YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

You WIll Never Walk Alone E22 720p WEB-DL CM.mp4

321.62 MB 720p video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Noel Diary
6.4

"နေရာဒေသဆိုတာ အမှတ်တရတွေကို ပြန်သတိရစေနိုင်စွမ်းရှိတယ်နော့" ခရစ္စမတ်အားလပ်ရက်မှာ ငယ်ငယ်ကကြီးပြင်းခဲ့တဲ့အိမ်ကို ပြန်သွားဖို့ အကြောင်းဖန်လာတဲ့ လက်ရှိမှာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက်။ "ကိုယ့်အတွက် လုံခြုံပြီးယုံကြည်ရတဲ့ရပ်ဝန်းတွေကို အမြဲရှာနေခဲ့တာ" နာမည်တောင်မသိခဲ့ရတဲ့ မွေးအမေကို ပြန်လိုက်ရှာနေတဲ့ Translator ဆရာမတစ်ယောက်။ ကံကြမ္မာကထူးထူးဆန်းဆန်းပဲ သူတို့နှစ်ယောက်ကို ပေးတွေ့ခဲ့တယ်။ သူတို့နှစ်ယောက်ကလည်း တစ်နည်းနည်းလေးနဲ့ ဆက်နွှယ်နေပြန်တယ်။ "အချိန်ဟာ အားလုံးကိုကုစားနိုင်စွမ်းရှိပါတယ်"တဲ့လေ၊ အဲလိုကုစားဖို့၊ ကိုယ်စီကိုယ်စီအတိတ်တွေကို ရင်ဆိုင်ဖို့ ကြိုးစားကြရင်း သူတို့ကိုဆုံ စည်းစေတဲ့ ဒိုင်ယာရီစာအုပ်လေးဟာ "The Noel Diary" ပါတဲ့လေ။ ဆောင်းတွင်းအေးအေးလေးမှာ နှင်းတွေဖွေးလှုပ်နေတဲ့ ဇာတ်ဝင်ခန်းတွေ၊ ခရစ္စမတ်အပြင်အဆင်လေးတွေနဲ့မို့ ဇာတ်လမ်းက ငြိမ့်ငြိမ့်လေးနဲ့စီးမျောလို့ ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(1.7 GB) / (641 MB) / (359 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Ngwe Zin, May Thet Khine Soe Encoder..........SWM

Mystery • Thriller
6.4 2022 99 mins
The Noel Diary
Avatara Purusha: Part 1
5.2

2022 မေလ ၆ ရက်နေ့မှာမှ ရုံတင်ခဲ့တဲ့ Avatara Purusha ဆိုတဲ့ ကန်နာဒါဒေသိယ စကားပြော ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ မျိုးရိုးစဉ်စက် အာယုဗီဒ ကျွမ်းကျင်တဲ့ ပညာအမွေကို လက်ဆင့်ကမ်း ဆက်ခံလာတဲ့ " ရမ် ဂျိုရီ " သူ့ရဲ့ စိတ်ထားကောင်းပြီး တစ်ကိုယ်ကောင်းမဆန်တတ်တာကြောင့် တစ်ရွာလုံးရဲ့ လေးစားမှုကို ရရှိထားသူ ...... ရှေ့သွားနောက်လိုက်ညီစွာနဲ့ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးသူ ဇနီးသည် "ဆူရီးလာ" သူတို့နှစ်ဦးဟာ ဉာဏ်လဲကောင်း အဆော့လဲသန်တဲ့ "ကာနာ " ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကြပါတယ် ရယ်ရှိုဒါကတော့ ရမ် ရဲ့ အချစ်ဆုံး ညီမလေးပေါ့ ... တစ်နေ့မှာတော့ ရယ်ရှိုဒါတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့ အကြောင်း သတင်းကောင်းကို အစ်ကို့ ပြောပြချင်လို့ အိမ်ပြန်ခဲ့တဲ့အချိန် ..... အစ်ကို့အိမ်က အပြန် ဘုရားကျောင်း ပွဲတော် သွားဖို့ စီစဉ်ထားတဲ​့အခါ တူဖြစ်သူ ကာနာကလည်း လိုက်မယ်ဆိုပြီး အတင်းကို ပူဆာပါတော့တယ် ဒီလိုနဲ့ ရယ်ရှိုဒါတစ်ယောက် တူလေး စိတ်ချမ်းသာအောင် ခေါ်သွားရာကနေ ဘယ်လို အဖြစ်ဆိုးတွေ ဆက်ဖြစ်လာမလဲ ......... အာယုဗီဒပညာကို မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာတဲ့ ဂျိုရီရှာ မိသားစု နောက်ကြောင်းကလည်း ထရီရှန်ကူဆိုတဲ့ ရတနာတစ်ပါးကို ထိန်းသိမ်းထားရတဲ့ မျိုးနွယ်စု ဖြစ်နေတဲ့အခါ ....... သားပျောက်ရှာပုံတော် ဇာတ်လမ်းကနေ မှော်ပညာတွေနဲ့ ဘယ်လိုများ ဆက်စပ်သွားမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကား အနေနဲ့ တင်ဆက်ပေးလိုက်ပါရစေ File size…2.23GB / 1.05GB Quality…1080p TRUE WEB DL Kannada AAC 5.1CH / 720p Format…mp4 Duration….2h 8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Poe ~ OeliuJ

