YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Winter.Begonia.2020.E22.WEB-DL.720P(CM).mp4

266.51 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Padre Pio
6.1

Padre Pio (2022) ============= အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM

Crime • Drama • Mystery
6.1 2023 104 mins
Padre Pio
Ivanna
4.6

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အင်ဒိုနီးရှားသရဲကားလေးပါ။ အင်ဒိုနီးရှားနိုင်ငံမှာ 2022 ခုနှစ်အတွင်း စတုတ္ထမြောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဇာတ်ကားလို့လည်း သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Amber နဲ့ Dika တို့မောင်နှမက မိဘတွေဆုံးသွားတဲ့နောက်မှာ သူ့မိဘတွေရဲ့မိတ်ဆွေ အဒေါ် Wati တို့နဲ့ ဂေဟာမှာ လာနေကြပါတယ်။ Amber က မျက်လုံးခွဲစိတ်ပြီးနောက်ပိုင်းမှာ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့သူပါ။ သူတို့သွားနေတဲ့ ဂေဟာကတော့ ဟိုးအရင် အင်ဒိုနီးရှားနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးတဲ့အချိန်တုန်းက ဒတ်ချ်လူမျိုးမိသားစု နေခဲ့တဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံကို ဂျပန်တွေ လာသိမ်းတဲ့အချိန်မှာတော့ အဲဒီအိမ်မှာပဲ ဒတ်ချ်အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက်ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာမှ အဲဒီအမျိုးသမီးရဲ့ဝိညာဉ်က အကြောင်းတိုက်ဆိုင်ပြီး ပေါ်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre.....Horrr, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 550MB | 277MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Crime • Drama • Thriller
4.6 2022 103 mins
Ivanna
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
L’uomo sulla strada
6.2

L’uomo sulla strada (2022) ~ IMDb rating – 6.2/10 ~ ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။ အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။ တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာ​တွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022
L’uomo sulla strada
Suspect X
7.4

