YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Would.You.Kill.For.Me.The.Mary.Bailey.Story.2023.WEBRip720p(CM).mp4

624.02 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
Forensic
4.8

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ဗစ်ကရန့်မက်စီပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ကားလေးပဲဖြစ်ပါတယ်.. ဒီမင်းသားကိုတော့ ပရိသတ်တွေမစိမ်းဘူးလို့ထင်မိပါတယ် Haseen Dilruba ထဲမှာ တာ့ပ်ဆီးပါနူးနဲ့ တွဲရိုက်ထားတဲ့ ညီ​ဖြစ်သူနဲ့ မိန်းမကဖောက်ပြန်လို့ လက်ဖြတ်ပေးပြီး ပြန်ချစ်ပြတဲ့ အချစ်သူရဲကောင်းကြီးဆို သိကြမယ်ထင်ပါတယ်။ 2020မှာထွက်ရှိခဲ့တဲ့ Forensicကိုပဲ Remake ပြန်ရိုက်ထားတဲ့ 2022 Versionပါ။ 2020တုန်းက ထွက်ရှိခဲ့တဲ့ကားမှာ Bad Reviewတစ်ချို့ရှိနေခဲ့ပေမဲ့ ဒီ2022ထုတ်အနေနဲ့ကတော့ ဒါရိုက်တာVishal Furiaက ရုပ်ရှင် Plotအပြင် သရုပ်ဆောင်တွေ၊ အမှုအခင်းတွေကိုပါ အဆင့်မြှင့်ပြီး ထပ်မံရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ Mussorieဆိုတဲ့ တောင်ကုန်း မြို့လေးမှာ စတင်လာတဲ့ ကွင်းဆက်လူသတ်မှု။ ကွင်းဆက်လူသတ်မှုတွေတိုင်းမှာ သူတို့ရဲ့တစ်မူထူးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီလူသတ်မှုမှာတော့ အသတ်ခံရတဲ့သူတွေက ထူးထူးဆန်းဆန်း သူတို့ရဲ့မွေးနေ့မှာ အသတ်ခံရတာပဲဖြစ်ပြီး အသတ်ခံရတဲ့သူတွေအားလုံးကလည်း ကလေးမလေးတွေပါပဲ။ အာဏာပိုင်ရဲတွေကတောင် လက်လျှော့ပြီး ဖုံးလိုက်ရတဲ့ ဒီအမှုကို ဘယ်လိုပဲဖြစ်ဖြစ် မိအောင်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ ရဲမေတစ်ယောက်နဲ့ မှုခင်းဆေးပညာရှင်တစ်​ယောက် ပူးပေါင်းပြီးလိုက်ကြတဲ့နောက်မှာ အမှုကို လိုက်နေတဲ့ ရဲမေရဲ့ တူမဖြစ်သူ အန်နေယာဆိုတဲ့ ကလေးမလေးကလည်း ပျောက်ချင်းမလှပျောက်သွားတဲ့နောက်.... တဖြည်းဖြည်းပုံပေါ်လာတဲ့ကွင်းဆက်တွေ၊ သံသယရှိသူတွေနဲ့ ရှုပ်ထွေးတဲ့အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို သိလာရပါတော့တယ်။ အသစ်စက်စက် ထွက်ရှိလာတဲ့ Forensicဆိုတဲ့ ကားလေးကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ File size…1.75GB / 839MB Quality…1080p ZEE5 WEBDL Hindi AAC5.1CH / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Taylor & Honeyey & Lwin Htoo & Guu Guu

Action • Fantasy • Horror • Thriller
4.8 2022 129 mins
Forensic
The Greatest Showman
7.9

ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘဝကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်ဝင်တဲ့အခါမှာ လည်း အလုပ်က ဒေဝါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဉ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ ရှိုးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘဝဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ရှုစားရမှာမို့ ပရိ သတ်အကြိုက်တွေ့မှာ သေချာပါ တယ်။ X-Man လို့ ပရိသတ်အသိများတဲ့ သရုပ်ဆောင် ဟျူးဂျက်ခ် မန်းက ဆပ်ကပ်တည်ထောင်သူ ပီတီဘာနမ်နေရာကနေ သရုပ်ဆောင်ထားပြီး ဇက်ခ်အက်ဖ်ရွန်၊ မစ်ရှဲလ်ဝီလျံ၊ ရီဘက်ကာဖာဂူ ဆန်၊ ဇန်ဒါရာ၊ ကီရာလာဆက် တယ် စတဲ့ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (951 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Biography, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by EL’ Moh Encoded by Thanhtike Zaw

Action & Adventure • Drama
7.9 2017 105 mins
The Greatest Showman
The Peanut Butter Falcon
7.4

လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ် (Dakota Johnsonလေး) ဇာတ်လမ်းကတော့ ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့် မိသားစုမရှိတာကြောင့် အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့ ‌အကြမ်းဗတမ်းအကုန်ရတဲ့တောသား ကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။ နောက်တော့ ဇက်ခ်သွားမယ့်နေရာက တိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့် သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊ တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)က လိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။ အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာ အခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကို ညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။ Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB) Quality :  WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Adventure , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • Family
7.4 2019 97 mins
The Peanut Butter Falcon
[18+] Jungle Holocaust
6

Jungle Holocaust (1977) (ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူများအတွက် မဟုတ်ပါကြောင်း သတိလေးပေးလိုက်ပါရစေ) မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ရဲ့ နောက်ထပ် လူသားစားကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ ၂ဦးဟာ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ကင်းစခန်းကို လာရောက်ခဲ့ကြပါတယ်။ လေယာဥ်ဟာ အဆင်းကြမ်းတမ်းတာကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။ ရောဘတ်တို့ ၂ယောက် ကင်းစခန်းကို သွားကြည့်ချိန်မှာတော့ ပစ္စည်းရော လူတွေပါပျောက်ဆုံးနေကြတာကို သိလိုက်ရတယ်။ တောထဲမှာ အနည်းငယ် လှည့်ပတ်ရှာဖွေရင်း အလောင်းတစ်လောင်းကို တွေ့လိုက်ရချိန်မှာ သူတို့လူတွေကို လူရိုင်းမျိုးနွယ်စုက သတ်ဖြတ်သွားတယ်လို့ ယူဆလိုက်ကြပါတယ်။ လေယာဥ်မောင်းသူ ချာလီက ပြင်လို့ပြီးသွားပေမယ့် မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ခွာဖို့ပြောပါတယ် ညအခါမှာ အတူပါလာသူ မိန်းကလေး စွမ်းဟာ အပေါ့သွားရင်း ပျောက်ဆုံးသွားတဲ့နောက်… ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပေးကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 723MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 28Min Genre – Adventure, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Drama • Thriller
6 1977
[18+] Jungle Holocaust
Big Joy Event
5.9

အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။ လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။ လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား…… ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။

5.9 2023
Big Joy Event
Ayothi
8.3

Ayodhi (2023) IMDb-8.3/10 အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ…? ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့ အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစု ဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ် ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်… သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ် ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား… ကိုယ်ချင်းစာနာစိတ်‌ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alexia ~ Dee ~ KKKZ တို့ပဲဖြစ်ပါတယ်

Science Fiction • Comedy • Drama
8.3 2023 121 mins
Ayothi
Spaghetti
5.6

Spaghetti (2023) ============== သူနာပြု‌မလေး လီနာဆိုင်မွန်တစ်ယောက် အလုပ်သွားရင်း လမ်းမှာကားပျက်သွားတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဖြစ် တဲ့ စကော့တီရဲ့အကူအညီကို မယူချင်ဘဲယူလိုက်ရတယ်။ လီနာနဲ့ စကော့တီတို့ အပြန်အလှန်စကားတွေပြောရင်း ညစာ အတူစားဖို့ချိန်းတဲ့အထိရင်းနှီးသွားကြရော။ ဒါပေမဲ့ ‌လီနာက စကော့တီအပေါ် အရမ်းသဘောကျသွားပြီး သူ့ကိုပိုင်ဆိုင်ချင် လာတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ ညွှန်းပေးတဲ့ မှော်ဆ ရာမကြီးဆီမှာ အစီအရင်သွားလုပ်မိလိုက်တယ်။ အဲလိုအစီ အရင်လုပ်ပြီးနောက် သူ(မ)ဘဝ ဘယ်လိုမျိုး‌အကြီးအကျယ် ပြောင်းလဲဆိုတာကို ဟော်ရာဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.28 GB) / (491 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Khant Sett Naing Encoder……….SWM

5.6 2023 81 mins
Spaghetti
Fentasy

စုတ်ပြတ်သတ်နေတဲ့ဘ၀ လက်ရှိပတ်ဝန်းကျင်ကလူတွေနဲ့ဝေးရာဆီ ပျောက်ကွယ်ပြီး အေးချမ်းတဲ့နေရာလေးတစ်ခုမှာ နေချင်တဲ့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်။ မဖြစ်နိုင်သေးတဲ့အိပ်မက်လေးနဲ့ ယှဉ်သန်နေရင်း ဖူးစာဖက်လို့ထင်ရသူနဲ့တွေ့ပြီး ချစ်ခင်စုံမက်ခဲ့။ နှစ်ယောက်သား စိတ်ကူးတွေထပ်တူကျရင်း စိတ်ကူးယဉ်ထားတဲ့အိမ်လေးတစ်လုံးဝယ်ဖို့ ကြိုးစားရင်းက သူတို့ဖန်တီးရောင်းချမိကြတာ ဖန်တနိုင်းဆိုတဲ့ မူးယစ်ဆေး။ ဘိန်းဖြူတဲ့ အဆငါးဆယ်လောက်ပြင်းတဲ့ ဖန်တနိုင်းကို ဘိန်းဖြူလို့ထင်ရအောင်ဖန်တီးပြီး ရောင်းချရင်းက သူတို့တွေကို ရုရှားလူဆိုးဂိုဏ်းတစ်ခုက သတိထားမိလာချိန်။ အိပ်မက်တွေကိုပစ်ချ ဘ၀မှာရှင်သန်ဖို့အရေးကြိုးစားရင်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြရတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.2 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Fentasy
Boat
7.7

Boat (2024) လှေ IMDb-7.9/10 အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ….။ ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်….။ ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်….။ ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်….။ တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့….။ ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Action • Science Fiction
7.7 2024
Boat
Memories of a Burning Body Memorias de un cuerpo que arde
6.9

Memories of a Burning Body (2024) IMDb Rating (6.9) Memories of a burning body က အသက် 60 နဲ့ 70 ကြား အမျိုးသမီးသုံးယောက်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ လူမှုအသိုင်းအဝိုင်းထဲက အမျိုးသမီးတစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကို ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဆိုတာထက် Documentary interview ပုံစံဖြစ်ပြီး အမျိုးသမီးသုံးယောက်ရဲ့ဘဝဇာတ်ကြောင်းကို ဇာတ်ကောင်တစ်ယောက်တည်းအနေနဲ့ 12 အရွယ် ကလေးမလေး၊ လူလတ်ပိုင်း အမျိုးသမီးနဲ့ 65 နှစ်အရွယ် တစ်ခုလပ်အနေနဲ့ ဘဝအဆင့် သုံးဆင့်ဆိုပြီး ပြသထားပါတယ်။ လူ့ဘောင်အဖွဲအစည်းက အမျိုးသမီးတွေရဲ့ ကြီးပြင်းလာပုံ၊ ဖိနှိပ်ခံရမှုတွေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာအဖြစ် မှားယွင်းသင်ယူခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေအကြောင်းကို လက်တွေ့ဖြစ်ရပ်မှန်ဘဝတွေနဲ့ မှန်ကန်တိကျအောင် ဖော်ပြထားပြီး အမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ Womanhood documentary တစ်ခုပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Adventure • Drama • Western
6.9 2024 90 mins
Memories of a Burning Body Memorias de un cuerpo que arde
Serial Rabbit One
4

