YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Yellowstone.2018.S03E09.1080p.(CM).mp4

1.08 GB 1080p video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
The Phantom of the Opera
7.3

တစ်ခေတ်တစ်ခါက Masterpiece ဖြစ်ခဲ့တဲ့ Old but gold Musical film တစ်ခုနဲ မိတ်ဆက်ပေးချင်ပါတယ်။ Musical film ဆိုတဲ့အတိုင်း သီချင်းတွေအများကြီးနဲ့မို့ Musical ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ပေါ်ပြူလိုင်ရာဆိုတဲ့နာမည်ကြီးပြဇာတ်ရုံကြီးတစ်ခု.. မကြာခဏလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေဖြစ်လေ့ရှိပြီး ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ရှိတယ်လို့ လူအများစုယုံကြည်ကြပါတယ်။ တစ်နေ့မှာတော့ ယင်းသံအမြင့်ဆုံးအဆိုရှင်ဖြစ်တဲ့ ကာလော့တာက စိတ်အလိုမကျမှုကြောင့် ချက်ချင်းထွက်သွားတဲ့အတွက် ညဘက်ပွဲလည်းရှိတာကြောင့် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အစားထိုးခိုင်းလိုက်ရပါတော့တယ်။ အကအဖွဲ့ထဲကမိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင်ကောင်းကောင်းဆိုနိုင်တာကြောင့် အကုန်အံ့အားသင့်သွားရပါတယ်။ ဒါဟာလည်း သူ့ကိုသင်ကြားပေးနေတဲ့သူဟာ  ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ဖြစ်နေလို့ပါပဲ.. ဒါပေမဲ့ ခရစ္စတင်းကတော့ အဲဒီသူ့ဆရာကို အသံပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးပါဘူး.. အသံပဲကြားရုံနဲ့တင် လေးစားချစ်ခင်ပြီး သူ့တေးသွားတမန်တော်လို့မှတ်ယူထားခဲ့ပါတယ်။ တစ်နေ့တော့ ခရစ္စတင်းရဲ့ငယ်ချစ်ဦးဖြစ်သူ ရာအိုးလ်ဟာလည်း ပြဇာတ်ရုံကြီးထဲရောက်ရှိလာတဲ့အခါ.. ခရစ္စတင်းတစ်ယောက် ငယ်ငယ်ထဲကချစ်မြတ်နိုးရသူ၊ ငယ်ချစ်ဦးဖြစ်တဲ့ရာအိုးလ်ကိုရွေးချယ်မလား။ သူ့ကိုသီချင်းဆိုနိုင်အောင်သင်ပေးတဲ့ အမြဲလေးစားခဲ့ရတဲ့ဆရာဖြစ်တဲ့ ပြဇာတ်ရုံကြီးကဝိဉာဉ်ကိုပဲရွေးချယ်သွားမလား... File Size :(2.55GB)&(1.13 GB) Quality : Blu-Ray 1080P,720p,480p Format :mp4 Duration : 02:23:00 Genre : Romance , Drama , Musical Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Horror • Thriller
7.3 2004 143 mins
The Phantom of the Opera
[18+] Attack of the 50 Foot Camgirl
4.8

သည်မှာဖက်ခေတ်လူငယ်တွေ အများစု စီးပွါးရေးရှာကွက်ကို မီးမောင်းထိုးပြနေပြီး ယုံကြည်မှုမှာ သတိလေးကပ်ထားဖို့ ပညာပေးထားတဲ့ ၁၈ ယောက်စုကြည့်ရမဲ့ ဇာတ်ကားလေးပါပဲ ဗီဗာလီဆိုတာ အင်တာနက်ပေါ်မှာ အရမ်းရေပန်းစားနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပါ သူမရဲ့ Channel ကို လူကြိုက်များလှပြီး သူထုတ်လုပ်ကြေငြာတဲ့ ထုတ်ကုန်တွေလည်း ရောင်းအားကောင်းလှပါတယ် သူမမှာ သူအရမ်းချစ်ရတဲ့ ဗရက်လီ လို့ခေါ်တဲ့ ကင်မရာမန်းရှိနေပါတယ် သူက သူမရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲပေးပါတယ် ဖြူရှာ ကတော့ သူမရဲ့ အကူပါ တစ်နေ့မှာ သူတို့ရဲ့ ထုတ်ကုန်တွေကို တိုးချဲ့ဖို့ သိပ္ပံပညာရှင်တွေဆီကို ထုတ်ကုန်တစ်ခုအပ်လိုက်ပါတယ် အဲဒီထုတ်ကုန် အဆင်သင့်မဖြစ်သေးမှီပါပဲ သတိပေးချက်တွေကို အရေးမစိုက်ပဲ ဗီဗာလီက စားပြလိုက်ပါတယ် အဲဒီနောက်မှာဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲတွေက အံ့ဩဖို့လဲကောင်း ချစ်ဖို့လဲကောင်းတာဖြစ်လို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.16GB / 535MB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder…. X Cross Translated by Ki Mu Chi