Suspect X (2008) ~ IMDb – 7.4/10, MyDramaList – 8/10 ~ “ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ” ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က သူကြိတ်ခရက်ရှ်နေတဲ့ ယာဆုကိုရဲ့ဆိုင်ကနေ နေ့လယ်စာထမင်းဘူးဝယ်ချိန်ပါ။ အဲဒါကြောင့် ယာဆုကိုတို့သားအမိကြောင့် ဖြစ်သွားတဲ့ လူသတ်မှုကို ရဲတွေစုံစမ်းစစ်ဆေးလို့မရနိုင်အောင် လက်စဖျောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုခင်းပေါင်းများစွာကို သိပ္ပံနည်းကျကျ ဖြေရှင်းပြနိုင်လို့ ဂယ်လီလီယို (Galileo) လို့အခေါ်ခံရတဲ့ ရူပဗေဒပညာရှင် ပါမောက္ခ ယူကာဝါမာနာဘူ (Yukawa Manabu) တစ်ယောက် အဲဒီလူသတ်မှုကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ တစ်ဖက်က သင်္ချာပညာရှင်၊ တစ်ဖက်က ရူပဗေဒပညာရှင် တစ်နည်းပြောရင် ဉာဏ်ကြီးရှင်နှစ်ယောက် ဘယ်လိုတွေ ပညာပြိုင်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။ ၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ Suspect X ဟာ ဂျပန်စာရေးဆရာ Keigo Higashino (1958 ~ ) ရဲ့ Detective Galileo series ထဲက တတိယမြောက်စာအုပ် The Devotion of Suspect X (2005) ကိုအခြေခံရိုက်ကူးထားတာပါ။ ပထမဆုံး ၂ အုပ်က Detective Galileo ဝတ္ထုတိုပေါင်းချုပ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ Galileo နာမည်နဲ့စီးရီးထုတ်ထားသလို ၂၀၁၃ ခုနှစ်မှာလည်း Galileo 2 ဆိုပြီး ဆက်ထုတ်ထားပါတယ်။ The Devotion of Suspect X ကို ကိုရီးယားဗားရှင်း Perfect Number (2012) နဲ့ တရုတ်ဗားရှင်း The Devotion of Suspect X (2017) အဖြစ် ရိုက်ကူးထားတဲ့အပြင် India ရုပ်ရှင်ဖြစ်တဲ့ Drishyam (2013) ရဲ့ Remake ဖြစ်တဲ့ Drishyam (2015) လည်း ပြဿနာတက်မှာစိုးပြီး The Devotion of Suspect X ကို မူပိုင်ခွင့်ဝယ်ပြီး မှီငြမ်းထားတယ်လို့ဆိုပေမဲ့ Drishyam (2015) က Drishyam (2013) အတိုင်းပါပဲလို့သိရပါတယ်။ ဂျပန်ဗားရှင်းကလွဲပြီး ကျန်ဗားရှင်းတွေ တစ်ကားနဲ့တစ်ကားမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေရဲ့အကျင့်စရိုက်တွေ၊ ဇာတ်လမ်းအသွားအလာတွေမတူတဲ့အပြင် ဇာတ်သိမ်းပါမတူဘူးလို့ထင်မိပါတယ်။ ဂျပန်ဗားရှင်းတောင် မူရင်းစာအုပ်ထဲကအတိုင်း လုံးဝထပ်တူမဟုတ်ဘဲ ပြုတ်သင့်တာပြုတ်၊ ထည့်သင့်တာထည့် ရှေ့နောက်အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်ကောင်တွေကို ပုံဖော်တဲ့နေရာမှာ စာအုပ်ကအားသာနေပြီး ထိုဇာတ်ကောင်တွေကို ပိတ်ကားပေါ်တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလည်း အိုဗာတင်းမဆန်ဘဲ စာအုပ်ထဲကအတိုင်း ပေါ်လွင်အောင် သရုပ်ဆောင်ပြထားပါတယ်။ {The Devotion of Suspect X ကို ဆရာဖြိုးကျော်က “ကိုယ်ကိုစတေး၍” ဆိုပြီး “ဖြိုးကျော်” Facebook Page မှာအခန်းဆက်တင်ထားတဲ့အပြင် ကံ့ကော်ဝတ်ရည်စာပေမှလည်း ဘာသာပြန်စာအုပ်အဖြစ်ထုတ်ဝေထားပါတယ်} စုံထောက်နဲ့လူဆိုး ပညာပြိုင်ကြတာမဟုတ်ဘဲ သင်္ချာပညာရှင်နဲ့ ရူပဗေဒပညာရှင် ပညာချင်းပြိုင်ကြတာကိုမှ ရူပဗေဒအဆိုတွေ၊ သင်္ချာပုံသေနည်းတွေ၊ သီအိုရီ‌တွေကိုလည်း တစ်ပိုင်းတစ်စ ထည့်သွင်းပြထားတဲ့ Suspect X ဟာ ထွက်ရှိတာ နှစ်ကာလကြာမြင့်ပြီဖြစ်‌ပေမဲ့ သုံးထားတဲ့လှည့်ကွက်တွေနဲ့ အပြောစကားတွေက သစ်လွင်နေဆဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 2H 8Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7.4 2008 128 mins
Suspect X
VII XII (Tujuh-Dua Belas)

ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါ တစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
VII XII (Tujuh-Dua Belas)
Iron Mask
8

Iron Mask (2023) ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။ Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

8 2023 100 mins
Iron Mask
Dog Day Afternoon
8

Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက် အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား….. File size…2.21 GB / 1.37GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 5m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
8 1975 125 mins
Dog Day Afternoon
Sing Sing
8.2

