YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Will.Trent.S01E06.1080p.(CM).mp4

744.71 MB N/A video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lunana: A Yak in the Classroom
7.4

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.12GB, 558MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 50Min Genre - Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 2019 109 mins
Lunana: A Yak in the Classroom
Motherless Brooklyn
6.7

ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း .......... File Size : ( 1 GB , 434 MB ) Quality : WEB-DL 720p Running Time : 2 hr 24min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant Win Htet Encoded by Moe Myint Lwin

Drama
6.7 2019 145 mins
Motherless Brooklyn
[18+] The Invisible Maniac
4.1

The Invisible Maniac (1990) ==================== ငယ်ငယ်လေးကတည်းက တဏှာရူးတဲ့ ဉာဏ်ကြီးရှင်ကောင်လေးကို သူ့အမေက ထိုညစ်ညမ်းတဲ့စိတ်တွေပျောက်သွားအောင် ‘မ’မုန်းတီးရေး စိတ်ဓာတ် ရိုက်သွင်းခဲ့ရပါတယ်။ အရွယ်ရောက်ပြီး သိပ္ပံပညာရှင်ဖြစ် လာတဲ့နောက်မှာတော့ ကိုယ်ပျောက်ခြင်းနဲ့ပတ်သတ်တဲ့ သီအိုရီတွေ၊ လေ့လာမှုတွေ၊ စမ်းသပ်တီထွင်မှုတွေလုပ်ခဲ့ပြီး အောင်မြင်လုစဲစဲထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ရာဇဝတ်ပြေးတစ်ယောက်ဖြစ်ခဲ့ရပြီးနောက်မှာတော့ ကျောင်ဆရာဘဝနဲ့ စကီလေးတစ်သိုက်ကို စာသင်ပေးရင်း နာမည်ဖွက် နေထိုင်ခဲ့ပါတယ်။ ထိုကျောင်းမှာပဲ သူလုပ်နေတဲ့ စမ်းသပ်မှုတွေကို ဆက် လုပ်ပြီး စကီလေးတွေအပေါ်ဘယ်လိုစိတ်တွေဖြစ်မိမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ရှင်းရှင်းဘွင်းဘွင်းပြသထားပြီး သတ်ဖြတ်ခန်းတွေပါမယ့် ၁၉၉၀ခုနှစ်က 18+စိတ္တဇလူသတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်) File Size……….(2.38 GB) / (846 MB) / (424 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 26Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror, Sci-Fi Translator…….ZMT Encoder……….Admin X

Action • Crime • Drama • History • Thriller
4.1 1990 86 mins
[18+] The Invisible Maniac
#Mute
9.3

Mute 2023 IMDb 9.5/10 လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ် အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါ ဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူး အဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူး အိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါ ဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ် ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ် သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါ အဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာ ခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ် အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး ကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

