YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Justice.S04E14.720p(CM).mp4

152.04 MB 720p video/mp4 131 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
Aloha with Love
5.8

IMDb rating 5.9/10 ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ဟာဝိုင်ရီကျွန်းရဲ့ အငွေ့အသက်တွေပြည့်နေတဲ့ “Aloha with love” လို့ အမည်ရတဲ့ ပေါ့ပေါ့ ပါးပါး အချစ်မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဘဝအတွက် မှတ်သား ဖွယ်ရာ စကားလုံးတွေ၊ အချစ်ရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေ၊ ပြဿနာတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မြင်တတ်တဲ့ ရှူထောင့်မတူပုံ တွေကို ဗိသုကာပညာရှင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဒီဇာတ် ကားမှာ တင်ဆက်ပြသပေးထားပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ မာဝီကျွန်းသူလေး ဂျန်မာက အရည်အချင်းရှိတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ Los Angelesမှာ အလုပ်လုပ်နေရသူပါ။ တစ်နေ့မှာတော့ ဂျန်မာရဲ့ အချစ်ဆုံး အန်တီရဲ့ သေဆုံးမှုက ကျွန်းသူလေးကို သူ့ရဲ့ကိုယ်ပိုင်ဇာတိကို ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဈာပနပွဲလုပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့အန်တီဟာ သူ့ရဲ့အမွေ အနှစ်ဖြစ်တဲ့ အိမ်လေးကို ဂျန်မာနဲ့ သူ့ညီမဆာရာအတွက် ထားပေးခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူ့ အထက်တန်းကျောင်းတုန်းက ချစ်သူလည်းဖြစ် ကန်ထရိုက် တာလည်းဖြစ်တဲ့ ဘန် နဲ့ အတူတူမွမ်းမံပေးဖို့ သေတမ်းစာမှာ ရေးထားခဲ့တဲ့အခါ မှာတော့...ဂျန်မာတစ်ယောက် သူ့ရဲ့အလုပ်ကိုဦးစားပေးပြီး LA ကိုပြန်သွားမှာလား... ရည်းစားဟောင်းနဲ့အတူတူ အမွေအနှစ်အိမ်လေးကို ပြန်ပြုပြင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလို့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.7 GB) / (769 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM

Action • Drama • Thriller
5.8 2022 90 mins
Aloha with Love
Anon
5.9

CM ပရိသတ်ကြီးအတွက် ၂၀၁၈ ယခုလအတွင်းမှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ Anon (2018) ကိုတော့ Tom Hanks ရဲ့နာမည်ကျော် The Terminal (2004) ဇာတ်ကား နဲ့ ကမ္ဘာကျော်ဟာသမင်းသားကြီး Jim Carreyရဲ့ အကောင်းဆုံးဇာတ်ကားပါလို့ တင်စားကြတဲ့ The Truman Show (1998) တို့ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Ardrew Niccol ကပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ကိုယ်တိုင်ပဲရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့မင်းသား Clive Owen နဲ့ မင်းသမီးချော Amanda Seyfried တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating ဟာလည်း 6.1 ရှိတဲ့အတွက်အတော်အသင့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ========== ဇာတ်အိမ်ကို အနာဂတ်ခေတ်မှာတည်ထားပြီးတော့ ထိုအနာဂတ်ခေတ်မှာ အစိုးရဟာ ပြစ်မှုတွေကိုနှိမ်နင်းဖို့အတွက် လူသားတွေရဲ့လုံခြုံရေးရပိုင်ခွင့်များကို ချိုးဖောက်ပြီး စောင့်ကြည့်ထောက်လှမ်းရအောင်လည်း ဥပဒေတစ်ခုကိုပြဌာန်းထားပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Sal Frieland ဟာအဆိုပါဥပဒေကို လက်ခံကျင့်သူတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် The Girl လို့ခေါ်တဲ့ Hackerမလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာတော့ ရဲအရာရှိကြီးရဲ့ ကံကြမ္မာဟာတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဇာတ်ကားအမျိုးအစားက Sci-fi Thriller ဖြစ်တဲ့အတွက် သရဲဘာညာမပါဘဲ လျှို့ဝှက်ရင်ထိပ်သည်းဖိုသီးသန့်ခံစားချင်သူတွေကို လက်တို့လိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ ဆရာ အူးမျိုးသန့်မှရေးပေးထားပြီး ဘာသာပြန်ပေးထားသူကတော့ ခင်ပြည့်စုံကျော်ပါ) File Size : (800 MB) and (319 MB) Quality : 720p WEB-Rip Running Time : 1hr 40min Format : Mp4 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB.x264-STRiFE Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
5.9 2018 100 mins
Anon
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
Oh My Ghost! The Fierce Escape from Covid-19

