YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S01E22.720p.(CM).mp4

172.33 MB 720p video/mp4 2453 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hibiscus Town
7.9

Hibiscus Town (1986) ================ IMDb Rating - 8.1/10 Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်း ကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of the Sunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ် ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့ လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည် နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူ တယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လား တော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်း ကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကား ဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.83 GB) / (816 MB) / (500 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Romance Translator.......WiRa Aung Encoder..........SWM

Adventure • History
7.9 1987 164 mins
Hibiscus Town
(18+) Crime of a Beast 2
7

Ricksဆိုတဲ့ရဲအရာရှိတစ်ယောက်နဲ့ဇာတ်လမ်းကိုစထားတယ် ရဲဆိုပေမဲ့လည်းသူကအကြွေးတွေပတ်လည်ဝိုင်းနေ‌တဲ့လူဖြစ်လို့ အလုပ်လဲထွက်လိုက်ရပြီး ‌နေစရာလဲမရှိတော့ဘူးပေါ့( စော်လဲပစ်တာခံလိုက်ရသေးတယ်) စိတ်ညစ်စရာတွေနဲံပြည့်နေတဲ့ ညနေခင်းတစ်ခုမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘဝဟာဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပါ ဒါ့အပြင် ကောင်မလေးနှစ်ယောက်နဲ့ ကျွန်းကြီးတစ်ခုမှာ သုံးယောက်းတည်းဘယ်လိုဖြတ်သန်းကြမလဲ? (အဲ့ကျွန်းကိုဘယ်လိုရောက်သွားလဲသိချင်ရင်တော့ အခုပဲဝင်ကြည့်လိုက်ပေါ့) File Size__(2.9GB) / (1.4GB) Quality__1080p, 720p IMDb Rating__4.7/10 Format__mp4 Duration__01:30:00 Type__Adult , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy
7 2002 91 mins
(18+) Crime of a Beast 2
Bullet Proof
5.7

တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ‌ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Drama
5.7 2022 81 mins
Bullet Proof
To Live
8

~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~ " Directed by Zhang Yimou " အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။ ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို " မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်" ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။ ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။ To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။ To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.21GB Quality - Blu-ray 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 13Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Thriller
8 1994 133 mins
To Live
Ma Rainey’s Black Bottom
6.9

Ma Rainey’s Black Bottom ( 2020 ) ========================= IMDb Rating – 6.9/10 2021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ စိတ်အခံထဲကို ခင်ဗျားကို အဆုံးထိမြင်အောင်ပြနိုင်မယ့် ရုပ်ရှင်မျိုးလို့ပဲ ဆိုချင်တယ်။ ကံကောင်းရင်တော့ ဒီရုပ်ရှင်မှာ ခင်ဗျားကိုယ် ခင်ဗျား ပြန်မြင်ရပါလိမ့်မယ်။ ဒါဆိုရင် ဒီရုပ်ရှင်ဟာ ခင်ဗျားအတွက် အတော် ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်သွားနိုင်တယ်။ ကံမကောင်းရင်တော့လည်း Bluesသီချင်း နားထောင်ရင်း အချိုးမပြေတဲ့ Niggaတွေကို ကြည့်ရင်း ဆဲတာ နားထောင်ရင်း ပြီးသွားမှာပါပဲ။ ဒီရုပ်ရှင်ဟာ ဒီလောက်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)

Comedy • Crime • Drama
6.9 2020
Ma Rainey’s Black Bottom
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
[18+] A Good Lawyer’s Wife
6.2

A Good Lawyer’s Wife (2003) ~ IMDb rating – 6.2/10 ~ (ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်) ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 28Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Family • History
6.2 2003 106 mins
[18+] A Good Lawyer’s Wife
Everything I Am
6.8

Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 750MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by B Encoded by Y