9.3 2023
#Mute
Twilight Over Burma
6.7

Twilight Over Burma (2015) ~ IMDb rating – 6.7/10 ~ ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှသားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်းရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩစတေးလျသူလေးကို “ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည်အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆိုတဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ်တယ်ဗျ။” လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက်တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးပြောသလို အတိတ်က ရေစက်ပါလာခဲ့လို့ သူတို့ချစ်ကျွမ်းဝင်သွားတယ်။ သူတို့လက်ထပ်ပြီး မြန်မာပြည်ကိုလာလို့ ရန်ကုန်မြစ်ထဲ သီပေါကလူတွေ လှေအစင်းစင်းနဲ့ လာကြိုမှပဲ စဝ်ကြာဆိုင်ဟာ အင်ဂျီ့ကို သူဟာ စော်ဘွားမှန်း ဖွင့်ပြောခဲ့တယ်။ စဝ်ကြာဆိုင်ဟာ စော်ဘွားမှန်း သူသိလိုက်တဲ့အချိန်မှာပဲ အင်ဂျီ မဟာဒေဝီ စဝ်သုစန္ဒီအဖြစ်ကို ရောက်မှန်းမသိရောက်သွားခဲ့ပြီ။ ဒီလိုနဲ့မဟာဒေဝီဟာ ရှမ်းလူမျိုးတွေရဲ့ ဓလေ့တွေ ရိုးရာတွေ ဘာသာစကားတွေကို ကျွမ်းဝင်လာအောင်လုပ်ရင်း သူ့ယောက်ျားကိုချစ်တော့ သူ့ယောက်ျားချစ်တဲ့ ရှမ်းပြည်ကိုပါ ချစ်ရင်း ရှမ်းပြည်နဲ့သူဟာ ပိုင်းခြားမရတော့တဲ့အထိဖြစ်လာတယ်။ ရှမ်းပြည်သာယာဝပြောရေးအတွက် သူတို့လင်မယားနှစ်ယောက်အတူတူ အားစိုက်ထုတ်ခဲ့ကြတယ်။ စဝ်ကြာဆိုင်ဟာ သူ့မြေက မြေရှင်ပဒေသရာဇ်စနစ်ရဲ့ ထိပ်ဆုံးက အကျိုးခံစားခွင့်ရှိသူဖြစ်ခဲ့ပေမဲ့ စဝ်ကြာဆိုင်ဟာ ဗမာနိုင်ငံကို ဒီမိုကရက်တစ်နိုင်ငံ ဖြစ်စေချင်ခဲ့တယ်။ ပေါ်ပေါ်ထင်ထင်လည်းပြောခဲ့သလို လုပ်လည်းလုပ်ခဲ့တယ်။ မဟာဒေဝီကလည်း အားပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ဗိုလ်ချုပ်နေဝင်းကလည်း အာဏာသိမ်းဖို့ အစပျိုးနေခဲ့တယ်။ စဝ်ကြာဆိုင်ဟာ အာဏာမသိမ်းခင်တစ်ရက်အလိုမှာ အမျိုးသားညီလာခံကို သွားတက်ပြီး အာဏာသိမ်းမယ့်နေ့မှာ နေမကောင်းတဲ့အမဆီ သွားဖို့‌ တောင်ကြီးလေဆိပ်ကိုသွားခဲ့တယ်။ အဲဒီနောက်မှာပဲ အဖမ်းခံခဲ့ရတယ်။ သူဘာဆက်ဖြစ်သွားလဲတော့ ဘယ်သူမှမသိရတော့ဘူး။ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်စကြာကတော့ မဟာဒေဝီကို ဗထူးမှာ စဝ်ကြာဆိုင်ကို သတ်လိုက်ပြီလို့ပြောခဲ့ပေမဲ့ မဟာဒေဝီကတော့ သူမသေမချင်း စဝ်ကြာဆိုင်ကို ဆက်ရှာနေဦးမယ်လို့ ဆိုခဲ့တယ်။ ဒါကတော့ ဒီရုပ်ရှင်ရဲ့ သမိုင်းနောက်ခံပါပဲ။ မူရင်းစာအုပ်ကိုတော့ မဟာဒေဝီအင်ဂျီဆာဂျန့်ကပဲ ရေးသားခဲ့ပြီး ဝင်းဖေကတော့ “မှုန်ရီဆိုင်း တိုင်းမြန်မာ” ဆိုပြီး ဘာသာပြန်ခဲ့ဖူးတယ်။ ၂၀၁၆မှာ ပထမအကြိမ်ထုတ်ခဲ့တယ်။ ဒီရုပ်ရှင်က မြန်မာမှာတင်ပိတ်ထားတာမဟုတ်ဘဲ ထိုင်းလူမျိုးသရုပ်ဆောင်တွေသုံးထားပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးအရ ထိုင်းမှာပါ ပြခွင့်မပြုခဲ့ဘူး။ ပြခွင့်မပြုရလောက်အောင်လည်း အကြောင်းအရာကလည်း အထိမခံသလို တချို့အပြတွေကလည်း တော်တော်ကြမ်းတယ်။ အင်ဂျီကတော့ သူကိုယ်တိုင်ကြုံရတာတွေကို အဓိကထားရေးထားတာဖြစ်ဖို့ ဒီရုပ်ရှင်ထဲက အဲဒီအထိမခံတဲ့အရာတွေတော့ အကုန်မပါလောက်ဘူး။ ဝင်ဖေးပြန်တဲ့မူထဲမှာတော့ စဝ်ကြာဆိုင်ကို ဖမ်းသွားပြီး မသိပါဘူးငြင်းတယ်ဆိုတာကလွဲ ကျန်တာ သိပ်တောင်မပါသလောက်ပဲ။ ၂၀၁၆ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်တော့ရေးလို့ရခဲ့မယ်ထင်ရတာပါပဲ။ စာအုပ်ထဲမှာတော့ ရှမ်းဓလေ့တွေ ဗမာဓလေ့တွေကို အင်ဂျီက သူစကြုံခဲ့ရတဲ့အကြောင်းတွေကို သေချာလေးရေးထားပေမဲ့ ရုပ်ရှင်မှာတော့ မစုံပါဘူး။ ဒါပေမဲ့ ရုပ်ရှင်မှာ ပိုစုံသွားတာတွေလည်း တော်တော်များပါတယ်။ ရုပ်ရှင်ရဲ့သမိုင်းတိကျမှုကိုတော့ လုံးစေ့ပတ်စေ့မသိနိုင်ပေမဲ့ စာအုပ်နဲ့တော်တော်ကွဲနေတာတွေတောင် ပါနေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဓိကဆိုလိုရင်းကတော့ မကွဲခဲ့ပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်မှာ ကျွန်တော်ပိုသဘောကျတာက စဝ်ကြာဆိုင်နဲ့ စဝ်နန်းသုစန္ဒီတို့ရဲ့ အချစ်ဇာတ်လမ်းပါပဲ။ အားကျရလောက်အောင် ရိုမန့်တစ်ဆန်ကြတဲ့ အတွဲလို့ပြောရမယ်။ အဆုံးထိပါပဲ။ နောက် ဒီရုပ်ရှင်ထဲက စဝ်ကြာဆိုင်ကို ပုံဖော်ထားတာကလည်း သဘောကျစရာကောင်းပါတယ်။ ကျွန်တော်တို့စိတ်ကူးထဲက ခေါင်းဆောင်ပုံစံမျိုး ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ သူ့အကြောင်း များများစားစားတွေ့နိုင်တာဆိုလို့ Twilight Over Burma ပဲ ကျွန်တော်တော့ ရှာတွေ့ပါတယ်။ သမိုင်းဘယ်လောက်ထိမှန်လဲမသိပေမဲ့ ဗမာဘက်က အခြေအနေတွေ ယဉ်ကျေးမှုတွေကို ရိုက်ပြထားတာကတော့ တော်တော်ကြည့်ကောင်းတယ်ပဲ ပြောရပါမယ်။ ရှမ်းတွေဟာ နေကြတ်မယ့်နေ့တွေမှာ အိုးစည်ဗုံမောင်းတွေ ထောင်ချီတီးပြီး နေမင်းကို ဝါးမျိုမယ့် နဂါးကြီးကို ခြောက်ထုတ်ကြတယ်တဲ့။ Twilight Over Burma ဟာ ဘာအကြောင်းလဲဆိုရင်တော့ နဂါးကြီးကို ခြောက်မထုတ်နိုင်ခဲ့လို့ မှုန်ရီမှိုင်းသွားတဲ့ နေ့တွေအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB Quality – 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2015 100 mins
Twilight Over Burma
Corsicana
5

