မှန်ကိုသိသွားတဲ့အခါမှာတော့ လက်စားချေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဆာမူရိုင်းတစ်ယောက်ဖြစ်လို့ အမုန်းကို လက်စားချေရင် သူ့အသက်ကို ပြန်ပေးဆပ်ရမှာလည်း သိနေပြန်တာမို့.. သူလက်စားချေရင် သမီးလေးနဲ့ ခွဲရမှာမို့ လက်စားချေဖို့လမ်းကို သူရွေးချယ်မှာလား… သူလက်စားချေဖို့ ဘာတွေက ဖိအားပေးမှာလဲ… ဒီဇာတ်ကားက ဆာမူရိုင်းခေတ်ကို နောက်ခံထားတာမို့ ကြည့်နေကြမဟုတ်သူတွေအတွက် ပျင်းဖို့ကောင်းကောင်း ကောင်းနိုင်ပေမယ့် ဂျပန်သမိုင်းနဲ့ ဆာမူရိုင်းတို့ စိတ်နေစိတ်ထားကို နားလည်ချင်ရင်တော့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:09:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Chu Chu

7.5 2024
Gobangiri (or) Bushido
Rachel Getting Married
6.7

Rachel Getting Married (2008) ****************************** 2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ဟာ သူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်း မင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့ Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကို သူတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…2.29GB / 1.01GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama
6.7 2008 113 mins
Rachel Getting Married
Sye Raa Narasimha Reddy
7.2

Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb – 7.2/10 ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။ နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။ နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ မွေးခါစမှာပဲ အသက်ရှူရပ်တန့်ခဲ့ပြီး အချိန်အတော်ကြာမှ ပြန်လည်ရှင်သန်လာတဲ့အတွက် မသေမျိုးလို့ သတ်မှတ်ခံထားရသူ၊ နိုဆမ်ခံတပ်မှာ ဆက်ခံသူမရှိတဲ့အတွက် အဘိုးဖြစ်သူက မွေးစားပြီး အရိုက်အရာကို ဆက်ခံခိုင်းသူ၊ ရေနာဒူရဲ့ အနာဂတ်အတွက် ရွေးချယ်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ နာရက်ရှီမာရက်ဒီတစ်ယောက် ဗြိတိသျှတွေကို ဘယ်လိုတွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Comedy
7.2 2019 169 mins
Sye Raa Narasimha Reddy
Bougainvillea
6.7

Bougainvillea (2024) “စက္ကူပန်း” IMDb – 6.7/10 ဒီကားလေးကတော့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ပရိသတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုံတင်ဇာတ်ကားကောင်းလေးပါ။ ရော့်ချီနဲ့ ရီသူးတို့ဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေကြတဲ့သူတွေပါ။ ဒါပေမဲ့ တစ်ရက် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံလိုက်ရပြီး ရီသူးတစ်ယောက် အတိတ်မေ့သွားပါတယ်။ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ဒီလိုအဖြစ်ဆိုးနဲ့ပါကြုံလိုက်ရတာကြောင့် အနည်းနဲ့အများတော့ နေ့စဉ်ဘဝမှာ သက်ရောက်မှုရှိခဲ့တာပေါ့။ ဒါပေမဲ့ ရော့်ချီဟာ သူ့ဇနီးကို စိတ်ရှည်ရှည်နဲ့စောင့်ရှောက်ပေးပြီး အချစ်တွေအပြည့်အဝပေးရှာပါတယ်။ ရီသူးက အပြင်ကိုသိပ်ထွက်လေ့မရှိပေမဲ့ အားလပ်ချိန်တွေမှာတော့ ပန်းချီလေးတွေဆွဲပြီး သွားသွားရောင်းတတ်တဲ့သူပါ။ ဒါပေမဲ့ ဒီလိုတစ်ဖန်ပြန်အဆင်ပြေနေတဲ့ သူတို့ဘဝလေးထဲကို နောက်ထပ်မုန်တိုင်းတစ်လုံး ဝင်လာပါတယ်။ အဲဒါကတော့ ရဲအရာရှိတစ်ယောက် စုံစမ်းနေတဲ့အမှုတစ်ခုမှာ ရီသူးက အဓိကသံသယရှိသူဖြစ်လို့နေတာပါ။ ရီသူးဆိုတဲ့ အမျိုးသမီးရဲ့အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ဒီအမှုကရော သူနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ.. ဒီမေးခွန်းတွေကိုတော့ ဇာတ်ကားလေးကို ရင်တထိတ်ထိတ်ကြည့်ရင်းနဲ့ပဲ အဖြေရှာလိုက်ရအောင်နော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.7 2024 138 mins
Bougainvillea
Narayaneente Moonnaanmakkal
6

