YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Wild Bloom E11 CM.mp4

263.66 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wind That Shakes the Barley
7.4

အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုး သူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့ အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။ အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွား သရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။ File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • TV Movie
7.4 2006 127 mins
The Wind That Shakes the Barley
Moss
6.9

နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Drama
6.9 2010 162 mins
Moss
Fast & Feel Love
7.2

ဂျေ အဖြစ် YaYa Urassaya ဂေါင်ဝ် အဖြစ် Nat Kitcharit ဇာတ်လမ်းအကျဉ်း ပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် မေဂျာရွေးနိုင်ဖို့ ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ် အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို့ မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို့ ခင်မင်ခဲ့ကြတယ် ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို့ ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stackingကို ကစားနိုင်ဖို့ ပါရမီ ဖြည့်ခဲ့ပါတော့တယ် အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိန်းခြောက်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့.... အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ တွယ်တာနေရတဲ့ အားကစား ၊ မက်မောခဲ့ရတဲ့ ချန်ပီယံနေရာကြား ဂေါင်ဝ် တစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင်ပါ ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.3GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__02:10:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

Comedy • Family • Music • TV Movie
7.2 2022 132 mins
Fast & Feel Love
We Couldn't Become Adults
6.2

~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်း အလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။ မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။ "ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ အတူသွားခဲ့ဖူးသော လမ်းများ၊ အဆောက်အဦးများ တဖြည်းဖြည်းချင်း ပြောင်းလဲသွားကြပြီ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်မှတ်ဉာဏ်ထဲတွင် သူမသည် ထိုနေ့ကလိုပင် မပြောင်းမလဲ ထိုနေ့ကလိုပင် ဒီလမ်းကြားလေးထဲ ကျွန်တော့်ကို ပြုံးပြနေသေးသည်။ မှတ်ဉာဏ်များထဲတွင်၊ သူမထံမှ ကူးစက်လာခဲ့သော ကျွန်တော့်အမူအကျင့်များထဲတွင်၊ မဟောင်းသော လမ်းက‌လေးထဲတွင် "အခုသူမ" မဟုတ်သော "အရင်ကသူမ" သည် ရှင်သန်နေသေးသည်။ ပြက္ခဒိန်၂၅အုပ်၊ ပို့စကတ်တစ်ခု၊ ဝါရီရော်စာရွက်များ၊ ချိုသောအပြုံးများ၊ စီးကရက်မီးခိုးငွေ့များ၊ လမ်းမများထဲတွင် ရင့်ကျက်ပြီထင်သော ကျွန်တော်၏ မရင့်ကျက်ခြင်းများကို ပြန်တွေ့ခဲ့ရ၏။ မကုန်နိုင်အောင် ရှည်လျားသောလမ်းမကြီးထက်တွင် ကျွန်တော်တို့အတူ လျှောက်ခဲ့ကြဖူးသည်။ ဒီလမ်းသည် ဘယ်လိုမှ မဆုံးတော့သလိုပင်။ ကျောတွင် တစ်စုံတစ်ရာသော ၀န်ထုပ်ကိုလွယ်ရင်း တဖြည်းဖြည်းနောက်ကောက်ကျလာသည် ထင်သည်။ ကျွန်တော် သတိတရကြည့်မိချိန်တွင် မကုန်နိုင်အောင် ရှည်လျားသော လမ်းမကြီးမှအပ ဘာဆိုဘာမှ မရှိတော့ပါ။ သူမသည် အတိတ်ဖြစ်သွားပြီ။ သူမသည် မှတ်ဉာဏ်တစ်ခုဖြစ်သွားပြီ။ ပသို့ပဲဆိုဆို "တစ်ခါကသူမ"သည် ရှင်သန်နေသေးသည်။ ၂၀၂၀၏ ကမ္ဘာကြီးသည် တဖြည်းဖြည်းချင်း ပျက်ယွင်းလာခဲ့ပြီ။ အစစပြိုယိုင်လွင့်ပါးလာသော ကမ္ဘာတွင် မိုးတိမ်တွေပြာ သာခဲ့ဖူးသောကမ္ဘာကို ပြန်လည်မက်မောမိလာခြင်းသည် သဘာ၀သာ၊ လူသားဆန်မှုသာ။ ခံစားချက်မမဲ့နိုင်မချင်း လူသည် ဘယ်သောအခါမှ မရင့်ကျက်လာနိုင်ပြီ ထင်သည်။ သူမကို ကျွန်တော် မမေ့ပျောက်ချင်တော့ပါ။ ကျွန်တော် မရင့်ကျက်ချင်တော့ပါ။ ကျွန်တော်တို့အားလုံး မရင့်ကျက်လာနိုင်ကြသူများသာ။ ကျွန်တော်တို့အားလုံးသည် မရင့်ကျက်ခြင်းကို ပွေ့ပိုက်ထားကြသူများသာ။ P.S - ဒီရုပ်ရှင်ဟာ စာပါအတိုင်း မရင့်ကျက်လာနိုင်သူတို့အကြောင်း သက်သက်သာ။ (ဇာတ်ကားကို Phoo Lin မှ ပြန်ဆိုထားပြီး အညွှန်းကိုတော့ WiRa Aung က ရေးသားပေးထားပါတယ်) Size - 1.4GB, 720MB Quality - Web-rip 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 2H 4Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Adventure • Drama • Family
6.2 2021 124 mins
We Couldn't Become Adults
All I Want
5.1

