YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You Are My Secret E15 720p WEB-DL CM.mp4

315.98 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Smokin' Aces
6.5

Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်... ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့် သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်း သူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက် သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action ,  Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Comedy • Romance
6.5 2006 109 mins
Smokin' Aces
Dorm
6.5

Horror ဆိုပေမယ့် ကြောက်ရလန့်ရတာချည်းမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးရိုက်ထားတဲ့ ဇာတ်ကားကိုမှကြည့်ချင်သူတွေအတွက် Best Director ဆုအပါအ၀င် ဆု၇ဆု ရထားတဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဥ်း ချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ် သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ် ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီ ချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူး သူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်...အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက... ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:50:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Drama • Thriller
6.5 2006 111 mins
Dorm
Kill Me Now

Kill Me Now (2022) “မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့ All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကို သိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 1.7GB | 824MB | 395MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thantsin Encoder …..August

Action • Thriller
0 2022
Kill Me Now
Now You See Me
5.8

ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသသိုင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝူခေတ်နှောင်းပိုင်းမှာ ရုပ်ပြောင်းရုပ်လွှဲပညာကို ကျွမ်းကျင်တဲ့ ရှီကျုံးယွိ၊ စက်ပညာကို ကျွမ်းကျင်တဲ့ ယွမ်ပေါင်၊ အဆိပ်ပိုးကောင်ပညာကို ကျွမ်းကျင်တဲ့ ချီးဖုန်းဟယ်နှင့် မျက်လှည့်ပညာနဲ့ သိုင်းပညာတို့ကို ကျွမ်းကျင်တဲ့ ကျန်အာတို့ဟာ သူရဲကောင်းသူခိုးအဖွဲ့အဖြစ်နဲ့ အစိုးရရုံးတွေကို ခိုးယူခြင်းဖြင့်နာမည်ကြီးနေပါတယ်။ သူရဲကောင်းသူခိုးများအဖွဲ့ဟာ သရဲဝိညာဉ်အဖြစ်ဟန်ဆောင်ပြီး အစိုးရငွေတွေကို လုယူခဲ့တယ်။ စူးမိသားစုလိုက်အသတ်ခံရတဲ့အမှုကို လိုက်လံစုံစမ်းခဲ့တယ်။ နတ်အဖြစ်ဟန်ဆောင်ပြီး ငွေတောင်းနေတဲ့ ရှန်ယင်ဂိုဏ်းကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရရုံးတော်က အမတ်ကြီးလျိုကျီးချန်းက ကြိုးကိုင်ထားတာကို သိခဲ့ရတယ်။ သူတို့ဟာ လျိုအိမ်တော်ထဲဝင်ပြီး သွားရောက်စုံစမ်းချိန်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ ထိုအကြံအစည်ကြီးက ဘာများဖြစ်မလဲ …… သူရဲကောင်းသူခိုးများအဖွဲ့ကရော သူတို့ ၄ ယောက်အင်အားနဲ့ လျိုကျီးချန်းရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။

5.8 2023
Now You See Me
Summer Vacation [ Vacaciones de verano ]

“နွေရာသီအားလပ်ရက်”လို့အမည်ရတဲ့ ဟာသရုပ်ရှင်ကားသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အော်စကာနဲ့ ဖီးလစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ အော်စကာမှာတော့ ခရစ်စတိုဘော နဲ့ လော်ရာဆိုပြီး သားတယောက် သမီးတယောက်ရှိပြီး ဖီးလစ်မှာတော့ ကာမင်ဆိုတဲ့ သမီးတယောက်ရှိပါတယ်။ ဖီးလစ်ဟာ ရိုးသားကြိုးစား အရှက်အကြောက်ကြီးပြီး ပိန်ပါးသလောက် အော်စကာကတော့ အပျင်းကြီးပြီး အကျင့်ပုပ်တဲ့ လူ၀၀ကြီးပါ။ တနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကုမ္ပဏီကနေအလုပ်ပြုတ်သွားပြီး ဟိုတယ်တခုမှာ အလုပ်သွားလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ အလုပ်သွားလုပ်တဲ့အခါမှာ ‌ဖီးလစ်နဲ့ အော်စကာနှစ်ယောက်တည်းမဟုတ်ဘဲ သူတို့ရဲ့ သားသမီးသုံး‌ယောက်ပါ လိုက်ပါလာဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့ ဟိုတယ်ကိုရောက်သွားတဲ့အချိန်မှာ ဖီးလစ်တို့သူငယ်ချင်းနှစ်ယောက် ကလေးတသိုက်နဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအစပိုင်းက အကြောင်းအရာတွေကို စပွိုင်လာဖြစ်မှာစိုးတာကြောင့် ရီဗျူးကိုတိုတိုပဲရေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်မောချင်ရင်တော့ ကြည့်ဖို့ရွေးချယ်သင့်ကြောင်း အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုရပ်လိုက်ပါတော့မယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

