YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Youns.Kitchen.S03E02.720p.WEB-DLCM.mp4

758.03 MB N/A video/mp4 386 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
60 Days of Summer
8

လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။ တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။ အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့ သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့... ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ... တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ... ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။ Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 922MB | 463MB | 232MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Drama • Romance
8 2018 94 mins
60 Days of Summer
Taanakkaran
7.6

IMDb - 8.5/10 Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ "အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ... ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့ အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား" "ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား" "အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ" အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကို ဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။ "ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖား အောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။ မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH  / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Poe & Eliza

Action • Adventure • Thriller
7.6 2022 142 mins
Taanakkaran
Dreamy Eyes
6.9

"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..." စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။ နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား သီချင်းတစ်ပုဒ်လား ဒါမှမဟုတ်... ဒါမှမဟုတ်... ဒါ... မှ.. မဟုတ်။ ထားပါလေ ခရေပွင့်ကြွေကောက် ပြန်လာသူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာပဲမဟုတ်လား။ လူသားတို့ ပေါင်းမိရင် ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲလေ...။ ဒီလိုနဲ့ ဒီကမ္ဘာပေါ်က သူရဲကောင်းများစွာတို့လိုပဲ ကောင်လေးဟာ ကျော့ဆုံးကို မမြင်ခဲ့ရဘူး။ နှစ်လသက္ကရာဇ်တွေ ကုန်လွယ်လွန်းလိုက်ပုံများ ရွာဈေးထိပ်က သစ်ပင်အိုကြီးတောင် သေဆုံးခဲ့တာ... ကြာပြီ။ နှင်းဆီခြုံတောကလေးမှာ ဝေဝေရီရီမျက်ဝန်းကလေးတွေဟာလည်း ပုံရိပ်အဖြစ်ပဲ ထင်ကျန်နေရစ်ခဲ့ပြီ။ ငြိမ်းချမ်းတဲ့ကံဇာတာနယ်မှာ လမ်းဖြောင့်ဖြောင့်သာမယ် ထင်မှတ်မှားဖူးခဲ့တဲ့ နေ့ရက်များစွာ ကုန်လွန်သွား...။ ဆော့ရင်းကစားရင်းက သပြေသီးမှည့်အကောက်သွားတဲ့ ကောင်မလေးတစ်ယောက် ထားခဲ့တဲ့ အုန်းလက်နွားကလေးဟာ ဒုတိယနေရာမှာလည်း ပထမအဆင့်နဲ့ ခေါင်းငုံ့ချစ်ခွင့်မရှိဘူးလို့ ဘယ်သူတွေပြောလဲ။ အခုတော့ စက်ဘီးကလေးမှာ ကယ်ရီယာခုံလေးလည်း မဲ့ခဲ့ပြီ။ ရထားချင်းလမ်းကွဲခဲ့ပုံများ တစ်ဘဝလုံးကုန်တာတောင်မှ ငါ့မှာမဆုံခဲ့ရဘူး။ လူအ,တစ်ယောက်လို့ အားလုံးက သမုဒ်ကြပါစေ။ နှင်းဆီခြုံတောအဝင်၀ တည်နေလှပတဲ့ ဝေဝေရီရီမျက်၀န်းတွေကို ဘာပဲဖြစ်ဖြစ် ငါကတော့ ဆက်ချစ်နေမယ်။ ရင်နှင့်အမျှ အလွမ်းရင့် လွမ်းမပြယ်။ " သံသရာကို ဘယ်လိုပဲအမည်ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက် ရှိတဲ့အကြောင်း သိစေချင်ရုံပါ... ။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ… ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ...။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ...။ ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့.. အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ...။ " ~ Word and Poetry Ref - နှင်းဆီပွင့်၊ အုန်းလက်နွား၊ ဘကြီးအောင်ညာတယ် (မင်းသုဝဏ်) - မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွလေးဖြစ်သည် (တာရာမင်းဝေ) - အလွမ်းရင့် လွမ်းမပြယ်၊ ငယ်သူမို့ (စိုးလွင်လွင်) - အချစ်ကိုဦးစားပေးခဲ့သူ (စိုင်းခမ်းလိတ်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 57Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.9 2019 117 mins
Dreamy Eyes
Hustle
7.8

