YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wicked.City.2022.S02E02.1080p.WEB.h264-EDITH(CM).mp4

1.1 GB N/A video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Place Beyond the Pines
7

ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ၂၅၀၀နဲ့ အာမခံပေးပြီးထုတ်ခဲ့ရတာပေါ့ သူကလွတ်လာတာနဲ့ပဲ တစ်ရက်တည်းနဲ့ ဘဏ်နှစ်ကို ဓားပြတိုက်ဖို့ ကြိုးစားပါလေရော သူ့ရဲ့ တွဲဖက်ကတော့ မတိုက်တော့ဘူးဆိုပြီး ငြင်းလိုက်လို့ သူတစ်ယောက်တည်း တိုက်ရာကနေ ရဲနဲ့တွေ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ ရဲအရာရှိကရော ဘာလုပ်မှာလဲ နောက်ထပ်ရောဘာတွေဖြစ်မလဲဆိုတာကို တစ်ကားတည်းနဲ့ ဇာတ်လမ်း၃ခုကြည့်ရသလိုမျိုးရသမြောက်အောင်ရိုက်ထားပြီး သရုပ်ဆောင်တွေရဲ့ အနုပညာကိုလည်း တဝကြီးခံစားရမှာမို့ လက်မလွှတ်တမ်းသာ ကြည့်လိုက်ကြပါဦး File size…(2.46GB) / (1.47G604MBB) / (647MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:20:00 Genre...Crime / Thriller / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • History • War
7 2013 140 mins
The Place Beyond the Pines
Doll House
6

~ IMDb - 8.2/10, Rotten Tomatoes - 100% ~ 2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ရပ်စ်တင်ကိုယ်တိုင်ပဲ ထွက်ပြေးခဲ့တဲ့ အတိတ်ဟောင်းကို သူကိုယ်တိုင်မသိလိုက်ဘဲ ပြန်လည်တိုး၀င်မိပါတော့တယ်။ Drama ဆိုရင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လေ့ရှိတဲ့ ဖိလစ်ပိုင်တွေအဖို့တော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ထွက်လာမှာ ငြင်းစရာမရှိတာမို့ CM ပရိသတ်ကြီးတို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 914MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 1H 47Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama • Romance
6 2022 107 mins
Doll House
The Legendary Tazza's Tap
4

ဖဲဝိဇ္ဇာတွေအများကြီးထဲမှာ ၂၀၂၂ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ မင်းသားကြီးအိုဂျီဟိုလည်းပါဝင်လာပါပြီ အွန်လိုင်းဂိမ်းကနေပဲ လောင်းကစားလုပ်တဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလိုခင်တဲ့ ဂယောင်းဂျို ရှုံးသွားတဲ့ ပိုက်ဆံတွေကိုလိုက်ပေးဖို့ ကိုယ်တိုင် ဝင်ပါရာမှ တကယ့်ဖဲလောကရဲ့ လှည့်ဖြားမှုတွေကို သိသွားလိုက်ရပါတော့တယ် ပိုက်ဆံတွေပြန်ရဖို့ကို ဘယ်လိုတွေလိုက်လဲ ဘယ်လိုတွေ အချီကြီးတွေဆော့လဲ ဘာတွေရင်းလိုက်ရလဲ ဘယ်လိုတွေဉာဏ်ဆင်ပြီး ရအောင်လိုက်သလဲ ဖဲဝိဇ္ဇာဆိုတဲ့အတိုင်း ကတ်တွေကို ပါးပါးနပ်နပ်နဲ့ဆော့သွားတာကို ကြည့်ရမှာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ "ဘာဒုဂီ" လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီးဆော့သွားမှာပါ ဖဲဝိဇ္ဇာတွေရဲ့ ဉာဏ်သုံးပုံတွေကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။ Genre.....Crime, Action Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 703MB and 273 MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August

Comedy
4 2022 96 mins
The Legendary Tazza's Tap
Contra
6.6

Contra (2021) =========== IMDb Rating – 6.6/10 “စကားအချေအတင်ပြောတယ် ဆိုတာ တီးလုံးမပါဘဲ rap ရွတ်ရသလိုပါပဲ” မူရင်း ပြင်သစ်ရုပ်ရှင်ကို ဂျာမနီက ပြန်လည်ရိုက်ကူးထားသော ဇာတ်ကား ဖြစ်တဲ့ “Contra” ဟာ နေ့စဉ်နဲ့အမျှဖြစ်လေ့ရှိတဲ့ ငြင်းခုံမှုတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခံရမှုတွေကို ‌မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်း လေး တစ်ကားဖြစ်ပါတယ်။ ဂျာမနီမှာ နေထိုင်တဲ့ အာရပ်သူလေး နာအီမာ က ရှေ့နေမမ ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ကြိုးစားရုန်းကန်နေရတဲ့သူ တစ်ဦးဖြစ်တယ်။ တက္ကသိုလ် စတက်တဲ့နေ့မှာပဲ အတန်းချိန်နောက်ကျသွားတဲ့အတွက် ဆရာဖြစ်သူ ပါမောက္ခ ပိုးလ် ရဲ့ လူမျိုးရေး ခွဲခြားတာ ခံလိုက်ရတာပေါ့။ အဲတာကို တစ်ခြား အတန်းဖော်တွေက ဗီဒီယိုရိုက်ပြီး အင်တာနက်မှာ ဖြန့်ပ လိုက်တော့ ဆရာ ပိုးလ်မှာ အလုပ်ပြုတ်မလိုတောင်ဖြစ်သွားရော။ နာအီမာ ကလည်း အလုပ်သင်ဆင်းချင်တဲ့အတွက် စကားရည်လု ပြိုင်ပွဲပြိုင်ဖို့ လေ့လာနေတာဆိုတော့ နာအီမာကို အနီးကပ်သင်ကြား ပေးဖို့အတွက် ဆရာ ပိုးလ် ကို ကျောင်းအုပ်က ‌တာဝန်ပေးလိုက်တယ်။ လူမျိုးရေးခွဲခြားသူ ဖြစ်တဲ့ ဆရာ ပိုးလ် နဲ့ တပည့်မလေး နာအီမာ တို့ကြားမှာ ဘယ်လိုဆက်ဖြစ်မလဲ နာအီမာရော သူမရဲ့ အိပ်မက်ကို အခက်အခဲတွေကြားက ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ ဆိုတာ CM ပရိတ်သတ်ကြီး ဆက်ပြီး ကြည့်ရှု‌လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size – (1.3 GB) / (619 MB) / (408 MB) Quality – Blu-Ray 1080p/ 720p / 480p Duration – 1Hr 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama Translator – Khant Sett Naing Encoder – SWM

Action • Thriller
6.6 2021 104 mins
Contra
The Great Seduction
6.5

လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေး တစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်း ချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီး ထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက် ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲ အသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက် အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာ ဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက် လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန် ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည် လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးက လိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့က ခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ ဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေး တစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 95 mins
The Great Seduction
Saw Saw 1
7.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 1 (2014)မှာတော့ လောရန့်နဲ့အက်ဒမ်က အလောင်းတစ်လောင်းရှိနေတဲ့ အခန်းတစ်ခန်းထဲမှာ နိုးလာတယ်။ ခြေထောက်တွေကိုသံကြိုးခတ်ခံထားရတယ်။ လူတစ်ယောက်က သူတို့နဲ့ဂိမ်းကစားချင်နေတယ်။ လောရန့်က သူ့မိသားစုအတွက် အက်ဒမ်ကိုသတ်ရမယ်တဲ့။ ဂိမ်းကိုနိုင်ဖို့လိုအပ်တဲ့ပစ္စည်းတွေက အခန်းထဲမှာပဲရှိနေတယ်။ သူတို့နှစ်ယောက်ဒီအခန်းထဲကလွတ်မြောက်ဖို့ ဘာတွေလုပ်ကြ ဘာတွေရင်းကြမယ်ဆိုတာ……။

7.6 2004
Saw Saw 1
A Christmas Frequency

နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ “ဘရွတ်နဲ့နံနက်စာ” ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် “ဘရွတ်နဲ့နံနက်စာ” အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။ ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး “ဘရွတ်နဲ့နံနက်စာ”ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အ​ချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2023
A Christmas Frequency
Night of the Killer Bears

Night of the Killer Bears (2023) Horror, Thriller တွေကြိုက်တတ်တဲ့သူတွေအတွက် Worng Turn, Hostel, The Cabin in the Woods တို့လို Vibe လေးရစေမယ့် တစ်စိမ့်စိမ့်ကြောက်နေရမယ့်ထိုင်းဟော်ရာရုပ်ရှင်လေးတစ်ခုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ မင်းသား မင်းသမီးတွေကလည်း အရမ်းချောပြီး နုဖတ်နေအောင် ချစ်စရာကောင်းတာလဲပါတာပေါ့ Horror ကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက်လူသူအရောက်အပေါက်နည်း ဖုန်းလိုင်းမမိတဲ့နေရာကို ရောက်လာပြီး Reunion ပြန်လုပ်ကြပါတယ်။ သူတို့တွေကြားမှာလည်း ဖြေရှင်းလို့မရတဲ့ပြသနာတွေ စိတ်ရှုပ်စေတဲ့အတိတ်ကအကြောင်းအရာတွေ အရှုပ်ဇာတ်တွေနဲ့ သူတို့လေးတွေ ပြန်ပြေလည်ဖို့ရောက်လာကြတာပါ။ Resort လေးကတော့ တောအုပ်ထဲမှာရှိပြီး အရမ်းလှပတဲ့နေရာတစ်ခုပါပဲ။ သူတို့တည်းတဲ့ညမှာတော့ Resort မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ အဲလိုနေရာလေးမှာ ဘယ်လိုနောက်ကွယ်က အကြောင်းတွေရှိနေမလဲ။ ချစ်စရာဝက်ဝံတွေကရော ဘယ်လိုတွေရွံစရာကောင်းမလဲ။ တန်ဆောင်တိုင်ပိတ်ရက်မှာ တောအုပ် resort တွေ သွားတည်းချင်တဲ့သူတွေအဖို့ ကြည့်သင့်တဲ့ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတော့တယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ဖြစ်ပါတယ် Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.4GB | 482MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Aaron

0 2023 96 mins
Night of the Killer Bears
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
Gulou Town Mausoleum
5.8

ရှေးတုန်းကတရုတ်ပြည်အနောက်ဘက်မှာ မော့ယွီဆိုတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ကန္တာရထဲကရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မော့ယွီဘုရင်ဂူဗိမာန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ကြတယ်။ သုတေသနအဖွဲ့မှာ တက္ကသိုလ်ပါမောက္ခနဲ့ ကျောင်းသားတွေအပြင် သူတို့အဖွဲ့ကိုစောင့်ရှောက်ဖို့လုံခြုံရေးအဖွဲ့ပါလိုက်ပါခဲ့တယ်။ ပျောက်သွားတာနှစ်(၂၀)ကြာပြီဖြစ်တဲ့ အဖေကိုရှာဖို့ကြိုးစားဖို့အတွက် ဝမ်ချင့်ညန်တို့ကလဲ အဖွဲ့ထဲကိုရောဝင်ခဲ့တယ်။ အဆုံးမရှိတဲ့ကန္တာရကြီးထဲမှ ာ သဲမုန်တိုင်းကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာမော့ယွီသင်္ချိုင်းထဲကိုရောက်သွားခဲ့ကြပါတယ်။ သင်္ချိုင်းထဲကရွှေငွေရတနာတွေကိုမြင်တော့ လူ့သဘာဝလောဘတွေပေါ်လာတော့တာပေါ့။ အားလုံးဟာဒီသင်္ချိုင်းဗိမာန်ထဲမှာပိတ်မိနေတဲ့အချိန် နှစ်ချို့မြွေကြီးပေါ်လာလို့ ရတနာတွေကိုဂရုမစိုက်နိုင်ပဲ အသက်ဘေးကထွက်ပြေးကြရတော့ပါတယ်။ နှစ်၂၀၀၀ကျော်သမိုင်းရှိတဲ့ ထောင်ချောက်တွေအထပ်ထပ်ပြည့်နေတဲ့ သင်္ချိုင်းဗိမာန်ထဲကနေဘယ်လို ပြန်ထွက်ဖို့ကြိုးစားမလဲ….. ရှေးဟောင်းသုတေသနစွန့်စားခန်းလေးပဲဖြစ်ပါတယ်။