Horror
6.8 2022
Everything I Am
[18+] Bedspacer
8.2

Bedspacer (2023) ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။ သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလို့ရတဲ့နေရာပါ။ ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲ့ခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့…။ မမြင်ရတာကြာပြီဖြစ်တဲ့ Christine Bermas ရဲ့တကျော့ပြန်ဇာတ်ကားဖြစ်ပါတယ်။ အားရစရာကောင်းကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 970MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 30Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Science Fiction • Action • Adventure
8.2 2023
[18+] Bedspacer
RedLife
6.9

Redlife 2023 အညွှန်း ‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Drama • Thriller
6.9 2023
RedLife
Battle Over Britain

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- British Royal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီး လေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်း တိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်း တစ်ကောင်းပဲ ဖြစ်ပါတယ်.. အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာ ကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေ တင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ် များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အား အဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကို အမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကို သိကြပါတယ်.. လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အား နည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကို အပြင်းအထန်ခုခံခဲ့ရပါတယ် ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင် ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကို ကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ် နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သား ဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင် လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေ Spitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန် ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ) ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူး ထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေ လေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကို ဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ…. File size…991MB / 464MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

0 2023
Battle Over Britain
Gangster High
6.6

Gangster High (2006) ******************** CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoက ဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungက ဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။ ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် .. ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က အခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာက တိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာ ကားလေးထဲမှာ ကြည့်ရှုခံစားကြပါဦးနော် .. (အညွှန်းကို Zuri Htoo မှ ရေးသားပေးထားပါတယ်။) File size…1.97GB / 773MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Crime, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Zuri Htoo Encoded by AHtet

Drama • Romance
6.6 2006
Gangster High
The Blackcoat’s Daughter

American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘု‌ရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တ‌ဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1 GB / 364 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/ Mystery/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Muse

Drama
0 2015 93 mins
The Blackcoat’s Daughter
The Flowers of War
7.4

The Flowers of War (2011) ************************* နာမည်ကျော် တရုတ်မင်းသမီး Ni Niနဲ့ ကျွန်တော်တို့ရဲ့ Dark knight triology ထဲကဆြာဘတ် Christian Baleတို့ရဲ့ ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်…ဒီဇာတ်ကားက Ni Niကို ပထမဆုံး ပရိသတ်တွေသတိထားမိစေတဲ့ဇာတ်ကားဖြစ်ခဲ့တာဆိုတော့ CM ပရိသတ်တို့ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ…ဇာတ်ကားလေးကတော့ တရုတ်ဂျပန်စစ်ပွဲကြောင့် မြို့ပျက်ဖြစ်ခဲ့ရတဲ့နန်ကျင့်မှာပွင့်ခဲ့တဲ့ သိပ်ကိုရဲရင့်တဲ့ပန်းလေး ၁၃ ပွင့်အကြောင်းပါ…ပြည့်တန်ဆာဆိုတဲ့ စကားလုံးဟာ ကြားလိုက်တာနဲ့ ဘယ်သူမှအထင်မကြီးတဲ့ လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်သာသာသတ်မှတ်ပြီး ဝိုင်းရှုံ့ချ စက်ဆုပ်ကြတဲ့ သွေးသားဈေးသည်တွေပေါ့… ဒါပေမဲ့ သူတို့တွေကလည်း လူတွေပဲဆိုတဲ့အချက် သူတို့မှာလည်းနှလုံးသားရှိတယ်ဆိုတာ၊ သူတို့ဒီဘဝကို ဘယ်လိုရောက်လာရလဲဆိုတာကိုတော့ ဘယ်သူမှသိချင်စိတ်မဖြစ်သလို နားလည်ပေးဖို့ တန်းတူဆက်ဆံပေးဖို့ဆိုတာ အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်မှာတောင် မဖြစ်နိုင်သေးတဲ့အရာတစ်ခုပါပဲ… ဇာတ်ကားလေးရဲ့အစမှာတော့ စစ်ဒဏ်နဲ့ မြို့ပျက်သာသာဖြစ်နေတဲ့နန်ကျင့်မြို့ကို အလောင်းပြင်ဆရာဂျွန်တစ်ယောက် ခရစ်ယာန်ဘုရားကျောင်းကဖာသာတစ်ယောက်ကို သင်္ဂြိုဟ်ပေးဖို့ ရောက်ချလာပါတယ်… ဒီလောက်ကျည်မိုးရွာနေတဲ့ကြားက ဂျွန်တစ်ယောက် အရဲစွန့်ပြီးလာရတာကတော့ ဘုရားကျောင်းကအလှူငွေကိုဘတ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပါ…တစ်ချိန်တည်းမှာပဲ ချင်းဟွိုင်မြစ်ဆိုတဲ့ ဆောင်ကြာမြိုင်က အပျော်မယ်တစ်စုကလည်း ဘုရားကျောင်းကထမင်းချက်ရဲ့စနက်နဲ့ ဒီဘုရားကျောင်းကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ…ခရစ်ယာန်ဘုရားကျောင်းက ကွန်ဗင့်ကျောင်းသူတွေနဲ့ အပျော်မယ် ပြည့်တန်ဆာဆိုတာ မိုးနဲ့မြေ ဆီနဲ့ရေလို နေထိုင်ပုံ တွေးခေါ်ပုံ အစစအရာရာကွာခြားတာမလို့ ဘုနဲ့ဘောက်ဖြစ်ကြရပေမဲ့ တကယ်တမ်းအရေးကြုံလာချိန်မှာ အကြံသမားဂျွန်နဲ့ ဒီပြည့်တန်ဆာတွေနဲ့ ကွန်ဗင့်ကျောင်းသူတစ်သိုက် ဂျပန်တွေလက်ကနေ ဘယ်လိုလွတ်အောင်ပြေးကြမလဲဆိုတာ ရှုစားကြရအောင်ပါ… File Size : 3.21GB / 1.05GB Quality : BluRay 1080p / 720p Genres : Drama, War, Romance Duration : 2h 26m Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

