YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S04E17.720p.(CM).mp4

158.58 MB N/A video/mp4 1202 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Tango in Paris
7

Last Tango in Paris (1974) ~ IMDb - 6.9/10, Rotten Tomatoes - 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။ Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7 1972 129 mins
Last Tango in Paris
[ 18+ ]Little Blue
5.5

ကားနာမည်က တရုတ်လို ရှောင်းလန်တဲ့။ ရှောင်းလန်ဟာ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်လေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ မိဘနဲ့အတူနေရတယ်။ ရှောင်းလန်ဟာ ကျောင်းတက်ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ဆရာဆရာမတွေနဲ့ တွေ့ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ရွယ်တူလူငယ်တွေနဲ့ တွေ့ရတယ်။ ရှောင်းလန်ဟာ မိဘနဲ့အတူနေရပေမဲ့ အဖေမရှိဘူး။ အမေနဲ့အတူနေရတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ မှားယွင်းပြီး ရှောင်းလန်ကို ရသွားခဲ့ပုံရတယ်။ ရှောင်းလန်အပျိုပေါက်ဖြစ်လာပြီးတာတောင် ရှောင်းလန်အမေဟာ နုဆဲပျိုဆဲ သွေးသားဆူဖြိုးဆဲ။ သွေးသားဆူဖြိုးတော့ ရှောင်းလန်အမေဟာ ဆန္ဒရှိလာတယ်။ ဆန္ဒရှိလာတော့ ရှောင်းလန်အမေဟာ ဗိုင်ဘရေတာနဲ့ဖြေရှင်းတယ်။ ဒါပေမဲ့လည်း စက်ပစ္စည်းဆိုတာ လူလောက်ဘယ်ကောင်းမလဲ။ ဒီတော့ ရှောင်းလန်အမေဟာ အပြင်မှာကိစ္စဖြေရှင်းတယ်။ ရှင်းရင်းရှင်းရင်း ရှုပ်လာပြီး ရှောင်းလန်အမေဟာ အိမ်မကပ်နိုင်ဖြစ်လာတယ်။ ဒီလိုနဲ့ ရှောင်းလန်ဟာ မိဘရဲ့ အငွေ့အသက် အစောင့်အရှောက် အကြံအဉာဏ် မရခဲ့ရဘူး။ ရှောင်းလန်ဟာ မိဘနဲ့အတူနေပေမဲ့ မိဘတွေဟာ ရှောင်းလန်နဲ့အတူမနေခဲ့ကြဘူး... ရှောင်းလန်ဟာ ကျောင်းမှာလည်း အဆင်မပြေဘူး။ ရှောင်းလန်ဟာ စာတော်ပေမဲ့ ဆရာတွေက လှေနံဓားထစ်သင်ကြတော့ ရှောင်းလန်ကို နားမလည်နိုင်ကြဘူး။ သူငယ်ချင်းကောင်းဆိုတာကလည်း ငရှုပ်ငပွေမလေးပဲ ရှိခဲ့တယ်။ ရှောင်းလန်မှာ ရင်ဖွင့်စရာ နေရာမရှိဘူး။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ စူးစမ်းချင်စိတ်ရှိတယ်။ လူငယ်တွေဆိုတာ ပန်းမခူးရဆိုင်းဘုတ်တပ်ခံထားရတဲ့ ပန်းခြံပဲ။ ဒီလိုတပ်ရတာလည်း အကြောင်းရှိတယ်။ ပန်းမခူးရတပ်ထားပါပြီဆိုမှတော့ ခက်ခက်ခဲခဲခူးမှရမယ့်အပင်ကြီးတော့ သွားမတပ်ဘူးပေါ့။ လူငယ်ရဲ့သိချင်စိတ််ခူးရလွယ်တဲ့ပန်းမို့ ပန်းမခူးရဆိုင်းဘုတ်တပ်ထားတယ်။ ဒါပေမဲ့ အကြံသမားကလည်း ဒါကိုသိတယ်။ ဒီလိုနဲ့ ချည်းကပ်လာတယ်။ ရင်ဖွင့်စရာမရှိတဲ့ရှောင်းလန်နဲ့ အကြံသမားဟာ ဧဒင်ရဲ့ သဲသောင်ပြင်ပေါ်မှာ မစားကောင်းတဲ့အသီးကို စားမိကြတယ်။ အကြံသမားဟာ အကြံသမားပဲ... ရှောင်းလန်အသည်းကွဲရတယ်။ ဒါပေမဲ့ ရှောင်းလန်မှာ ရင်ဖွင့်စရာဘယ်သူမှမရှိဘူး။ မှားသာမှားမိတယ်။ လိင်မှုပညာအခြေခံလည်း ရှောင်းလန်မသိဘူး။ ရှောင်းလန် ဖြေသာစရာတွေ လွဲလာတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ရင်း Dating App ကနေ ရှောင်းလန် ဖြေသာစရာရှာတယ်။ လူနဲ့လိင်ဆိုတာ ခွဲမရဘူး။ လူဟာ လိင်ဆက်ဆံတယ်။ လိင်ဆက်ဆံတော့ လူထွက်တယ်။ လူထွက်တော့ လိင်ဆက်ဆံတယ်... လိင်ဆက်ဆံတာ အမှားမဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်း ဘူမသိကိုးမသိသွားလုပ်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကများတယ်။ ဒါပေမဲ့ ရှောင်းလန်ကို ဘယ်သူမှ အဖက်မလုပ်ကြဘူး။ သူ့ကိုယ်၌ကလည်း သူဘာဖြစ်ချင်မှန်းသိပုံမရဘူး။ လိင်ဆက်ဆံတာ သူ့အတွက်မသက်မသာကြီးဖြစ်နေသလိုလိုကိုမှ သူက ဆက် ဆက်ဆံတယ်။ အမေကလည်း သမီးဘာဖြစ်နေတယ်မသိဘူး။ ဒီလိုနဲ့ ဒီကားဇာတ်သိမ်းသွားတယ်။ အဆုံးကျ ရှောင်းလန်တစ်ခုခုတော့သိသွားတယ်။ ဒီလိုနဲ့ ရှောင်းလန်ဇာတ်လမ်းပြီးသွားတယ်။ ရှောင်းလန်ပြီးသွားတယ်... ဇာတ်ကားဟာ ဘာမှတော့မဟုတ်ပေမဲ့ တရုတ်ရဲ့နယ်ပယ်သုံးခြမ်းမှာ Art Film အဆန်ဆုံးရုပ်ရှင်တွေထုတ်တတ်တဲ့ ထိုင်ဝမ်က ထုတ်ထားတဲ့ ကားဖြစ်ပြီး ထိုင်ဝမ်ရုပ်ရှင်ပီပီသသနဲ့ပဲ ကျန်တဲ့တရုတ်ကားတွေထက် လိင်မှုဘဝကို လက်တွေ့ကျကျနဲ့ ထင်ထင်သာသာကို ပုံဖော်သွားပြီး ဆယ်ကျော်သက်ဘဝမှာ ဖြစ်လေ့ထရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်သွားတယ်လို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတော့ ထိုင်ဝမ်ကားတွေကို ကြိုက်တတ်တဲ့သူတွေ ကြိုက်ကြမယ့် ထိုင်ဝမ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 930MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Fantasy
5.5 2022 96 mins
[ 18+ ]Little Blue
The Hobbit: The Battle of the Five Armies
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.4 GB) and (3.9 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….02:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Reality
7.3 2014 144 mins
The Hobbit: The Battle of the Five Armies
Love in Disguise
5.6