Oh My Ghost! The Fierce Escape from Covid-19 (2021) ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့…… ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ….. အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ….. ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

Romance • Comedy • Fantasy
0 2021
Oh My Ghost! The Fierce Escape from Covid-19
Apocalypse Clown

ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။ ‌နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။ (ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Apocalypse Clown
Big Momma’s House 2
4.8

Big Momma’s House 2 (2006) ====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.8 2006 99 mins
Big Momma’s House 2
Transmorphers: Mech Beasts

နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး….။ ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကို သုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့ လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့ လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်…။ လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက် ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်…။ နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ….။ ဇာတ်လမ်းက အခုမှစမှာပါ….။ ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲ စက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်….။ ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ…..။ File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Thriller
0 2023
Transmorphers: Mech Beasts
Wedding for Money (Nunta pe bani)
7.1

မင်္ဂလာ‌ဆောင်သွားရတာမကြိုက်တဲ့ မီချာတစ်ယောက် ကိုယ်တိုင် မဖြစ်မနေမင်္ဂလာဆောင်ရမဲ့အခြေအ‌နေတစ်ခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ? ဇာတ်လမ်းလေးကို မီချာက သူ့အဘွားကို ပြီးခဲ့တဲ့လတွေ‌အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုပြော‌ပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားပါတယ်။ မီချာက ငါးနှစ်လောက်အတူတွဲလာခဲ့တဲ့ချစ်သူနဲ့အတူ တစ်အိမ်တည်းနေပြီး ကားအရောင်းပြခန်းမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ ကားဝယ်သူတစ်ယောက်အတွက် ကားသွားယူလာပေးရာကနေ လမ်းမှာမြောင်းထဲထိုးကျသွားတယ်။ ဝယ်သူက သူ့အတွက် ခရီးစရိတ်နဲ့ကားအတွက်ငွေပေးချေပြီးသားဖြစ်တာကြောင့် မီချာ့ခမျာ ပြန်မလျော်နိုင်ဘဲ အကြွေးတွေတင်သွားရော။ အဲလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း မင်္ဂလာဆောင်ကပိုက်ဆံလက်ဖွဲ့တွေနဲ့ဆိုရင် အကြွေးပြန်ဆပ်လို့ရမယ်လို့အကြံရသွားပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေဆွဲပါတော့တယ်… ဇာတ်ကားလေးက ဟာသဒရာမာကားတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမှာသေချာပါတယ်။ File size…(1.67 GB)/(928 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Settt Naing

7.1 2023 116 mins
Wedding for Money (Nunta pe bani)
In Good Hands 2

ဒီကားဟာ In good hands 1 ရဲ့ အဆက်ဖြစ်ပြီး 1 မှာတော့ မယ်လစ်ဆာဆုံးသွားပြီး ဖာရတ်တို့သားအဖနှစ်ယောက်တည်း ကျန်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီ 2 မှာတော့ ဖာရတ်တို့သားအဖနှစ်ယောက်ဟာ မိသားစု တစ်ခုမှာ အရေးပါတဲ့လူတစ်ယောက် မရှိတော့လို့ တက်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန် နေကြပေမဲ့ 1နှစ်ကြာသွားတဲ့အထိ အဆင်မပြေရှာပါဘူး။ ဖာရတ်ကလည်း အရက်တွေအမြဲမပြတ်သောက်သလို သားလေးဂျန်ကလည်း ကျောင်းမှာအပယ်ခံလေးဖြစ်နေဆဲပါ။ ဒါအပြင် သားအဖနှစ်ယောက်ကလည်း အဖေရယ် သားရယ်လို့မခေါ်ကြပြန်တာကြည့်ခြင်းဖြင့် လုံလောက်တဲ့နားလည်မှုမရှိသေးဟန်တူပါတယ်။ သားဖြစ်သူကလည်း အဖေကို အရက်ဖြတ်စေချင် အဖေဖြစ်သူကလည်း သားကို ကျောင်းအမြဲပို့ချင်နဲ့ နှစ်ယောက်သား ဘယ်လိုမှတိုင်ပင်ညှိမရနဲ့ လစ်လပ် သွားတဲ့မယ်လစ်ဆာနေရာကို အစားထိုးဖို့ လူတစ်ယောက် လိုကိုလိုလာပါပြီ။ ရှေ့ဆက်ပြီး သူတို့သားအဖတွေ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေနဲ့ဆုံကြမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1.45GB / 697MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

