YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You Touched My Heart (2023) (Ep12).mp4

518.85 MB N/A video/mp4 396 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aladdin
7.1

ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင် အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်... Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉  မှာ Animation ကို Live Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်... Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးက အခု Live Action မှာကော အောင်မြင်မလားဆိုတာကို ဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား...... ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်... သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့ မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်... Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင် တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်.... ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့ Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်... Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့ Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာ ကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင် ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...... File size…(6.8 GB)/(2.2 GB)/ (1.3 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:07:58 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littelneo

7.1 2019 127 mins
Aladdin
Conception

မိသားစုတစ်ခုမှာ ကလေးရှိတာက ရတနာလေးတစ်ခုပဲလို့ ဆိုတတ်ကြတယ်။ တချို့အတွက်ကျလည်း ရတာ,နာ လေးတဲ့။ ဒီဇာတ်ကားထဲက အေမီကတော့ တစ်ဦးတည်းသောသမီးဆို တော့ ကလေးတွေအများကြီးနဲ့ သာယာတဲ့ မိသားစုတစ်ခုကို မျှော်လင့်နေတဲ့သူပေါ့။ ဒီတော့ သူအိမ်ထောင်ကျပြီးတဲ့အခါမှာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ သားသမီးတွေယူဖို့ အမျိုးသားဖြစ်သူ ဗစ် နဲ့ အားကြိုးမာန်တက် ကြိုးစားပါတော့တယ်။ ဗစ် ကတော့ ကလေးရရာလမ်းကြောင်း ကို ဝင်ခလုတ် ထွက်ခလုတ်ဆက်တိုက်လျှောက်လှမ်းနေရတော့ ရှယ်အကြိုက်တွေ့တာပေါ့။ ဒါပေမဲ့ သနားစရာကောင်းတာက ဗစ်ခမျာ လချီကြိုးစားပေမဲ့ ရင်သွေးလေးက ရမလာခဲ့ဘူး။ ဒီတော့ ကလေးရူးရူးနေတဲ့ အေမီ အတွက် နောက်ဆုံးလက်နက်ဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားလေးလွယ် နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို ဆေး ပညာရှု့ထောင့်ကနေရော ဟာသအမြင်လေးနဲ့ပါ တွဲဖက်ရိုက်ကူး ပြထားတာမို့ ဇာတ်လမ်းအစအဆုံး ပျင်းမနေရဘဲ စိတ်ပျော်ပျော် ရွှင်ရွှင်နဲ့ ကြည့်လို့ရနိုင်မဲ့ ဇာတ်လမ်းမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေး ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Khine Soe, Ngwe Zin တို့ဖြစ်ပါတယ်) File Size..........(1.3 GB) / (534 MB) / (304 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 44Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......May Thet Khine Soe, Ngwe Zin Encoder..........SWM

Horror • Mystery • Thriller
0 2022 104 mins
Conception
Emancipation
7.9

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကို ကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့ ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊ အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။ File size…2.89GB  / 1.15GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX & Thet Hnin Hsu

Action • Adventure • Comedy • Crime • Thriller
7.9 2022 132 mins
Emancipation
Aan: Men at Work
5.3

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။ အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။ အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB / 1.5GB Quality…1080p ZEE5 HDRIP  / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor

Mystery • Thriller
5.3 2004 149 mins
Aan: Men at Work
Paterson
7.1

Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM

Drama
7.1 2016 118 mins
Paterson
Kamu Tidak Sendiri
5.2

Kamu Tidek Sendiri (2022) -အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။ -ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thrillee Quality…. 1080p | 720p | 480p File size…778MB | 398MB | 219MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

5.2 2022
Kamu Tidak Sendiri
Haider
8.2

IMDb Rating (8.0) / Rotten Tomatoes (88%) မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။ (ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)

