YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Yorme.2021.480p.WEB-DL.CM .mp4

251.1 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Point Men
6.6

Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men! ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။ Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 706MB | 354MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Drama
6.6 2023 108 mins
The Point Men
The OctoGames
2.9

နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေ ဘယ်လောက်များရှိနိုင်မလဲ...။ ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့ အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။ သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames...။ ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့် အသက်နဲ့ဘ၀ပါ...။ အဲဒီလူသတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber "ဂျက်စ်ပရို" ဆိုသူ ဖြစ်ပါတယ်။ ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး လူသတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။ ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့ နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါ တော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊ ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို အထင်းသားတွေ့ကြရမှာပါ။ ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.55 GB) / (625 MB) / (360 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Sci-Fi Translator.......C'mon Encoder..........SWM

Drama
2.9 2022 88 mins
The OctoGames
The Adventures of Maid Marian
5

ရော်ဘင်ဟုဒ်ဆိုတာနဲ့ အကျင့်ပျက်နေတဲ့လူချမ်းသာတွေဆီကနေ ငွေတွေခိုးယူပြီး မရှိဆင်းရဲသားတွေကို ပြန်လည်ဝေမျှတတ်တဲ့သူဆိုတာ သိပြီးသားဖြစ်ကြမှာပါ ဒါကြောင့်လည်းရောဘင်ဟုဒ်ကို လူချမ်းသာတွေက သခင်အတန်းစားတွေကို အလွန်မုန်းကြပါတယ်။ ဒီကားလေးကတော့ ရော်ဘင်ဟုဒ်ထက် သူ့ရဲ့ချစ်သူ မာရီယမ်ကို အဓိကထားရိုက်ထားတဲ့ စွန့်စားခန်းကားလေးဖြစ်ပါတယ်။ ရော်ဘင်ဟုဒ်တစ်ယောက် ဘုရင်ရစ်ချက်ခေါ်ဆောင်ရာ စစ်ဖြစ်ရာနောက်ပါသွားတဲ့ အချိန်မှာ မာရီယမ်ကတော့ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ရင်း ချစ်သူပြန်အလာကို စောင့်နေခဲ့ပါတယ်။ ဘုရင်ရစ်ချက်လုပ်ကြံခံရပြီးနောက် စစ်ပွဲပြီးဆုံးသွားချိန်မှာတော့ ရော်ဘင်ဟုဒ်တစ်ယောက်လည်း မာရီယမ်ဆီ ပြန်လာခဲ့တာပေါ့။ သုံးနှစ်လောက်ခွဲခွာ နေခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ကြည်နူးစရာဖြစ်မနေခဲ့ပါဘူး။ ရော်ဘင်ဟုဒ်ကို လက်စားချေချင်နေတဲ့လူတစ်ယောက်ရဲ့ လှည့်ကွက်ကြောင့် သူတို့နှစ်ဦး ဘယ်လိုတွေဒုက္ခရောက်ပြီး ဘယ်လိုစွန့်စားမှုတွေလုပ်ကြမလဲဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ရော်ဘင်ဟုဒ်ရဲ့ချစ်သူ မာရီယမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လို တွေထက်မြက်လဲ ဘယ်လိုတွေရဲရင့်လဲ ဘယ်လိုတွေချစ်တတ်လဲဆိုတာကို တွေ့မြင်ရမယ့် စွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.34 GB) / (674 MB) Quality............Web-DL 1080p / 720p Duration.........1Hr 22mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Fantasy Translator....... Zaw Myo Thu Encoder..........SWM

Action • Adventure • Fantasy
5 2022 82 mins
The Adventures of Maid Marian
The Fence
6.9

စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီး ဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲ အိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့ သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေက မကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။ သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့ လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ် ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက် အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွား ခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာ ပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူ ညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ် သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေ ဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay

6.9 2022 94 mins
The Fence
Scrapper
7.1

ဒီဇာတ်ကားလေးကတော့ အမေသေပြီးနောက်ပိုင်း တစ်ယောက်တည်းကြိုးစားနေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ဂျော်ဂျီဆိုတဲ့ ကောင်မလေးနဲ့ ဂျော်ဂျီ မွေးကတည်းကထွက်သွားပြီး ၁၂နှစ်ကြာမှ ပြန်ရောက်လာတဲ့သူ့အဖေတို့ ‌‌‌‌‌နှစ်ယောက်သား အတူပြန်နေထိုင်တဲ့ ဇာတ်လမ်းလေးကို အေးအေးဆေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျော်ဂျီဆိုတဲ့ကောင်မလေးတစ်ယောက် အမေဆုံးသွားတော့ တစ်ယောက်ထဲနေထိုင်ဖို့ ဘာတွေလုပ်လဲ သူ့အဖေပြန်ရောက်လာတော့လည်း ဘယ်လိုတွေပြန်ရင်ဆိုင်လဲဆိုတာကို ကလေးမလေးနေရာက ၀င်ခံစားပြီးကြည့်ရှုရမှာပါ။ 2023မှအသစ်စက်စက်ထွက်ထားပြီး Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်တာဖြစ်လို့ ဘာမှများများ စားစားတွေးစရာမလိုပဲ chill ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ File size…1.16GB / 490MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.1 2023 84 mins
Scrapper
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
She Came to Me
6.1