0 2023
Summer Vacation [ Vacaciones de verano ]
In the Name of the Father
8.1

ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

8.1 1993
In the Name of the Father
Paranormal Activity 2

Documentary ဆန်ဆန် ကိုယ်တိုင်ကြုံတွေ့နေ့ရသလိုမျိုး Vibe ရအောင် ရိုက်ကူးထားတဲ့ Parnormal activity 1 ပြီးတဲ့နောက်မှ သူ့ရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၀ မှာထွက်ရှိထားတဲ့ Paranormal Activity 2 ကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ Jump scares တွေအများကြီးနဲ့ ဇာတ်အိမ်ကိုဖြေးဖြေးလေးနဲ့ ကြောက်ဖို့ကောင်းအောင်ခေါ်ဆောင်သွားမယ့် Horror filim မျိုးလေးပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့…. Reys မိသားစုက သူတို့ရဲ့ကယ်လီဖိုးနီးယားတောင်ပိုင်းက အိမ်အသစ်လေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ် မွေးကင်းစကလေးလေး သူတို့ရဲ့သားဦးလေး Hunter နဲ့အတူတူပေါ့ သူတို့မသိသေးတာကတော့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုတဲ့အချက်ကိုပါ သိပ်မကြာပါဘူး တစ်နေ့မှာတော့ သူတို့အိမ်မှာဖောက်ထွင်းမှူတစ်ခုကျူးလွန်သွားသလိုမျိုး ပစ္စည်းတွေကပြန့်ကျဲရှုပ်ပွလျှက်ရှိနေပါတယ် အဖိုးတန်ပစ္စည်းတွေမပျောက်သွားပေမဲ့ သူတို့ကစိတ်မသန့်တော့တာကြောင့် လုံခြုံရေးအတွက် အိမ်မှာကင်မရာတွေတပ်ဆင်ပြီးစောင့်ကြည့်ခဲ့ကြပါတော့တယ် သူတို့အိမ်မှာ ဘယ်လိုအရာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2010
Paranormal Activity 2
The Exam

ဘယ်သူ့ဆီကမှ ကိုယ်မလုပ်ချင်တဲ့အရာကိုတိုက်တွန်းတာမခံနဲ့ ” ဒီလိုပဲ ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေဆိုတာ ဘယ်သူမဆို အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။ တခါတစ်လေ လက်ခံလိုက်ရတဲ့အခါတွေရှိသလို တခါတစ်လေ တွန်းလှန်နိုင်သွားတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဘဝမှာကိုယ်မလုပ်ချင်တဲ့အရာတွေနဲ့ကြုံလာရင် ဘယ်လိုနည်းနဲ့ဖြေရှင်းသင့်လဲ…ရွေးချယ်စရာတွေမရှိတော့တဲ့အခါ ရွေးချယ်စရာ(option)ကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ ဒါပေမဲ့တချို့တွေကတော့ ကိုယ်ပိုင်optionကိုမဖန်တီးနိုင်ခင်မှာပဲ ပင်ပန်းသွားကြတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ရှီလန်နဲ့ ရိုဂျင် ညီအစ်မနှစ်ယောက်မှာ အ​ဖေဖြစ်သူက သမီးအငယ်ဖြစ်တဲ့ရိုဂျင့်ကို စာမေးပွဲမအောင်ရင် အိမ်ထောင်ချပေးဖို့အမိန့်ချထားခဲ့တယ်။ ဒါကြောင့်ပဲ အစ်မဖြစ်တဲ့ရှီလန်က နည်းမျိုးစုံသုံးပြီး ရိုဂျင့်ကိုကယ်တင်ဖို့ကြိုးစားတယ်။ သူမကိုယ်တိုင်အိမ်ထောင်ရေးမှာစိတ်မချမ်းသာရတဲ့အတွက် သူမရဲ့ညီမရိုဂျင်ကိုလည်း သူမနဲ့ထပ်တူညီတဲ့ကံကြမ္မာမျိုးမခံစားရစေချင်တာပါ။ ဒါပေမဲ့… တကယ်ပဲ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကထပ်တူမကျဘူးလား နောက်ဆုံးမှာ ကျရာကံကြမ္မာကိုလက်ခံလိုက်ရမလား တွန်းလှန်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။ ပတ်ဝန်းကျင်မှာမမြင်ဖူးမကြားဖူးရင်တောင် တကယ်ဖြစ်လေ့ရှိတတ်မှန်းတော့သိနိုင်တဲ့ဇာတ်လမ်းမျိုးနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(1.3 GB)/(741 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Horror • Thriller
0 2021
The Exam
Time Addicts
5.3

ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ ဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအ‌နေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ် အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike

5.3 2023 93 mins
Time Addicts
Our Beautiful Summer Part2
9

Our Beautiful Summer Part2 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 2 လေးကို ဆက်လက်တင်ပေးလိုက်ပါတယ်။ ဒီဒုတိယအပိုင်းလေးမှာတော့ ညီအစ်ကိုတွေဟာ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း ယောရွန်းကိုလည်း သူတို့ ညီမလေးလို အမှားမျိုးထပ်မဖြစ်ရအောင် ဘယ်လိုမျိုးကြိုးစားသွားကြမလဲ…။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ယောရွန်းကရော အမြွာညီအစ်ကိုရဲ့ ဖေးမမှုတွေကြား သူ့နှလုံးသားတံခါးလေးကို ဖွင့်ပေးသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။) File size…1.10GB / 5500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Romance, Youth Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth, ToeToe Aung , Hsu Pyae & Muse

9 2024
Our Beautiful Summer Part2
Mr. & Mrs. Smith Mr and Mrs Smith
6.5

Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်က ရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေက သရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။ အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်း ရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာ သူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီး ပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။

6.5 2005 119 mins
Mr. & Mrs. Smith Mr and Mrs Smith
My Late Summer Nakon ljeta
6

My Late Summer (2024) IMDb Rating (6.0) သူ့နွေရာသီက နောက်ကျတာလား။ အခါနှောင်းတာလား။ နှစ်ခုစလုံးပဲလား။ အခါနှောင်းသွားတဲ့ အဖေကို အခါနှောင်းမှ သိခဲ့ရပြီး မရှိတော့တဲ့အဖေ ရှိခဲ့တဲ့မြို့ကို ရောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နောက်ကျမှပြန်ရလိုက်တဲ့ နွေရာသီတစ်ခုအကြောင်းပေါ့။ နွေရဲ့အဆုံးသတ်နားနီးမှ သူရောက်လာခဲ့တာမို့ နောက်ကျမှရောက်လာခဲ့တဲ့ နွေရာသီလည်း ဖြစ်နိုင်တယ်။ သူ့အဖေသေပြီးမှ သူ့မှာ အဖေဆိုတာရှိမှန်းသိလိုက်ရတဲ့ မိန်းကလေးဟာ မြို့ကလေးမှာ စားပွဲထိုးလုပ်ရင်း သောင်တင်ရင်း မိသားစုကိုရော အချစ်ကိုရော ကြုံလာရတဲ့ အဖြစ်အပျက်တွေကို ပြထားတယ်။ အစောက အခါနှောင်းတယ်ဆိုတဲ့နေရာမှာ အဖြေဖြစ်လောက်မယ့် ရုပ်ရှင်ထဲက စကားတစ်ခွန်းတော့ရှိတယ်။ အနည်းဆုံးတော့ ငါတို့က တစ်ခါတော့အသည်းကွဲဖူးတယ်လေ။ တစ်ချို့ဆို အသည်းတောင်မကွဲဖူးဘူးတဲ့။ အရက်မူးတိုင်း အသိတစ်ယောက်ပြောနေကျစကားလိုပဲ။ မင်းတို့ငါတို့အသည်းကွဲဖူးတာ ကံကောင်းတယ်။ တစ်ချို့ဆို တစ်ခါတောင် မချစ်ဖူးဘူးဆိုသလိုပေါ့။ အခါနှောင်းသွားလို့ အသည်းကွဲရရင်တောင် အသည်းကွဲဖူးခွင့်ရတာ ကံကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:38:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama • Thriller • Horror
6 2024 98 mins
My Late Summer Nakon ljeta
Sisters on the Road
6.5

Sisters On the Road(2009) ************************* IMDb- 6.5 အခုတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိသားစုသရုပ်ဖော် ကားဟောင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Master’s Sun, When the Camellia Blooms ဇာတ်ကားတွေနဲ့ လူသိများကြတဲ့ မင်းသမီးကြီး (Gong Hyo Jin), မြေခွေးမလေး ကိုယ့်ချစ်သူဇာတ်ကားထဲက (Shin Min Ah)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** မိခင်ဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဘတ်မြောင်အွန်းဟာ မွေးရပ်ဇာတိ ဂျယ်ဂျူကျွန်းကို ပြန်ရောက်လာခဲ့ရပါတယ်။ အမေ့ဈာပနပွဲပြီးတဲ့နောက်မှာတော့ မြောင်အွန်းဟာ အမေတူအဖေကွဲ အမဖြစ်သူ မြောင်ဂျူနဲ့အတူ ငယ်စဥ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ အဖေဖြစ်သူကို ရှာဖွေဖို့ ခရီးလမ်းကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးလမ်းတစ်လျှောက်မှာ မြောင်အွန်းနဲ့မြောင်ဂျူတို့ ညီအမနှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ မြောင်အွန်းကရော သူ့ရဲ့အဖေကို ရှာတွေ့နိုင်ပါ့မလား။ မြောင်အွန်းအဖေကရော မြောင်အွန်းကို ဘာလို့များစွန့်ပစ်သွားရတာလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size – 1.83 GB/ 771 MB Quality – WEB-DL 1080p/ 720p Duration – 1h 31m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – PanNu Thway Encoded by – Treasure Htet

Horror
6.5 2009 96 mins
Sisters on the Road