Corsicana (2022) ~ IMDb – 5/10, Rotten Tomatoes – 79% ~ အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သ‌ဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။ အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုး‌ဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ဖြစ်ပါတယ်။ ကမ်းကုန်အောင် ယုတ်မာဆိုးသွမ်းတဲ့ ဂိုဏ်းနဲ့ ရိဖ်တို့ အဖွဲ့ ရင်ဆိုင် တိုက်ခိုက်ကြတာကို ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 800MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 42Min Genre – Drama, Thriller, Western Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2022
Corsicana
The Admirer
4.9

The Admirer (2023) =============== ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက် ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ‌ ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ် တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။ video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွား တာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း မှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင် လေးဖုန်းက‌နေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာ ပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာ ပါတော့တယ်။ လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက် လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.78 GB) / (600 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Kat Encoder……….SWM

4.9 2023
The Admirer
First Snow of Summer

Best Film ဆု Best Director ဆု စတဲ့ ဆုတွေအများကြီးရရှိထားတဲ့ Austria Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားအပါအဝင် Best Director ဆုတွေအများကြီးရထားတဲ့ Chris Raiber ကိုယ်တိုင်း ရေးသားရိုက်ကူးထားပြီး Italy မင်းသားချော Thomas Prenn နဲ့ Austria မင်းသမီးချော Verena Altenberger တို့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်……. ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အချစ်ကိုရူးသွပ်ပုံကို အဖွားဖြစ်သူဆီက သိခဲ့ရပြီး သူ့ကိုယ်သူမချစ်မိဖို့ ကတိပေးထားခဲ့တဲ့ အလက်ဇန်းဒါး ဆိုတဲ့ ကောင်လေးတစ်ယောက်….. မိဘမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ မြေအောက်ရထားဘူတာရုံ ဦးထုပ်ဆိုင်က အချစ်ကိုအလိုမရှိတဲ့ ကောင်မလေးတစ်ယောက်….. လောကကြီးမှာ ဆုံတွေ့ဖို့ရေစက်ပါလာရင် ရှောင်လွဲလို့မရဘူး၊ အချစ်ဆိုတာ ပေးဆပ်ခြင်းသပ်သပ်ပါ၊ အချစ်မှာမျက်စိမရှိဘူး ဆိုတာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဘယ်လို Ending လေးဖြစ်သွားမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(944 GB)/(574 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
First Snow of Summer
Tum Mile
5.5