Sing Sing (2023) IMDb Rating (8.2) / Rotten Tomatoes (98%) ဒီရုပ်ရှင်က နယူးယောက်မြို့မှာရှိတဲ့ Sing Sing Correctional Facility မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‘ဒီဗိုင်းဂျီ’က သူ မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ထောင်ဒဏ်ကျခံရင်း ပြစ်မှုကင်းရှင်းကြောင်းသက်သေပြဖို့ ကြိုးစားနေစဉ်မှာပဲ Rehabilitation through the Arts (RTA) ဆိုတဲ့ အစီအစဉ်ကနေတဆင့် တခြားအကျဉ်းသားတွေကို ကူညီပေးနိုင်အောင် ကြိုးစားတတ်သူပါ။ ဒီဗိုင်းဂျီက အာတီအေအစီအစဉ်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ပြဇာတ်ရေးနိုင်ကာ ပြဇာတ်မှာလည်း ကောင်းကောင်းကြီးကို ပါဝင်သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ တစ်နေ့တော့ သူတို့ရဲ့ ပြဇာတ်အသစ်အတွက် လူသစ်ခေါ်ဖို့ အင်တာဗျူးရင်း ‘ဒီဗိုင်းအိုင်း’ဆိုတဲ့ လူမိုက်တစ်ယောက်က သူတို့အဖွဲ့ထဲကို ရောက်လာပါတော့တယ်။ ရှိတ်စပီးယားပြဇာတ်တွေ ကနေကျ အဖွဲ့ကို ဒီဗိုင်းအိုင်းက စရောက်ကတည်းက ဟာသဇာတ်ကဖို့အတွက် ပြောရင်းနဲ့ ဒီဗိုင်းဂျီနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ပါတော့တယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒီဗိုင်းဂျီနေရာမှာတော့ မင်းသား Colman Domingo က သရုပ်ဆောင်ထားပြီး ဒီဗိုင်းအိုင်းအပါအဝင် ဇာတ်ကောင်တော်တော်များများက အဲ့ဒီအကျဉ်းထောင်မှာ အကျဉ်းကျဖူးတဲ့သူတွေကပဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထောင်တွင်းဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့အတူ အနုပညာက အကျဉ်းသားတွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ ဘယ်လိုအရေးပါသလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)

8.2 2024 107 mins
Sing Sing
Reticent

ဒီကားလေးကတော့ 2024 ခုနှစ် ဒီဇင်လာလ ထဲမှာပဲ ထွက်ရှိထားတဲ့ ကျောင်းသား ဒရာမာ ဇာတ်ကားလေးပါ။ မင်းသား အနေနဲ့ ရော ဒါရိုက်တာအနေနဲ့ပါ Blake Holden ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း… Sam(Blake Holden) ဟာ ဟိုတယ်တစ်ခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ဦးပါ။ သူက သူ့ကိုယ်သူ ဖော်ပြတဲ့ နေရာမှာ အားနည်းလွန်းသူဖြစ်ပြီးတော့ စကားလည်းသိပ်မပြောတဲ့သူဖြစ်တဲ့ အလျောက် သူရဲ့ကောလိပ်ပထမနှစ်ကျောင်းသားဘဝက ခက်ခဲလာပါတော့တယ်။ အဲဒီလိုအခက်အခဲတွေကြားထဲမှာ သူ့ကိုယ်သူဘယ်လိုတွေ့အောင်ရှာမလဲ ဘယ်သူတွေကရော သူ့ကိုကူညီသွားမှာလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…. File size…(1.3 GB)/(840 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:00:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

Comedy • Music
0 2024 56 mins
Reticent
Last Stop: Rocafort St. Estación Rocafort
4.2

