YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S01E16.720p.(CM).mp4

197.23 MB 720p video/mp4 2749 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dead Shot

Imdb - 5.5 Rotten tomatoes - 78% Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။ အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါသအိုးကွဲနေတဲ့ မိုက်ကယ်တစ်ယောက် ဟင်နရီ့ကို ရေဆုံး‌မြေဆုံးလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး IRA အမည်ခံ အိုင်းရစ်ရှ်တော်လှန်ရေးတပ်နဲ့ ပြန်ဆက်သွယ်ကာ လန်ဒန်မြို့ထိ လိုက်လာပါတော့တယ်။ SAS တပ်ဖွဲ့ဝင်ဟောင်း ဟင်နရီရဲ့ အသစ်စက်စက်အလုပ်... လန်ဒန်မြို့လမ်းမတွေပေါ် တစ်စထက်တစ်စ ကြီးစိုးလာတဲ့ IRA တွေ... အဲဒီအတွက် နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ဒဏ်ကို ခံလာရတဲ့ အိုင်းရစ်ရှ်လူမျိုးတွေ... လက်စားချေဖို့ စိုင်းပြင်းနေတဲ့ မိုက်ကယ်... သူတို့ကြားက ဆက်နွယ်မှုတွေကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 587MB | 234MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... Aaron

Crime • Drama • TV Movie
0 2023 87 mins
Dead Shot
FB: Fighting Beat
4.9

အန်တမန်ကမ်းခြေကကျွန်းစုမှာနေတဲ့ ခိမ့်တို့သူငယ်ချင်းတစ်စုဟာ နေ့ဘက်မှာ ခရီးသွားဧည့်သည်တွေကို လမ်းညွှန်တဲ့ ဝန်ဆောင်မှုပေးကြပြီး ညအချိန်မှာတော့ ချုတ်ဒီ ဘားမှာ အလုပ်လုပ်ကြပါတယ် အဲ့ဒီဘားမှာ ညတိုင်းထိုင်းလက်ဝှေ့ထိုးပွဲရှိတဲ့အတွက် ခရီးသွားဧည့်သည်တိုင်းက စိတ်ဝင်စားပြီးလာရောက်လည်ပတ်ကြတယ် ဒီအချက်ကိုသဘောကျသွားတဲ့ရင်းနှီးမြုပ်နှံသူနိုင်ငံခြားသားဟာ ဒီဘားကိုလိုချင်ပါတော့တယ် ဘားပိုင်ရှင်ကမရောင်းဘူးပြောပေမဲ့ မရမကဖိအားပေးပြီးယူလိုက်တဲ့အချိန်မှာ ခိမ့်တို့သူငယ်ချင်းတစ်စု သူတို့ချစ်တဲ့ဘားကိုပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် ။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__( 2.2GB) Quality__ HD720p IMDb Rating__5/10 Format__mp4 Duration__01:20:00 Type__Action, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Horror • Thriller
4.9 2007 78 mins
FB: Fighting Beat
Apollo 10½:  A Space Age Childhood
7.1

လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူ အစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံး အခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်… ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာ အာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီး အာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့် သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲ လက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11 မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ Stan အဖို့တော့ နေ့စဉ်ဘဝဟာ ထူးခြားပြီး ပြောင်းလဲသွားတာမရှိပါဘူး။ ဒီဇာတ်လမ်းလေးမှာ ထိုခေတ်အခါက အာကာသယာဉ်မှူးတွေ ဖြတ်ကျော်ရတဲ့လေ့ကျင့်ရေးတွေ၊ အာကာသခရီးစဉ်ရဲ့ အဆင့်ဆင့်ကျော်ဖြတ်ရပုံတွေအပြင် ထိုခေတ်က လူနေမှုပုံစံတွေကို အသေးစိတ်ကျကျ ထည့်သွင်းရှင်းပြထားတဲ့အပြင် သမိုင်းဝင်ဖြစ်ရပ်အချို့နဲ့ မူရင်းအသံဖိုင်၊ ဗီဒီယိုဖိုင်လေးတွေပါ ထည့်သွင်းဖော်ပြထားတာဖြစ်လို့ ရသထက် သုတက အလေးပိုတဲ့ဇာတ်လမ်းလေးပါ။ Biography ပုံစံလေးဖြစ်လို့ အေးအေးလေးနဲ့ ဆွဲဆောင်နိုင်မယ့်ကားဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူတွေ၊ အာကာသပရိတ်သတ်တွေအနေနဲ့ မျက်စိအစာကျွေးရင်း ဦးနှောက်ကိုပါ အစာကျွေးလို့ကောင်းမယ့် ဇာတ်လမ်းလေးကို တင်တက်ပေးလိုက်ပါတယ်။ File size…1.7GB / 671MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Action • Science Fiction
7.1 2022 98 mins
Apollo 10½: A Space Age Childhood
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
A Side of a Relationship
5