Tum Mile (2009) Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားလည်း ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပေါ့… သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား…… သူတို့ ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ….. မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ…. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း….. (ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်…) File Size : 2.17GB/ 960MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…02:10:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Tiff

5.5 2019 134 mins
Tum Mile
Dirty Angels
4

Dirty Angels (2024) Casino Royale ရဲ့ ဒါရိုက်တာကြီး Martin Campbell ရဲ့ လက်ရာ စစ်ကားအသစ်ပါ။ တာလီဘန် နဲ့ ISIS တွေ ကြားထဲကနေ အမေရိကန် ဓားစာခံ ကျောင်းသူလေးတွေကို ကယ်ထုတ်ရမဲ့ အထူးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီလိုစစ်အက်ရှင်ကြမ်းကြမ်း ထွက်တာ ရှားတာမို့ ဒီတစ်ခါတော့ အဝကြည့်လို့ရပါပြီ။ မင်းသမီးကတော့ Casino Royale ထဲက မင်းသမီး Eva Green ပါပဲ။ ဇာတ်လမ်းအကျဉ်း ISIS အဖွဲ့တစ်ဖွဲ့ကနေ ကျောင်းသူလေးတွေကို ဓားစာခံ ဖမ်းခေါ်သွားပြီး တစ်ယောက်ကို ဒေါ်လာ ၁၀ သန်းနှုန်းနဲ့အတူ ဘာသာရေးခေါင်းဆောင်တစ်ယောက်ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလာပါတယ်။ အကြမ်းဖက်အဖွဲ့ကို ပြန်ပေးငွေ ပေးလေ့မရှိတဲ့ အမေရိကန်ထုံးစံအတိုင်း အထူးတပ်ဖွဲ့နဲ့ ကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ISISနဲ့ချရမှာဆိုပေမဲ့ တာလီဘန်တွေမသိအောင်လည်း ဝင်ရမှာဖြစ်လို့ သဘာဝကျအောင်လို့ ဆေးကယ်ဆယ်ရေးပရဟိတသဘောမျိုးနဲ့ ယောကျာ်းလေးနည်းနည်း မိန်းကလေးများများ အဖွဲ့ဖန်တီးပြီး လွှတ်လိုက်ရပါတယ်။ အဲဒီအဖွဲ့က တာလီဘန် နဲ့ISIS တွေကြားထဲမှာ ဘယ်လို ရုန်းကန်တိုက်ခိုက်ကြရမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(3.8 GB) / (1.7 GB) / (980 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Thriller Duration….01:45:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Drama • Romance
4 2024 104 mins
Dirty Angels
The Hills Have Eyes 2
5.1

အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့ အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်‌လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။ အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များ ပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။) File Size : 1.5 GB, 752 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

5.1 2007 90 mins
The Hills Have Eyes 2
Lost in Tomorrow
5

Lost in Tomorrow (2024) ဟာပါလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကလေးမလေးတစ်ယောက်ဟာ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း အရမ်းကလန်ကဆန်လုပ်ပါတယ်။ ကျောင်းမှာလည်း မိန်းကလေးမတန်ရန်တွေဖြစ် ကိုယ်ထိလက်ရောက်ပါ ပြန်တုံ့ပြန်တတ်ပါတယ်။ ဒါကို မိဘတွေကလည်း ခဏခဏဆုံးမနေရတော့ စိတ်ညစ်လာကြပါတယ်။ ဟာပါလည်း စိတ်ညစ်ရိုးရိုး ကိုယ်သာတခြားလူဖြစ်သွားရင်ကောင်းသားဆိုတဲ့အတွေးမျိုးတွေးပြီး စိတ်ဆိုးဆိုးနဲ့အိပ်ယာဝင်သွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာတော့ ဟာပါဟာ သူ့ရဲ့ဆယ်ကျော်သက်ခန္ဓာမှာမဟုတ်တော့ဘဲ ထူးဆန်းတဲ့လူတစ်ယောက်ကိုယ်ထဲကိုရောက်သွားပါတယ်။ သူများရဲ့ကုတင် သူများရဲ့အိပ်ယာပေါ်မှာနိုးလာခဲ့တဲ့ဟာပါဟာ ကြောက်လန့်တကြားဖြစ်ပြီး သူ့မိဘရှိရာအိမ်ကို အသည်းအသန်ပြန်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟာပါတို့နေခဲ့တဲ့အိမ်မှာသူ့မိဘတွေရှိမနေပါဘူး ဒီလိုနဲ့ ဟာပါဟာ စိတ်ပျက်ပျက်နဲ့ အိပ်လိုက်ပါတယ်။ ထပ်နိုးလာပြန်တဲ့အချိန်မှာလည်းပဲ ဟာပါဟာ နောက်လူတစ်ယောက်ကိုယ်ထဲထပ်ရောက်သွားတာပါ။ ဒီလိုနဲ့ တစ်ရက်အိပ်တစ်ကိုယ်ရောက်နေတဲ့ ဟာပါဟာ ကြာလာတော့ စိတ်မသာညည်းတွားပြီး သူ့ရဲ့အရင်ဘဝကိုပါမေ့တော့မလိုဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ နောင်တဆိုတဲ့သဘောသဘာဝကို သင်ခန်းစာရစပြုလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (580 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy Duration….01:23:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Romance • Drama
5 2024 82 mins
Lost in Tomorrow
A Reason to Live
6.1