Drama
5.2 2022 131 mins
Avatara Purusha: Part 1
Hot Blooded
6.6

လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။ တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ... ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.1GB, 731MB & 351MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 59mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Comedy
6.6 2022 119 mins
Hot Blooded
The Apostles
5.8

ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။ လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ…. တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ… သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ… လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး

5.8 2014
The Apostles
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
A Fish Called Wanda
7.5

ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့ အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။ သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့ စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူ ရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။ အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကို လေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်က အဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့ သူကဉာဏ်နီဉာဏ်နက်များတယ်။ တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။ သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့ လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး… သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကို အရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 2.9 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Horror
7.5 1988 109 mins
A Fish Called Wanda
Blue Jay
7.3

ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော် File size… 1.3 GB / 578 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

7.3 2016 81 mins
Blue Jay
Guntur Kaaram
6.1

Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သား NF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ် ======================================= အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်…. ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ် ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့ သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ် သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ် အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့……. CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကနေ တင်ဆက်ပေးထားတာဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Science Fiction • Animation • Action • Crime • Comedy
6.1 2024 156 mins
Guntur Kaaram
Purple Butterfly
6.1

Purple Butterfly ( 2003 ) IMDb – 6.1/10 Genre – Drama/History/War ဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ သူနည်းနည်း သတိကြီးသွားတယ်ထင်တာပဲ ဒီကားမှာ သူသုံးထားတဲ့ မင်းသမီးက ကျန်းကျိရီ။ လိင်မှုခန်းတွေလည်းတော်တော်ပါသင့်တဲ့ကား။ ဒါပေမဲ့ ပါသင့်သလောက်မပါဘူးဖြစ်သွားတယ်။ ကျန်းကျိရီကိုသာ ဝေါင်ကာဝေး၂၀၄၆မှာသုံးခဲ့တဲ့ အနေလောက်ရိုက်ပြခဲ့ရင်တော့ ပိုဂျွတ်သွားမှာပဲ။ ဒါပေမဲ့လည်း ဒီလောက်နဲ့တောင် ကျန်းကျိရီဟာ ရင်သပ်ရှုမောဖြစ်စရာကောင်းလွန်းတယ်။ ဇာတ်ကတော့ ဂျပန်တွေ တရုတ်ပြည်ကို ကျူးကျော်လာတဲ့အချိန်နားမှာပဲစတယ်။ Second Sino-Japanese War အစပျိုးတော့မယ့် ကာလမှာပေါ့။ ဒီကာလက ဂျပန်ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတွေရယ် စပိုင်တွေရယ် ဂျပန်ဘက်က ထောက်လှမ်းရေးတွေရယ်ရဲ့ အားပြိုင်မှုကို အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူတူသွတ်သွင်းထားတာ။ ဒီလိုမျိုး ခပ်ဆင်ဆင်ကြည့်ဖူးတယ်မလား။ အန်းလီရဲ့ Lust Caution။ ခေတ်တော့အတူတူပဲ။ ဒါပေမဲ့ Purple Butterfly ကတော့ အစပြုတော့မယ့်ကာလမှာ ဇာတ်အိမ်တည်ထားပြီး Lust Cautionကတော့ ဖြစ်နေတဲ့ကာလတွေ အရှိန်အဟုန်ကောင်းနေတဲ့ကာလတွေမှာ တည်ထားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေးဆင်တယ်။ တင်ဆက်ပုံတော့ တော်တော်ကွဲပြားတယ်။ ပြောရရင် အန်းလီရဲ့ Lust Cautionကိုပဲ တခြားဟန်နဲ့ ခေတ်နည်းနည်းစောပြီး တင်ဆက်သလိုလိုတော့ဖြစ်နေတယ်။ အတိအကျတော့မဟုတ်ပေမဲ့ပေါ့။ ဒီကားက အန်းလီကားထက် ၄နှစ်စောပေမဲ့ Lust Cautionကတော့ မသိသူမရှိတာမို့ ဒီလိုပဲ ဥပမာပြရမှာပဲ။ Lou Yeရဲ့ အိပ်မက်ဆန်တဲ့အခင်းအကျင်းမှာ ဇာတ်ကောင်တွေရဲ့ ဒွိဟတွေရော အချစ်တွေရော တာဝန်တွေရော ရောထွေးနေတာတွေက အန်းလီတင်ဆက်သလိုမျိုး ပြေပြေပျစ်ပျစ်ခေါင်းထဲဝင်သွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဇာတ်အိမ်က အန်းလီလောက်မကျစ်လစ်နေတာတောင် လုရီရဲ့အိပ်မက်ဆန်တဲ့အခင်းအကျင်းက ရတဲ့အရသာကလည်း အန်းလီအောက်မနိမ့်ဘူး။ ကျန်းကျိရီဟာလည်း ထျန်းဝေလောက်တော့ ဈာန်ဝင်ခွင့် ဖမ်းစားခွင့်မရခဲ့ပေမဲ့ ကျန်းကျိရီရဲ့ လျှပ်တစ်ပြက်ရုပ်ပုံလွှာတွေဟာ ကျွန်တော်တို့အတွက် သူယောင်မယ်ကို အိပ်မက်မက်ရသလို အတွေးထဲ စိုးနိုင်ခဲ့တယ်။ File size… 3.2 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 7m Genre ….. Drama/History/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Drama
6.1 2003
Purple Butterfly
When I Turned Nine
7.4