IMDb Rating - 7.3/10 Comedy, Drama, Sport Basketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။ နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Chuck Chuck, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.97 GB) / (950 MB) / (550 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Thiha Yan Naing, Chuck Chuck, Chit Tee Encoder..........SWM

Drama
7.8 2022 118 mins
Hustle
Rocketman
7.3

ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း တစ်ခု ရရှိဖူးပြီး ကမ္ဘာ့အခွေရောင်းရမှုအရေအတွက် သန်း ၃၀၀ ကျော်ရှိပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့ရဲ့ ငယ်ဘဝ၊ အောင်မြင်အောင် ရုန်းကန်ရပုံ၊ အောင်မြင်ပြီးနောက် ထုံးစံအတိုင်းခံစားရတဲ့ အောင်မြင်မှုဒဏ်တွေ၊ အထီးကျန်မှုတွေ၊ ဆေးနဲ့အရက်ပြဿနာတွေ၊ လိင်ကိစ္စအရှုပ်အရှင်းတွေ ကနေ ရုန်းထွက်ပြီး သာယာတဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့ပုံအထိ ပြထားတာပါပဲ။ သူက ဖရက်ဒီမာကျူရီထက်တော့ ကံကောင်းခဲ့တယ်ပဲ ပြောလို့ရမလား မသိပါဘူး။ ဂီတရုပ်ရှင် ကြိုက်သူတွေအတွက်တော့ သီချင်းတွေနဲ့တင် တန်လှပါပြီလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...

Comedy
7.3 2019 121 mins
Rocketman
Geostorm
6.1

ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ် ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်.... ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်... Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.6 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော် ===================== ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်.... ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ် ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့.... နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်... အဲ့ဒီလို ဖြစ်ပြီး ဟောင်ကောင် မှာလဲ အပူရှိန်လွန်ကဲကာဂစ်လိုင်းတွေ ပေါက်ကွဲတဲ့ သတင်း ဖြစ်ပွားခဲ့ပြန်တယ် အဲ့ဒီသတင်းကြောင့် ဒက်ချ်ဘွိုင်း ကို ဦးဆောင်နေတဲ့အဖွဲ့ဟာအလုပ်တွေရှုပ်ပြီး ဘာကြောင့်မှန်း အဖြေရှာမရ ဖြစ်ခဲ့တယ် ဒီလိုနဲ့ မတ် ဟာ ဒီစနစ်ကို စတင်ဦးဆောင်တည်ဆောက်ခဲ့သူသူ့အကို ဂျိတ် ကို နာဆာ ကို ပြန်လာပြီး ဒီ ပြသနာတွေကို အဖြေရှာဖို့ပြန်လိုက်ရှာခေါ်ရပါတော့တယ် ပထမတော့ ဂျိတ် ဟာ ဒီကိစ္စတွေနဲ့ဝေးဝေးနေချင်ပေမယ့် သူ့ဘ၀ တစ်ခုလုံးနီးပါး ရင်းပြီး အချိန်ပေးခဲ့တဲ့ ဒက်ချ်ဘွိုင်း ရဲ့ ပြသနာကို အဖြေရှာဖို့ ပြန်လက်ခံခဲ့ပါတယ်... ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေဝသ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ..... -------------------------------------------- ရုပ်ရှင်ကား ကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ် ခန့် ရှိပြီးAction, Sci-Fi, Thriller အမျိုးအစား ဖြစ်လို့ ဇတ်လမ်းစတင်ချိန်မှဇတ်လမ်းအဆုံးသတ်ချိန်ထိ ရင်တမမ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူတွေကတော့CM Translator တွေ ဖြစ်တဲ့ စောဝဏ္ဏ နှင့် အိစံ တို့ပဲ ဖြစ်ပါတယ် ... File Size : (980 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS  Translated by Saw Wunna & Ei San Review by Thit San Khant Encoded by Thanhtike Zaw