Comedy • Family • Fantasy
4.8 2022 61 mins
[18+] Attack of the 50 Foot Camgirl
Gabriel's Rapture: Part I
8.1

အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ.... ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက် ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ် File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Action • Thriller
8.1 2021 106 mins
Gabriel's Rapture: Part I
Beverly Hills Chihuahua
5.3

ဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။ တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။ 2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.6GB) / (900MB) Quality__BluRay_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:31:00 Type__Adventure, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Action • Crime • Drama • Thriller
5.3 2008 91 mins
Beverly Hills Chihuahua
(18+) Biyak
4.5

တချိန်တခါက မြန်မာကားတွေကို ကျွန်တော်တို့တွေ အားရပါးရ ဖောင်းထုခဲ့တဲ့ အချိန်တွေကို မှတ်မိကြမှာပါ မအေးအေးဝင်းစီစဉ်သည်တို့ ဇာတ်သိမ်းပိုင်းကြ လူစုံတက်စုံးပြေးကြသည်တို့ meme တွေတပြုံတခေါင်းကြီးနဲ့ကို ဖောင်းထုခဲ့ကြတဲ့ ပျော်စရာအချိန်လေးတွေပေါ့ ဒါပေမဲ့လဲ မြန်မာကားတွေကတော့ ပြောင်းလဲသွားရိုးထုံးစံမရှိခဲ့ပါဘူး ဒါပေမဲ့လဲ တအားကြီးတော့ စိတ်ပျက်မသွားကြပါနဲ့ ကိုယ်တွေလိုပဲ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ တအားကို မြန်မာဆန်တဲ့ ဇာတ်ကားတွေရှိသေးတယ်ဆိုတာ သတိရလိုက်ပါ။ ခု ဇာတ်ကားလေးကလဲ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ မြန်မာကားကို upgrade မြင့်ထားတဲ့ ဒေသတွင်း ဖိလစ်ပိုင်ကားလေးဖြစ်ပါတယ် နဲနဲပိုသွားတာဆိုလို့ ဇာတ်ကားနဲ့ ဘာမှမဆိုင်တဲ့ sex scene လေးနဲနဲပိုပါလာတာလေးပဲရှိပါတယ်။ ဇာတ်လမ်းကလဲ နိုင်ငံခြားက ဂိ ဇာတ်ကားကြီးတွေလို ခေါင်းရှုပ်ခံပြီး စဉ်းစားစရာမလိုပဲ ဘာပြီးဘာဖြစ်မယ်ဆိုတာ ပျော်ပျော်ကြီး ခန့်မှန့်လို့ရပါတယ်။ God of War ကို easy mode နဲ့ ဆော့ပြီး Boss တွေကို အားရပါးရ ရှယ်ခုတ်နေရသလိုပါပဲ။ အဲ့လောက်ပျော်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို လက်လွတ်မခံပဲ ခုဘဲဒေါင်းကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ P.S ဇာတ်လမ်းအကျဉ်းကတော့ မရေးတော့ဘူး ဇာတ်လမ်းအကုန်သိသွားမှာစိုးလို့ File Size - 1.26GB / 554MB Quality - 1080p WEBDL / 720p Subtitle - Myanmar Subtile (Hard Sub) Translator - Andrew Mason Encoder - X Cross

Horror • Thriller
4.5 2022 79 mins
(18+) Biyak
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
Kanmani Pappa

Kanmani Pappa(2022) ==================== ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ် ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်‌တစ်ယောက် ‌ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ် အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ….။ ။….