When I Turned Nine (2004) ************************* ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးက (၂၀၀၄) ခုနှစ်၊ (၁၂) ကြိမ်မြောက် Chunsa Film Art Awards မှာ Best Film, Best Director, Best Screenplay နဲ့ Best Child Actor/Actress ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တဲ့ When I turned nine ဆိုတဲ့ movie လေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဘဲ့ယောမင်းအဖြစ် ဂင်ဆော့၊ ဂျန်ဝူရင်း အဖြစ် The Red Sleeve, The Law Cafe တို့မှ ပရိသတ်တို့ အချစ်တော် မင်းသမီးလေး အီဆယ်ယောင်းတို့ ပါဝင်ထားပြီး ဒီကားလေးမှာတော့ အီဆယ်ယောင်းကို ချစ်စရာ(၉)နှစ်သမီးလေးအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း ************* ဘဲ့ယောမင်းဟာ အသက် (၉) နှစ် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ကောင်လေးဖြစ်ပြီး မျက်လုံးတစ်ဖက်မမြင်တော့တဲ့ အမေဖြစ်သူနဲ့အတူနေထိုင်သူပါ.. အမေ့အတွက် မျက်မှန်ဝယ်ပေးချင်တာကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ပါတယ်… ဂျန်ဝူရင်းကတော့ ဆိုးလ်ကနေ ကျောင်းပြောင်းလာတဲ့ ခပ်စွာစွာကောင်မလေးပါ… ဘဲ့ယောမင်းတစ်ယောက် ဝူရင်းကို မြင်မြင်ချင်းမှာတင် သဘောကျသွားခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမလဲ .. ဝူရင်းလေးကရော ဘဲ့ယောမင်းကို ပြန်ပြီး သဘောကျလာမှာလား .. (၉)နှစ် အရွယ်ကလေးတွေရဲ့ အချစ်နဲ့ သူငယ်ချင်းသံယောဇဥ်တွေကို ချစ်စရာကောင်းအောင် ပုံဖော်သွားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် .. အညွှန်းကို Htoo Pyae Pyae Aung မှ ရေးသားပေးထားပါတယ် .. File size…2.2GB / 964MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Milk & Htoo Pyae Pyae Aung Encoded by AHtet

7.4 2004
When I Turned Nine
Paku Tanah Jawa
5.5

Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီး လူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။ ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည် ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲ လုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲ ဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေ အတွက် ပြောစရာကြီးဖြစ်နေတာပေါ့။ အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်း အမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်း နားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့ လူတစ်ယောက် ဝင်လာချိန်မှာတော့…. File size… (1.01GB) / (438MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mary