TV Movie • Comedy • Romance
7.4 2011 146 mins
The Flowers of War
Two Night Stand
6.3

ဒီတစ်ခါမှာတော့ 2014 ခုနှစ်ကထွက်ရှိထားတဲ့ Romance/Melodrama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မီဂန်ကချစ်သူရှိရာ နယူးယောက်မြိုအထိလိုက်လာပြီး ကျောင်းလိုက်တက်ခဲ့ပေမဲ့ သူရဲ့ချစ်သူက သူ့အပေါ် ဖောက်ပြန်သွားလို အသည်းကွဲပြီးအလုပ်လက်မဲ့ဘဝနဲ့ ကျန်နေခဲ့ရသူပါ။ တစ်နေ့မှာတော့ သူကအွန်လိုင်းချစ်သူရှာပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုကနေ အဲလက်ခ်ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့တွေ့ခဲ့ပြီး တစ်ညတာအတူပျော်ပါးဖိုအတွက် အဲလက်ခ်ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ နောက်တစ်နေ့ရောက်လို ပြန်ဖိုလုပ်တဲ့အခါမှာတော့ မီဂန်တစ်ယောက်ကံဆိုးစွာနဲ့ နှင်းမုန်တိုင်းကြီးတိုက်ခတ် တာနဲ့ ကြုံဆုံပြီး ဘယ်ကိုမှသွားလိုမရဖြစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အဲလက်ခ်နဲ့မီဂန်တိုနှစ်ယောက်သား အဲလက်ခ်ရဲ့ အိမ်မှာပိတ်‌မိနေရင်းနဲ့ တစ်ညတာဆက်ဆံရေးကနေ နှစ်ညတာဆက်ဆံရေးဖြစ်သွားခဲ့ကြပြီး သူတိုနှစ်ယောက်ကြား ဘယ်လိုခံစားချက်တွေဖြစ်ပေါ်လာမလဲ သူတိုတွေ ဘယ်လို နှစ်ပါးဆက်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကား လေးပါလို ညွှန်းဆိုချင်ပါတယ်။ File size… (791 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 26m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wutyi

Action • Crime • Thriller
6.3 2014 86 mins
Two Night Stand