Narayaneente Moonnanmakkal (2025)”လွမ်းငွေ့” ======================================= ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။ စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။ အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်…။

Horror • Comedy
6 2025 111 mins
Narayaneente Moonnaanmakkal
Killer’s Kiss
6.5

Killer’s Kiss (1955) IMDb (6.6/10) ========================================================================= ဒီဇာတ်ကားလေးက နာမည်ကျော် ဒါရိုက်တာ စတန်လေ ကူးဘရစ် (Stanley Kubrick) ရဲ့ အစောပိုင်း လက်ရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ကူးဘရစ်ဟာ “2001: A Space Odyssey,” “A Clockwork Orange,” “The Shining” စတဲ့ ဂန္တဝင် ရုပ်ရှင်ကားများစွာကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂျေမီ စမစ် (Jamie Smith)၊ အိုင်ရင်း ကိန်း (Irene Kane)၊ ဖရန့်ခ် ဆီလ်ဗာရာ (Frank Silvera) တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကို နယူးယောက်မြို့ရဲ့ လမ်းကြားတွေ၊ စက်ရုံတွေနှင့် အထပ်မြင့် အဆောက်အအုံတွေ အသုံးပြု ရိုက်ကူးထားပါတယ်။ ရုပ်ရှင်မှာ ကြောက်မက်ဖွယ် လက်ဝှေ့ပွဲ မြင်ကွင်း နှင့် ဂိုဒေါင်ထဲမှ တိုက်ခိုက်ခန်းတို့ဟာ ထင်ရှားပြီး လက်တွေ့ကျသဖြင့် ချီးကျူးခံထားရပါတယ်။ ဒီဇာတ်ကားလေးမှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဒါရိုက်တာတစ်ဦးရဲ့ အစောပိုင်း လက်ရာကို မြင်တွေ့ရတာဟာ ရုပ်ရှင်ဝါသနာရှင်တွေအတွက် အလွန်တန်ဖိုးရှိလှပါတယ်။ ဇာတ်လမ်းမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးနှင့် ဘဲလေးအကသမားမလေးတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိကထား ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကို အကျဘက်ရောက်နေတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝနဲ့ အစပြုထားပါတယ်။ သူ့နာမည်က ဒေဗီဖြစ်ပြီး မကြာမီမှာပဲ ပင်ပန်းနွမ်းနယ်နေတဲ့ သူ့ဘဝထဲကို ဂလိုရီယာဆိုတဲ့ အကသမားမလေးတစ်ယောက် ရောက်လာခဲ့တယ်။ သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးဟာ လှပပေမယ့်၊ ဂလိုရီယာရဲ့ လျှို့ဝှက်ချက်တွေနဲ့ သူမရဲ့ ကြမ်းတမ်းတဲ့ သူဌေးကြောင့် ဒေဗီတစ်ယောက် အန္တရာယ်တွေကြားထဲ ကျရောက်ခဲ့တယ်။ မမျှော်လင့်တဲ့ တိုက်ခိုက်မှုတွေနဲ့အတူ၊ ဒေဗီဟာ သူချစ်ရတဲ့သူကို ကယ်တင်ဖို့အတွက် သူ့ဘဝနဲ့ရင်းပြီး တိုက်ပွဲဝင်ရတော့မယ်။ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာ ဘယ်သူက အနိုင်ရပြီး ဘယ်သူက အရှုံးနဲ့ ရင်ဆိုင်ရမလဲ။ အချစ်နဲ့ အန္တရာယ်ကြားက ဒီတိုက်ပွဲကို မြင်တွေ့ဖို့ “Killer’s Kiss” ကို ကြည့်ရှုလိုက်ပါ။ File size… 3.6 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ….. Noir/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw

Drama • Comedy
6.5 1955 68 mins
Killer’s Kiss