Serial Rabbit One (2025) အီစတာနေ့ရောက်တိုင်း ရက်ရက်စက်စက် လူသတ်မှုတွေဖြစ်ပွားခဲ့တယ်။ လူသတ်သမားက ယုန်၀တ်စုံ‌၀တ်ထားပြီး နည်းမျိုးစုံနဲ့လူတွေအများကြီးကို သတ်ခဲ့တယ်။ ၃ နှစ်လုံး အီစတာနေ့မှာပဲသတ်ခဲ့ပေမဲ့ ၄ နှစ်မြောက်မှာတော့ ပြောင်းလဲသွားခဲ့ပြီး အီစတာနေ့မဟုတ်တဲ့နေ့မှာပါ လူသတ်မှုတွေရှိလာခဲ့တယ်။ နောက်ဆုံးမှာတော့ ကွင်းဆက်လူသတ်ယုန်ကို ဖမ်းမိခဲ့ပြီး သူသတ်ခဲ့တဲ့သူတွေ ၊ သူ့နောက်ခံငယ်ဘ၀ရယ်၊ သတ်ရတဲ့အကြောင်းရင်းကို စစ်မေးသွားပါမယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.4 GB) / (650 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:21:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su

Drama • Romance
4 2025 81 mins
Serial Rabbit One
Ziam
7.5

Ziam (2025) ************ ကိုကိုMark Prinတို့ အမှန်အကန်ကြမ်းမယ့် နောက်ဆုံးထွက် ထိုင်းဇွန်ဘီးကားလေးကို ခုပဲ စီအမ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ… မင်းသမီးကလည်း ပြည်သူ့အချစ်တော်လေးNychaaဆိုတော့ castတစ်ပေါက်နဲ့တင် ကြည့်ရတန်စေမှာပါ… ဒီကားလေးကတော့ ကမ္ဘာကြီးပူနွေးလာပြီး ကပ်ဘေးဆိုက်နေတဲ့ကာလကြီးထဲက ‌ဒေါက်တာမလေးနဲ့ မွေထိုင်းလက်ဝှေ့ကျော်လေးတို့ရဲ့ ဇာတ်လမ်းလေးပါ… ဇာတ်လမ်းအကျဉ်း ——————– မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး… ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖို့အရေး သင်္ဘောလိုက်ပြီး ငွေစုဖို့လုပ်ပါတယ်… သူ့ချစ်သူ ‘ရင်’ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို့ ဒါကို သဘောမကျလှပါဘူး… အသားဆိုတာ ရွှေပေးဝယ်လို့မရလောက်တဲ့ ရှားပါးကာလဖြစ်လို့ ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း… ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး ‘ရင်’တို့ဆေးရုံကို ရောက်လာပါတော့တယ်… ကံဆိုးချင်တော့ ဒီငါးက ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပြီး ‘ရင်’တို့ဆေးရုံတစ်ရုံလုံး zombie outbreak ဖြစ်နေတာကို ဆင်းသိလိုက်ရချိန်မှာတော့… ဆင်းတစ်ယောက် ထိုင်းနိုင်ငံရဲ့ကမ္ဘာကျော် မွေထိုင်းလက်ဝှေ့အစွမ်းနဲ့ ဇွန်ဘီးတွေကို ဘယ်လိုအမှန်အကန်တီးပြီး ချစ်သူကို ကယ်ထုတ်မလဲဆိုတာ ရှုစားကြပါဦး… File Size…. 1.85GB / 839MB Quality…. WEB-DL 1080p AAC5.1 / 720p Format…. mp4 Duration…. 1h 36m Genre…. Action, Thriller, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Heather Oo Translated by Mary, CharOu, Kim, Reddy & Firefly

7.5 2025 96 mins
Ziam