Family • Fantasy
6.1 2017 109 mins
Geostorm
Alien Invasion

Lyra‌မွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။ မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း ‌အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာ ရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။ လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲက ကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာ သူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်း ပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲ မြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲ ဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။ File size…0.99GB / 383MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

0 2023 73 mins
Alien Invasion
Broken Trail
7.7

အမေရိကန် ကောင်းဘွိုင်ကားတွေကို သဘောကျတဲ့လူတွေအဖို့ ဒီကားလေးကလည်း အဆင်ပြေစေမှာသေချာပါတယ်။ ဒီဟာကတော့ တစ်ပိုင်းကို ၁ နာရီခွဲစာလောက်ရှိပြီး ၂ ပိုင်းပါဝင်တဲ့ မီနီစီးရီး ဒါမှမဟုတ်လည်း ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့လေ။ အဓိကဇာတ်ဆောင်အနေနဲ့ Spiderman ထဲက သဲလူသားဗီလိန်လုပ်တဲ့ မင်းသားကြီး Thomas Haden Church ရယ် နာမည်ကြီးကားတော်တော်များများမှာ ပါလေ့ရှိတဲ့ မင်းသားကြီး Robert Duvall တို့ပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ Rubert Duvall ကြီး ဒီကားထဲ သရုပ်ဆောင်ပြသွားတာ တကယ်မိုက်လွန်းပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၉၈ အမေရိကန် ကောင်းဘွိုင်ခေတ်ကို ဇာတ်တည်ထားပြီး ဦးလေးဖြစ်သူ ကောင်းဘွိုင်ဟောင်းကြီး ပရန်တစ်စ်ရစ်တာဆိုတဲ့ ဘဲကြီးက သူ့ရဲ့တူဖြစ်သူ တွန်ဟတ်ခ်ကို လာရှာပြီး သူ့တူရဲ့အမေ သူ့အစ်မရဲ့ သေတမ်းစာအရ မြင်းတွေအုပ်လိုက်ကြီး ဝယ်ပြီး မိုင်တစ်ထောင်ကျော်တဲ့ခရီးကို ပြန်မောင်းနှင်သွားကြဖို့ လာခေါ်တာပါ။ ဒီလိုနဲ့ လမ်းမှာသွားနေတုန်း တယောသမားဖြစ်တဲ့ ဂစ်ပင်ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်ကနေ အမေရိကန်ကို ပြည်တန်ဆာအဖြစ် အရောင်းခံလိုက်ရတဲ့ တရုတ်မလေး ၅ ယောက်ကို လမ်းကြုံကယ်တင်မိရာကနေ ဒီအားနည်းတဲ့ တရုတ်မလေး ၅ ယောက်နဲ့ ကောင်းဘွိုင် ၃ ယောက်သား မိုင်တစ်ထောင်ခရီးကြမ်းကြီးကို စွန့်စွန့်စားစား ဘယ်လိုခေါ်ပြီး ခရီးဆုံးကို အရောက်လှမ်းကြမလဲဆိုတာ ဝေဝေဆာဆာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကောင်းဘွိုင်ကားဆိုတော့ မြင်းတွေ ရှုခင်းလှလှတွေ အင်ဒီယန်းလူမျိုးတွေ သေနတ်ကိုင်လူရမ်းကားတွေ စသဖြင့် ပေါင်းစုံပါဝင်ပြီး Rating ကလည်း 7.7 ရရှိထားတာမို့ မကောင်းမှာတော့ မပူစေရပါဘူးလို့ နိဂုံးချုပ်ရင်း ပြောလိုက်ပါရစေဗျာ။ File size…(4.2 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:04:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

