YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You.Are.The.Apple.Of.My.Eye(2011).mp4

1020.9 MB N/A video/mp4 4983 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Survival Island
5.3

ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ဘာလိုလိုပါပဲ။ ကားဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ လှလည်းလှသလို ပမာယူစရာ မက်ဆေ့တွေလည်း အပြည့်ပေးထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 4.9/10 Format - mp4 Duration - 1H 35Min Genre - Drama, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

5.3 2006 95 mins
Survival Island
The Great Dictator
8.3

Comedy/War IMDb -8.4, Rotten Tomatoes 93% ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့် ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကို ရှုတ်ချထားလို့ပါ။ ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ် ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့ အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှ ပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လို ပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကို မြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ " ဘယ်သူသေသေ ငတေမာရင် ပြီးရော " ဆိုတဲ့ ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ဇာတ်ကောင် စရိုက်လက္ခဏာဖြစ်တဲ့ ရယ်ရွှင်စရာ ပုံစံကနေ ကွဲထွက်ပြီး ချာလီပြောခဲ့တဲ့ နောက်ဆုံး ငါးမိနစ်စာ မိန့်ခွန်းပါပဲ။ ခေတ်စနစ်နဲ့ အာဏာရှင်တွေကို ပီပီပြင်ပြင် သရော်ထားတဲ့ ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ တစ်ခုခုတော့ ဆင်ခြင်မိကြမယ်လို့ ယူဆမိပါတယ် File size…1.2GB Quality…720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yoon Sandi Aung

Action • Drama • Fantasy
8.3 1940 125 mins
The Great Dictator
The Weekend Away
6

IMDb Rating - 6.0/10 Beth တစ်ယောက် သူငယ်ချင်းဖြစ်သူKate ရဲ့ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်အပန်းဖြေ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ သူခရီးထွက်ခဲ့တဲ့နိုင်ငံက ခရိုအေးရှားပေါ့။ Beth ဆိုတာက အိမ်ထောင်ရှင်မ ကလေးတစ်ယောက်အမေ...Kateကတော့ ယောကျ်ားဖြစ်သူနဲ့ကွဲထားတဲ့ မိန်းမတစ်ယောက်...သူတို့နှစ်ယောက်က သူငယ်ချင်းဆိုပေမယ့် ဆီနဲ့ရေလိုကွာခြားတယ်။ တစ်ယောက်က Introvert တစ်ယောက်က extrovert..ဒါပေမယ့် Kateက သူ့သူငယ်ချင်းကို ပျော်အောင်ဆိုပြီး ခရိုအေးရှားရောက်တုန်း စားသောက်ဆိုင်မှာထမင်းလိုက်ကျွေးပြီး ကလပ်မှာ ပျော်ဖို့ခေါ်သွားခဲ့တာပေါ့။ ကလပ်မှာသောက်စားမူးပြီး မနက်ကျ Bethတစ်ယောက် သူတည်း နေတဲ့အခန်းမှာပဲ ပြန်နိုးလာခဲ့ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း Kateကတော့ မရှိတော့ပါဘူး။ Kateတစ်ယောက်စာမလာအကြောင်းမကြားပဲပျောက်နေလို့ Bethကတော့ သူ့ရဲ့အပန်းဖြေ ခရီးလေးမှာ ရှာပုံတော်ဖွင့်ရပါတော့တယ်။ Kateက တစ်ကယ်ပဲပျောက်ဆုံးသွားတာလား။ ဒါမှမဟုတ် ဟိုးအရင်ကလို Beth ကိုဘာမှမပြောပဲထွက်သွားတာများလား....စတာတွေကို ကြည့်ရှုခံစားရမယ့် Crime, Drama, Mystery အသစ်စက်စက်လေးကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.17 GB) / (560 MB) / (362 MB) Quality – WebDL 1080p / 720p/480p Duration - 1h 29mins Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – CM Team Encoder – SWM

