YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Wild.Abandon.S01E01.WebDL[CM.mp4

468.31 MB N/A video/mp4 156 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superman III
5.5

စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့ Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်း စူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သား တွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။ ၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာ ကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ် ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့် ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်း ချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Superman ဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အား ကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက် သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(3.0 GB) / (1.0 GB) / (500 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 05Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Animation • Family
5.5 1983 125 mins
Superman III
Jurassic World Dominion
6.8

ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်... ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB | 1.3GB | 900MB Format… mkv | mp4 Duration…. 2h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Ka Naung, SWM

Comedy
6.8 2022 147 mins
Jurassic World Dominion
Interceptor
6.2

ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက် ၂၀၂၂ ထွက် Intercepter လာပါပြီ။ ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက် စီနင်းကြတယ်။ သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။ ဒီဇာတ်လမ်းဟာ သာမာန် အက်ရှင်ကား အများစုနဲ့ ကွဲထွက်နေတဲ့အချက်က social issue ( လူအသိုင်းအဝိုင်းတွင်းက မမျှတမှု) တွေကို ထည့်စဉ်းစားမိအောင် အများကြီး ထည့်ရိုက်ပြသွားပါတယ်။ လက်ယာစွန်းရောက်နေတဲ့ မျိုးချစ် အမေရိကန်တွေရဲ့ ရူးမိုက်မှု၊ အမျိုးသမီးတွေကို နိုင့်ထက်စီးနင်းလုပ်မှု ၊ ရွှေ့ပြောင်းအခြေချလာတဲ့ အမေရိကန်မဟုတ်သူတွေကို ခွဲခြားဆက်ဆံမှု ဒါတွေကို တစ်လွှာချင်း တူးဖော်ပြီး ကြည့်နိုင်ပါတယ်။ သေချာတာကတော့ သဘာဝလွန် လက်တွေ့မဆန်တဲ့ အက်ရှင်မျိုးထက် လူမှု ပြဿနာတွေအကြောင်း တစ်ရစ်ချင်း ပါးပါးလေးထည့်ရိုက်ပြထားတဲ့ကားပါ။ ဒီအက်ရှင်ကားဟာ တစ်ကားလုံး ဇာတ်လမ်းဇာတ်အိမ်မရှိ စွတ်ချချင်ရာချနေတဲ့ အက်ရှင်မျိုးထက် ဒိုင်ယာလေ့ာတွေ အသားပေး မလွတ်တမ်းကြည့်ရတဲ့ အက်ရှင်ကားမျိုးပါ။ ဒီအချက်ကြောင့်ပဲ ဒီကားဟာ ဇာတ်အိမ်ခိုင်တဲ့ တန်းမြင့် အက်ရှင်ကားကောင်းတစ်ခု ဖြစ်လာရတာပါ WEB DL AAC5.12CH / 720p  Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Action • Animation • Fantasy
6.2 2022 98 mins
Interceptor

ယခုနှစ်မှထွက်ရှိလာတဲ့ အိန္ဒိယ အက်ရှင်/ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb 9.0/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သာမန်ဇာတ်ကားတစ်ကားဆိုတာထက်ပိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဥ်းကတော့ ကာကီနာဒါဆိုတဲ့မြို့မှာ အခြေခံလူတန်းစား၊တစ်နည်းပြောရရင် ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားတွေတက်တဲ့ကျောင်းနဲ့ လူကုံထံအသိုင်းအဝိုင်းကကျောင်းသားတွေတက်တဲ့ကျောင်းဆိုပြီးနှစ်ကျောင်းရှိပါတယ်။ ဆင်းရဲသားကျောင်းကကျောင်းသားတွေကတော့ စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ လူကုံထံကျောင်းကကျောင်းသားတွေကတော့ မူးယစ်ဆေးတွေအပျော်အပါးတွေနဲ့နစ်မွန်းနေခဲ့ပါတယ်။ ဒါ့အပြင်သူတို့နှစ်ကျောင်းကလည်းဘယ်တော့မှ သင့်သင့်မြတ်မြတ်မရှိပဲ ဦးသူဆော်စနစ်နဲ့ အချင်းချင်းကြုံသလိုပြသနာရှာဖို့ချောင်းပြီး အမြဲရန်ပွဲတွေဖြစ်နေကြတာပါ။ ဒီဘဝပေးအခြေနေချင်းမတူကြတဲ့လူငယ်တွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမှာလဲ။ မပြည့်စုံတဲ့ဘဝကလူငယ်တွေကရော သူတို့ပန်းတိုင်ကိုရှာဖွေနိုင်မှာလား။ ချမ်းသာပြီး ပျက်စီးနေတဲ့လူငယ်တွေကရော လမ်းမှန်ကိုပြန်ရောက်နိုင်ပါ့မလား။ သူတို့ချင်းကြားကရန်ပွဲတွေကရော ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ပရိသတ်ကိုယ်တိုင်ပဲရှုစားပေးကြပါဦး။ လူငယ်ကျောင်းသားဘဝအငွေ့အသက်တွေနဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.4GB / 1.2GB / 500mb Quality…1080p WEBDL AAC 2.0CH / 720P / 480p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Haruko & Yate