7.7 2006
Broken Trail
Tatami
7.6

Tatami 2023 (တာတာမီ) ယခုတစ်ခါမှာတော့ ဂျူဒိုအားကစားပြိုင်ပွဲအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဂျူဒိုအားကစားသမားဖြစ်တဲ့ လေလာဟာ သူ့ရဲ့နည်းပြဖြစ်သူ မာယမ်နဲ့အတူ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တီဘ်လီစီမြို့ကိုရောက်ရှိလို့လာခဲ့ပါတယ်။ လေလာဟာ လက်တွဲဖော်ကောင်းဖြစ်တဲ့ သူ့အမျိုးသားနာဒါနဲ့အတူ သူငယ်ချင်းများရဲ့ အားပေးမှုကို ရရှိပြီးတော့ ဒီပွဲစဉ်အတွက် ခွန်အားတွေအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ လေလာဟာ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ ကြိုးစားတိုက်ခိုက်ပါရင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလို့လာခဲ့ပါတော့တယ်။ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အချိန်မှာပဲ သူတို့အသင်းရဲ့ ခေါင်းဆောင်ပိုင်းထဲကနေ လေလာ့ကို ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ဖို့အတွက် နည်းပြဖြစ်သ မာယမ့်ဆီကို ဆက်သွယ်ပြီးပြောပါတော့တယ်။ နည်းပြဖြစ်သူ မာယမ်ဟာလည်း ဒီကိစ္စကို လက်မခံဘဲနဲ့ လေလာ့ကို ဆက်လက်ပြီးတော့ ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လေလာတစ်ယောက် ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးမှာ မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်ကို ပိုင်ဆိုင်နိုင်မှာလား …… အထက်ကပေးတဲ့ဖိအားတွေကို နည်းပြမာယမ်တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~V~BpL~Alex တို့ဖြစ်ပါတယ်)

7.6 2023 105 mins
Tatami
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
#OOTD: Outfit of the Designer
7

#OOTD: Outfit of the Designer (2024) IMDb Rating (7.0) နာရယ်ဟာ ဘာမင်ဂမ်မှာ ဖက်ရှင်ဒီဇိုင်းပညာရပ်ကို လာရောက်သင်ယူလေ့လာနေတဲ့ အင်ဒိုနီးရှားသူလေးတစ်ယောက်ပါ။ သူ စိတ်ဝင်စားတဲ့ပညာရပ်ကို အနီးကနေ အားဖြည့်ပေးနေတာကတော့ သူနဲ့ လူမျိုးတူ ဗာဂတ်စ်ဆိုတဲ့ ဓာတ်ပုံပညာရပ်ကို စိတ်ဝင်စားတဲ့ကောင်လေးတစ်ယောက်ပါပဲ။ နိုင်ငံရပ်ခြားရောက်နေပေမယ့်လည်း အနားမှာ ချစ်ရတဲ့သူငယ်ချင်းတွေအပြင် ဗားဂတ်စ်ပါရှိနေတာကြောင့် ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ နာရယ်တစ်ယောက်ဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်လို့လာခဲ့ပါတယ်။ ဒါဟာ ဘာများဖြစ်လိမ့်မလဲဆိုတာနဲ့ နာရယ်တစ်ယောက် နောက်ပိုင်း ဘယ်လိုဆက်လက်ရှင်သန်းဖြတ်သန်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပြီးတော့ အတူတူအဖြေရှာကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Gillen ဖြစ်ပါတယ်။) File size…(2.8 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:47:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Gillen