Drama • History • War
6 2022 90 mins
The Weekend Away
The Twins Effect (Vampire Effect)
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ “Day For Night”စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama
6 2003
The Twins Effect (Vampire Effect)
Under the Fig Trees
6.5

Under the Fig Trees (2021) ==================== IMDb Rating – 6.5/10 တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) / (395 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM

Drama • Crime • Horror
6.5 2021
Under the Fig Trees
Pokolenie Ikea
6.7

Pokolenie Ikea(2023) ****************** ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်… ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။ တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ… Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။ ၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။ အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။ သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ… သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ အရေအတွက်က အရေးမကြီးပါဘူး။ Alpahbetအားလုံးပြည့်အောင် နေဖူးချင်သူပါ…၊ ဒီလောက်ဆိုရင်ကို ဇာတ်လမ်းကတော်တော် စိတ်ဝင်စားဖို့ကောင်းနေပြီး ဇာတ်လမ်းတစ်လျှောက် သူ့ရဲ့ လိင်မှုအယူအဆတွေ၊ နေထိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ ဒီလိုလိင်မှုလွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ သူဆီမှာလည်း မတို့မထိဘဲထားတဲ့ အမျိုးသမီးတစ်ယောက်ရှိပါသေးတယ်။ သူ့ရဲ့အလုပ်က လုပ်ဖော်ကိုင်ဖက် အိုလ်ဂါဖြစ်ပါတယ်။ သူက ဒီအမျိုးသမီးကျမှ ဘာလို့ မတို့မထိဖြစ်နေရလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ပါ… အခြားအချစ်ကားတွေနဲ့မတူတဲ့အချက်က ဒီဇာတ်လမ်းဟာ မင်းသားနဲ့ မင်းသမီး ချစ်ကြိုက်ကွဲညား၊ ကြည်နူးပြငိုယိုပြတာကို ရိုက်ပြထားတာမျိုးမဟုတ်ဘဲ လွတ်လပ်တဲ့လိင်မှု၊ နေထိုင်ပုံ၊အယူအဆကို ရိုက်ကူးပြသထားတဲ့အတွက် အချိန်ပေးပြီး ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama • Crime
6.7 2023
Pokolenie Ikea
The Haunting of Hell Hole Mine

ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေ ကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့ တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီး စောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးက စိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်း‌ဟောင်း တစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေ စဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကို တားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက် သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့…… File size…1.85GB / 806MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Comedy
0 2023 107 mins
The Haunting of Hell Hole Mine
[18+] Delicious Sex And Sisters

Delicious Sex and Sisters တကယ်လို့ အထူးဖော်စပ်တဲ့ ရေမွှေးတစ်ပုလင်းကြောင့် ဘယ်လိုဆော်မျိုးကိုမဆို အိပ်ယာပေါ် သိမ်းသွင်းနိုင်မယ်ဆိုရင် အဲ့ရေမွှေးကို ယူမလား?ကိုရီးယား 18+ရဲ့ ဇာတ်လိုက် ကျော်ကြီးတစ်ယောက် ဂျပန်ကို အလုပ်ကိစ္စ နဲ့ ရောက်သွားတဲ့ အခါ တည်းခိုခန်းတစ်ခုမှာ ခဏတာ တည်းခိုရင်း ဂျပန် သိပ္ပံပညာရှင်တစ်ယောက်ဆီကရတဲ့ ထူးဆန်းတဲ့ ရေမွှေးနဲ့ ဂျပန်က တည်းခိုခန်းပိုင်ရှင် မမနဲ့ ကိုရီးယားအလုပ်သမားမလေး ၂ယောက်ကို ဘယ်လိုသီချင်းတွေဆိုပြမယ် ဘယ်လိုမှားချင်ယောင်ဆောင် တဲ့အကွက်တွေ ရွှေ့မယ်ဆိုတာကို တ၀ကြီးကြည့်ရအုန်းမှာပါ ကိုရီးယားဂျပန်အရောလေးမလို့ အသစ်အဆန်းလေး ကြိုက်တယ်ဆို ကြည့်ကိုကြည့်သင့်တဲ့ ၁၈ယောက်ကားကောင်းလေးပါ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Comedy • Horror
0 2020
[18+] Delicious Sex And Sisters
Dinner Rush
7.2