5.5 2024 100 mins
Paku Tanah Jawa
Alexander and the Terrible, Horrible, No Good, Very Bad Road Trip
5.1

Alexander and the Terrible, Horrible, No Good, Very Bad Road Trip (2025) IMDb Rating (5.1) / Rotten Tomatoes (58%) Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ ၂၀၁၄မှာထွက်ခဲ့တဲ့ Alexander and the Terrible, Horrible, No Good, Very Bad Dayရဲ့ Remakeပါ။ Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ Family Drama , Road Drama ကားလို့‌ ပြောလည်းရပေမဲ့ သူက မှော်တွေ စုန်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုက အဘေးဟာ ကြီးပွားချမ်းသာအောင် စုန်းမတွေဆီက အဆောင်ရုပ်တုတစ်ခုကို ခဏငှားခဲ့ပါတယ်။ ဒါပေမဲ့ သူက စုန်းမတွေကို ပေးရမယ့်အချိန်မှာ ပြန်မပေးခဲ့ပါဘူး။ ဒီနောက်မှာ သူတို့မိသားစုဟာ မျိုးဆက်အဆက်ဆက်ကျိန်စာသင့်သွားခဲ့တယ်။ ဒီကျိန်စာကို‌ သတိထားမိသွားတာက အလက်ဇန္ဒားဆိုတဲ့ သူတို့မိသားစုထဲက အငယ်ဆုံးလေးပါ။ ဒီအငယ်ဆုံးလေးက ထပ်ခိုးထပ်ကနေ ရုပ်တုကိုတွေ့ပြီး မိသားစုခရီးကို သွားရင်း ဒီကျိန်စာပြဿနာကို အဖြေရှာကြတာကို မြင်ရမယ့် ပျော်စရာကောင်းတဲ့ မိသားစုဇာတ်လမ်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(5.7 GB) / (2 GB) / (920 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,,Family Duration….01:35:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Drama
5.1 2025 96 mins
Alexander and the Terrible, Horrible, No Good, Very Bad Road Trip
A Kind of Madness
6.8

A Kind of Madness ဟာ 2025 မှာပူပူနွေးနွေးထွက်ရှိထားတဲ့ Family Drama ဇာတ်လမ်း အမျိုးစားဖြစ်ပြီး မိသားစုဝင်တွေ၊ အထူးသဖြင့် ခင်ပွန်းနဲ့သမီး၊ မိဘနဲ့သားသမီး၊ မောင်နှမအချင်းချင်းကြားက လက်တွေ့ဆန်တဲ့ ချစ်ခြင်းမေတ္တာလွန်ဆွဲမှုတွေကို အလှပဆုံးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်များ – Ian Roberts (Dan အဖြစ်) – Sandra Prinsloo (Ellie အဖြစ်) – Ashley de Lange (Lucy အဖြစ်) – Erica Wessels (Olivia အဖြစ်) – Luke Volker (Relph အဖြစ်) ဇာတ်လမ်းအကျဥ်း ++++++++++ Ellie ဆိုတဲ့ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးကြီး တစ်ဦးဟာ သူငယ်ပြန်ရောဂါကို ခံစားနေရပြီး သားသမီးတွေကလည်း အလုပ်ကိုယ်စီနဲ့မို့ အချိန်ပြည့် ကြည့်ရှုမပေးနိုင်လို့ အရူးထောင်ကို ပို့ထားကြရပါတယ်။ ဒါပေမဲ့ Ellie ရဲ့အမျိုးသား Dan ကတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ Ellie ကိုပဲ ချစ်မြတ်နိုးခဲ့သူပီပီ Ellie မရှိတဲ့ဘဝမှာ မနေချင်တော့လို့ သေကြောင်းကြံဖို့တောင် စဥ်းစားမိတဲ့ အထိပါပဲ။ ဒါကြောင့် Ellie ဖြစ်ချင်သမျှ အကုန်ဖြည့်ဆည်းပေးဖို့ Ellie ကိုအရူးထောင်ကနေ ခေါ်ထုတ်လာပြီး ၂ ယောက်သား ငယ်စဥ်တုန်းက ခိုးပြေးခဲ့ကြသလို စွန့်စားခရီးထွက်ကြပါတော့တယ်။ သားသမီးတွေကလည်း သူတို့အမေတစ်ခုခုဖြစ်မှာစိုးတဲ့အတွက် အဖေနဲ့ အမေကို ခွဲထုတ်ဖို့ နောက်ကနေ အသည်းသန် လိုက်တားကြပါတယ်။ ဒီကားလေးကို ကြည့်ပြီးရင် အသက်ကြီးလို့ သူငယ်ပြန်တဲ့သူတွေဟာ သူတို့မျက်လုံးထဲ ဘာတွေမြင်နေကြတာလဲဆိုတာ နားလည်လာပြီး အဲ့လိုလူတစ်ယောက်ကို မိသားစုဝင်တွေအနေနဲ့ ဘယ်လိုအကောင်းဆုံး ချစ်ပေးနိုင်မလဲဆိုတာနဲ့ သူတို့ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာတွေရယ်ကိုတော့ ဇာတ်ကားထဲမှာ စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size… (2.4 GB) / ( 1.51 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 39m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Horror
6.8 2025 99 mins
A Kind of Madness
A Carpenter’s Prayer
5.3