0 2024 100 mins
In Good Hands 2
Ichigeki

Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Drama , History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

0 2023
Ichigeki
A Very Vermont Christmas

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Horror • Comedy
0 2024
A Very Vermont Christmas
Kaale Angrej
5.5

Kaale Angrej (2024) “မသမာမှုများ” ပန်ဂျာဘီစကားပြော ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂျေရက်ရှ်ဆိုတာ ဘွဲ့ရပြီးခါစမိန်းကလေးဖြစ်ပြီး အိန္ဒိယနိုင်ငံက အကျင့်ပျက်ခြစားမှုနဲ့ ထိုင်ခုံနေရာအတွက် အရည်အချင်းထက်စာရင် ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ ယိုယွင်းနေတဲ့စနစ်ကို အလိုမကျသူ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလည်း ဆင်းရဲမွဲတေမှုကို အခွင့်ကောင်းယူကာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဒါ့အပြင် အဖက်ဖက်က သမာမှုတွေအကြောင်းနဲ့ ခေါင်းဆောင်လုပ်သူတွေရဲ့ ဖိနှိပ်မှု၊ အသုံးချမှုတွေကို ဂျေရက်ရှ်ဆိုတဲ့ ကောင်မလေးက ဘယ်လိုတိုက်ခိုက်သွားနိုင်မှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 131 mins
Kaale Angrej
Zindagi Zindabaad
5.5

Zindabaad (2024) “ဒုစရိုက်နွံ” ပန်ချာပီ အက်ရှင်ဇာတ်ကြမ်းကားလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ပါတယ် ပန်ချာပီဆိုပေမဲ့လို့ ပုံမှန်လို ဟေးလားဝါးလား တာဘန်တွေနဲ့လူအုပ်ကြီးမဟုတ်ဘဲ အကြမ်းအရမ်းဖိုက်တင်ဇာတ်ဝင်ခန်းတွေနဲ့ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်တူဆိုတဲ့ ကောင်လေးနဲ့ သူတို့မြို့လေးဟာ တစ်ချိန်က အရာအားလုံး သာသာယာယာရှိခဲ့တာပါ ဒါပေမဲ့ မူးယစ်ဆေးဆိုတဲ့စွဲလမ်းမှုကြီး ဝင်လာတဲ့အခါမှာ သူတို့လူငယ်တွေ လမ်းမှားရောက်ကုန်ပါတော့တယ် လမ်းမတွေပေါ်မှာ ဘဝကိုကုန်ဆုံးတာနဲ့ အုပ်စုဖွဲ့ ရန်ဖြစ်တာတွေက ထုံးစံလိုဖြစ်လာတဲ့နောက်မှာ ဒီစွဲလမ်းမှုကနေ သူတို့တဖန်ပြန်ရုန်းထွက်နိုင်မှာလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller
5.5 2024
Zindagi Zindabaad
Sid and Nancy
7