All I Want (2017) ============= မယ်လစ်ဆာနဲ့ အန်ဒရူးက သူတို့အိမ်ထောင်ရေးဆယ်နှစ် ပြည့်နှစ်ပတ်လည်အတွက် သူငယ်ချင်းတွေနဲ့ မိသားစုဝင် တွေကိုဖိတ်ပြီး ပါတီလုပ်ကြပါတယ်။ သူငယ်ချင်းတွေစုံကြ တဲ့အခါ ထုံးစံအတိုင်း အလုပ်အကြောင်း စီးပွားရေး အိမ် ထောင်ရေးတွေ ပြောကြတာပေါ့။ ငယ်ဘဝက အမှတ်တရ တွေလည်း မပါမဖြစ်ပေါ့ဗျာ။ အဲဒီလိုသာယာပျော်ရွှင်နေတဲ့အချိန်မှာ မယ်လစ်ဆာတို့ လင် မယားက သူတို့ကွာရှင်းတော့မယ်ဆိုတဲ့ အကြောင်း အသိ ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် ၁၀နှစ်ပြည့်တဲ့နေ့မှာတင် ပါတီလုပ်ပြီး ကွာရှင်းမဲ့အကြောင်း ကြေညာတာပါ။ အပြင်ပန်းမှာတော့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင် ရေးကိုပိုင်ဆိုင်ထားတဲ့ပုံပေါ်တဲ့ မယ်လစ်ဆာတို့က ဘာကြောင့် များ ကွာရှင်းရတဲ့အထိ ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ သူငယ် ချင်းဆက်ဆံရေး မိသားစုဝင်ကြားဆက်ဆံရေးတွေ သူတို့တွေရဲ့ မကျေနပ်မှုတွေ အမှန်တရားတွေကို သဘာဝကျကျ ရိုက်ကူးတင် ဆက်ပေးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.5 GB) / (522 MB) / (340 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….EL Encoder……….SWM

5.1 2017 91 mins
All I Want
Love You Long Time
5.8

ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။ အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့ ငြိမ့်ငြိမ့်လေးပြသွားတာ အချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့ စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှ ဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်း ဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ် ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်က ဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ် မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကို ကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့ မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊ မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။ မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့် အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့ သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်… ဒီဇာတ်ကားလေးကတော့ Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။ File size…1.26GB / 481MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 104 mins
Love You Long Time
Broken Army X-Files Stealth Man
5.8

တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်…… လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။ အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။ အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ…… ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ……

5.8 2023
Broken Army X-Files Stealth Man
Hot Pursuit
5.1

ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကို ရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။ အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့ သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။ တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 1.57 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

5.1 2015
Hot Pursuit
Life After Fighting
6.5

Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက် သြစတြေးလျ Action Drama ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးက ဟောလီဝုဒ်မှီပါတယ်။ ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့် အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူ တစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့ သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။ တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက် သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေ ပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေက ထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာ ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကို တစ်ကားလုံး သေနတ်မသုံးဘဲ hand-to-hand တိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်က ကားတွေကိုတောင် သတိရမိစေပါတယ်။ ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့ လက်တို့လိုက်ပါရစေ..,… File size…2.37GB / 944MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama • Mystery • Horror
6.5 2024 126 mins
Life After Fighting
The Dead and the Deadly
6

ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။ တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ……

Drama • History • War
6 1981
The Dead and the Deadly
Detective Dee: The Mirage in Heaven
5.8

ထန်မင်းဆက်မှာ ဒီးရန်ကျယ်ဟာ ထူးဆန်းထွေလာအမှုပေါင်းများစွာကို ဖော်ထုတ်နိုင်သူတစ်ဦးအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ အခုဒီရုပ်ရှင်ထဲမှာလည်း ဒီးရန်ကျယ်က ဘယ်လို အမှုဆန်းမျိုးကို ကိုင်တွယ်ရမလဲ…… ချွေကုန် ၄ နှစ်မြောက်မှာ ဝမ့်ရှန့်နန်းဆောင်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မိဖုရားကြီး ဝူကျယ်ထျန်းက အမတ်အပေါင်းကို ပွဲတော်ချီးမြှင့်ခဲ့ပြီး ပြည်သူတွေကို နန်းတော်ထဲမှာ ပွဲတော်ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ ပွဲတော်မှာ ဇာမဏီငှက်က ပျံသန်းခဲ့ပြီး ငှက်အပေါင်းက လာရောက်ခစားတဲ့ နိမိတ်ကောင်းမျိုး ပေါ်ထွက်ခဲ့တဲ့အတွက် ဝူကျယ်ထျန်းကို တိုင်းပြည်အုပ်ချုပ်ဖို့ ကောင်းကင်က နိမိတ်ပြတာဆိုပြီး အမတ်များနဲ့ ပြည်သူတွေက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရုတ်တရက်အတွင်း ကောင်းကင်ပေါ်မှာ နတ်နန်းဆောင်ကြီး ပေါ်လာခဲ့ပြီး ပွဲတော်ကို ဖျက်ဆီးခဲ့ပါတယ်။ မိဖုရားကြီးဝူကျယ်ထျန်းက ဒေါသူပုန်ထပြီး ချက်ချင်းပဲ ဒီးရန်ကျယ်ကို ပြန်လည်ဆင့်ခေါ်ကာ ၇ ရက်အတွင်းအမှုကို ဖြေရှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ကောင်းကင်ပေါ်က ပုံရိပ်တွေဟာ ဘယ်လိုပေါ်လာခဲ့သလဲ…… နန်းတွင်းပွဲတော်က ပျောက်သွားတဲ့ စစ်သည် ၃၀၀၀ ကရော ဘယ်ကို ရောက်သွားသလဲ…… ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်ကြီးမျိုး ရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller
5.8 2024
Detective Dee: The Mirage in Heaven
Bhagavan Dasante Ramrajyam
6.5

Bhagavan Dasante Ramrajyam (2024) “လောကပြဇာတ်” ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက် တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်း အစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။ အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှု ပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။ သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာ ခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့ နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူ ဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။ အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီး တစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့် မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.5 2024 124 mins
Bhagavan Dasante Ramrajyam
Mukden Funeral Shop
6.2

“ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ …..ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ “ယင်းတောင်ရဲ့ နတ်ဆိုးအရှင်” ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ……မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ် စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း နက်နဲလာသည်နှင့်အမျှ ဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်သူ ရွှီစစ်ကျို ဟာလည်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်ကိုယ်တွေ ကြုံတွေ့လာရတဲ့အခါ….? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေကိုရော သူတို့တွေရှာတွေ့နိုင်ကြမလားဆိုတာ အသည်းတထိတ်ထိတ်ရင်တဖိုဖို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်လို့ Horror Movie ကိုကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ အသေချာပါပဲ

Drama • Family • Comedy
6.2 2022
Mukden Funeral Shop
A Special Lady
6.2

A Special Lady (2017) *********************** IMDb… 6.2 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) ဒီတစ်ခါမှာတော့ မင်းသမီးကြီး Kim Hye Soo, မင်းသားကြီး Lee Sun Kyunနဲ့ Lee Hee Joonတို့ အဓိကပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. နာဟျွန်းဂျောင် (Kim Hye Soo) ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂျယ်ချောလုပ်ငန်းစုရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူမ ထောင်ကျခဲ့တုန်းက ထောင်မှာ သားလေးတစ်ယောက် မွေးဖွားခဲ့ဖူးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ရှိသူလည်း ဖြစ်ပါတယ်။ အင်ဆန်းဟွန်း (Lee Sun Kyun)ကတော့ အဖွဲ့အစည်းရဲ့ ပြဿနာ‌တွေကို ဖြေရှင်းပေးတဲ့သူဖြစ်တဲ့အပြင် နာဟျွန်းဂျောင်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲပြီး သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပါ။ တစ်နေ့မှာတော့ နာဟျွန်းဂျောင်ရဲ့ လျှို့ဝှက်ချက်ကို သူမကို လက်စားချေချင်နေတဲ့ အမှုစစ်ချွဲဒယ်ရှစ် (Lee Hee Joon) က စုံစမ်းသိရှိသွားပြီး အဲဒီအမှန်တရားကို မသိသေးတဲ့ အင်ဆန်းဟွန်းကို ပြောပြလိုက်ပါတော့တယ်.. ဒါကြောင့်ပဲ အင်ဆန်းဟွန်းတစ်ယောက် သစ္စာဖောက်ခံရတဲ့ ခံစားချက်ဝင်သွားပြီး အမှုစစ်ချွဲဒယ်ရှစ်နဲ့ ပူးပေါင်းကာ နာဟျွန်းဂျောင်နဲ့ သားဖြစ်သူကို မကောင်းကြံပါတော့တယ်… ဒီလိုအခက်အခဲတွေကြားကနေ နာဟျွန်းဂျောင်တစ်ယောက် သားဖြစ်သူကို ဘယ်လိုကာကွယ်ပေးသွားမလဲ… အမျိုးသမီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ မိခင်မေတ္တာကိုပါဖော်ပြထားတဲ့ အက်ရှင်ကားကောင်းမို့လို့ ညွှန်းပေးလိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.14GB/ 450MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:41:03 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Animation • Science Fiction • Action
6.2 2017 91 mins
A Special Lady