A Side of a Relationship (2023) ဒီဇာတ်ကားထဲမှာဆိုရင်တော့ မတူညီတဲ့ဇာတ်လမ်းတိုလေး (၄) ပုဒ်ကို တစ်ထိုင်တည်း ကြည့်ရှုခံစားနိုင်မှာမို့ ကြည့်နေကြကားတွေနဲ့မတူတဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ (၁) အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်ဂျင်ဟွန်းနဲ့ ဒါရိုက်တာဂယောင်းရမ်တို့ဟာ အင်တာဗျူးတစ်ခုမှာ သတင်းထောက်မလေးကိုတစ်ယောက်ကိုတွေ့ပြီး အချင်းချင်း အချစ်ပြိုင်ဘက်တွေဖြစ်လာကြတဲ့အခါ…။ (၂) စတိုးဆိုင်မန်နေဂျာဖြစ်တဲ့ အိုဂျွန်ဆော့ဟာ ဓားပြတစ်ယောက်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ နောက် ၁၀ မိနစ်ကြာမှ ရောက်ရှိလာမှာဖြစ်တာကြောင့် ဂျွန်ဆော့တစ်ယောက်က ဓားပြကို ၁၀ မိနစ်ကြာ အချိန်ဆွဲထားနိုင်ပါ့မလား။ (၃) စကားမပြောနိုင်တဲ့ ဂစ်တာသမားလေးနဲ့ မျက်စိမမြင်တဲ့အဆိုတော်မလေးတစ်ဦးတို့ဟာ ပြဿနာတစ်ခုကြောင့် လူမိုက်တွေလိုက်ဖမ်းတာကို ခံနေရတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီဒုက္ခကနေလွတ်အောင် ဘယ်လိုများကြိုးစားအားထုတ်ကြမလဲ။ (၄) ပစ္စည်းတစ်ခုကိုထိလိုက်တာနဲ့ အဲဒီပစ္စည်းနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကို အကုန်သိနိုင်တဲ့ စုံထောက်ဟျွန်းဆော့ဟာ အဲဒီအစွမ်းကြောင့်ပဲ အမှုတိုင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူသတ်မှုတစ်ခုရဲ့နစ်နာသူဟာ သူနဲ့သိတဲ့မိန်းကလေး ရှီယွန်းဖြစ်နေတဲ့အခါ ဟျွန်းဆော့တစ်ယောက် ဒီအမှုရဲ့တရားခံကို ရှီယွန်းရဲ့ပစ္စည်းတွေကနေတဆင့် ရှာဖွေဖော်ထုတ်နိုင်ပါ့မလား။ ရသမတူတဲ့ ဇာတ်လမ်း (၄) ပုဒ်ကို ဇာတ်ကားတစ်ကားထဲမှာတင် ကြည့်ရှုခံစားနိုင်မယ့်အပြင် အသစ်အဆန်းတွေ မြည်းစမ်းကြည့်ရှုချင်တဲ့ပရိသတ်ကြီးအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.7GB | 764MB | 355MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Winn Encoder ….. August

5 2023
A Side of a Relationship
Bottom of the Water

Bottom of the Water (2023) horror ဇာတ်လမ်းမှကြည့်ချင်သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ညီအစ်မနှစ်ယောက်က အမေမှာထားတဲ့စကားကို နားမထောင်ရာကနေ ရေကန်ကနေ ရေသရဲ ပါလာပါတော့တယ် တစ်နေ့တခြား အခြေအနေပိုဆိုးလာတဲ့ သမီးငယ်ကို သရဲဝင်ပူးရာကနေ ကာကွယ်နိုင်အောင်လုပ်ပေမဲ့ အမေဖြစ်တဲ့သူကလည်း သူငယ်ပြန်တဲ့ရောဂါဖြစ်လာတဲ့အခါမှာ… အကြီးမလေး ဂါယောင်းက အဲဒီပြဿနာကိုဘယ်လိုကိုင်တွယ်မလဲ.. ရေသရဲလက်ထဲကနေ ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်… အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 935MB | 356MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Bottom of the Water
Junkyard Dog
7.1

Junkyard Dog (2023) ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 760MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 33Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama • Action • Adventure • History • War
7.1 2023 93 mins
Junkyard Dog
Bursting Point
6