2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ 2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။ Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.8 GB)/(941 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

7.2 2000
Dinner Rush
Terminator Salvation
6.5

Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

6.5 2009
Terminator Salvation
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
Heroes of the Golden Mask
5

ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့ Animation ကားကောင်း‌‌လေးတစ်ကား ဖြစ်ပါတယ်။ ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာ တရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေ ရောက်သွားရာကနေ .. အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာ အရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာ ရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေ အတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကား တစ်ကားပါပဲ။ File size…1.73GB / 863MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …..Adventure , Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5 2024 88 mins
Heroes of the Golden Mask
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
Be Happy

Be Happy 2025 (ဘဝကို ပျော်ပျော်နေပါ) မင်းသားကြီး အဘီရှိတ်ဘချမ်း၊ လတ်တလောကမှ အမေရိကန်အဆိုတော် ဂျေဆန်ဒရူလိုနဲ့ တွဲဖက်သီဆိုခဲ့ပြီး အိန္ဒိယတောင်ပိုင်းရောမြောက်ပိုင်းကားတွေမှာပါ အကမယ်အဖြစ်ပါဝင်ခဲ့တဲ့ နိုရာတိုရဲ့ အသစ်ထွက်ရှိလာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှီဗာဆိုသူဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပေမဲ့ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို စောင့်ရှောက်ရင်းနဲ့ စ င်ဂယ်လ်ဖခင်တစ်ယောက်အနေနဲ့အတူ နေထိုင်နေပါတယ်။ ရှီဗာ့သမီးလေး ဒါရာကတော့ အကကရတာကို ဝါသနာပါသူဖြစ်ပြီးတော့ ပါရမီလေးကလည်းပါတော့ ထူးထူးထွေထွေ သင်ကြားတာမျိုးမရှိဘဲ အကဗီဒီယိုလေးတွေ ကြည့်ပြီး လေ့ကျင့်တာနဲ့တင် ကျွမ်းကျွမ်းကျင်ကျင် ကတတ်တဲ့သူလေးပေါ့။ ဒါရာလေးရဲ့ အိုင်ဒေါလ်စံပြကတော့ မက်ဂီဆိုတဲ့ အကဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ မက်ဂီဦးစီးပြီးလုပ်တဲ့ အကပြိုင်ပွဲတစ်ခု ဒါရာတိုကျောင်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဒါရာလေးဟာ ဝင်ပြိုင်ရင်း ပထမဆုရကာ မက်ဂီဦးစီးတဲ့ အကကျောင်းမှာ တက်ရောက်ခွင့်ရဖို အခွင့်အရေးရခဲ့ပါတယ်။ သိုပေမဲ့ မက်ဂီရဲ့အကကျောင်းဟာ မွမ်ဘိုင်းမှာဖြစ်နေတဲ့အတွက် ဒါရာ့အဖေကတော့ ကျောင်းသွားတက်ဖို ခွင့်မပြုပေးခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဒါရာလေးတစ်ယောက် မက်ဂီ့ကျောင်းကိုသွားနိုင်ဖိုအတွက် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖခင်ဖြစ်သူကို စည်းရုံးမလဲ ……. ဒါရာလေး ဝါသနာပါရာ အကလမ်းခရီးကရော ဘယ်လိုတွေ ဖြစ်လာမလဲ …… စင်ဂယ်လ်ဖခင်တစ်ယောက်နဲ့ တစ်ဦးတည်းသောသမီးလေးဒါရာတိုရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေ ဖြစ်မလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Action • Comedy
0 2025
Be Happy