She Came to Me (2023) ~ IMDb – 6.1/10, Rotten Tomatoes – 47% ~ လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland’s Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ယောက်ျားဖြစ်သူကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူဖြစ်ပါ။ ကတ်ထရီနာကတော့ အချစ်နဲ့လိင်စိတ်လွန်ကဲတဲ့ရောဂါရှိနေသူဖြစ်ပါတယ်။ ဒီဇာတ်ကောင်သုံးယောက်ကြားက ပတ်သက်မှုတွေအပြင် စတီဗင်ရဲ့မယားပါသားအရှုပ်တော်ပုံတွေကိုပါ တစ်နာရီမိနစ်လေးဆယ်အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို မပျင်းရိစေဘဲ ကောင်းကောင်းဆွဲခေါ်သွားနိုင်လို့ အချိန်ပေးရတာတန်စေမယ့်ကားမျိုးပါပဲ။ ဒီဇာတ်လမ်းဟာ ဇာတ်လမ်းသက်သက်ဆိုရင်တော့ ဒီလောက်တော့ အားရစရာကောင်းမနေပေမဲ့ Peter Dinklage, Anne Hathaway နဲ့ Marisa Tomei တို့ရဲ့ သမ္ဘာက ဒီကားကို အများကြီး ပိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကလည်း အချစ်က ဘယ်လိုဆိုတာကို သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်သွားခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ ရုပ်ရှင်တစ်ကားကို ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို ဒါရိုက်တာတွေနားလည်သေးကြောင်း မျှော်လင့်ချက်ပေးနိုင်ခဲ့တယ်လို့ တချို့ကတော့ပြောကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 945MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 42Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Documentary
6.1 2023 102 mins
She Came to Me
South Park: Joining the Panderverse

Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ် ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ် အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre…Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
South Park: Joining the Panderverse
The Village
5.8

The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 890MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.8 2023 120 mins
The Village
Tekken 2: Kazuya’s Revenge

ဒီကားက​တော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆို​ပေမဲ့ ပထမကားနဲ့ မဆိုင်​သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကား​ခြေရာကို နင်းနိုင်တဲ့အပြင် ပို​တောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်​ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲ​တွေကဝင်ဖမ်းလို့ ထွက်​ပြေးရင်း ကားတိုက်မိပြီး ​မေ့သွားတယ်။ သတိရလာ​တော့ ဘုန်း​တော်ကြီးဆိုတဲ့ လူတစ်​ယောက် ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်း​တော်ကြီးက နာမည်​မေး​တော့ သူ့နာမည်သူမသိသလို သူ့ဘဝအ​​ကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်း​တော်ကြီးက သူ့ကို “​ကေ”လို့ နာမည်​ပေးလိုက်ပြီး သူ့ရဲ့ ​ကြေးစားအလုပ်​တွေ လုပ်ခိုင်းပါ​တော့တယ်။ ဘုန်း​တော်ကြီးဆိုတဲ့လူက လူ​ကောင်းမဟုတ်​​နေဘဲ ​​ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကို အဖွဲ့အစည်းနဲ့ လုပ်​နေတာပါ။ အတိတ်​မေ့​နေတဲ့ ​ကေက ဘုန်းကြီး ခိုင်းတဲ့ အလုပ်​​တွေလုပ်ပြီး လူ​တွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကို ပြန်သတိရ​အောင်၊ ဘုန်း​တော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်​အောင် ကြိုးစားရပါ​တော့တယ်။ ​ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်​မေ့​နေတဲ့ အ​​ကြောင်းရင်းက ဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်း​တော်ကြီးလက်က လွတ်​အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ​ထောက်ထားပြီး ကြည့်လိုက်ကြပါဦး။ File size… 1.2 GB / 694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Mystery
0 2014
Tekken 2: Kazuya’s Revenge
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar
Mr and Mrs Bachelor
5.5