Last Stop: Rocafort St. (2024) IMDb Rating (4.2) Barcelona မီးရထားလမ်းလိုင်းရဲ့ Rocafort ဘူတာရုံမှာ အလုပ်ရခဲ့တဲ့ Laura က Rocafort ဘူတာရုံရဲ့ ကောလာဟလသတင်းတွေကို ဘာမှမသိဘဲ အလုပ်ဝင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ ဒါပေမဲ့ Laura အလုပ်စဝင်ပြီးမှ သိလိုက်ရတာက Rocafort ဘူတာရုံက သရဲပုံပြင်တွေနဲ့ပြည့်နေတဲ့ လူတွေအများကြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လာကြတဲ့ မရဏဘူတာရုံကြီး ဖြစ်နေမှန်းသိခဲ့ရတယ်။ အစပိုင်းမှာတော့ သရဲပုံပြင်တွေကို အယုံအကြည်မရှိဘဲ အလုပ်ကိုပဲ အာရုံစိုက်ဖိုကြိုးစားခဲ့ပေမဲ့ Laura လူတစ်ယောက် ရထားလမ်းပေါ် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အဖြစ်ဆိုးကြီးကို သူ့မျက်စိရှေ့မှာပဲ ချောက်ချားစွာ ကြုံတွေ့လိုက်ရပြီးနောက်မှာတော့အိပ်မက်ဆိုးတွေ ထင်ယောင်ထင်မှားတွေနဲ့ Laura တစ်ယောက် ထူးဆန်းတဲ့ စိတ်ချောက်ချားမှုတွေများစွာ ဆက်တိုက်ပေါ်ပေါက် လာခဲ့တော့တယ်။ Laura သူ့အိပ်မက်ဆိုးတွေအတွက် အဖြေရှာရင်း ရဲသားဟောင်းတစ်ဦးဖြစ်တဲ့ Román ရေးသားခဲ့တဲ့ Rocafort ဘူတာရုံက ကွင်းဆက်လူသတ်သမားအကြောင်း စာအုပ်ကို ဖတ်မိသွားခဲ့တယ်။ အဲဒီနောက်မှာတော့ Rocafort ဘူတာရုံက သရဲပုံပြင်တွေရဲ့ အမှန်တရားကိုရှာဖွေဖော်ထုတ်ဖို Laura နဲ့ Román ပူးပေါင်းရင်း ဘူတာရုံကြီးနဲ့ ဆက်စပ်တဲ့ နတ်ဆိုးကိုးကွယ်မှုတွေနဲ့ ကျောချမ်းစရာဖြစ်ရပ်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:30:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

4.2 2024 89 mins
Last Stop: Rocafort St. Estación Rocafort
Women from Rote Island
6.7

အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလို တိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့ မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။ အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေ သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Island ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်နေတဲ့ သမီးကြီး မာသာ အိမ်ကိုပြန်မလာသေးတာကြောင့် တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့ အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်း ရက်တွေကြာ လာတော့အခက်တွေ့လို့နေကြပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်။ဒါပေမယ့်လည်း ဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာ ဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့ အောပါတို့အိမ်က မသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင် အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ ပညာပေး ဒရာမာဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (2.53GB) / (1.27GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Horror
6.7 2024 143 mins
Women from Rote Island
Aurora

Aurora” (2025) ရုပ်ရှင်ဇာတ်ကားကို အက်စတိုးနီးယားနိုင်ငံက ထုတ်လုပ်ထားပြီး ဒရာမာဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Andres Maimik နှင့် Rain Tolk တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora (Maarja Johanna Mägi သရုပ်ဆောင်ထားသည်) က ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ဘဝကို ပြောင်းလဲစေနိုင်တဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုထဲ ဝင်ရောက်မိသွားခဲ့ပါတယ် Aurora က သူမပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်စေဖို့ ကြိုးစားနေသူဖြစ်သော်လည်း သူမရဲ့ မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကြီးတစ်ခု ကျင်းပဖို့ အချိန်မှာ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာပြီး ဇာတ်ရှုပ်တွေ ဖြစ်လာခဲ့ပါတယ် ဒီဖြစ်ရပ်က သူမရဲ့ လျှို့ဝှက်ချက်​​တွေကို ဖော်ထုတ်ပြီး မိသားစု ယုံကြည်ချက်နဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ​တွေကြားထဲမှာ ကြီးမားတဲ့ ပဋိပက္ခတွေကို ဖြစ်စေခဲ့ပါတယ် ဒီဇာတ်ကားက အချစ် သစ္စာဖောက်မှုနဲ့ ဘာသာရေးဖိနှိပ်မှုအကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရောင်ပြန်ဟပ်ထားပြီးတော့ အက်စတိုးနီးယားရုပ်ရှင်ရဲ့ ထူးခြားတဲ့ပုံစံတမျိုးနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ် File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Drama • Romance
0 2025
Aurora