War
null 2022
Gangs of 18
Eating Our Way to Extinction
6.9

~ IMDb Rating - 7.5/10 ~ လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ​မွေးမြူ​ရေးလုပ်ငန်း​ကြောင့် ဖြစ်လာတဲ့ သစ်​တောနဲ့ ​ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူ​နွေးလာမှု၊ တိရစ္ဆာန်မှတဆင့် လူ​တွေကို ကူးစက်တဲ့ ကပ်​ရောဂါဆိုးတွေအ​ကြောင်း၊ ငါး​မွေးကန် လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်မျိုးကွဲ​တွေရဲ့ မျိုးတုန်းမှုအ​ကြောင်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီ Documentary ကို ကြည့်လိုက်တာနဲ့ ကိုယ်​နေ့စဉ်စား​သုံးနေတဲ့ အစားအစာ​တွေက ကိုယ့်ရဲ့ပျက်သုဉ်းခြင်းကို ဘယ်လိုဦးတည်​​စေလဲဆိုတဲ့ အသိတစ်ခု ကျန်ခဲ့မှာပါ။ (ဒီ Documentary နဲ့အညွှန်းကို JimX မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 763MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 22Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by JimX Encoded by Y

Action • Crime • Thriller
6.9 2021 81 mins
Eating Our Way to Extinction
Code 8
6.2

ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့် Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊ Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။ Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။ လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့ အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။ သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေး ဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။ တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါ အစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။ အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှ ဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲ အစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။ အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာ အားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့ အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာ သူဘာဆက်လုပ်မလဲ? ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆုံးထိစိတ်ဝင်တစားကြည့်ရှုရမယ့် ဒီကားလေးနာမည်ကတော့ Code 8 (2019) ပါ။ File Size : ( 885 MB , 335 MB ) Quality :  WEB-DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

6.2 2019 99 mins
Code 8
Marlina the Murderer in Four Acts
6.9

၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့ လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာ တော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကို အပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာ ယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာ ယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်း လုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင် အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့် မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့ လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.9 2017 93 mins
Marlina the Murderer in Four Acts
Race for Glory: Audi vs Lancia
5.8

ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ် နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ် ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံ တာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီး ရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်း သွက်အောင်လုပ်လေ့ရှိပါတယ်…။ အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ် လူတွေပိုဝယ်ကြမယ်ပေါ့…။ ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့ အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာ Audi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါ အီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။ အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး…။ ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့ မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။ lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကို ကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့် ကားလေးပါပဲ….။ File size…1.89 GB / 844 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.8 2024
Race for Glory: Audi vs Lancia
La Vie en Rose
7.6

La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။ အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင် အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင် တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့် အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင် လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့ အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့ “အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို စရခဲ့ပါတယ်။ ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့ ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။ ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင် အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့ ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့် လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့ အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့ ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့ ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။ အီဒစ်ပီအပ်ဖ် အဖြစ် သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊ BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 20m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.6 2007
La Vie en Rose
A Bride for Rip Van Winkle
7.2

CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကို အသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင် ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ ကောင်မလေးက စားဝတ်နေရေးအတွက် အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။ သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။ နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီး အဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့ လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။ အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင် ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူက တစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာ ထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်း မိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး plot twist တွေ ရောက်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားက နာနာမီရဲ့ ဘဝအပိုင်းအခြားတစ်ခုမှာ ကြုံတွေ့ရတဲ့ လောကဓံတွေကို ရိုက်ပြထားတာ ဖြစ်တာမလို့ သူ့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရပုံတွေ၊ အချစ်ရေးရဲ့ အတက်အကျတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဝင်လာသူတွေလည်းရှိသလို ထွက်လာသူတွေလည်း ရှိတယ်။ အရင်းနှီးဆုံးလို့ထင်ရသူတွေက သူစိမ်းဖြစ်နေသလို သူစိမ်းလို့ထင်ရသူတွေ အရင်းနှီးဆုံးလူ ဖြစ်နေတတ်ပြန်တယ်။ ဒီလိုမျိုး လူ့သဘောသဘာဝတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာမလို့ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay director’s cut 1080p / 720p Format… mp4 Duration…. 2h 59m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.2 2016 179 mins
A Bride for Rip Van Winkle
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
The Great Lillian Hall
7.7