Mr and Mrs Bachelor (2025) အချစ်ကြိုး IMDb 6 အလွန်အေးချမ်းတဲ့ မင်္ဂလာမနက်ခင်းတစ်ခုမှာ မအေးချမ်းတာက‌တော့ သတို့သမီး‌လေး စတက်ဖီပါ မင်္ဂလာဆောင်ဖို့အချိန်ရောက်တော့မှ သတို့သားထွက်ပြေးသွားလို့ ဧည့်သည်တွေစုံ‌တော့မှ ပွဲဖျက်ရမဲ့ကိန်းဆိုက်နေပြီး ကူရာကယ်ရာမဲ့နေရှာပါတယ် ခင်ပွန်းလောင်းက ဒီလိုမလုပ်လောက်ဘူးဆိုတဲ့စိတ်နဲ့ မင်္ဂလာဝတ်စုံကြီးဝတ်ပြီး သတို့သားလောင်းရှိတာမြို့ဆီ လိုက်သွားပါတော့တယ် သူ့ခရီးမှာ မမျှော်လင့်ဘဲ ဆုံစည်းခဲ့ရသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဘဝကို တစ်ကိုယ်တည်း လွတ်လပ်စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားတစ်ဦးပါ အခြေအနေအရပ်ရပ်ကြောင့် လူကြီးနဲ့ကလေးဇာတ်လမ်းစဖို့ အကြောင်းဖန်လာလေတော့ လုံးဝခြားနားတဲ့ စိတ်နေသဘောထားတွေနဲ့ ပန်းတိုင်တွေ ရှိကြတဲ့ သူတို့နှစ်ဦး .. တစ်ဦးက မင်္ဂလာပွဲရဲ့ ဖိအားတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန် နောက်တစ်ဦးကတော့ ဘဝကို အေးအေးဆေးဆေး ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူမျိုးဖြစ်နေတော့ ဟာသရသတွေ ထူးခြားတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်လျှောက်မှာ အချစ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ကြည်နူးမှုလေးတွေနဲ့ကို စောင်ကိုက်ကြည့်ရှုလိုက်ပါဦးရှင် ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy
5.5 2025
Mr and Mrs Bachelor
Melukis Harapan Di Langit India
8

Melukis Harapan Di Langit India 2024 (အဖေဖြစ်သူကို ရှာဖို့ အိန္ဒိယကို သွားရာဝယ်) မွေးလာကတည်းက မိခင်ဖြစ်သူရဲ့ အပြောကြောင့် သူ့ကိုယ်သူ အမီတာဘချမ်းရဲ့ သမီးလို့ ထင်နေတဲ့ ကောင်မလေး ဒေဗီ၊ ဒေဗီ့မှာ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် အမီရ်နဲ့ အူလီ သူတို့ကတော့ ညီအစ်ကိုတွေပါ။ အမီရ်ကတော့ ဘရုစ်လီရူးရူးနေပြီး အူလီကတော့ သီချင်းရေးဖို့ ကြိုးစားနေသူတစ်ယောက်ပေါ့။ ဒေဗီတစ်ယောက် အမေဖြစ်သူရဲ့ ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ စကားတွေအရ သူ့ဖခင်လို့ထင်နေသူ အမီတာဘချမ်းကို တွေ့ချင်လို့ အိန္ဒိယကို သွားပြီး ဖခင်ဖြစ်သူကို သွားရှာချင်နေသူတစ်ယောက်ပါ။ သူ့အိပ်မက်ကို အမီရ်တစ်ယောက်ကလည်း ကူညီအားဖြည့်ကာ ဒေဗီနဲ့အတူ အိန္ဒိယကိုလိုက်ပြီး ဖခင်ဖြစ်သူကို ကူရှာပေးမယ်ဆိုပြီး ငယ်စဉ်ကတည်းက ပြောထားသူပေါ့။ ဒီလိုနဲ့ ဒေဗီတို့ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ဖခင်ရှာပုံတော်ကြီးဖွင့်ဖို့ အိန္ဒိယကို သွားရောက်တဲ့အချိန်မှာတော့ …… ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)

8 2024 97 mins
Melukis Harapan Di Langit India
Trending
5.9

Trending (2025)”နာမည်ကြီးနေသည်” ============================= အသစ်ထွက်ထားတဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အာဂျွန်နဲ့မီရာတို့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးတဲ့ လင်မယားစုံတွဲဖြစ်ပါတယ်။ သူတို့မှာ အာဂျွန်မီရာဆိုတဲ့ ယူကျုချန်နယ်တစ်ခုလည်းရှိပြီး အဲဒီချန်နယ်ကိုလည်း အားပေးတဲ့သူ ၅ သန်းကျော်တောင်ရှိပါတယ်။ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အမြဲထုတ်နိုင်တာကြောင့် ဆယ်စုနှစ်ရဲ့ အကောင်းဆုံးစုံတွဲဆုတောင်ရထားတဲ့ သူတို့နှစ်ယောက်၊ တစ်နေ့မှာ ရုတ်တရက် သူတို့ရဲ့ ယူကျုချန်နယ်ပျက်သွားပြီး ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေရရှိလာတဲ့အခါမှာတော့…။ အောင်မြင်ပြီးသား လူနှစ်ယောက်ရဲ့ အမြဲတမ်း နာမည်ကြီးနေဖို့ အရူးတွေလိုကြိုးစားကြပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.9 2025
Trending