YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Young Justice Bao E32 (CM).mp4

331.98 MB N/A video/mp4 900 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Credimi!
6

Credimi! (2022) ~ IMDb rating - 7/10 ~ သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။ ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ့် Fantasy နဲ့ကိုယ် ကျင်လည်တတ်ကြသမို့ သားသားမီးမီး ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ကိုယ်တိုင်ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ဒေါင်းကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 24Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action
6 2022
Credimi!
The Boy Behind The Door
6.5

လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Jo Jo Va Encoder..........SWM

Drama • Horror
6.5 2020 88 mins
The Boy Behind The Door
CODA
8

IMDb....8.0 ကြည်နူးစရာ မိသားစုဇာတ်ကားမျိုးကို ကြိုက်နှစ်သက်ရင် ဒီကားလေးကို 100% recommend ပေးပါတယ်. ..IMDbလည်းကောင်းလှသလို ဆုကြီး(၄)ဆုတောင်ရရှိထားပါတယ်... . Coda ဆိုတဲ့အဓိပ္ပါယ်က သီချင်းတစ်ပုဒ်ရဲ့အဆုံးသတ် နိဂုံးပိုင်းကိုဆိုလိုတာပါ.. . ရူဘီက ဆွံ့အနားမကြားမိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ သမီးအငယ်လေးပါ ... မွေးချင်းအစ်ကိုရှိပြီး သူကတော့ မိဘတွေလိုပဲမျိုးရိုးလိုက်ပြီး ဆွံအ နားမကြားပေါ့... ဒါပေမဲ့ ရူဘီကတော့ ကံကောင်းထောက်မစွာနဲ့ လူကောင်းပကတိဖြစ်ပြီးမိသားစုငါးဖမ်းလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးရရှာပါတယ်... တံငါလုပ်ငန်းနဲ့အသက်မွေးတာမို့ ကျောင်းမှာလည်းအမြဲလှောင်ပြောင်အနိုင်ကျင့်ခံရတဲ့ ရူဘီ့မှာ ထူးခြားတဲ့ ပါရမီတစ်ခုပါလာပါတယ် .... အဲဒါကတော့ အသံပါရမီဖြစ်ပြီး သီချင်းဆိုအလွန်တော်တာပါပဲ.. .. ဒီလိုနဲ့ ရူဘီတစ်ယောက် အရဲစွန့်ပြီး ကျောင်းက တေးသံစုံကျူးအဖွဲ့ထဲဝင်လိုက်ရာမှ ဘာတွေဆက်ဖြစ်မလဲ ... သူသီချင်းဆိုတာကို ဆွံ့အနားမကြားတဲ့မိသားစုက ပံ့ပိုးပေးကြမှာလားဆိုတာကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်... File Size : (2.01GB).(1GB),(380MB) Quality :WEB-DL 720p Format…mp4 Duration…01:51:00 Genre : Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu & Yoon Wahwah Theint Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
8 2021 112 mins
CODA
Critical Keertanegalu
6.3

Critical Keertanegalu (2023) ” ဒလိမ့်ကောင်ရှေ့နေနဲ့ အသေကြူးမယ့် မမများအဖွဲ့” IMDb 6.3/10 မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်း ခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ… အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်း အပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့် အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက် အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ… အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ… အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကို လစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ… ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး… ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

6.3 2023 129 mins
Critical Keertanegalu
Apocalypse Clown

ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။ ‌နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။ (ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Apocalypse Clown
Destroy All Neighbors
5.3

Destroy All Neighbors (2024) ~ IMDb – 5.3/10, Rotten Tomatoes – 71% ~ Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။ ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးက ညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ အဲဒီလိုကနေ အမှုဖုံးဖို့ လုပ်ရာက လူသုံးယောက်ဆက်တိုက်သတ်မိပြီး ရည်းစားနဲ့ပါ ကတောက်ကဆဖြစ်ပြီး ပြတ်သွားပါတယ်။ သူ သတ်ခဲ့တဲ့သူတွေက သူ့နားမှာ ခြောက်လှန့်နေပြီး ရဲတွေကပါ လိုက်လာတဲ့အခါ သရဲ‌တွေ အကူအညီနဲ့ ဝီလီယံတစ်ယောက် အနှောင့်အယှက်တွေကြားကနေ ဘယ်လို အမိုက်စား အယ်လ်ဘမ်ကြီး ဖန်တီးမလဲ‌ဆိုတာ… ဆက်လက်အားပေးနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 830MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 25Min Genre – Comedy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.3 2024
Destroy All Neighbors
I, Daniel Blake

ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီး ဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။ လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနက အလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့် ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲ အွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေး ကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ? အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကို မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size… 1.7 GB / 710 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

Documentary
0 2016 100 mins
I, Daniel Blake
[18+] Zillion
7.4

IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင်ကို ပုံဖော်ရိုက်ပြထားပါတယ်။ သရုပ်ဆောင်ချက်တွေကလည်း ပြောစရာမ‌ရှိအောင်ကောင်းသလို ပေးချင်တဲ့မက်ဆေ့ခ်ျတွေလည်းပါတာမလို့ သေချာပေါက်မြည်းစမ်း ကြည့်ရှုကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ Nudeရိုက်ချက်တွေ၊ Sex scene တွေပါတာကြောင့် ၁၈ နှစ်အောက် ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(2.6 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:18:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Mystery
7.4 2022 138 mins
[18+] Zillion
[21+] Erotic Passion
4.2

