YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You And Everything Else (2025) E01 1080p WEB-DL [RMC].mp4

928.75 MB 1080p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superman IV: The Quest for Peace
4.5

စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ် လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေ DNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင် လိုက်ပါတယ် ။ စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက် ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့က စူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.9 GB) / (646 MB) / (424 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Comedy • Horror • Romance
4.5 1987 90 mins
Superman IV: The Quest for Peace
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Call Me by Your Name
8.2

IMDb Rating - 7.8/10 ၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင် အသက်ကွာခြားသတဲ့။ အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ " နောက်မှပဲ " " နောက်မှပဲ" လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့ အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင် ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။ ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုက ကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ အချိန်ကြာလာတော့ "နောက်မှပဲ" ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော် စွဲလမ်းလာတယ်။ ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျား ဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာ တယ်။ နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။ သို့ပေမဲ့ အတားအဆီး ချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။ ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အိုလီဗာ ... ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာ ဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့် ဘက်ကို တစ်ချက် မျက်နှာမူပြီး ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ...... /အယ်လီယို (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်) File Size..........(2 GB) / (1 GB) / (650 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Yoon Sandi Aung Encoder..........SWM

Drama
8.2 2017 132 mins
Call Me by Your Name
The Mule
6.8

The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီး ကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက် အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင် ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။ IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike Zaw

Action & Adventure • Drama
6.8 2018 116 mins
The Mule
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
My Sassy Girl
7.1

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ “မိထူးဆန်း” လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ “မ”ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

7.1 2023 117 mins
My Sassy Girl
The Delinquents
6.8

The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1.35GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 3H 9Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023
The Delinquents
The Touch Guy
5.6

မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုကယ်ဖို့ ဒယ်လီကောင်လေးတစ်ယောက်ကိုအကြပ်ကိုင်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒယ်လီကောင်လေးရဲ့ ရည်းစားကောင်မလေးကိုဖမ်းပြီး ဂိုဏ်းခေါင်းဆောင်ကြီးကိုကယ်ခိုင်းတော့ ဒယ်လီကောင်လေးက ဘတ္ထရီဆိုင်ကယ်တစ်စီးနဲ့ သွားကယ်ရပါတော့တယ် ဂိုဏ်းခေါင်းဆောင်ကိုကယ်လိုက်ပေမယ့် ခေါင်းဆောင်ကြီးကမ်းလှမ်းတာကို လက်မခံတဲ့အတွက် သူ့ကောင်မလေးကိုမလွှတ်ပဲ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးကိုကယ်နိုင်ဖို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကလို့ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ မူးယစ်ဂိုဏ်းအဖွဲ့ကြီးနဲ့ သူတို့နှစ်ယောက်ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ပြီး ကောင်မလေးကိုကယ်ကြမလဲ……

5.6 2019
The Touch Guy
Terminator Genisys
6.3

ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။ နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ပါသင့်သလောက် မပါဘဲဖြစ်သွားတယ်။ ဂျွန် ကော်နာ တို့တတွေ စကိုင်းနက်ကို ဝင်စီးတယ်။ ပင်မစခန်းကိုဖြိုတယ်။ အဲဒီမှာ စက်တွေက မော်ဒယ် ၁၀၁ စက်ရုပ်တစ်ရုပ်ကို အတိတ်ကိုလွှတ်လိုက်ပြီး ဂျွန် ကော်နာ ရဲ့ အမေကို သတ်ခိုင်းတယ်။ အဲဒီမှာ ဂျွန် ကော်နာ က တစ်ကိုယ်တော်စစ်သည်တစ်ယောက်ကို လွှတ်ပြီး သူ့အမေကို ကာကွယ်ခိုင်းရတယ်။ ကာကွယ်ရုံတင်မက သူ့အမေနဲ့ချစ်ကျွမ်းဝင်ပေါင်းဖက်ပြီး သူ့ကို သန္ဓေတည်စေဖို့ပါ ရည်ရွယ်တာပေါ့။ ဒါဟာ ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Terminator ရဲ့ အစပါပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တစ်ကိုယ်တော်စစ်သည် ကိုင်းလ် ရိစ် က အချိန်စက်ဝန်းနောက်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်စက်ဝန်းမှာ တီ ၁၀၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ ‌တီ ၈၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ သူလာမယ်ဆိုတာ ကြိုသိနေတဲ့ ဆာရာ ကော်နာ ရယ်တို့က သူလာမယ့်လမ်းမှာ အသင့်စောင့်ကြိုနေတာကို တွေ့လိုက်ရတာပါပဲ။ ဒီလိုနဲ့ ပထမတာဝန်ဖြစ်တဲ့ ဆာရာ ကော်နာ ကိုကာကွယ်ပြီး ဂျွန် ကော်နာ ဖြစ်လာမယ့် သန္ဓေသားလောင်းကို မျိုးစေ့ချပေးဖို့အဖြစ်ကနေ ဂျန်နင်းစစ် အဖြစ် ရုပ်ဖျက်ထားတဲ့စကိုင်းနက်ကို ဖောက်ခွဲဖျက်ဆီးဖို့ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အနာဂတ်က ဂျွန် ကော်နာ ကိုယ်တိုင် ရောက်ရှိလာပြီး ဇာတ်လမ်းသပွတ်အူဖြစ်ရပုံတွေကို ရှုစားကြရမှာဖြစ်ကြောင်းပါဗျာ။ File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Kun Winchester