5.8 2024
Gulou Town Mausoleum
The Wrath
5.9

The Wrath (2018) ******************* လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင် အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကို အရင်ကြည့်မှ ဖြစ်ပါမယ်နော် (ဇာတ်လမ်းအညွှန်း) ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ် မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာ မင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ် နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲ မိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ် အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက် မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ် အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲ အိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့ The wrath movie ထဲမှာ ခံစားလိုက်ကြပါဦး File size… 1.41 GB / 487 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Thriller, Historical, Horror, Supernatural Subtitle…. Myanmar Subtitle (Hard Sub) Encoder…. AHtet Translated by Vanessa

5.9 2018
The Wrath
The Strange Case of a Claustrophobic Ghost

အိမ်အသစ်ကို ​ပြောင်းလာတဲ့ Nikolajဟာ ညဘက်​တွေဆို သူ့အဝတ်ဗီရိုထဲက အသံ​တွေ​ကြောင့် လန့်နိုးလာ​ရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အို​ဟောင်း​နေတဲ့ အိမ်ကြီးတလုံးလည်း ရှိ​နေပါ​သေးတယ်။ ဒါ​တွေက ဘယ်လိုချိတ်ဆက်​နေလဲ။ Nikolaj က မမြင်သင့်တဲ့ ​လောကတခုကို မြင်​နေရတာလား။ သူ့အခန်းမှာဆက်​နေလို့ မရ​ဘူးဆိုတာကို လက်မခံချင်ဖြစ်​နေတဲ့ Nikolajတစ်​ယောက် စပ်စုတတ်တဲ့ညီ​​လေးနဲ့အတူ ​ကျောင်းက သူငယ်ချင်း အသစ်​လေး Ximenaနဲ့ ဘယ်လိုပူ​ပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီ​ပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်​မှာ ကြည့်ရှုရမှာပါ​။ ကြည့်​နေကျ horror ကား​တွေနဲ့ မတူတဲ့ ဇာတ်​ကြောင်း​ပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ​ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီး​မျောနိုင်မှာပါ။ စပိန်စကား​ပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်​နေကျမဟုတ်တဲ့ ကင်မရာ ရှု​ထောင့် ​တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်​​တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

0 2023
The Strange Case of a Claustrophobic Ghost
UFO
6.2

ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲ ရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်က ဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီး ယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့ ၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့ အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီး ကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။ အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာ အစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိ တတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက် ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာ UFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက် အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDb Rating 6.2 ‌အထိရရှိထားပါတယ်။ ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသား တစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFO တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကို ပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။ အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံ တို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာ ဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကို ပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေက သူလိုချင်တဲ့အတိုင်း ဖြစ်လာပါ့မလား နောက်ဆုံးမှာအဲ့ဒီ UFO ဆိုတာကြီးက တကယ်ရှိလားဆိုတာကို အဖြေရှာသွားနိုင်ပါ့ မလားဆိုတာကို ခက်ခဲနက်နဲတဲ့ သင်္ချာတွေရူပဗေဒသဘော တရားတွေကိုသုံးပြီး အဖြေရှာသွားပုံတွေကို ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…947MB / 402MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2018 88 mins
UFO
Vicky Vidya Ka Woh Wala Video
5.8

Vicky Vidya Ka Woh Wala Video (2024) “ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)” တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။ ‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

5.8 2024 152 mins
Vicky Vidya Ka Woh Wala Video