YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Women.in.Blue.2024.S01E02.Paola.1080p.WEB-DL.(CM).mp4

1.06 GB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What's Love Got to Do with It?
6.2

IMDb Rating - 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။  ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.8 GB) / (735 MB) / (422 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Drama • Thriller
6.2 2023 109 mins
What's Love Got to Do with It?
Creed II
7

Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်... ၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိ အောင်မြင်စွာရှင်သန်နေဆဲပါ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့် ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ် ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ် အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူ ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ် အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလို ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ် ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ် ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ် ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ် လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါ သူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကို ကြောက်နေလို့မဖြစ်ပါဘူး နာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ် အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကို စက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်... File Size : ( 1 GB)  Quality : WEB-DL 720p Running Time :2hr 10min Format : Mp4 Genre :Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Neve & Mg King Encoded by May Pyae Sone Oo

Action • Adventure
7 2018 130 mins
Creed II
Heaven in Hell
7.3

ဒီကားထဲ အဓိက မင်းသားကို  365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်... ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်.. ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex scene တွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက် ၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေ ပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။ File Size          : 1.5GB, 743MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 49mins Genre              : Romance, Drama Translated by   Themes Encoded by Phyo Pyae

Romance
7.3 2023 120 mins
Heaven in Hell
The Lost City
6.6

ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File size…4.35GB | 1.8GB | 800MB | 292MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy • Drama • Fantasy
6.6 2022 112 mins
The Lost City
They Talk
4.4

ပရလောကဆိုတာကို တစ်ချို့ကယုံကြတယ်။ တစ်ချို့က မယုံကြဘူးပေါ့။ တစ်ချို့ကျ တစ္ဆေဆိုတာ အကြောင်းတစ်ခုခုနဲ့ဖြစ်လာတဲ့ လူ့ရဲ့ပုံရိပ်ယောင်တွေ ပဲ့တင်သံတွေလို့ ထင်ကြတယ်။ တစ်ခါတလေကျလည်း သဘာ၀ရဲ့လှည့်ကွက်ပေါ့။ သဘာ၀ထဲက လေအေးနဲ့ လေနွေးပေါင်းစပ်မိတဲ့အခါမှာတောင် တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်လောက်စရာတွေပေါ်တတ်တယ်။ ဟော့ကင်းကတော့ လူဆိုတာ ကွန်ပြူတာတစ်လုံးလိုပဲလို့ ဆိုတယ်။ ပျက်ပြီး ပြီးပြီပေါ့။ ဒါပေမဲ့ တကယ်ရှိရှိမရှိရှိ ယုံတဲ့လူတွေရှိနေသရွေ့ သရဲကတော့ ရှိနေဦးမှာပါပဲ။ ဒီဇာတ်လမ်းမှာ လူတစ်ယောက်ဟာ ပရလောကက အသံတွေကို ကြားနေရတယ်။ ကြုံရာကျပန်းတွေပါပဲ။ ဘာတွေလဲကို သူလည်းမသိဘူး။ သူ့လိုပဲ ကြားရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဆီ သူအကြံသွားတောင်းတယ်။ ပရော်ဖက်ဆာကတော့ သရဲတွေက ကြုံရာကျပန်းပြောတာမဟုတ်ဘူး။ သူ့ကို သတင်းတစ်ခုခုပေးချင်တာတဲ့။ ဒီတော့ သူအဖြေရှာတယ်။ သူ့ကောင်မလေးက ဒါတွေကိုမယုံဘူး။ ဆက်မလုပ်တော့ဖို့ပြောတယ်။ ဒီလိုနဲ့ တစ်မနက်ကျ ပရော်ဖက်ဆာကြီးဆီက ဖုန်း၀င်လာပြီး သူ့ကို တစ်ခုခုလာနေပြီ သတိထားလို့ပြောတယ်။ အဲဒီညနေသူ ဖုန်းပြန်ဆက်တော့ ဆေးရုံကကိုင်ပြီး ပရော်ဖက်ဆာ ‌မနေ့ညကတည်းက ဆုံးသွားပြီလို့ပြောတော့ သူလည်းခေါင်းနပန်းကြီးသွားရော။ သူ့ဆီလာမယ့် ဟာကရော ဘာကြီးများလဲ။ သူရောအဖြေကို ‌တွေ့ခဲ့လား။ လိင်ဆက်ဆံခန်းတွေ ရုပ်ပျက်ဆင်းပျက်ရုပ်တွေ ပါတာကို သတိချပ်စေချင်ပါတယ်။ Size - 1.54GB, 650MB Quality - 1080p, 720p Format - mp4 Duration - 1H 36Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Science Fiction
4.4 2021
They Talk
Joy
6.5