6.3 2015
Terminator Genisys
Sleepless
5.6

ဗင်းဆင့်ဒေါင်း က Las Vegas ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ယောက်ပါ။ Vegas မြို့မှာက မူးယစ်ဆေးဝါးဂိုဏ်းတွေ ခြေချင်းလိမ်ပြီး ရဲတပ်ဖွဲ့ထဲအထိပါ မူးယစ်ဆေးဘက်တော်သားတွေရှိနေခဲ့တယ်။ ဗင်းဆင့်ဒေါင်းနဲ့ သူ့ပါတနာ ကလည်း ထူးမခြားနားပါပဲ မူးယစ်ဆေးဂိုဏ်းတွေနဲ့ ပတ်သတ်နေခဲ့တယ်။ တစ်နေ့မှာတော့ ဗင်းဆင့်ဒေါင်း နဲ့ သူ့ပါတနာ ရှောင်ကဆ် တို့ သူများရဲ့ ကိုကိန်းအိတ်ကြီး သွားလုရာက မြို့မှာ အာဏာကြီးတဲ့ မူးယစ်ဂိုဏ်းရဲ့ ကိုကိန်းအိတ်ကြီး ဖြစ်နေလို့ ပြဿနာတက်ပါ တော့တယ်။ အက်ရှင်ကား ပီပီ တိုက်ခန်းခိုက်ခန်း ဆဲဆိုခန်းတွေအပြည့်နဲ့ Vegas ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံတွေအကြောင်းကို ခံစား ကြည့်ရှုကြရမှာပါ။ ဗင်းဆင့်ဒေါင်းတယောက် ဒီပြဿနာကြီးကို ဘယ်လိုရှင်းမလဲဆိုတာ အတူတူ ခံစားရှုစားလိုက်ကြရအောင်ခင်ဗျာ။ File size…1.64GB / 859MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.6 2017 95 mins
Sleepless
Love Story
6.9

Love Story (1970) ~ IMDb – 6.9/10, Rotten Tomatoes – 63% ~ The Godfather ရုပ်ရှင်ဖြစ်တည်လာပုံအကြောင်း အသေးစိတ်ရိုက်ပြထားတဲ့ The Offer ဆိုတဲ့ စီးရီးကို ကြည့်ဖူးတဲ့လူတွေတော့ ဒီရုပ်ရှင်ကို ရင်းနှီးကြမှာပါပဲ။ The Offer ဟာ The Godfather ရုပ်ရှင်ရဲ့ ဖြစ်တည်ပုံကို အဓိကထားပြထားခဲ့ပေမဲ့ အဲဒီကာလ ပါရာမောင့်ရဲ့ အခြေအနေတွေကိုလည်း ပြသင့်သလောက်ပြထားခဲ့တော့ အဲဒီကာလမှာ ရိုက်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ဖြစ်ပုံတွေကိုလည်း နည်းနည်းပါးပါး‌ တွေ့ခဲ့ရတယ်။ အဲဒီထဲ ဒီ Love Story (1970)ကတော့ တော်တော်လေး မြင်သာခဲ့တယ်။ မြင်သာဆို ဘော့အီဗန်ရဲ့စကီဖြစ်တဲ့ Ali MacGraw ရဲ့ကားကိုး။ Love Story ဟာ ဟောလိဝုဒ်ရွှေခေတ်မှာ ဘတ်ဆဲလားစာအုပ်ဖြစ်ခဲ့တဲ့ Erich Segal ရဲ့ Love Story ကို ပြန်ရိုက်ထားတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ချိန်ကိုက်ပြီး စာရင်းထုတ်ထားတဲ့ Highest-grossing Films of All Time စာရင်းထဲလည်း ပါခဲ့သလို အမေရိကန်ရုပ်ရှင်အစည်းအရုံးက စာရင်းပြုစုထားတဲ့ ရိုမန့်တစ်အဆန်ဆုံးရုပ်ရှင်စာရင်းထဲမှာလည်း နံပါတ်ကိုးချိတ်ခဲ့တယ်။ ဇာတ်ကတော့ နှစ်ပေါင်းများစွာကြာသွားပေမဲ့ ရိုးရိုးရှင်းရှင်းကိုပဲ ထိထိခတ်ခတ်ဖြစ်အောင် ရိုက်ပြထားလို့ မဟောင်းသွားသေးဘူး ပြောရမှာပဲ။ အချစ်ရုပ်ရှင်တစ်ကားအနေနဲ့တော့ အဆင့်တစ်ခုမှာရှိနေတယ်။ ကာရိုက်တာတွေကတော့ မဲပြာပုဆိုးဖြစ်နေတဲ့ သူဌေးသားနဲ့ ဆင်းရဲတဲ့ကောင်မလေး ကာရိုက်တာတွေပါပဲ။ ဒါပေမဲ့ ဒီလိုကာရိုက်တာတွေကို ရိုးရိုးရှင်းရှင်းဇာတ်လေးထဲ လှလှပပသွတ်သွင်းပြလိုက်တာကလည်း ကြည့်ရတာ အရသာရှိပါတယ်။ ဒီလို တက္ကသိုလ်နောက်ခံဇာတ်ဖြစ်လာအောင်လည်း ဒီဇာတ်ကို စာရေးဆရာက အဲဒီခေတ်တက္ကသိုလ်ဝန်းထဲ သွားလေ့လာပြီး ရေးခဲ့တယ်။ ၁၉၇၁ အော်စကာဆုပေးပွဲမှာ Best Picture နဲ့ Best Director အပါအဝင် ၇ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Original Score ဆုကိုရသွားခဲ့တယ်။ Oliver’s Story (1978) ဆိုပြီး အဆက်ထွက်ခဲ့ပေမဲ့ ဒီကားရဲ့ ဒါရိုက်တာ Arthur Hiller ရိုက်ထားတာတော့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ မူရင်းစာရေးဆရာရဲ့ဇာတ်ပဲ။ Love Story (1970) ဟာ Tommy Lee Jones သရုပ်ဆောင်အနေနဲ့ ပထမဆုံးစပါဝင်ထားတဲ့ကားလည်း ဟုတ်တယ်။ Facts တွေသက်သက်ပါပဲ။ The Offer ထဲလည်းရင်းနှီးပြီးသားဖြစ်နေမယ့် ဟောလိဝုဒ်ရွှေခေတ်ကို ချစ်တဲ့လူတွေအတွက်တော့ Love Story (1970) ဟာ ဒီတိုင်းကို ကြည့်ဖြစ်လောက်မယ့် ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အချစ်အကြောင်းသက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားဆိုတာ အချစ်တွေရဲ့ကမ္ဘာမှာ မရှိတဲ့အကြောင်းပါပဲ။ ~ အချစ်များအကြောင်း ~ ကြယ်တံခွန်တွေကိုလည်း နားလည်ဖို့ မကြိုးစားခဲ့ပါဘူး ဘာမှမဟုတ်သလိုပဲ ရှင်သန်လာတယ် ဘာမှမဟုတ်သလိုပဲ သေဆုံးသွားတယ် ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း သူတို့ရဲ့ကမ္ဘာမှာ ငါ့မှာမတွေ့ခဲ့ရဘူး… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.2GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 40Min Genre – Dark Romance, Tragedy, Tragic Romance, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Crime
6.9 1970
Love Story
Point Break

Point Break(1991) ******************* IMDb….7.3 1991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့mငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ … စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုမှ အလုပ်ထဲ စဝင်ခါစ…သင်တန်းသားဘဝမှာ… အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ… ဘဏ်ဓားပြတိုက်မှုတွေ စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်တိုက်ဆိုင်တယ်ပြောရမလား.. အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်။ စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာ… အချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်။ သဲလွန်စဆိုလို့… လောက်လောက်လားလားမကျန်ခဲ့…ဒီအဖွဲ့ဟာ ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့… ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်။ အဲဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း… တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်။ File Size : 2.72GB , 1.20GB Quality : 1080 , 720p Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Heather Oo

Comedy
0 1991 122 mins
Point Break
Drama Special Season 15: When You Turn the Corner