The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်း အော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင် ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိက သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hall ဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင် ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။ သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လို ရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင် ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကို ကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်း သရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အော်စကားတန်းဝင် ကားတွေကြိုက်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.60GB / 708MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.7 2024
The Great Lillian Hall
Love All Over Your Face / Amor En Toda La Cara

IMDb – 6.7/10 ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ စပိန်​စကားပြော Comedy ဟာသ​ရုပ်​ရှင်​တစ်​ခု​ဖြစ်​ပါတယ်။ ရုပ်ရှင်​ရဲ့ အင်္ဂလိပ်နာမည်က Love​ All Over Your Face ဖြစ်​ပါတယ်။ ဇာတ်​ကား​ရဲ့ ထူး​ခြား​ချက်​က scene အားလုံး​ကို Video Call, FaceTime နဲ့ Zoom အစရှိတဲ့ ဗီဒီယို​မြင်​ကွင်း​တွေကနေ ပုံဖော်​ထား​ခြင်း​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဒန်​နီ ဟာ စပိန်​နိုင်​ငံကနေပြီး အမေရိကန်​ပြည်ထောင်​စု​ LA မှာ အလုပ်​လုပ်​နေတဲ့ စပိန်​နိုင်ငံ​သားဖြစ်​ပြီး အန်နာကတော့ မက္ကဆီကို​နိုင်​ငံကနေ LA ကိုလာပြီး သရုပ်​ဆောင်​ဖြစ်​ဖို့​ ကြိုး​စား​နေသူဖြစ်ပါတယ်။ ဒန်​နီနဲ့ အန်နာတို့ တွဲ​ပြီးမကြာခင်မှာ ဒန်​နီ​တစ်​ယောက်​ ဗီဇာသက်တမ်းတိုးဖို့ စပိန်​နိုင်ငံ​ မက်ဒရစ်မြို့ကို ပြန်​သွားခဲ့ရပါတယ်။ ကိစ္စ​ပြီးလို့ LA ပြန်​မယ်လုပ်တုန်းမှာ Covid ရောဂါ​ကပ် စတင်​ဖြစ်​ပွား​လာခဲ့တဲ့အတွက် အမေရိက​ကို ပြည်ဝင်ခွင့်မရဘဲ စပိန်​မှာပဲ နေနေရပါတော့တယ်။ ဒီလို​နဲ့ ဒန်​နီနဲ့ အန်နာ​တို့​ဟာ လူချင်းတွေ့ခွင့်မရဘဲ video call နဲ့သာ ဆက်​သွယ်​နေရာက​နေ​ ဘယ်​လို​အဖြစ်​အပျက်တွေ ကြုံဆုံရမလဲ ဆိုတာ​ကို ကြည့်​ရှုရမှာပါ။ ကိုဗစ်​ကာလကို အခြေခံ​ဇာတ်​အိမ်​တည်​ထားတာ ဖြစ်​တဲ့အတွက်​ ကြည့်​ရှု​ရတာ ရင်း​နှီး​မှုရှိပြီး ဇာတ်​အိမ်​ကလည်း​ ပေါပေါ့ပါးပါးဖြစ်တဲ့အတွက် ကြည့်​ပျော်​တဲ့ဇာတ်ကားလေး ဖြစ်​ပါတယ်။ လိင်​ပိုင်း​ဆိုင်ရာ​ပြကွက်အချို့ ပါဝင်​တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်​ရှုရန် မသင့်တဲ့ အခန်း​တချို့​ရှိပါတယ်။ ကိုဗစ်​ရောဂါ​ဖြစ်​ပွား​နေခဲ့တဲ့ လွန်​ခဲ့တဲ့​ လေး၊ ငါးနှစ် အချိန်​ကာလကို​ ပြန်​ပြောင်း​သတိရ​လိုသူများ မဖြစ်​မနေကြည့်ရှူသင့်တဲ့ ဟာသကားလေးဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Love All Over Your Face / Amor En Toda La Cara
Toilet – Ek Prem Katha
7.6

“Toilet”လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီး စိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျ မြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့) ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့”အိမ်သာ”ပေါ့ ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာ သန့်စင်ခန်းတစ်ခုကြောင့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါ အမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူး သန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မကောင်းဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့် အယူအစွဲတွေနဲ့သမုတ်ထားကြတာပါ ရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါ တစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ (ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ် ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ် သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာ ဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့် ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ် မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့သလိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျ လူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီး ကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲ ဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့ အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ် ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲ ဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့ သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ ရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့………………., ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)

TV Movie • Comedy • Romance
7.6 2017 155 mins
Toilet – Ek Prem Katha
My Heroic husband
5.7

ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။ သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ…? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် – ❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ပွင့်လန်းနိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ Comedy အမျိုးအစားလေးဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်နေရမဲ့ ဇာတ်ကားလေးပါ အခုပဲကြည့်လိုက်ရအောင်ပါနော် ။

Action • Crime • Thriller
5.7 2021
My Heroic husband