7 2024
#OOTD: Outfit of the Designer
Till Then, Hanna!
6.7

Till Then, Hanna! (2024) ************************* ဇာတ်လမ်းအကျဉ်း ~~ ကျောင်းသားမဂ္ဂဇင်းကို ခေါင်းဆောင်အယ်ဒီတာအနေနဲ့ လုပ်နေတဲ့ ဂန်နီနဲ့ သူ့ထက် တစ်နှစ်ကြီးတဲ့ ဒုခေါင်းဆောင်အယ်ဒီတာ ဟာနာတို့ဟာ ကျောင်းမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် အတူတူလုပ်ကိုင်နေကြတဲ့ ဥပဒေကျောင်းက တက်ကြွလှုပ်ရှားကြသူတွေဖြစ်ပါတယ် .. ။ ဂန်နီဟာ မဂ္ဂဇင်းအတွက် ဟာနာနဲ့ အမြဲတမ်းအတူတူ သွားလာနေကြရင်း ဟာနာအပေါ်မှာ တစ်ဖက်သတ်ချစ်မြတ်နိုးနေခဲ့သူဖြစ်ပါတယ်။ ဖွင့်ပြောဖို့ ကြံစည်တိုင်းမှာလည်း ဟာနာရဲ့ အပြောတွေကြောင့် ဆက်မပြောဖြစ်ခဲ့ မြိုသိပ်ရင်း ချစ်နေရှာသူပါ။ ဂန်နီကိုတော့ အိမ်နီးချင်းဖြစ်သူ ဆရပ်စ်ဆိုတဲ့ မိန်းကလေးက ချစ်နေခဲ့ပါတယ်။ တစ်နေ့ မဂ္ဂဇင်းအတွက် ဆောင်းပါးရေးဖို့ရာ သွားလာကြရင်း ဟာနာဟာ အာရီရာဆိုတဲ့ ပြည်သူ့အရေး တက်ကြွလှုပ်ရှားသူနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ အချစ်ထက် ဘဝမှာ အရေးကြီးတဲ့အရာတွေ အများကြီးရှိတယ်လို့ ခံယူထားတဲ့ ဟာနာ .. ဘဝမှာ အချစ်စစ်ဆိုတာ တစ်ကြိမ်တစ်ခါတော့ ရှိစမြဲလို့ ယုံကြည်ထားသူ ဂန်နီ .. ဆန့်ကျင်ဘက်အတွေးတွေရှိကြတဲ့ လူငယ်လေးနှစ်ဦး ဘဝရဲ့စိန်ခေါ်ချက်များစွာကို ဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာ… ဒီအင်ဒိုနီးရှားနိုင်ငံရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးမှာ ချစ်ခြင်းမုန်းခြင်း၊ အထီးကျန်ခြင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုခြင်းစတဲ့ ဘဝရဲ့ပေးချက်များစွာအပေါ် လူငယ်တွေအနေနဲ့ ဘယ်လိုဖြေရှင်းကျော်လွှားသွားကြသလဲဆိုတာကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းကို Dao Phyo မှ ရေးသားထားပါတယ်) File size…1.17GB / 532MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Dao Phyo & Kim Encoded by AHtet

Horror • Drama
6.7 2024 110 mins
Till Then, Hanna!
Ben-Hur Ben Hur
5.7

Ben-Hur (2016) Ben Hur ရောမခေတ် ဂျူးလိယက်ဆီဇာ ဂျေရုစလင်နဲ့ ဂျူး အာရပ် စတဲ့ဇာတ်ကောင်တွေကို အခြေပြုလို့ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကို ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေရဲ့ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးထားပြီး Rating တွေ မကောင်းလှပေမယ့် သူ့ဟာနဲ့သူကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ လူသားတွေရဲ့ အတ္တ မာန အာဃာတ တွေကြောင့် ဒီကမ္ဘာကြီးပေါ်မှာ ဘုရားတွေပေါ်လာပြီး ကယ်တင်ခြင်းခံရတယ်လို့ ခံစားမိစေမှာပါ။

Drama • Crime
5.7 2016 125 mins
Ben-Hur Ben Hur