ဒီဇာတ်ကားက Joy Manganoဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ Biographical Comedy-Dramaအမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ် Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ် အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။ အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရံှူးမှူတွေကိုရော လက်မြောက် အရံှူးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိူင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။ အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေ Jennifer Lawrence  ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှူနဲ့အတူ IMDB Rating 6.6 အထိ ရထားတဲ့ ဒီဇာတ်ကားက ကြည့်ရှူတဲ့လူတွေအတွက် အကျိုးရှိတဲ့ အတွေးမျိုးကို ပေးနိူင်မှာ သေချာပါတယ်။ File Size         : 930 MB Quality           : Blu ray 720P Running Time : 2hr 04 minute Format           : Mp4 Genre             : Biographical, Comedy, Drama Encoder         : Joker.phs

Action • Horror • Science Fiction
6.5 2015 124 mins
Joy
After Blue (Dirty Paradise)
5.3

After Blue (Dirty Paradise) (2021) အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ သားအမိနှစ်ယောက်ကို Kate Bush ကို သွားသတ်ခိုင်းပါတော့တယ်။ သားအမိနှစ်ယောက်ခမျာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ Kate Bush ကို သတ်ဖို့ ရှာပုံတော် ဖွင့်ကြရတဲ့အခါ … ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 2.9GB, 1GB, 536MB Quality : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format : mp4 Duration : 2hr & 9mins Genre : Fantasy, Sci-Fi Translated by Jane Encoded by Kinnov

Action • Adventure • Animation • Comedy • Family
5.3 2021 129 mins
After Blue (Dirty Paradise)
Sins of the Father
4.2

Sins of the Father (2022) =================== ဆာရာနဲ့ အေဒန်တို့သားအမိနှစ်ယောက်ဟာဆိုရင် စွန့်ခွာခဲ့တာ နှစ်ပေါင်း များစွာကြာပြီဖြစ်နေတဲ့ အေဒန့်ဖခင်ဖြစ်သူနဲ့အတူ သူတို့တွေ အရင်ကနေ ထိုင်ခဲ့တဲ့အိမ်ကြီးကို အေဒန့်ဖခင်ဖြစ်သူသေဆုံးအပြီးမှာ ဆာရာတစ်ယောက် အေဒန်နဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါတယ်။ အဲဒါဟာလည်း ဆာရာ တစ်ယောက်ငွေလိုအပ်နေလို့ အိမ်ရောင်းချဖို့အတွက် အပြီးသတ်လုပ်စရာ လေးတွေလုပ်ဖို့ ပြန်လာခဲ့ရတာပါ။ ရောက်ရောက်ချင်းမှာပဲ အိမ်တံခါးဝရှေ့မှာ အစားအသောက် ခြင်းတောင်း လေးချထားတာကို ဆာရာတစ်ယောက် ထူးဆန်းစွာနဲ့ပဲ အထိတ်တလန့်ဖြစ်ပြီး အေဒန့်ကို အိမ်ထဲအတင်းဝင်ခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့နောက်တစ်ရက်မှာ အိမ် ကူရှင်းပေးကြဖို့ဆိုပြီး ဆာရာ့သူငယ်ချင်းတွေနဲ့ အေဒန့်အရွယ်ကောင်မလေး တစ်ယောက်ပါ ရောက်လာခဲ့ကြတာပေါ့။ ရောက်ပြီးသိပ်မကြာခင်မှာပဲ အနီး အနားပတ်ဝန်းကျင်က လူကြီးတစ်ယောက်နဲ့ သားဖြစ်သူစကားပြောနေတာကို တွေ့ပြီး ဆာရာတစ်ယောက် အထိတ်တလန့်ထပ်ဖြစ်ရပြန်ပါတယ်။ ဘာလို့များ ဆာရာတစ်ယောက် ဒီလိုမျိုးထိတ်လန့်တကြားတွေဖြစ်ဖြစ်နေရတာ လဲ။ သူတို့ကိုအန္တရာယ်ပြုနိုင်မယ့်အရာတွေများ ရှိနေတာလား။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာတုန်းကရော ဘယ်အကြောင်းကိစ္စတွေကြောင့် ဆာရာဟာ အေဒန့်ကိုခေါ်ပြီး အဝေးကိုထွက်သွားခဲ့ရတာလဲ။ ဆာရာတစ်ယောက် အေဒန်မသိအောင် ဘာတွေ ကိုများ လျှို့ဝှက်ချက်အနေနဲ့ ထားထားနေတာလဲဆိုတာကိုတော့ ဒီကားလေးကြည့် ပြီးဆက်လက်အဖြေရှာကြည့်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.6 GB) / (608 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……Fiona Gillen Encoder……….SWM

Thriller • TV Movie
4.2 2022
Sins of the Father
Butterfly Shadow
5.7

တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။ ၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။ တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား…… ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2023
Butterfly Shadow
Non-Stop
6.9

ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီး IMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။ နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာ လေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။ တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်း မိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊ ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါ သန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှ ဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊ ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲ လူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါ တရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး သူ့အပေါ်ကို ကျနေတဲ့ သံသယအမြင်တွေကို ဖယ်ရှားနိုင်မလားဆိုတာ ဇာတ်ရှိန် မကျတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ File Size : 1.5 GB, 745 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

6.9 2014
Non-Stop
Nanay, Tatay
8

Nanay, Tatay (2024) IMDb Rating (8.0) ဘတ်တီနာ၊အောလစ်ဗ်နဲ့ ပေါ်လာ တို့ဟာ မိဘမဲ့ကလေးတွေဖြစ်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့လမ်းမှာတွေ့တဲ့ လင်မယားနှစ်ယောက်က ကယ်တင်သွားခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အဲ့ဒီဇနီးမောင်နှံဟာ သမီးငယ်ကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေဖြစ်ပြီး သူတို့သုံးယောက်လုံးကို မွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ဘ၀ကနေ ချက်ချင်းစံအိမ်ကြီးတစ်လုံးမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို ရောက်သွားပေမယ့်လည်း အိမ်ကြီးပေါ်ကိုရောက်မှ ထူးဆန်းတဲ့အဖြစ်တွေ လျှို့ဝှက်ချက်တွေနဲ့ ခြောက်လှန့်မှုတွေကို သူတို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီကြုံတွေ့လာရပါတော့တယ်။ ဒီအိမ်ကြီးရဲ့အခြောက်အလှန့်က ဘယ်သူ့ဝိဉာဉ်အစွဲဖြစ်မလဲ? အိမ်ရှင်လင်မယားရဲ့သေဆုံးသူ သမီးလေးလား? ဘတ်တီနာတို့သုံးယောက်ဘက်ကရော အပြည့်အ၀ရိုးသားမှုရှိရဲ့လား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.2 GB) / (710 MB) / (420 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • TV Movie
8 2024 120 mins
Nanay, Tatay
Anna and the King

Anna and The King (1999) ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။ အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။ အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။ စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။ အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး နှစ်ပတ်လည်ပွဲလုပ်တော့အန်နာ့ကိုဦးစီးခိုင်းပါတယ်။ပွဲမှာအနောက်တိုင်းဝေါ့ဇ်အကကိုထည့်ထားပြီးဘုရင်ကအန်နာနဲ့ကပါတယ်။ပွဲမှာ အန်နာကအင်္ဂလိပ်လိပ်ကုန်သည်တစ်ယောက်ကိုရဲရဲရင့်ရင့်ပဲ ထိုင်းဘက်ကနေကာကွယ်ပြောလိုက်လို့ ဘုရင်ကအန်နာထင်တဲ့ဟာကိုအမြဲပြောဖို့ခွင့်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့သမီးတော်လေးဖားရင်က ပုံဆွဲတာဝါသနာပါပြီး အန်နာ့ကိုပုံလေးတွေပေးတတ်ပါတယ်။ဖားရင်နေမကောင်းဖြစ်ပြီးဆုံးခါနီးတော့အန်နာနာမည်ကိုချည်းခေါ်နေလို့ အန်နာနဲ့ပေးတွေ့လိုက်တဲ့အခါ အန်နာ တစ်အားခံစားရပါတယ်။ ဘုရင်ကလည်းသမီးတော်လေးဆုံးပြီးကတည်းက စိတ်တွေတိုနေလို့ အန်နာကကလေးတွေနဲ့ ပျော်ပွဲစားထွက်ဖို့ခေါ်တော့မလိုက်ဘူးလိုလိုနဲ့ စကားအခြေအတင်ပြောကြပြန်ပါတယ်။ အန်နာကအင်္ဂလိပ်တွေထိုင်းကိုသိမ်းမယ့်အကြံကိုဆိုလက်မခံပါဘူး။ထိုင်းကုန်သည်တွေသတ်ခံရတာအင်္ဂလိပ်တွေရဲ့လက်ချက်လားလို့ရဲရဲရင့်ရင့်သွားမေးပါသေးတယ်။ကိုယ်လုပ်တော်တပ်တင်ရဲ့ အမှုကိစ္စတစ်ခုအတွက်အန်နာကဘုရင်ကိုသွားပြောတဲ့အခါ ဘုရင်က လက်မခံခဲ့ပါဘူး။ တပ်တင်နဲ့ဘာလတ်ကွပ်မျက်ခံရလို့အန်နာဝမ်းနည်းပြီးအင်္ဂလိပ်လန်ကိုပြန်ဖို့လုပ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က အန်နာ့ဆီလိုက်လာပြီးစစ်သူကြီးအယ်လတ်ကတိုက်ခိုက်အာဏာသိမ်းဖို့လုပ်နေပြီး ဘုရင်နဲ့မိဖုရားတွေသားတော်သမီးတော်တွေနန်းတော်ကနေ ရှောင်ရဖို့ဖြစ်လာတဲ့အခါ အန်နာဘယ်လိုဆုံးဖြတ်မယ် ဘာတွေဖြစ်မယ်ကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားပေးချင်တဲ့အနှစ်သာရယဥ်ကျေးမှုတွေ ရိုးရာဓလေ့ထုံးတမ်းတွေမှာ ဘယ်နိုင်ငံကပိုသာတယ်ဆိုတာမရှိပါဘူး။အန်နာကထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်တောက်ပတဲ့ အလင်းတန်းတစ်ခုကိုဖြစ်စေခဲ့ပါတယ်တဲ့။နောက်တော့ထိုင်းဘုရင်က ကျွန်စနစ်ကိုဖျက်သိမ်းခဲ့တယ်။တရားစီရင်ရေးကိုပြုပြင်ခဲ့တယ်။ထိုင်းရဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့တယ် ။ File size… (3.3 GB) / (1.6 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Romance • Drama
0 1999
Anna and the King
Like for Likes
6.8

Like for Likes (2016) ******************** IMDb… 6.8 ခေတ်သစ်လူမှုဘဝမှာ ဆိုရှယ်မီဒီယာကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ဖော်ကျူးကြတဲ့ စုံတွဲသုံးတွဲအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Kim Joo-hyeokနဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoo Ah-in, Kang Ha-neul, Choi Ji-woo, Lee Mi-yeon, Esom တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း နိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာ အတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့ သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ကတော့ ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ လက်ထပ်ပြီးရင် အတူနေဖို့အတွက် တိုက်ခန်းလေး တစ်ခန်း ငှားရမ်းဖို့လိုက်ရှာရင်းကနေ လေယာဥ်မယ်လေး ဟမ်ဂျူရန် (Choi Ji-woo) ဆီကနေ အခန်းငှားရမ်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ဆောင်ချန်းဟာ ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပဲ ဂျူရန်ကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရာကနေ ပိုက်ဆံအလိမ်ခံလိုက်ရပြီး ခိုကိုးရာမဲ့နေချိန်မှာ ဆောင်ချန်းက သူငှားထားတဲ့ တိုက်ခန်းမှာ ဂျူရန်နဲ့ အတူနေထိုင်ဖို့ လမ်းလှမ်းဖြစ်ခဲ့ပါတယ်။ အီဆူဟို (Kang Ha-neul) ကတော့ သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတုန်းက ကားမတော်တဆမှုကြောင့် အကြားအာရုံချို့ယွင်းခဲ့ရသူပါ။ သူဟာ ဆောင်ချန်းရဲ့စားသောက်ဆိုင်က ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ စားသောက်ဆိုင်ထိုင်နေရင်း ဇာတ်လမ်းတွဲ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ဂျန်နာယွန်း (Esom) နဲ့ တွေ့ဆုံခဲ့ရာကနေ နှစ်ဦးသား ရင်းနှီးသွားကြပါတော့တယ်။ အဲဒီနောက်မှာ facebookကနေတစ်ဆင့် မက်ဆေ့ချ်တွေ အပြန်အလှန် ပို့ခဲ့ကြပြီး နှစ်ဦးသား ဒိတ်တွေလည်း လုပ်ခဲ့ကြပေမဲ့ ဆူဟိုဟာ သူ့ရဲ့ အကြားအာရုံချို့ယွင်းမှုအကြောင်းကို နာယွန်းကို ဖွင့်မပြောနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ ဒီစုံတွဲလေး သုံးတွဲရဲ့ အချစ်ဇာတ်လမ်းလေး သုံးပုဒ်ဟာ နောက်ဆုံးမှာ ပျော်ရွှင်ဖွယ်အဆုံးသတ်လေးဖြစ်သွားနိုင်မလား…. ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သူတို့ရဲ့ အချစ်တွေကို ဘယ်လိုဖော်ကျူးသွားမှာလဲ….ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.75GB/ 850MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:49:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Action • Drama
6.8 2016 120 mins
Like for Likes
To Barcelona, with Love
6.4

To Barcelona, with Love (2025) IMDb Rating (6.4) အမေရိကန်လူမျိုး ဘာသာပြန်ဆရာမ အယ်ရီကာဟာ စာရေးဆရာမ အန်နာရဲ့ ဘာစီလိုနာအခြေပြု ဝတ္ထုတစ်ပုဒ်ကို တစ်အုပ်လုံးအသစ်နီးပါးဖြစ်အောင် ပြင်ရေးခဲ့ပါတယ်။ စာရေးဆရာမ အန်နာဟာ သူရေးထားတဲ့ စာအုပ် ထင်သလောက်ရောင်းအားမကောင်းခဲ့ဘဲ ဝေဖန်မှုနေတဲ့ရင်ဆိုင်နေရတဲ့အချိန် ဘာစီလိုနာမှာတော့ အရောင်းရဆုံးစာအုပ်ဖြစ်နေသည်ဆိုသည်ကို သိလိုက်ရပါသည်။ အန်နာအဖို့ အံ့အားသင့်နေချိန်မှာပဲ ဘာစီလိုနာမှ စာအုပ်ဆိုင်ပိုင်ရှင် နီကိုက စာအုပ်လက်မှတ်ထိုးပွဲပြုလုပ်ရန် သူမအား ဖိတ်ခေါ်ခဲ့ပါတယ်။ အယ်ရီကာကိုလည်း အန်နာလိုအပ်သည်များကို ကူညီပေးဖို့ အကူအညီတောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ အန်နာနဲ့ အယ်ရီကာ နှစ်ယောက်အတူတွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်ကြားက စာအုပ်လျှို့ဝှက်ချက်အပြင် ဖြစ်ပေါ်လာမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ၊ သူငယ်ချင်းခင်မင်မှုတွေ၊ ကိုယ်စီရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြပုံတွေနှင့်အတူ ဘာစီလိုနာမြို့ရဲ့ အလှအပ၊ စပိန်နိုင်ငံရဲ့ စာပေအပေါ်တန်ဖိုးထားပုံတို့ကို စန့်ဂျော်ဒီနေ့ နဲ့အတူ တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size…(2 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT

Comedy
6.4 2025
To Barcelona, with Love