8.2 2014
Haider
Saw V Saw 5
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 5 (2008) SAW franchise ရဲ့ ၅ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ Jigsaw ရဲ့ ဆက်ခံသူအဖြစ် အမန်ဒါအပြင် နောက်တစ်ယောက်ပါ ပါလာခဲ့ပါတယ်။ သူကတော့ စုံထောက်ဟော့ဖ်မန်းပါပဲ။ ပြဿနာစတာက စုံထောက်ဟော့ဖ်မန်းက သူသတ်ချင်တဲ့လူတစ်ယောက်ကို Jigsaw သတ်တဲ့ပုံစံပေါက်အောင်လုပ်ပြီး သတ်လိုက်တာကနေ စတာပါပဲ။ နောက်တော့ Jigsaw ကိုယ်တိုင် သူ့ဆီရောက်လာပြီး သူ့ကို ပညာပေးဖို့လုပ်ပါတော့တယ်။ Jigsaw ဖြစ်လာရတဲ့အကြောင်းအရင်းတွေ ထောင်ချောက်တွေကို ဘယ်လိုဆင်ရတာတွေ ဘယ်လိုသင်ခန်းစာပေးရတယ်ဆိုတာတွေကိုပါ သင်ပေးပြီး နောက်ထပ် Jigsaw လူသတ်သမားတစ်ယောက်ကို မွေးဖွားလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ နောက်စုံထောက်တစ်ယောက်ကလည်း ဌာနအတွင်းမှာ Jigsaw နောက်တစ်ယောက်ရှိနေတာကို မသင်္ကာဖြစ်လာပြီး စတင်စုံစမ်းတော့တယ်။

Drama • Romance
5.8 2008
Saw V Saw 5
[18+] The Sexual Story of O

The Sexual Story of O (1984) Erotic ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ စပိန်ဒါရိုက်တာကြီး Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ စွန့်စားခန်းတွေကိုရှာဖွေနေတဲ့ အိုဒီလ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးဟာ အိမ်နီးချင်းလင်မယားရဲ့သွေးဆောင်မှုကိုခံခဲ့ရပြီး အတွေ့အကြုံထူးတွေမှာ ယစ်မူးနေခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလင်မယားက သူ့ကို တဏှာကျွန်အစွန်းရောက်တွေဖြစ်တဲ့ ဗွန်ဘေကီမင်းသားနဲ့ ကြင်ယာတော်ဆီမှာ ရောင်းစားဖို့ကြံစည်ထားခဲ့တာပါ။ သူတို့ရဲ့အကြံအစည်အောင်မြင်သွားမလား… အဲဒီလိုအဖြစ်ဆိုးကနေ လွတ်မြောက်အောင် ကူညီမယ့် ကယ်တင်ရှင်ပေါ်လာမလား… ဆိုတာကို ဆက်လက်ရှုစားကြပါ။ ဥရောပရှေးဟောင်းကားတွေထုံးစံ အတော်ကြမ်းတဲ့ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 745MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Mystery
0 1984 90 mins
[18+] The Sexual Story of O
Sentinel

ဒီဇာတ်လမ်းထဲမှာတော့ အနာဂတ်မှာ ဂြိုလ်သားတွေက ကမ္ဘာမြေကိုကျူးကျော်သိမ်းယူခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်သူတွေ တိုက်ပွဲကျသွားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက လကမ္ဘာဆီကိုထွက်ပြေးရင်း ပုန်းကွယ်နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတော့ လပေါ်မှာရှိတဲ့လူသားတွေက တိုက်ခိုက်ရေးဟီးရိုးသုံးဦးကိုရွေးချယ်ပြီး ကမ္ဘာမြေဆီကိုပြန်စေလွှတ်ခဲ့တယ်။ အဲဒီ ဟီးရိုး၃ဦးရဲ့မစ်ရှင်ကတော့ အချိန်ခရီးသွားပြီး ဂြိုလ်သားတွေကိုနှိမ်နင်းပြီးနောက် ကမ္ဘာမြေကိုပြန်လည်သိမ်းယူဖို့ပါပဲ။ လူသားတွေ ကမ္ဘာမြေပေါ်မှာ နဂိုအတိုင်းပြန်နေခွင့်ရနိုင်မလားနဲ့ မစ်ရှင်ကရော အစီအစဥ်အတိုင်းဖြစ်လာမလားဆိုတာကိုတော့.. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2024 90 mins
Sentinel
Dying Young
6.6