Erotic Passion (1981) Erotiko pathos ဒယ်လာဆိုတဲ့ ဆယ်ကျော်သက်မိန်းမလှလေးဟာ အမွေပုံကြီးပေါ်ထိုင်နေတဲ့ သူဌေးသမီးလေးဖြစ်ပေမယ့် သူ့အမွေတွေကို လောဘကြီး တဏှာကြီးတဲ့ အဒေါ်ဖြစ်သူ မာရှာက လက်ဝါးကြီးအုပ်ထားတဲ့အတွက် မကျေမနပ်ဖြစ်နေပါတယ်။ သူ့မိဘတွေ မာရှာ့အပေါ် အပ်နှင်းခဲ့တဲ့လုပ်ပိုင်ခွင့်တွေအရ သူအိမ်ထောင်ပြုမှသာ အမွေတွေကိုဆက်ဆံခွင့်ရမှာဖြစ်ပြီး၊ အဲ့ဒါကိုသိတဲ့ မာရှာက အိမ်ထောင်ကျပြီးတဲ့အထိ သူခြယ်လှယ်လို့ရအောင် သူပိုင်နိုင်တဲ့ သူတစ်ယောက်နဲ့ ဒယ်လာကိုလက်ထပ်ပေးဖို့စီစဉ်ထားပါတယ်။ ဒါတွေကိုအကြောင်းသိနေတဲ့ ဒယ်လာဟာ အိမ်ပေါ်ကနေဆင်းလာပြီး သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာနေထိုင်ဖို့ရောက်လာခဲ့ပေမယ့် အဲ့ဒီအိမ်မှာ သူငယ်ချင်းအစား သူ့အစ်ကိုဝမ်းကွဲနဲ့ပဲဆုံခဲ့ပါတယ်။ သူ့အစ်ကိုဝမ်းကွဲဖြစ်သူဆိုတဲ့တစ်ယောက်ဟာလည်း တစ်စုံတစ်ရာဆီက ရှောင်ပုန်းနေတဲ့လူဖြစ်ပြီး ရိုးဖြောင့်မှုမရှိတာ သိသာနေပေမယ့် အကြံဆိုးတွေရှိနေတဲ့ ဒယ်လာကလည်း ဖင်ပေးပေါင်းပြီး အပိုင်ကိုင်ကာ သူလိုရာစေခိုင်းဖို့ကြံစည်ပါတော့တယ်။ Erotic thriller တွေရဲ့ထုံးစံ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်၊ချောက်တွန်း အကောက်ကြံကြပုံတွေကို ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတွေအများကြီးနဲ့ရှုစားရမှာဖြစ်ပြီး ဥရောပဇာတ်ကားပီပီအပြတွေ ကြမ်းတမ်းပီပြင်တဲ့ erotic thriller စစ်စစ်ဇာတ်ကားတစ်ကားပါ။ (Dark Side Production မှ တင်ဆက်သည်။) File Size : (2.5 GB) & (1.2 GB) Quality : BluRay Dubbed 1080p & 720p Running Time : 01:36:00 Format : mkv/mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Fantasy • Horror • Action
4.2 1981 96 mins
[21+] Erotic Passion
[18+] A Pharisee
6.8

************************ အိုဆွန်းအို့က ဒဿနိက‌ဗေဒကို စိတ်ဝင်စားပြီး အရမ်းအတွေးများတတ်တဲ့ သူတစ်ယောက်ပါ။ သူ ငယ်ငယ်တုန်းက သူ့ အမေ ဆန်မှုန့်ထောင်းနေတာကို မတော်တဆ မြင်သွားခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ အဲဒီအကြောင်း တွေးမိပြီး အာသာဖြေမိတိုင်း ဆုတောင်း အပြစ်ဖြေလိုက် ဘုရားကျောင်းသွား အပြစ်ဝန်ခံလိုက်နဲ့ လုပ်နေတတ်ပါတယ် ။ သူက အမြဲတမ်း ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့လည်း သူတွေးထားသလို မဖြစ်လာခဲ့ပါဘူး။ အာသာဖြေတာကိုလည်း အပြစ်တစ်ခုလို့ ယူဆပြီးတော့ အမြဲ ရပ်ဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ စီနီယာတစ်ယောက်နဲ့ အရက်သောက်ကြရင်း မှားမိသွားတယ် .. အဲဒီအခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်တွေ ခံစားနေရတဲ့ ဆွန်းဂီတစ်ယောက် ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size : 1.43GB, 540MB Quality : 1080p,720p Format…mp4 Duration…1 hr. 20 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • Romance
6.8 2014 90 mins
[18+] A Pharisee
[18+] Belyas

Belyas (2025) ယိုဆေဖာဟာ အနိုင်ကျင့်တတ်တဲ့၊ ကိုယ့်သဘောနဲ့ကိုယ်ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ခင်ပွန်းသည်နဲ့အိမ်ထောင်ရေးမှာပိတ်မိနေတဲ့ အိမ်ရှင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေရိုက်သွင်းခဲ့တဲ့ သူဟာအသုံးမကျတဲ့သူ၊မဖြစ်ထွန်းတဲ့သူ အစရှိတဲ့စကားတွေကိုနားယောင်ပြီး သူ့ခင်ပွန်းရဲ့သူ့အပေါ်ကျွန်သာသာဆက်ဆံမှုကို သူကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားခဲ့တာပါ။ တစ်နေ့တော့ သူတို့ပိုင်အခန်းလွတ်တစ်ခန်းကိုပြောင်းရွှေ့လာတဲ့ မိန်းမချင်းလိင်တူချစ်သူစုံတွဲတစ်တွဲဟာ သူ့အခြေအနေကိုရိပ်စားမိလာကူညီပေးရာကတစ်ဆင့် ဒီလိုငြီးငွေ့ဖွယ်ဘ၀ထဲက သူ့ကိုကယ်ထုတ်သွားနိုင်မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(910 MB) / (370 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Action • Comedy • Fantasy
0 2025
[18+] Belyas
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa