YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Womb (2025) WEB-DL,720p (CM).mp4

810.23 MB N/A video/mp4 125 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enola Holmes 2
7.6

နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ================ အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ‌ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

Comedy • Horror
7.6 2022 129 mins
Enola Holmes 2
A Moment of Romance
6.9

~ IMDb rating - 7.4/10 ~ " ဒီတိုတောင်းလွန်းတဲ့ ဘဝမှာတောင် မင်းထွက်သွားတဲ့နားပဲ ကိုယ်ရပ်တန့်နေခဲ့တယ်။ မချစ်ခဲ့မိရင် အကောင်းသားလို့ နောင်တမရချင်တာကလည်း ငါတို့ရဲ့ ရိုးရှင်းစွာတုံးအခဲ့ခြင်းတွေပေါ့။ အရှိန်အဟုန်တွေ ဘယ်လောက်ပြေးပြေး အလှမ်းဝေးလွန်းတဲ့မြစ်ကို တို့မရောက်နိုင်ခဲ့။ မင်းမျက်ရည်စတွေ ငါတို့ရဲ့နေ့တွေ အကုန်မြန်လွန်းတဲ့ ခန်းခြောက်မြစ်တွေ ဖြစ်စေ...။ မိုးသားထဲ ပျံသန်းကြည့်ခဲ့ကြတယ်။ အရှိန်အဟုန်တွေ တို့ကိုခေါ်နိုင်စေသားပေါ့ အားလုံးမဲ့တဲ့ အရပ်ဆီ။ တိမ်တွေဟာ ရေမှုန်ကို မိုးသားထဲ သယ်ဆောင်နိုင်သွားလည်း ခဏတာ။ တစ်စစီ တစ်စစီ။ အသက်နဲ့ဆက်ဆက် ဘဝနဲ့ဆက်ဆက် ဒီအချစ်ရဲ့ အခိုက်တန့်လေး ကိုယ်လဲယူချင်ခဲ့တာ။ ဝေးလွန်းတယ်ဆိုပေမဲ့ လှမ်းကြည့်ရင် အစဉ်မြင်ဆဲ..." မင်းသားက အန်ဒီလောင်ဆိုတော့ ဒီရုပ်ရှင်က ၁၉၉၀ ဝန်းကျင်မှာ အန်ဒီလောင်အရိုက်များခဲ့တဲ့ တခြားဇာတ်တွေလိုပဲ အပေအတေ ဂိုဏ်းစတားလူငယ်လေးနဲ့ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ချစ်ခြင်းရဲ့ကားပါပဲ။ ဆိုင်ကယ်ပြိုင်ပွဲတွေ ကားပြိုင်ပွဲတွေနဲ့ လမ်းဘေးရန်ပွဲတွေကို ပုံဖော်ပြီး သူတို့ဂိုဏ်းရဲ့ ဂေါ့ဖာသားကြီး ဆေးရုံစားရိတ်အတွက် ဓားပြသွားတိုက်ရာကနေ အလွဲအချော်ဖြစ်ပြီး ဓားစာခံဖမ်းခဲ့ရတဲ့ ကောင်မလေးနဲ့ ဂိုဏ်းစတားတစ်ကောင်ကြားက ချစ်ခြင်းကိုပုံဖော်ထားခဲ့တယ်။ သရုပ်ဆောင်တွေကတော့ ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက ဒီမှာတော့ နာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ အန်ဒီလောင်၊ စတီဖင်ချောင်ရုပ်ရှင်တွေနဲ့ အားလုံးရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ ယမန်နှစ်က ဆုံးသွားခဲ့တဲ့ အန်ကယ်တက်တို့အပြင် မင်းသမီး Chien-Lien Wu ရဲ့ နုလွန်းတဲ့အလှကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တယ်။ သူ့လိုရုပ်မျိုးနဲ့မဟုတ်ဘဲ မက်ဂီတို့ ဂေါင်လီတို့လို ရုပ်တွေနဲ့ရိုက်ရင် ဒီလောက် အသက်ဝင်မှာမဟုတ်ဘူးလို့ ပြောလို့ရတဲ့အထိပဲ။ အန်ကယ်တက်ကလည်း ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့ဆုရခဲ့ပါတယ်။ ဟောင်ကောင်အက်ရှင်ဆရာကြီးတစ်ပါးဖြစ်တဲ့ Johnnie To ရဲ့ လက်ထောက်ဖြစ်ဖူးတဲ့ Benny Chan ဟာ JT ရဲ့လက်ထောက်ပီသစွာပဲ ပွဲဦးထွက် ကားမှာတင် တော်တော်ပြောင်မြောက်အောင်ရိုက်နိုင်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ A Moment of Romance ဟာ ဘန်နီချန်းရဲ့ ပွဲဦးထွက်ကားပေမဲ့ အတုခိုးခံခဲ့ရတာလည်းများသလို အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဘန်နီချန်းဟာ Who Am I?, Rob-B-Hood, New Police Story, Shaolin, Raging Fire တို့လို ကားတွေကိုလည်း ရိုက်ကူးခဲ့ပြီး ယမန်နှစ်က ဆုံးသွားခဲ့တာကြောင့် Raging Fire ဟာ သူ့နောက်ဆုံးကားဖြစ်သွားသလို သူ့ရဲ့အကောင်းဆုံးကားတွေစာရင်းထဲတောင် မဝင်ပေမဲ့ ဟောင်ကောင်ရုပ်ရှင်ပွဲတော်မှာ ထိပ်ဆုံးဆုတွေကို ရရှိခဲ့ပါတယ်။ အခု A Moment of Romance ကတော့ သူ့အကောင်းဆုံးတွေထဲကဖြစ်သလို အာရှရုပ်ရှင်ပရိသတ်တွေ ဘန်နီချန်းအကြောင်းပြောကြတဲ့အခါ ထိပ်ဆုံးက ထည့်ပြောရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ တစ်ချို့ကတော့‌ ဟောင်ကောင်အက်ရှင်စီနီမာက အမြင့်ဆုံးပေးစွမ်းနိုင်တဲ့ ကားမျိုးလို့လည်းဆိုကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB, 591MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 1H 27Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.9 1990 92 mins
A Moment of Romance
Moneyboys
6.6

~ IMDb - 6.4/10, Rotten Tomatoes - 92% ~ C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ရှင်သန်နေရလဲ။ ငွေရဖို့ ဘယ်လောက်ထိ အနိုင်ကျင့်ခံရလဲဆိုတာတွေပြပြီး တင်ပြခဲလှတဲ့ လိင်တူကြိုက် ယောက်ျားပခြုပ်သည်ဘဝကို ဒါရိုက်တာဟာ ပွဲဦးထွက်မှာတင် ရှားရှားပါးပါး တင်ပြထားပါတယ်။ မင်းသားတွေကလည်း visual ကောင်းသလို ဇာတ်လမ်းကလည်း Heart touching ဖြစ်တဲ့အပြင် မအေးလည်းမအေးလှတာမို့ အတော်များများ အကြိုက်တွေ့ကြမယ့် ထိုင်ဝမ်ဒရာမာကားအသစ်‌ပေါ့။ You are the Apple of My Eye မင်းသားကိုလည်း ကြုံတောင့်ကြုံခဲထပ်မြင်ရမယ့် ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 940MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Family
6.6 2021 116 mins
Moneyboys
The Red Book Ritual
5.5

2022 ထွက် Horror ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကစားနည်းတစ်ခု ရှိပါတယ်။ သဘာဝလွန် ကစားနည်းပေါ့။ တစ်နည်းအားဖြင့်ပြောရရင် တမလွန်ဘုံသားများနဲ့ အတူဆော့ရမယ့် ကစားနည်းပါ။ ကစားနည်းက သိပ်မထူးဆန်းပါဘူး။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်း။ ဘေးမှာ လူတွေဝိုင်းထိုင်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တစ်အုပ်ရှာပြီး ကစားရုံပါပဲ။ အန်ကယ်ဆမ်တို့ဆီမှာ လူတိုင်းသိတဲ့ ကစားနည်းပေါ့။ ကျွန်တော်တို့ဆီဆိုရင် ဖျာလိပ်နတ်မေးကြသလိုပေါ့ဗျာ။ ကစားဖို့အတွက် သူတို့ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ဟာ အဖော်အပေါင်းတွေနဲ့ သုံးယောက်ပူး ရောက်ချလာပါလေရော။ အိမ်ထဲမှာ ရှိနှင့်ပြီးသား စုန်းမတစ်ယောက်ကလည်း စာအုပ်ကနဆင့် အပြင်ထွက်နိုင်အောင် ကြိုးစားလာပါပြီ။ ဘာတွေကစားချင်လို့ ခေါ်လိုက်မှန်း မသိရပေမယ့် အခြေအနေက ခြောက်ခြားလာတဲ့အခါ ကစားပွဲက ထွက်ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ အခက်သားလားဗျာ။ အစတည်းက စည်းကမ်းရှိပြီးသား။ သူတို့ သုံးထားတဲ့ သွေးနီစာအုပ်ရဲ့ ခွင့်ပြုချက်ရမှ ဒီကစားပွဲက ထွက်ရမယ်ဆိုတော့။ အင်း ... ဇာတ်ကားကိုသာ ကြည့်လိုက်ပါတော့ဗျို့။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.1GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__4/10 Format__mp4 Duration__01:24:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

5.5 2022 83 mins
The Red Book Ritual
County Line: All In
6

မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။ သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့..... 2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ တစ်ချို့အချက်တွေနဲ့ တရားခံကို အစကတည်းက အရိပ်ပြထားခဲ့ပေမဲ့ လုံး၀မမှန်းမိမှာတော့ သေချာသလောက်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ W ပါ ) File Size__(1.6GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:28:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Drama
6 2022 83 mins
County Line: All In
Lady Bird
7.3

Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ကျောင်းကောင်းတွေကိုသာ ရွေးလျှောက်ဖို့ကြိုးစားခဲ့ပါတယ်။ အဖေဖြစ်သူကတော့ သမီးလေးအဆင်ပြေအောင် နည်းမျိုးစုံနဲ့ထောက်ပံ့ခဲ့ပါတယ်။ ငှက်မဒီတစ်ယောက် မိဘတွေနဲ့ ဘယ်လိုကတောက်ကဆတွေဖြစ်မလဲ၊ ဘယ်အရာမဆို လက်တည့်စမ်းချင်တဲ့အရွယ်မှာ ဘာတွေကြုံရမလဲ၊ ငွေရေးကြေးရေး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။ Ladybird ရုပ်ရှင်ဟာ Poster ပဲကြည့်ရင် နာမည်ကျော်အထင်ကရ အမျိုးသမီးတစ်ယောက်ယောက်အကြောင်း ရိုက်ထားသလားလို့ ထင်မိပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ အလွန်ရိုးရှင်းပေမယ့် အော်စကာဆန်ကာတင်စာရင်းမှာ အကောင်းဆုံးရုပ်ရှင်ဆုနေရာအတွက် တစ်ကားအပါအဝင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ အမျိုးသမီးဒါရိုက်တာ Greta Gerwig အတွက်လဲ ပွဲဦးထွက်ရုပ်ရှင်မှာတင် အော်စကာဆန်ကာတင်စာရင်းဝင်သွားတဲ့အတွက် မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီး Saoirse Ronan လဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု နေရာအတွက် ဆန်ကာတင်စာရင်းမှာပါခဲ့ပါတယ်။ သူဟာ 2015 ခုနှစ်တုန်းက ပြသခဲ့တဲ့ Brooklyn ရုပ်ရှင်မှာလဲပါဝင်ခဲ့ဖူးပြီး အဲ့ရုပ်ရှင်နဲ့တုန်းကလဲ ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ Ladybird ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်ရုပ်ရှင်တွေထဲမှာတော့ အရိုးရှင်းဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ အဓိကပြသသွားတာက လူတွေရဲ့အပြင်ပန်းသဏ္ဏာန်နဲ့ စိတ်ထဲကခံစားချက်တွေ၊ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ကစားမှုတွေပါ။ ဒီနှစ် အကောင်းဆုံးရုပ်ရှင်ဆုအတွက်ကတော့ တစ်ပေးချင်စရာ ရုပ်ရှင်တွေကြီးပဲ ဖြစ်နေပါပြီ။ အားလုံးပဲ တကယ်ကောင်းပါတယ်လို့အာမခံနိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) ================================================ File Size : (756 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Comedy • Drama • Romance
7.3 2017 94 mins
Lady Bird
Smokin’ Aces
7.4

Smokin’ Aces(2006) အညွှန် ************************ Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်… ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့် သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်း သူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက် သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်… လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ… တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Action • Drama • History • Thriller
7.4 2006
Smokin’ Aces
[18+] Petty Romance
6.5

Petty Romance(2010) ******************** ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee), ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se), ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါက ဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါ ဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့် အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ် File Size :2.2GB& 907MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy ,Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Drama
6.5 2010
[18+] Petty Romance
Dead Ringers
7.2

အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။ အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက မူမှန်ရဲ့လားဆိုတာကို စဉ်းစားရခက်စွာ အဖြေရှာရှင်း ကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပါ၊ ၁၉၈၈ ကတည်းက ဒီဘက်ခေတ်မီအောင် ပြောင်မြောက်စွာ ရိုက်ကူးထားတဲ့အတွက်ကြောင့် ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Action • Comedy • Drama
7.2 1988 115 mins
Dead Ringers
Dwelling by the West Lake
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။ အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။ အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။ တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

6 2024
Dwelling by the West Lake
Ancika
6.9

Ancika: Dia yang Bersamaku 1995 ( 2024 ) ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုတဲ့အတိုင်း အသိရခက်တဲ့ မိန်းမတို့သဘောအတိုင်း မကြိုက်ဘူးက ကြိုက်တယ်ဖြစ်နေတာကို ကြည်ကြည်နူးနူးလေး ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ အိုဗာတွေလည်းမပါသလို ဇာတ်ကလည်း ဘတ်ဆဲလ်လားဝတ္တုဆိုတော့ ကြည့်ကောင်းရှု့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ မင်းသားတော့ မပြောတတ်ပေမဲ့ မင်းသမီးလေးကတော့ ချစ်စရာလေးမို့ မင်းသမီးငန်းရင်းသက်သက်ကြည့်တောင် ကြည့်ကောင်းနေတဲ့ကားပါပဲ။ ဒါပေမဲ့ ဇာတ်က ရိုမန့်တစ်ကားတစ်ကား ရှိသင့်တဲ့အချိုးအကွေ့တွေ အကုန်ရှိပြီးကြည့်ကောင်းနေတော့ ရိုမန့်တစ်ကားကြိုက်တဲ့လူတွေတော့ သဘောကျကြပါလိမ့်မယ်။ အရမ်းအဆန်းကြီးတော့မဟုတ်ပေမဲ့ ကျွန်တော်တို့ ဟိုးအရင်တုန်းက ကြိုက်ခဲ့ဖူးလောက်မယ့် ရိုမန့်တစ်ရုပ်ရှင်တွေရဲ့ ပါဝင်ပစ္စည်းတွေ တော်တော်စုံတာမို့ သူများအတွဲရိုတာကို ထိုင်ကြည့်လို့ကောင်းတဲ့ဇာတ်ဆိုလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6.9 2024
Ancika
Kuman Thong Black Magic Baby
7.3

Black Magic Baby (2024) Original title: Kuman thong IMDb Rating (7.3) ကူမန်ထုံဆိုတဲ့ နာမည်ကိုကြားရင် ထဲထဲဝင်ဝင်မသိဘူးဆိုရင်တောင် အများစုကတော့ ကြားဖူးနေကျ ရင်းနှီးနေကျ နာမည်တစ်ခုဖြစ်မှာပါပဲ။ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ရိုးရာယုံကြည်မှုအစီအရင်တစ်ခုဖြစ်ပြီး အပေါ်ယံသဘောပြောရရင်တော့ ကလေးသရဲတွေကိုအစီအရင်တွေနဲ့အရုပ်ထဲထည့်ပိတ်ပြီး ကလေးတွေကိုဆက်ဆံသလို မုန့်ကျွေး၊အဝတ်ဆင်၊ ကစားစရာပေး၊ ကိုယ့်ဘက်က လိုရာဆုတောင်းကြတဲ့ပုံစံမျိုးပါ။ အဲ့ဒီဖြစ်စဉ်တွေကြောင့် မသမာမှုတွေ၊ရာဇဝတ်မှုတွေ၊အမှုအခင်းတွေဖြစ်ပေါ်လာတဲ့နောက် အာဏာပိုင်တွေကပါ နှိမ်နင်းရတဲ့အထိအုတ်အော်သောင်းတင်းဖြစ်ခဲ့တာပါ။ အခုချိန်မှာ တရားမဝင်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလေးအလောင်းအစစ်ကိုမသုံးတော့ပေမယ့် တစ်ခြားနည်းလမ်းတွေနဲ့တော့ ဆက်ပြီး တည်ရှိနေကြတုန်းပါပဲ။ ဒီဇာတ်ကားကလည်း အဲ့ဒီနာမည်ကျော် ကူမန်ထုံကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။ တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။ Vivamax ရဲ့မိခင် ကုမ္ပဏီကြီးဖြစ်တဲ့ Viva Film ကထုတ်တဲ့ကားဖြစ်ပြီး Iskandalo (2022)၊ Nerisa ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်းနှီးကြတဲ့Cindy Miranda နဲ့ ‌ထိုင်းမင်းသား Max Nattapol Diloknawarit (Bad Romance၊ Together with Me) တို့ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (600 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:43:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.3 2024
Kuman Thong Black Magic Baby
Ko Village West
5.5

တရုတ်နိုင်ငံတော်လှန်ရေးခေတ်မှာမြေရှင်သူဌေးတွေက ရွာသူရွာသားတွေကို ဖိနှိပ်ခေါင်းပုံဖြတ်နေပြီးတော့ ကူမင်တန်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး လက်ဝါးကြီးအုပ်ထားကြတယ်။ ကူမင်တန်အာဏာရှင်ကိုတော်လှန်ဖို့ အောက်ခြေလူတန်းစားတွေကို ကွန်မြူနစ်တွေကဦးဆောင်ပြီးလှုံ့ဆော်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုဖိနှိပ်မှုတွေအောက်ကလွတ်မြောက်အောင် ရပိုင်ခွင့်ပြည်သူ့အခွင့်အရေးတွေကို ပြန်ရအောင် တော်လှန်ရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးပြီး တော်လှန်ရေးမီးပွှားလေးတွေတောက်လောင်လာအောင် တိုင်းပြည်အတွက်အသက်စွန့်ပြီးတော့ ကြိုးစားသွားတဲ့ရဲဘော်တွေရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Drama • Crime
5.5 2025
Ko Village West
Bird
7.1

IMDb – 7.1, RT – 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie “Bird” Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။ Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကား‌လေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Tragedy, Biography, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Action • Comedy • Thriller
7.1 1988 161 mins
Bird