A Reason to Live (2011) *********************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသား မင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to live ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲရောက်သွားတဲ့ မင်းသမီးချောလေး အွန်စော Song Hye Kyo, Good Partners ကားထဲက ရှေ့နေဟန် မင်းသမီး Nam Ji Hyun, Mother of Mine ကားထဲက မင်းသား Ki Tae Young, နဲ့ Desperate Mrs. Seonju ကားထဲက မင်းသား Song Chang Eui တို့ပဲဖြစ်ပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************* မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ခွင့်လွှတ်ပေးဖို့ လက်မှတ်ကို ကိုယ်တိုင် ထိုးခဲ့သူပါ… တစ်နှစ်ကြာပြီး တစ်နေ့မှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုရဲ့ တောင်းဆိုမှုအရ သေဒဏ်ကို ဖျက်သိမ်းပေးဖို့အတွက် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ဖို့ဖြစ်လာတဲ့အခါ .. အမျိုးမျိုးသော လူသေမှုတွေရဲ့ နစ်နာသူတွေဘက်က မိဘဆွေမျိုးတွေကို အင်တာလိုက်ဗျူးရင်း သူ့စေ့စပ်ထားတဲ့သူ ဟန်ဆန်းဝူ (Ki Tae Young)ကို သတ်ပစ်ခဲ့တဲ့ အလယ်တန်းကျောင်းသား ဘယ်လိုများ ရှင်သန်ကြီးပြင်းနေလဲဆိုတာကို သိချင်လာပါတော့တယ် .. ဒါဟယ်တစ်ယောက် ဘုရားသခင်ရဲ့အလိုဆန္ဒနဲ့ သူရဲ့ စိတ်ထဲက ခွင့်လွှတ်မှုဟာ အစစ်အမှန်ဖြစ်မလား ဆိုတာကို ရသမြောက်မြောက်တင်ဆက်ထားတာမို့လို့ ကြည့်ရှုစီးမျောလိုက်ပါဦးနော် .. ။ (အညွှန်းကို Theint မှ ရေးသားထားပါတယ်) File size…1.67GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

Romance
6.1 2011 119 mins
A Reason to Live
Mother Mafia
3.3

Mother Mafia (2024) နိုင်းလ်ရဲ့ ညီအစ်မတော်တွေလို့ခေါ်တဲ့ဂိုဏ်းနဲ့ ဘုရင်ကြီးတွေလို့ခေါ်တဲ့ဂိုဏ်းနှစ်ခုကြားက ရန်ငြိုးနဲ့ တိုက်ပွဲတွေ။ ဘုရင်ကြီးတွေဂိုဏ်းကပိုင်တဲ့ လက်ဆွဲအိတ်တစ်လုံးကို ညီအစ်မတော်တွေဂိုဏ်းက ကြားဖြတ်ယူသွားရာကစလို့ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းကြား သွေးချောင်းစီးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လို့နေချိန်။ နှစ်ဂိုဏ်းလုံးအကြောင်းကို မသိဖူးမကြားဖူးတဲ့ ဆိုင်မုန်ဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ကြားညပ်ပါလာပြီး သူသိမထားတဲ့ဂိုဏ်းနှစ်ခုလုံးက သူ့ဘ၀နောက်ကြောင်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.6 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:21:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Drama • Fantasy • History
3.3 2024 80 mins
Mother Mafia