When You Turn The Corner (2024) ********************************* ဒီတစ်ခေါက်မှာတော့ KBS2 Drama Special Season 15 ထဲက… When You Turn The Corner ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ The Secret Romantic Guesthouse ရဲ့ အချောလေး ၃ ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Jung Gun Joo နဲ့… The Impossible Heir နဲ့ Strong Girl Namsoon တို့မှာ အပီအပြင်ဇာတ်ပို့ပြီး ပရိသတ်ရင်ထဲနေရာယူသွားခဲ့တဲ့ Choi Hee Jin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဝန်ဆောအူက သဘာဝရှုခင်းရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ပါ… အွန်းနာကတော့ ဆေးဝါးကျွမ်းကျင်တစ်ယောက်ဖြစ်ပြီး ဆေးဆိုင်မှာအလုပ်လုပ်ပါတယ်။ အွန်းနာမှာ မွေးစားအဖေတစ်ယောက်ရှိပြီး သူမရဲ့အဖေက ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ပျောက်သွားတဲ့မွေးစားဖခင်ကို လိုက်ရှာရင်း ဆောအူနဲ့ အွန်းနာတို့ အမှတ်မထင်ဆုံခဲ့ကြပါတယ်… ဆောအူက အွန်းနာအခက်အခဲကို ကူညီပေးရင်း သူ့ရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်…. အဲဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီခွန်အားပေးရင်း သူတို့ရဲ့ အချစ်ပန်းလေးက… ဘယ်လိုပုံစံနဲ့ ဖူးပွင့်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 892MB / 329MB Quality : WEB-DL 1080p / 720p Duration : 60 min. Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by AThinn & Phyu Phyu Thein Encoded by Heather Oo

Crime • Drama • Romance
0 2024
Drama Special Season 15: When You Turn the Corner
Eat, Love, London
4.9

Eat, Love, London (2024) IMDb Rating (4.9) ဒီဇာတ်လမ်းလေးကတော့ လန်ဒန်ရဲ့အစားအစာယဉ်ကျေးမှုတွေကို စူးစမ်းရှာဖွေပြီး ဘဝအသစ်စမှုနဲ့ မထင်မှတ်ထားတဲ့ဘဝပြောင်းလဲတွေကြား စိတ်အားထက်သန်မှုရှာဖွေမှုစတဲ့ theme တွေကို ဖော်ကျူးထားတဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အမေရိကန်လူမျိုး Stella က သူရည်းစားဖောက်ပြန်တာခံရပြီး သူ့မိဘတွေရဲ့စားသောက်ဆိုင်ကိုဦးစီးဖို့ အစီအစဉ်တွေလည်းပျက်စီးသွားတာမလို့ လန်ဒန်မှာဘဝအသစ်စ အတွေ့အကြုံယူဖို့အတွက် မိဘတွေအတင်းလွှတ်တာခံခဲ့ရတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်တယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Rebecca ရဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း Theo Hastings လို့ခေါ်တဲ့ ဇွဲကောင်းတဲ့ အစားအစာဝေဖန်ရေးသမားတစ်ဦးနဲ့ ဆုံခဲ့ရတယ်။ Stella နဲ့ သူ့ရဲ့ယုံကြည်ချက်တွေနဲ့အမြင်တွေကို ဆန့်ကျင်စိန်ခေါ်တတ်တဲ့ Theo တို့နှစ်ယောက် စားသောက်ဆိုင်နာမည်ရအောင် ဝေဖန်ချက်ရေးထားဖို့အတွက် အလုပ်အတူတူတွဲလုပ်ရတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့မတူညီတဲ့ရှုထောင့်တွေကနေ ပူးပေါင်းဖိုကြိုးစားရင်း… ဘယ်လို မထင်မှတ်ထားတဲ့ခံစားချက်တွေပေါ်လာမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:27:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
4.9 2024 90 mins
Eat, Love, London
Heads of State
6.7

IMDb Rating (6.5) / Rotten Tomatoes (68 %) အားလုံးရဲ့အချစ်တော် John Cena ကြီးကတော့ Heads of State ဆိုတဲ့ ဇာတ်ကားနဲ့ထပ်မံပြီးတော့ ပွဲထွက်လာပြန်ပါပြီ။ ဒီဇာတ်ကားလေးကတော့ 2025 ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသား John Cena , Idris Elba , မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Ilya Naishuller ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ သရုပ်ဆောင်လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ သမ္မဖြစ်လာသူ Will Derringer(John Cena) နဲ့အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် Sam Clarke(Idris Elba) တို့ဟာ ရန်သူတစ်ယောက်ရဲ့ အကြံအစည်ကြောင့် သူတို့လိုက်ပါလာတဲ့ Air Force One လေယာဉ်ကြီးနှင့်အတူပျက်ကျသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာ အသက်ရှင်ပြီးတဲ့နောက်မှာ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲဆိုတာတွေကို စုံစမ်းထုတ်ဖော်ဖို့အတွက် မတည့်အတူနေနှစ်ယောက် ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ လုပ်ကြံသူတွေအနေနဲ့လည်း သူတို့အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူတို့ကိုလိုက်ပြီးတော့ ထပ်မံလုပ်ကြံပါတော့တယ်။ Will နဲ့ Clarke တို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File Size… (7.36 GB) / (2.07 GB) / (1.12 GB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Nay

Comedy • Romance
6.7 2025 117 mins
Heads of State