YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young.Lady.and.Gentleman.S01E33.720p (CM).mp4

523.96 MB N/A video/mp4 2582 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Antiviral
5.9

(IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလို‌လိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။ အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်‌ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်‌ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ဟားနားခံစားခဲ့ရတဲ့‌ ဝေဒနာတွေကိုခံစားလာရပြီး သူ့ပရိတ်သတ်တွေ၊ ဖောက်သည်တွေရဲ့ မျက်စိကျစရာဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဆစ်မတ်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုအဖြေရှာပြီး အသက်ဆက်ရှင်ဖို့ကြိုးစားမလဲဆိုတာကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားက တော်တော်လေး ရူးကြောင်ကြောင်လည်းနိုင် စိတ်ညစ်စရာလည်းကောင်း အော်ဂလီဆန်စရာတွေလည်းအများကြီးပါတာမလို့ စိတ်ဆင်းရဲခံနိုင်မှသာကြည့်ကြဖို့သတိပေးလိုက်ပါရစေ) File size…(1.3 GB)/(620 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Crime • Drama
5.9 2012 110 mins
Antiviral
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon
Homecoming

Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။ အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.34GB | 660MB | 304MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Comedy • Drama • Romance
0 2019 93 mins
Homecoming
France
5.3

IMDb Rating - 5.9/10 သူ့နာမည်က ဖရန့်စ်၊ နာမည်ကြီးရုပ်သံတင်ဆက်သူတစ်ယောက်။ ပြင်သစ်တစ်နိုင်ငံလုံး သူ့ကိုချစ်ကြတယ်၊ သူ့အစီအစဉ်ဆိုမလွှတ်တမ်းကြည့်တဲ့သူတွေတောင်ရှိတယ်၊ နာမည် ကြီးလေ သူများမလုပ်တဲ့ အစီအစဉ်တွေကိုသူလုပ်ချင်လေပဲ၊အခြားဂျာနယ်လစ်တွေ မရိုက်တဲ့အစီအစဉ်မျိုးတွေဆို သူကရိုက်လေ့ရှိတယ်၊ အဲ့တော့နာမည်ကြီးတယ်ဝင်ငွေ ကောင်းတယ်၊ ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတယ်ဆိုပေမယ့် အိမ်ထောင်ရေးကအေးတိအေးစက်၊ မွေးထားတဲ့သားတစ်ယောက်ကို ကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်လောက်တဲ့ အထိကိုအလုပ်များတယ်၊ တစ်နေ့သူ့သားလေးကို ကျောင်းပို့ရင်း ဘတ်စတစ်ဆိုတဲ့ ကောင်လေး ကို ကားတိုက်မိတယ်၊ ဘတ်စတစ်တို့မိသားစုက ဆင်းရဲတာကြောင့်ရယ်၊ သူ့ပရိသတ်ဖြစ်နေတာ ကြောင့်ရယ် လျော်ကြေးပေးလိုက်ပေမယ့်၊ သူနဲ့ပြိုင်ဖက် ဂျာနယ်လစ်နယ်ပယ်မှာတော့ သတင်းထူး ဖြစ်ပြီး မျက်နှာဖုံးတွေမှာပါသတင်းခေါင်းစဉ်ကြီးနဲ့ဖော်ပြတယ်။ LIVE Show တွေမှာပါ အရှက် ရလောက်တဲ့အထိဖြစ်ခဲ့တယ်။ နာမည်ကြီးစတားတစ်ယောက်က တစ်ခါမှမဖြစ်ဘူးမကြုံဘူးတဲ့ ဒီဖြစ်ရပ်ကြောင့်သူဘဝ ပြောင်းလဲသွားပုံစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ပေးထားတာကြောင့် ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – BluRay 1080p / 720p/480p Duration - 2h 09mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Tin Myo Lwin Encoder – SWM

Action • Thriller
5.3 2021 133 mins
France
S.O.S Mamis 2: Mosquita Muerta
Fatman
5.5

ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှ ခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကို လက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့ တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်း လိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်း ခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက် အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ ကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။ အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီက ခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲ မီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့ အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီး Santa ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung

Drama • Family
5.5 2020 100 mins
Fatman
On the Line
5.3

On the Line (2022) စကားလေးတစ်ခုရှိပါတယ်။ ” အပျော်ကနေ အပျက် ” တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။ Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ “On the Line ” လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…..။ အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ဇာတ်ကားကို မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေထည့်ပြီး ဖန်တီးထားတာမို့လို့ ကြည့်ရတာတန်မယ့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ပါရစေ…။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p | 480p File size… 1GB | 567MB | 344MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Chuck Encoder ….. August

Drama • Romance
5.3 2022 104 mins
On the Line
Big Joy Event
5.9

အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။ လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။ လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား…… ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။

5.9 2023
Big Joy Event
Chiara
5.9

Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

5.9 2022
Chiara
Boudica

ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။ Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။ Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

TV Movie • Comedy • Drama • Romance
0 2023
Boudica
The Abandoned
6.1

CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်… ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်…

6.1 2024
The Abandoned
Vaazhai
7.5

Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်” =============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 134 mins
Vaazhai
Fargo
8.1

Fargo(1996) ************* IMDb – 8.1/10_____Rotten – 94% Won 2 Oscars. Another 81 wins & 57 nominations ဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိထားပါတယ်…အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်… မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ… ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ…. သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်…..ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်… ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်… ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်.. ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်.. ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့… သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး…. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့… ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်…. File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Drama • Thriller
8.1 1996 98 mins
Fargo
Li Nou’s Dream
5.6

ဒီတစ်ခေါက်မှာတော့… အိပ်မက်နောက်ကို လိုက်နေတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးထဲမှာ ဆန်ကုန်မြေလေးဖြစ်နေတဲ့ သားနဲ့ တစ်ဗျစ်တောက်တောက်ပြောနေတဲ့ အဖေကြီးကြားက ပြဿနာကတော့ သူ့အမေဆုံးသွားတဲ့ကိစ္စနဲ့ သူ့သားအလုပ်အတည်တကျမလုပ်တဲ့ကိစ္စကြောင့်ပါပဲ… ဟုတ်ပါတယ်… သူ့သားကဘယ်လောက်တောင်လဲဆိုရင်တော့… ဒယ်လီသမားလုပ်ပါတယ်ဆိုမှ တစ်ခါမှလည်း အော်ဒါအချိန်မှန်မပို့နိုင်… လျှပ်စစ်ဘီးလေးလည်း ခဏခဏ ပြင်နေရတယ်.. နောက်ဆုံးတော့ အလုပ်ပြုတ်သွားတာပေါ့… သူက ဘာဝါသနာပါလဲဆိုတော့ လက်ဝှေ့ထိုးတာပေါ့… ဒါပေမယ့်လည်း တစ်ချိန်က လက်ဝှေ့သမားဖြစ်ခဲ့တဲ့ သူ့အဖေက ဆန့်ကျင်နေခဲ့တယ်… ဘာကြောင့် ဆန့်ကျင်ရတာလဲ…နောက်ပြီး တကယ်ပဲ လက်ဝှေ့သမားအဖြစ်ရော ရေရှည်လုပ်နိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်လိုက်တော့နော်…

Action • Crime
5.6 2024
Li Nou’s Dream
Mentors
5.5

ဂျော်နီဘယ်လ်တာ (Catalin Bordea) ဆိုတဲ့ မရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဟာ သူ့အဖေ ဒိုရင်ဘယ်လ်တာပိုင်ဆိုင်တဲ့ ဘဏ်အင်ပါယာရဲ့ ဆက်ခံသူဖြစ်ပေမယ့် သူ့ရဲ့ ပေါ့ပျက်တဲ့ အပြုအမူတွေကြောင့် အိမ်က နှင်ချခံရပြီး ၆ လအတွင်း တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့ သက်သေပြရမယ့် စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာပါ။ သူ့အစ်မ မက်ဒါရဲ့ အကူအညီနဲ့ နိုင်ငံရဲ့ နာမည်ကြီး အင်ဖလူရန်ဆာသုံးဦးဆီက အကြံဉာဏ်ရယူရင်း ဂျော်နီတစ်ယောက် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေထဲ ရောက်သွားတဲ့အခါ… ဒီရိုမန်နီးယန်း ဟာသဇာတ်လမ်းထဲမှာ ရယ်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ လူတစ်ယောက်ရဲ့ ကြီးပွားရေးခရီးကို စိတ်ဝင်တစားကြည့်ရှုရမှာပါ… File Size… (2.47 GB) / (1.29 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Thriller • Crime
5.5 2025 100 mins
Mentors