Sid and Nancy (1986) IMDB :7.0 Rotten Tomatoes : 89% Genre : Musical / Romance ၁၉၇၈ ခုနှစ် အောက်တိုဘာလရဲ့ မနက်ခင်းတစ်ခုမှာ Nancy Spungen တစ်ယောက် Sid Vicious နဲ့အတူရှိနေတဲ့ ဟိုတယ်ခန်းထဲမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ Sid Vicious ကို လူသတ်မှု သံသရရှိမှုနဲ့ထောင်ထဲကိုထည့်လိုက်ပါတယ်။ ဒါပေမဲ့ Sid က Nancy ကိုသတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ Nancy သေဆုံးချိန်မှာ သူ(မ)အသက်က ၂၀ ပဲရှိပါသေးတယ်။ Sid ကို အာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ နောက်တစ်နှစ်တောင်မကြာတဲ့ 1979 ခုနှစ် ဖေဖော်ဝါရီလရဲ့ ကြေကွဲဖို့ကောင်းတဲ့ တစ်ရက်မှာ ဆေးလွန်ပြီး သူဟာလည်း Nancy နောက်ကိုလိုက်သွားခဲ့ပါတယ်။ Sid သေဆုံးချိန်မှာ သူဟာ အသက် ၂၁ ပဲရှိပါသေးတယ်။ ဇာတ်သိမ်းမလှတဲ့ ချစ်ခြင်းတွေအကြောင်းပြောရရင် Sex Pistols ပန့်ခ်တီးဝိုင်းက ဘေ့စ်သမား Sid Vicious နဲ့ အမေရိကန်မလေး Nancy Spungen တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကလည်း အမြဲလိုလိုပါတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖို့ကောင်းတာလား၊ ဒါမှမဟုတ် သနားဖို့ကောင်းနေတာလား၊ ဒါမှမဟုတ် သံဝေဂယူဖို့ကောင်းတာလား၊ ဒါကတော့ ကြည့်တဲ့မျက်လုံးတွေကိုလိုက်ပြီး ကွဲသွားမယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကို တချို့က သမိုင်းကြောင်းမတိကျလို့ မကြိုက်ဘူးပြောကြတယ်။ တချို့က Biopics အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာရော ပရိသတ်တွေကြားမှာရော ဒီကားက အတော်လေး တသသပြောခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုမပြောခင် Sex Pistols အကြောင်းနည်းနည်းပြောချင်ပါတယ်။ Sex Pistols ကတော့ 1975 ခုနှစ် လန်ဒန်မှာစတည်ထောင်ခဲ့တဲ့ ဗြိတိန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပန့်ခ်/ရော့ခ် သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံး တီးဝိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗြိတန်တီးဝိုင်းတစ်ခုကကောင်လေးနဲ့ အမေရိကန်ကကောင်မလေး ဘယ်လိုရေစက်ပါလည်းဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း Sid ဟာ လန်ဒန်မှလွှမ်းမိုးမှုကြီးတဲ့ Sex Pistols တီးဝိုင်းရဲ့ မူလအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးတွေကလည်းငယ်တော့ ရေသောက်သလိုနေ့တိုင်း သူတို့နဲ့ရှိနေခဲ့တာက မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ မူးယစ်ဆေးကြောင့်ပဲ အမေရိကန်ကကောင်မလေး Nancy နဲ့ကြုံခဲ့ပါတယ်။ ဆေးကိုလိုတာထက်ပိုသုံးတဲ့ Sid နဲ့ Nancy တို့ရဲ့ အချစ်ခရီးဟာ ထင်သလို ဖြောင့်ဖြူးမနေခဲ့ပဲ အကွေ့အကောက်တွေကများလွန်းခဲ့ပါတယ်။ ပိုက်ဆံနည်းနည်းရလိုက် ဆေးချလိုက် ဘဝကိုကြုံသလိုဖြတ်သန်းလိုက်နဲ့လုပ်နေတာကြောင့် Sid ရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်မလာပဲ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဘဝကို ဒီလိုလွယ်လွယ်ပဲဖြတ်သန်းနေတဲ့ Sid နဲ့ Nancy တို့ ဘဝကိုဘယ်လိုရှေ့ဆက်မှာလဲဆိုတာက ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်ဟာကို Sid အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာလို့ သတ်မှတ်ထားလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်မှပဲ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ Nancy အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Chloe Webb ကြောင့်လည်း ဒီရုပ်ရှင်ကပိုအသက်ဝင်ခဲ့ပါတယ်။ မှတ်ချက်။ Sid and Nancy သည် R-Rated ဖြစ်ပါသည်။ ဆဲဆိုသည့်စကားလုံးများ၊ လိင်ဆက်ဆံသည့်အခန်းများ၊ ဆေးချသည့်အခန်းများ၊ သွေးထွက်သံယိုအခန်းများ များပြားလွန်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ File size… 5 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama • Fantasy • Romance
7 1986 114 mins
Sid and Nancy