Drama • History • Romance
0 2022
Kanmani Pappa
Cherry Magic! THE MOVIE
7.3

Cherry Magic : The Movie 2022 ========================= BL ပရိသတ်ကြီးအတွက် နွေးထွေးပြီးချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ မူရင်းမန်းဂစာအုပ်ကို Live Action စီးရီးအနေနဲ့ ၁၂ ပိုင်း ပြန်လည်ရိုက်ကူးထားတာရှိပြီး အခုကတော့ တစ်ကားတည်းအပြီးအနေနဲ့ ထပ်ထွက်လာတာပါ။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့အသားကို ထိလိုက်တာနဲ့ စိတ်ကိုဖတ်နိုင်တဲ့ ထူးထူးဆန်းဆန်းအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ခုရိုရှိဆိုတဲ့ကောင်လေးဟာ သူ့ကိုခွက်ရှ်နေတဲ့ ကိုလူချောလေးရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ပြီး တွဲဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ပြီး အစွမ်းပျောက်ကွယ်သွားတဲ့အခါမှာတော့… တွေ့နေကျ BL ဇာတ်အများစုထဲကလို ကျောင်းသားလေးတွေမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းက လူလတ်ပိုင်းအရွယ် ရင့်ကျက်တဲ့ကောင်လေးနှစ်ယောက်အကြောင်းဖြစ်တာကြောင့် တစ်ချိန်လုံးရိုနေမှာတော့ မဟုတ်ပါဘူး။ အချင်းချင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကို အပြန်အလှန် အားပေးကူညီမယ်။ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။အေးအတူ ပူအမျှခံစားပေးမယ် ။ (စိတ်ဖတ်နိုင်တယ်ဆိုတာကလွဲလို့)ကြည့်နေရင်းနဲ့ အပြင်က BL အတွဲဆိုရင်လည်း ဒီလိုပဲဖြစ်မှာလို့ တွေးမိတဲ့အထိ အိုဗာတွေသိပ်မပါဘဲ ရိုးရိုးရှင်းရှင်းလေး လက်တွေ့ဆန်အောင် ရိုက်ပြထားတာကို သဘောကျမိတာမို့ ကြည့်ရှုအားပေးကြပါဦးလို့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Fantasy , Romance Quality…. 1080p | 720p | 480p File size… 1.1GB | 514MB | 200MB Format… mp4 Duration…. Moe Pwknt Phyu Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Drama • Mystery • Science Fiction • Thriller
7.3 2022
Cherry Magic! THE MOVIE
Alone With Her Dreams
7.3

IMDb 7.3 အထိရရှိထားတဲ့ အီတလီ Coming of age/Drama အမျိုးအစားရုပ်ရှင်လေး။ ဒီရုပ်ရှင်ထဲမှာ ပျော်စရာတော့ များများစားစားမပါဘူး။ စ လယ် ဆုံး ကို ရင်ထဲမွန်းကြပ် ဆို့နင့်စရာတွေနဲ့ အပြည့်ဖြည့်ပြီး ဒရာမာပီသအောင် လှလှပပကို ပုံဖော်ထားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်က လူစီယာလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မ‌‌လေး။ အချိန်ကာလအားဖြင့် ၁၉၆၀ ခုနစ်‌ ကျော်။ လူစီယာတို့မိသားစုဟာ ပင်လယ်ပြင်ပတ်လည်ဝိုင်းနေတဲ့ အီတလီကျွန်းရွာလေးတစ်ခုပေါ်မှာ နေထိုင်ကြတယ်။ ရွာငယ်လေးမှာက စီးပွားရေး မကောင်းတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ ပြောင်းရွှေ့‌ အခြေချနေထိုင်ပြီး အလုပ်သွားလုပ်ကြတဲ့သူတွေများတယ်။ ဒီလူတွေထဲမှာ လူစီယာရဲ့ အဖေနဲ့အမေဖြစ်သူကလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။ ကံဆိုးရှာတဲ့လူစီယာကတော့ ရွာမှာပဲ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တော့တယ်။ လူစီယာရဲ့အဖွားဖြစ်သူဟာ သိပ်ကိုရှေးရိုးစွဲပြီး တင်းကြပ်တဲ့အမျိုးသမီးကြီး။ အဖွားဖြစ်သူဟာ ရွာထဲမှာ အကြီးအကဲတစ်ယောက်လို ကြောက်ရွံ့လေးစားခြင်းကို ခံရတဲ့သူ။ ချစ်ခြင်းမေတ္တာကို သိပ်မဖော်ပြတတ်ဘူး။ လူစီယာဟာ အဖွားဖြစ်သူရဲ့“ဒီဟာမလုပ်နဲ့၊ ဟိုနားမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့” စတဲ့ အမိန့်စကားတွေကို မြေ၀ယ်မကျ နားထောင်ရတယ်။ ရပ်ဝေးမြေခြားကို ထွက်ခွာသွားတဲ့ မိဘနှစ်ပါးရဲ့ ချန်ရစ်မှုကိုခံခဲ့ရရှာသူ လူစီယာရဲ့ မျက်စိထဲမှာတော့ အဖွားဖြစ်သူဟာ သူ့ကိုဘယ်တော့မှ ကြင်ကြင်နာနာမဆက်ဆံတဲ့ မိန်းမကြမ်းကြီးတစ်ဦးထက် မပိုခဲ့ဘူး။ လူစီယာဟာ အမြဲခက်ထန်ကြမ်းတမ်းနေတဲ့ အဖွားဖြစ်သူကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ လူစီယာတစ်‌ယောက် သူမသိသေးတဲ့ အခြားတစ်ဖက်ခြမ်းက အမှန်တရားတွေကို ဖြည်းဖြည်းချင်းသိလာရတဲ့အခါမှာတော့ ဒီအမှန်တရားတွေကိုလက်ခံပြီး ရှေ့ဆက်ဖို့ရာ အင်အားတို့ကို မွေးရပြန်ရှာတော့တယ်။ ဒီရုပ်ရှင်က ဟော်လီးဝုဒ်ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူကို စကားပြောခန်းတွေ တပုံတပင်နဲ့ချဉ်းကပ်မယ့်အစား မျက်နှာပေါ်ကခံစားချက်တွေ၊ ပင်လယ်ထဲကရွာငယ်လေးရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ အဆုံးမရှိတဲ့ အပြာရောင်ပင်လယ်ကြီးနဲ့ ငြီးငွေ့ဖွယ်ရာ ကောင်းကင်ပြာကြီးတွေနဲ့ ကြည့်ရှုသူရဲ့ခံစားချက်တွေကို လှုပ်ကိုင်လိမ့်မယ်။ ရွာငယ်‌‌လေးထဲက လူစီယာတို့ရဲ့ ဆွေ‌မျိုးတွေ၊ အထူးသဖြင့်အမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့လည်း ဆက်စပ်ထားတယ်။ အဆုံးသတ်ရမယ်ဆိုရင် ဒီဇာတ်ကားဟာ စိတ်ညစ်ညူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း တော်တော်လေး လှပနေပြန်တယ်။ ဒါရိုက်တာက လေးနက်တဲ့ ဒိုင်ယာလော့တွေ၊ အဝါ လိမ္မော် စတဲ့ အပူဖက်သန်းတဲ့ အရောင်တွေများတဲ့ စီနီမက်တစ်ရိုက်ချက်တွေ၊ စိတ်ထိခိုက်စရာ နောက်ခံတေးတွေနဲ့အတူ ကြည့်ရှုသူရဲ့ရင်ထဲကိုထိအောင် လှလှပပ သေသေသပ်သပ်ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်စစ်စစ်ဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… (Nudity အနည်းငယ်ပါရှိတာကို သတိပြုပေးပါ) File size…(780 Mb) Quality….Webrip 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Steven