ဒီတစ်ခေါကါ CM ကတင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ ဟောင်ကောင်ရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူး လီကျစ်ရှင်က ကျန်းမင်ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အစည်းထဲသို့ သူလျှိုအဖြစ်ဝင်ခိုင်းပြီး ခေါင်းဆောင်ဖြစ်သူဟန်ယန်ကိုဖမ်းဆီးခိုင်းခဲ့တယ် ဒါပေမဲ့ကျန်းမင်က အခြေအနေအရမတတ်သာပဲ အမှောင်ဘက်သို့ တဖြည်းဖြည်းရောက်ရှိသွားခဲ့တယ် လီကျစ်ရှင်က ပြန်ကယ်ချင်ပေမယ့် မအောင်မြင်ပဲ ဆရာတပည့်နှစ်ယောက်က ရန်သူတွေဖြစ်လာခဲ့ပြီးတော့ ပြန်အဖတ်မဆည်နိုင်ဖြစ်ခဲ့ရလေတယ် ဒီဇာတ်လမ်းလေးမှာ ဆရာတပည့်ဆက်ဆံရေးက နောက်ဆုံးဘယ်လိုဖြစ်လာမလဲ ကျန်းမင်နောက်ဆုံးမှာ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့

6 2023
Bursting Point
Club Zero
5.9

Club Zero (2023) ~ IMDb – 5.9/10, Rotten Tomatoes – 63% ~ Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d’Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။ Black Comedy, Thriller လို့ဆိုတဲ့ ဒီကားကိုတော်တော်များကတော့ Fail တယ်လို့‌ပြောကြတယ်။ ဇာတ်က ဈေးကြီးကြေးကြီးကျောင်းတစ်ကျောင်းမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီကျောင်းကို ဆရာမအသစ်ရောက်လာတယ်။အဲဒီဆရာမသင်ပေးတာက အစားစားဖို့။ အစကတော့ သတိနဲ့အစားစားဖို့ သင်ပေးတာပဲ။ အစားကို ငါစားနေပြီ ငါစားနေတယ် ငါမျိုချလိုက်ပြီ သေချာသတိလေးနဲ့စားရင် ဗိုက်ခဏခဏမဆာဘူးလို့တော့ ဆိုတာပဲ။ အဲဒီလိုစားတာကလည်း အများကြီးစားရင် ခန္ဓာကိုယ်အတွက်မကောင်းဘူး။ နည်းသည်ထက်နည်းအောင်စား ဆိုပြီး ဇာတ်လမ်းက စလာတယ်။ အဲဒီလိုစရင်းနဲ့မှ အစားစားဖို့သင်ပေးတာကနေ အစားမစားဖို့ သင်ပေးတာဖြစ်သွားတယ်။ အကုန်လုံးအငတ်ခံဆန္ဒပြသလိုကို နေနေကြဖို့ တိုက်တွန်းထားတယ်။ သူ့အမျိုးအစားက ဘလက်ကော်မဒီဆိုပေမဲ့ Satire လိုလိုတော့ သွားထားတာပဲ။ သူ့ပြဿနာက ဘာကိုသရော်ချင်လို့ သရော်ချင်မှန်း သိပ်မသည်းကွဲနေဘူး။ ဒါကလည်း ကြည့်တဲ့လူတိုင်းနီးပါးဖြစ်တဲ့ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် ဘာပေါ်တာမပေါ်တာတွေ အသာထား ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်က ဘလက်ကော်မဒီအရသာတော့ပေးနေတုန်းပဲ။ ဆိုတော့ တော်တော်ကြောင်တောင်တောင်နိုင်တဲ့ဇာတ်ကို ခပ်စားစားတင်ဆက်ထားတာ အပျင်းပြေကြည့်ချင်ရင်တော့ တော်တော်ကြည့်ရပျော်တယ်။ ကြည့်လို့ကောင်းတယ်။ အစားဆုံးကတော့ စားသည်ထက်စားလာရင်း နောက်ဆုံးအထိ စားသည်ထက်စားသွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.9 2023 110 mins
Club Zero
No Strings Attached
6.2

No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး…. အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး… တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်…. ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ….။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့….။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။

6.2 2011
No Strings Attached
Fasten Your Seatbelt
5.6

Fasten Your Seat Belt (2013) Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.1GB | 610MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat, Mary, Char Ou Encoder ….. Aaron