Dying Young (1991) IMDB : 6.6 Genre : Romance / Drama 90’s Romance ရုပ်ရှင်လို့ပြောလိုက်ရင် Julia Roberts ကို ပြေးမြင်မိကြမှာသေချာပါတယ်။ Notting Hill နဲ့ Pretty Woman လိုမျိုး Romance ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Julia Roberts ဟာ Dying Young ရုပ်ရှင်မှာလည်း အသက်က ၂၄ ပဲရှိသေးတာကြောင့် ငယ်မူသွေးကြွပြီး အလှကြီးလှနေတာကို မြင်ရမှာပါ။ ဒါပေမဲ့ ဒီကားက အလှအပဦးစားပေးတဲ့ကားမဟုတ်ပြန်ဘူး။ ဒီကားက ဝမ်းနည်းဖို့ကောင်းသလို၊ ကြည်နူးဖို့လည်းကောင်းတယ်။ စိတ်တိုစရာကောင်းသလို၊ ပျော်ဖို့လည်းကောင်းနေပြန်တယ်။ ပြန်တွေးကြည့်လိုက်ရင် ဒီလိုမျိုးခံစားချက်က တစ်ယောက်ယောက်ကို ချစ်မိမှဖြစ်တဲ့ခံစားချက်မျိုးပါ။ ဒီရုပ်ရှင်က ကြည့်တဲ့လူကို အဲလိုမျိုးခံစားချက်ပေးပါလိမ့်မယ်။ ဒီကားပြန်နေတုန်း ကောင်မလေးနဲ့ရန်ဖြစ်ထားတော့ “အရမ်းကောင်းတယ်၊ မျက်တောင်တုတောင်ကျွတ်တယ်” ဖြစ်သွားခဲ့ပါသေးတယ်ခင်ဗျာ။ ဇာတ်ညွှန်း ဟေလာရီအိုနီးလ်ဟာ လတ်တလောမှ ကောင်လေးရဲ့ဖောက်ပြန်ခြင်းကိုခံခဲ့ရတဲ့လူဖြစ်ပါတယ်။ အိမ်မှာကပ်နေတော့ အမေကလည်း မျက်နှာသာသိပ်မပေးပါဘူး။ ဒီလိုနဲ့ လမ်းမှာတွေ့တဲ့ လက်ကမ်းကြေညာတစ်ခုမှာ အလုပ်လျှောက်ဖို့ ဂက်ဒက်စ်မိသားစုအိမ်ကိုသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှာနေတာက နာ့စ်၊ ဟေလာရီက နာ့စ်မဟုတ်ဘူး။ ဒီလိုနဲ့ ဟေလာရီကို အလုပ်မခန့်ဘူးပြောပေမဲ့ သူ့ကိုပြန်လာခေါ်ကာ အောက်ထပ်မှာတွေ့ချင်တဲ့လူတစ်ယောက်ရှိပါသတဲ့။ ထိုသူကတော့ ဗစ်တာ ဖြစ်ပြီး သွေးကင်ဆာဖြစ်တာ ၁၀ နှစ်ရှိပါပြီ။ နာ့စ်ကလည်း သူ့အတွက်ငှားတာဖြစ်တာမလို့ သူကိုယ်တိုင်ပဲ ဟေလာရီကိုပဲရွေးခဲ့ပါတယ်။ ဘာလို့ရွေးလဲသိကြမှာပါ နာ့စ်လည်းမဟုတ်ပါပဲနဲ့။ ဘာလို့လဲဆိုတော့ ဟေလာရီကလှတယ် နောက်တစ်ခုက အလုပ်လာလျှောက်တဲ့ထဲ အတိုဆုံးစကပ်ကိုဝတ်ထားတာကြောင့်ပါ။ နာ့စ်ကိစ္စတွေသိစရာမလိုဘူး၊ ဗစ်တာကိုပြုစုရုံပဲဆိုတော့ တစ်ပတ်ဒေါ်လာ ၄၀၀၊ ပိုက်ဆံအလွယ်ရတယ်ဆိုပြီး လက်ခံခဲ့ပေမဲ့ ကီမိုကုထုံးနဲ့ ကုသနေတဲ့ ဗစ်တာဟာ တစ်ခါလုပ်ပြီးတိုင်း Reaction တွေက ကြောက်ဖို့ကောင်းလောက်အောင်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟေလာရီဟာ ဗစ်တာကို သနားသွားခဲ့ပြီး ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မယ် ကြည့်လိုက်ကြပါခင်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

TV Movie
6.6 1991 111 mins
Dying Young