Love in Disguise (2010) ဂူဂူး (Liu Yifei) ပရိတ်သတ်တွေရဲ့ ပြသနာကတော့ အသည်းကျော်လေးဟာ ကားရိုက်နည်းတာပါပဲ… ဒီတော့လဲ အရင်ကရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကိုပဲ တသသပြန်ကြည့်နေရတာပေါ့… ခုတခါတော့ ၂၀၁၀ တုန်းက မင်းသား Leehom Wang နဲ့ရိုက်ကူးထားတဲ့ Romance Comedy ဖန်စီဇာတ်ကားလေး Love in Disguise ကို ကြည်တောက်ရှင်း Quality လေးနဲ့တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ … အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် တုမင်းဟန် ဟာ တစ်ရက်တော့ ကောင်မလေးတစ်ယောက်ရဲ့ တေးသံသာကို ကြားလိုက်ရချိန်မှာ အာရုံသစ်တွေ၊ အမြင်သစ်တွေကို စတင်ခံစားခဲ့ရပြီး ကောင်မလေးကိုလည်း မေ့မရနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒါနဲ့ပဲသူဟာ ကောင်မလေးတက်တဲ့ ဂီတကျောင်းကို လိုက်စုံစမ်းရင်း သူ့ကိုယ်သူလည်း နာမည်ကျော်မှန်းမသိအောင်၊ ကောင်မလေးနဲ့လည်း နီးစပ်အောင် ရုပ်ဖျက်ပြီး ကျောင်းတက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတနယ်ပယ်မှာ အောင်မြင်ပြီးသားဖြစ်တဲ့ တုမင်းဟန်ဟာ ကောင်မလေးနဲ့ နီးစပ်ဖို့အရေး ပေးဆပ်လိုက်ရတဲ့ ကျော်ကြားမှုတွေ၊ တေ့လွဲလေးတွေ၊ ဟာသတွေ၊ ဒရာမာတွေကို ပေါ့ပေါ့ ပါးပါးကြည့်ရှုခံစားပြီး မိုးရာသီနေ့ရက်လေးတွေကို ဖြတ်သန်းဖို့ Love in Disguiseဆိုတဲ့ တရုတ်အချစ်ဟာသကားလေးကို ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှတင်ဆက်ထားပါတယ်။)

TV Movie • Comedy • Romance • Fantasy
5.6 2010
Love in Disguise
The Legend of Detective Sleek Rat 3: Patridge Sky
5.8

ဒါလေးကတော့ အပိုင်း (၂) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar သူရဲကောင်းပိုင်ယွိထန်ဟာလျိုယန့်နဲ့ သိုင်းလောကကနေနှုတ်ထွက်ပြီး ဇာတ်မြှုပ်နေသွားမယ်လို့ဆုံးဖြတ်ထားပေမယ့် လျိုယန့်ရဲ့ ညီအမလိုအရမ်းရင်းနီးရတဲ့သူတစ်ယောက်ဒုက္ခရောက်တော့ မဖြစ်မနေဝင်ကူညီခဲ့ရတယ်။ အဲဒီလိုကနေပြီး လုယက်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ ရစ်ငှက်ဆိုတဲ့အဖွဲ့နဲ့ ပတ်သက်မိသွားပါတယ်။ နန်အန်းမင်းသားရဲ့သားမက်တော်ကနေပြီး ပိုင်ယွိထန်ကို အချိန်(၁၀)ရက်ပေးပြီး ရစ်ငှက်ကိုဖမ်းအမိဖမ်းခဲ့ဖို့ အပေးအယူလုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ပိုင်ယွိထန်ဟာ (၁၀)ရက်အတွင်းအမှုဖော်နိုင်အောင်ကြိုးစားရင်း ဒီအမှုဟာ ပစ္စည်းဥစ္စာလုယက်မှုသက်သက်မဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီရှုပ်ထွေးတဲ့အမှုရဲ့ နောက်ကွယ်ကတရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ…… သူ့ရဲ့အဓိကရည်ရွယ်ချက်ကရောတွေများဖြစ်နေမလဲ ……