5.6 2013
Fasten Your Seatbelt
Leave Her to Heaven
7.6

Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romance သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ”မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်” ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ရဲ့ဒဏ်ကိုရစ်ချက်ဒ်ခံနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မှာလဲ။သဝန်တိုတတ်တဲ့လူ၊ အတွေးလွန်တတ်တဲ့လူဆိုရင် ဒီရုပ်ရှင်ကိုသဘောကျမှာသေချာပါတယ်။ File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Drama/Film-Noir/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.6 1945
Leave Her to Heaven
Late Bloomers
6.1

IMDb Rating – 6/10 ဒီကားလေးက ဒါရိုက်တာ Lisa Steen ရိုက်ကူးထားပြီးမင်းသမီး Karen Gillan နဲ့ မင်းသမီးကြီး Malgorzata Zajaczkowska တို့ အဓိကပါဝင်ထားတာပါ။ ဘဝမှာ ကံအဆိုးဆုံးလူသားလို့ ခံစားရတဲ့ အချိန်တွေ ရှိဖူးပါသလား။ အသက်28နှစ်အရွယ် လူဝီက ရုတ်တရက် သစ္စာဖောက်ခံရပြီး single ဖြစ်သွားတဲ့အပြင် အဆိုတော်အလုပ်ကလဲ မအောင်မြင် တာကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။ တစ်နေ့မှာအရက်မူးနေရင်း မတော်တဆ တင်ပါးရိုးကျိုးသွားတဲ့အခါ လောကကြီးကိုအဆိုးမြင်နေတဲ့ လူဝီက ဆေးရုံမှာ ဒေါသကြီးပြီး အင်္ဂလိပ်လိုလဲ နားမလည်တဲ့ polish လူမျိုး အန်တိုနီနာဆိုတဲ့ အဖွားကြီးနဲ့ အခန်းဖော်ဖြစ်လာပါတယ်။ ဘာသာစကားနဲ့ဆက်သွယ်မှုမလုပ်နိုင်တဲ့ နှစ်ယောက်က အလွဲတွေ ရဲ့ကြား သံယောဇဉ်ရှိသွားပြီး အယ်ဇိုင်းမားရောဂါရှင်အမေဖြစ်သူတွက် ကုသငွေလိုနေတဲ့ လူဝီက အန်တိုနီနာရဲ့ နာနီဖြစ်လာပါတော့တယ်။ လုပ်သမျှအဆိုးတွေဖြစ်ကုန်လို့ ဘာမှမလုပ်တော့ပဲ လမ်းပျောက်နေတဲ့ လူဝီက အန်တိုနီနာကိုစောင့်ရှောက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို သိမြင်လာနိုင်မလား……. အရမ်းဆိုးတဲ့ အန်တိုနီနာကို လူဝီဘယ်လိုနည်းနဲ့ စောင့်ရှောက်သွားမှာလဲ…… လူဝီကရော လူကြီးဘဝရဲ့ အဓိပ္ပာယ်ကိုတွေ့ပြီး ရင့်ကျက်လာမှာလား…….. အချစ်စစ်ကိုရော ရှာတွေ့မှာလား…. ဆေးရုံမှာတွေ့ခဲ့တဲ့ အ‌ဖွားတွေကရော သူတို့အတွေ့အကြုံတွေနဲ့ လူဝီကို ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ……… ဒါတွေကို ဒီဘဝသရုပ်ဖော်ကားလေးမှာ လူဝီနဲ့အတူ ဘဝကိုပါဝင် ဖြတ်သန်းရင်း ခံစားလိုက်ပါ။ ဘဝမှာလမ်းပျောက်နေရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားလေးပါနော်။ File size… (2.06GB) / (818MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2023 89 mins
Late Bloomers
The Last Song
6

The Last Song (2010) IMDb Rating (6.0) Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ “The Last Song” ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်…. ဒီဝတ္ထုကိုတော့ “The Notebook” ,” A,Walk To Remember” တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ “ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။ “The Last Song” ရဲ့ OST တစ်ပုဒ်ဖြစ်ခဲ့တဲ့ “When I Look At You” ဟာလည်း အခုထိကို မရိုးသွားနိုင်တဲ့ အချစ်သီချင်းကောင်းဖြစ်ပြီး ပေါက်သီချင်းလည်း ဖြစ်ပါတယ်။ ?????? အားကျလိုက်တာ…. ကျွန်တော် တော့ ?….။ ဒီရုပ်ရှင်လေးထဲမှာ Liam ကိုအရမ်းချစ်တဲ့မိုင်လီတစ်ယောက် ဘယ်လိုအသက်ပါပါသရုပ်ဆောင်သွားမလဲဆိုတာ…….။ (ရုပ်ရှင်အညွှန်းကို MAJOR M Fb Page မှ ကူးယူဖော်ပြပါသည်။)

6 2010 107 mins
The Last Song