7.3 2019 95 mins
Alone With Her Dreams
Do the World Darts 4
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်… ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်… ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.8 2007
Do the World Darts 4
Walk The Line
6

CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ” “ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ… အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ… တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်… သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်… အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်… နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့… ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်… ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်… နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်… ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ စုံထောက်ကားတွေ အကြည့်နည်းနေလို့ပဲ.. CM က စုံထောက်ကားတို့ အမှုလိုက်ကားတို့ များများကြည့်လိုက်ပါ… ဘယ်ရိုးရှင်းပါ့မလဲ… လူတချို့ကောင်းစားရေးအတွက် လူတချို့ လည်စင်းခံပေးလိုက်ရတာပေါ့… ဇာတ်လိုက်က တရားမဝင် ကျူးကျော်နေသူ ၂ ယောက်ကို နယ်စပ်မှာ ဖမ်းရင်း တိုက်တိုက်ဆိုင်ဆိုင် … အဲ့မြေပိုင်ရှင်သူဌေးလေးက ဒုစရိုက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာတောင် ၃ နှစ်လောက် နိုင်ငံခြားအမြန် ထွက်ပြေး လွတ်မြောက်နေခဲ့တာကနေ အခု ဒီနယ်စပ်ဒေသမှာ တွေ့လိုက်ရလို့ ဖမ်းလိုက်နိုင်လို့ပေါ့… နောက်ပြီး အပေါ်က ပြောခဲ့တဲ့ ရှောင်မန်လူရိုကြီးရဲ့ ရုတ်တရက် သတ်သေမှုတွေက ဒီမတော်တဆပေါက်ကွဲမှုကို ပြန်လည်စုံစမ်းလိုစိတ် ဖြစ်လာစေတယ်… ဒီလိုနဲ့ တစ်စပြီး တစ်စ အမှုကွင်းဆက်ပေါ်လာရာကနေ နောက်ဆုံး မယုံကြည်နိုင်လောက်တဲ့ အလှည့်အပြောင်းလေးနဲ့ ဇာတ်သိမ်းသွားခဲ့တယ်… ဘယ်လို အလှည့်အပြောင်းလေးနဲ့ ဇာတ်လမ်းကို နိဂုံးချုပ်တယ်ဆိုတာ သိချင်ရင်တော့ ထုံးစံအတိုင်းပဲ ဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ကြပါတော့…

6 2024
Walk The Line
Fortunes of War

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Adventure • Drama • Action • History
0 2024
Fortunes of War
P2
5.9

P2 (2007) P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ ဇာတ်လမ်းကတော့…. အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။ သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့ လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Crime • Drama
5.9 2007 98 mins
P2