5.8 2017
The Legend of Detective Sleek Rat 3: Patridge Sky
To All a Good Night
7.7

To All a Good Night (2023) =================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.97 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.7 2023
To All a Good Night
Once Upon Two Times
7.2

Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်း ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။ သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့ လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့ အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက် ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့… အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ…. သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ ……. သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုး ခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကို ဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.2 2023
Once Upon Two Times
Rama Ayodhya

Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

Thriller • Science Fiction
0 2024
Rama Ayodhya
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
The Price Of Happiness Cai Gia Cua Hanh Phuc
6.7

The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Drama
6.7 2024
The Price Of Happiness Cai Gia Cua Hanh Phuc
Pulse
6.5

မိချိ၊ ရာဘဲ၊ ဂျွန်ကိုနဲ့ တာဂုချိတို့ သူငယ်ချင်းလေးယောက် အလုပ်လုပ်နေရင်း တာဂုချိတစ်ယောက်ဆီက အဆက်အသွယ်မရလို့ ဂျွန်ကိုတစ်ယောက် တာဂုချိရဲ့အိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုလိုက်သွားတဲ့အချိန်မှာ တာဂုချိ ကိုယ့်ကိုယ်ကို သတ်သေတာကိုမြင်လိုက်ရပြီး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ တာဂုချိရဲ့သေဆုံးမှုအပြီးမှာ တိတ်ခွေတစ်ခုကြည့်ရင်း တာဂုချိရဲ့သေဆုံးမှုက ထူးဆန်းနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ရာဘဲနဲ့ ဂျွန်ကိုတို့ရဲ့ပုံစံတွေကလည်း မူမမှန်သလိုဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ခါဝါရှီမကလည်း ကွန်ပျူတာစမ်းသုံးကြည့်ရင်း ဝက်ဘ်ဆိုက်တစ်ခုက ရုတ်တရက်ပေါ်လာပါတယ်၊ ဝက်ဘ်ဆိုက်က သူ့အလိုလိုပေါ်လာတာဖြစ်တဲ့အတွက် နောက်ရက်မှာ ကွန်ပျူတာမေဂျာကျောင်းသားတွေကို သွားမေးရင်း ဟာရုအဲဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပါတယ်။ ဟာရုအဲက ပရိုဂရမ်တစ်ခုကိုလေ့လာနေပြီး သရဲတွေအကြောင်းလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ ဒီလိုနဲ့ ဟာရုအဲနဲ့ခါဝါရှီမတို့ အဲဒီဝက်ဘ်ဆိုက်အကြောင်းပြောရင်း ဟာရုအဲတစ်ယောက် ထူးဆန်းလာပါတော့တယ်။ အထီးကျန်တဲ့သူတွေရဲ့ စိတ်နှလုံးသားအနက်ရှိုင်းဆုံးထဲကိုလှည့်စားတတ်တဲ့ဝိညာဉ်တွေရဲ့လက်ထဲကနေ မိချိနဲ့ခါဝါရှီမတို့ သူတို့ရဲ့သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား။ သူတို့နှစ်ယောက်ကိုယ်တိုင်ကရော ဘေးကင်းနိုင်ပါ့မလား၊ ဘယ်လိုမျိုးခြောက်လှန့်မှုတွေနဲ့ကြုံတွေ့ရမလဲ… File Size : 3.9 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 59min Format : Mp4 Genre : Horror, Mystery, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