A Carpenter’s Prayer (2024) IMDb Rating (5.3) / Rotten Tomatoes (95%) ဒီဇာတ်ကားကတော့ သူ့ရဲ့ ခေါင်းစဉ်အတိုင်း လက်သမားတစ်ယောက်ရဲ့ဆုတောင်းသံကို ဇာတ်အိမ်တည်ပြီးတော့ ရေးထားတာပါ။ အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် တကယ်ကို စိတ်နဲ့ထိတွေ့ဖို့ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်လည်းမမှားပါဘူး ဇတ်လမ်းအကျဉ်း ဒွိုင်းလ် လို့ခေါ်တဲ့ လက်သစ်သင်းအုပ်ဆရာလေးတစ်ယောက်ဟာ သူ့ရဲ့ နေရာဝန်းကျင်မှာ အချိန်တိုအတွင်းမှာ လူတွေအများကြီးကို ခရစ်ယာန်ဖြစ်သွားအောင် သွန်သင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို နှစ်ခြင်းပေးနိုင်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့နားတစ်ဝိုက်မှာ ဘုရားကျောင်းတွေများပြီး တက်ရောက်တဲ့သူတွေလည်းများလာပါတယ်။ ဒီလိုနဲ့ ဒွိုလ်ဟာ တခြား သင်းအုပ်ဆရာနဲ့ အသင်းလူကြီးတွေဖြစ်ကြတဲ့ ဘက်ဗ်၊ ဟာရိုး ​ဂျော့ဂ်ျတို့နဲ့ ဆွေးနွေးပြီး နေရာသစ်တစ်ခုမှာ ဘုရားကျောင်းဆောင်သစ်တစ်ုခကို ဆောက်လုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့အရင်ဘုရားကျောင်းတွေကို ဖျက်သိမ်းပြီး မြေရောင်းထုတ်ရင်တောင်မှ အဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၅ သောင်းလိုနေပါသေးတယ်။ မတည်ငွေထပ်ရှာဖို့ အနီးအနားက ရင်းနှီးမြှုပ်နှံမှုပိုင်ရှင် ကန်စထရစ်ကလာဆိုတဲ့သူကို သွားတောင်းဆိုပြန်တော့လည်း အာမခံချက်မရှိတဲ့ စီမံကိန်းမလို့ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုပြီးဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ ရှိရာနဲ့ဆောက်မယ်ဆိုပြီး စဆောက်ဖြစ်တဲ့အခါမှာလည်း လက်သမားဖြစ်သူဟာ မကျန်းမာလို့ ဆောက်ရင်းတန်းလန်း ဆောက်လုပ်ရေးကိုရပ်လိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ အမှတ်မထင်ဘဲ သင်းအုပ်ဆရာတို့နေရာ အရပ်ကို တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂလန်းဖရန့်ခ်ဆိုတဲ့သူဟာပြန်ရောက်လာခဲ့ပါတယ်။ ပြန်ရောက်လာဆဲမှာပဲ အလုပ်လက်မဲ့ အရက်သမားဖြစ်လို့ သမီးဖြစ်သူက အလုပ်သွားရှာဖို့ပြောရင်း ဒွိုင်းလ်တို့ရဲ့ သင်းအုပ်ဆရာအတွက် အစားထိုးလက်သမားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ပြစ်မှုလုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လည်း ဖရန့်ခ်တစ်ယောက် သင်းအုပ်ဆရာတို့မိသားစုရဲ့ နွေးထွေးမှုနဲ့ ကြုံလာရတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ တစ်စပြီးတစ်စ ပြောင်းလဲပြီး ဘုရားနဲ့ပိုပြီးနီးကပ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.8 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Family Duration…. 01:31:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Thriller • Mystery
5.3 2024 91 mins
A Carpenter’s Prayer