Crime • Thriller • Action
6.5 2001 119 mins
Pulse
The Most Beautiful Wife
7.1

1965 ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခဲ့တဲ့ The most beautiful wife ဆိုတဲ့ အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Francesca ဆိုတဲ့ ကောင်မလေးဟာ ငလျင်ကြောင့် အိမ်မရှိတော့ပဲ ဆင်းဆင်းရဲရဲနေရပါတယ်။ တဖက်မှာလဲ မာဖီးယားဂိုဏ်းက Vito ဟာ ပိုက်ဆံရှိတယ်ဆိုပြီး ဆရာကြီးအထာနေတဲ့နေတဲ့သူပါ၊ တစ်နေ့တော့ Vito ဟာ Francesca ကို မြင်ပြီး သဘောကျသွားပြီး လက်ထပ်ခွင့်တောင်းပါတယ်။ အဲ့ဒီအခါ Francesca ကရော Vito ကို ကိစ္စတစ်ခုကြောင့် ငြင်းလိုက်ပါတယ်။ အဲ့လို ငြင်းလိုက်တဲ့ အခါ Vito က လက်ခံမလား။ သူတို့နှစ်ယောက် ဘာဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ivy Noe

Adventure • Horror
7.1 1970
The Most Beautiful Wife
Tourist Family
8.5

Tourist Family (2025)”ခရီးသွား မိသားစု” ================================ ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။ အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

8.5 2025 128 mins
Tourist Family
Biography of the Mutants 2
5.9

စူပါပါဝါတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Biography of the Mutants ရုပ်ရှင်တွဲ(၆)ကားထဲက ပထမဆုံးကားဖြစ်တဲ့ The Heart of Pangu ကိုတင်ဆက်ပေးလိုက်ပါတယ်။ လျန်ရှဆိုတဲ့အစွမ်းရှင်အဖွဲ့အစည်းတစ်ခုဟာ အစွမ်းရှင်နိုင်ငံတစ်ခုကိုတည်ထောင်ဖို့ကြံစည်နေကြပါတယ်။ လျန်ရှခေါင်းဆောင်ကျားလုံလော်လောကကြီးကိုအုပ်စိုးနိုင်လောက်တဲ့ အစွမ်းရဖို့အတွက် ဒဏ္ဍာရီထဲကဖန်ဂူနှလုံးကိုရှာဖွေနေပါတယ်။ ထျန်းကျူးယန့်၊ လျဲ့ နဲ့ ယန်လျိုရှားတို့ဟာအစွမ်းရှင်ကြေးစားမုဆိုးတွေဖြစ်ကြတယ်။ တစ်ခါမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း မထင်မှတ်ပဲ ကျန်းလျိုအာဆိုတဲ့ ကိုရင်လေးတစ်ပါးကိုကောက်ရခဲ့ပါတယ်။ သူတို့(၃)ယောက်ဟာ ကိုရင်လေးကို သူတို့ရဲ့အလုပ်ရှင်ဟုန်ရှောင်းစံအိမ်သခင်ဆီ ပြန်ခေါ်လာခဲ့ရာ မထင်ထားတာက ဒီကိုရင်လေးကိုယ်ထဲမှာ ဖန်ဂူနှလုံးရှိနေတယ်ဆိုတာပါပဲ။ စံအိမ်သခင်က သူတို့(၃)ယောက်ကို မက်လောက်တဲ့ဆုကြေးတွေနဲ့ ကိုရင်လေးကိုယ်ထဲကဖန်ဂူနှလုံးကိုထုတ်ဖို့ ရှာဖွေတဲ့ခရီးကိုစလိုက်ကြပါတယ်။ ဖန်ဂူနှလုံးဟာအစွမ်းအရမ်းကြီးတဲ့အတွက် မထိန်းချုပ်နိုင်ရင် ကိုရင်လေးသေသွားနိုင်ပြီးတော့ ကိုရင်လေးသေသွားရင်လဲ ဖန်ဂူနှလုံးဆိုတဲ့စွမ်းအားရတနာကြီးကပျောက်ဆုံးသွားမှာဖြစ်တဲ့အတွက် ဒီခက်ခဲတဲ့တာဝန်ကိုသူတို့ဟာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်.

Fantasy
5.9 2017
Biography of the Mutants 2