YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Who Rules the World E40 CM.mp4

350.38 MB 720p video/mp4 2127 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shiri
6.4

၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy
6.4 1999 125 mins
Shiri
Mary Kom
7

အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က လက်ဝှေ့ရုံထဲရန်ဖြစ်ရင်းနဲ့ ရောက်သွားပြီး အဲဒီလက်ဝှေ့ရုံမှာ စတင်သင်ကြားပါတော့တယ်။ လက်ရဲဇက်ရဲနဲ့ စိတ်၀င်စားမှုပြင်းထန်တဲ့ မေရီဟာ အဲဒီလက် ဝှေ့ရုံရဲ့ ထင်ရှားတဲ့ လက်ဝှေ့သမားအဖြစ်သာမက ပြည်နယ်တိုင်း ပြိုင်ပွဲတွေအထိပါ တဖြည်းဖြည်း တက်လာတယ်။ ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။ လက်ဝှေ့ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအသွားအလာအတိုင်း မေရီပြိုင်ပွဲတွေ၀င်ပြိုင်တယ်။ နိုင်ငံအဆင့် အိုလံပစ်အဆင့်အထိ အဆင့်ဆင့်တက်ပြိုင်။ နိုင်သွားတယ်။ ဒီသဘောပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ အလှည့်အပြောင်းကတော့ တက် လမ်းရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ သူ့ ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး ရေစုန်မျောရမလို ဖြစ်သွားတယ်။ ကံကောင်းတာက မေရီ့မှာ ချစ်စ ရာကောင်းတဲ့ အမြွှာကလေး နှစ် ယောက်အပြင် မေရီရဲ့ လက်ဝှေ့ အားကစားနဲ့ ပတ်သက်ရင် ကိုယ် ကျိုးစွန့်ချစ်တတ်တဲ့ သူယောက်ျားက သူ့တက်လမ်းတွေကို ပြန်ဖွင့် ပေးခဲ့တယ်။ ကြားထဲမှာတော့ စိတ်ဓာတ်ကျစရာတွေ ခါးဆက် ပြတ်သွားတဲ့ လက်ဝှေ့သမားတစ် ယောက်ရဲ့ အခက်အခဲတွေတော့ တစ်ပုံကြီးနဲ့ပေါ့။ ဒီဇာတ်လမ်းက ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ဒီကားထဲမှာပြောစရာက အိန္ဒိယ နာမည်ကြီးမင်းသမီး Priyanka Chopra ပရီယန်ကာချိုပရာဖြစ်ပါတယ်။ ဒီလို လက်ဝှေ့သမား တစ်ယောက်ရဲ့ သဏ္ဌာန်ကို သရုပ်ဖော်နိုင်တဲ့ ဒီမင်းသမီးကတော့ အထင်ကြီးစရာပါပဲ။ နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသားတွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။ Review Crd File size…(2.5 GB)/(1.2 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….02:01:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Horror
7 2014 122 mins
Mary Kom
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Comedy • Drama
7.6 2020 102 mins
All the Moons
Dark Cloud
6.3

ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
6.3 2022 81 mins
Dark Cloud
What’s Love Got to Do with It?
6.4

What’s Love Got to Do with It? (2022) =========================== IMDb Rating – 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။ ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (735 MB) / (422 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Drama • Music • Adventure
6.4 2022
What’s Love Got to Do with It?
My Summer of Love
6.7

My Summer of Love (2004) ==================== IMDb Rating – 6.7/10 ဒီကားလေးကတော့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဒရမ်မာရိုမန့်စ် ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။၂၀၀၅ ခုနှစ် BAFTA Awards မှာ Outstanding British Film Award ကို ဆွတ်ခူးထားပါတယ်။ Top Cast တွေသုံးပြီးမှ ရထားတဲ့ ဆုမဟုတ်ပဲ မထင်မရှား Cast တွေရဲ့ သက် ဆိုင်ရာ Role ကိုပီပီပြင်ပြင် သရုပ်ဆောင်မှုကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အဖေအမေ ဆုံးသွားပြီးနောက် အကိုနဲ့ မောင်နှမနှစ်ယောက်တည်း နေနေရတဲ့ မိုနာဆိုတဲ့ ကောင်မလေးနဲ့ နွေ ရာသီကျောင်းပိတ်ရက်၊ နယ်မြို့လေးကိုပြန်လာတဲ့ တမ်မ်ဆင် တို့ ကောင် မလေးနှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ ကွဲပြားတဲ့စရိုက်နဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းကြားမှာ အချစ်တစ်ခုဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.17 GB) / (802 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Thetti Tun Encoder……….SWM

Drama • War
6.7 2004 87 mins
My Summer of Love
Strange Way of Life
6.6

Strange Way of Life (2023) ~ IMDb – 6.6/10, Rotten Tomatoes – 78% ~ The Skin I Live In တို့၊ Pain and Glory တို့လို အော်စကာတန်းဝင်ကားတွေကို ရိုက်ခဲ့တဲ့ စပိန်ဒါရိုက်တာ Pedro Almodóvarရဲ့ Short film အသစ်ပါ။ Pedro Pascal နဲ့ Ethan Hawke တို့လို ထိတ်ထိတ်ကြဲ မင်းသားတွေကို သုံးထားတယ်။ Almodóvar ရိုက်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်စကားပြော ရုပ်ရှင်ဆိုလည်းဟုတ်တယ်။ Western Drama ပေမဲ့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူဘဲ ဇာတ်အိမ်ကို မထင်ထားတဲ့ပုံစံမျိုး သုံးပြထားတယ်။ ဒီဇာတ်လမ်းဟာ နာရီဝက်သာသာပဲရှိတဲ့ ဇာတ်လမ်းပေမဲ့ Western Drama အရသာကို ပေးသင့်သလောက်ပေးနိုင်ခဲ့သလို ကျွန်တော်တို့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူတဲ့ အငွေ့အသက်လည်း လွှမ်းထားတယ်။ နောက်တစ်ခုထူးတာကတော့ ဒီရုပ်ရှင်တိုကို Western ရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Sergio Leone က သူ့ရဲ့နာမည်ကျော် Dollars Trilogy ကို ရိုက်ခဲ့တဲ့ စပိန်တောင်ပိုင်းမှာပဲ ရိုက်ထားခဲ့တာပါ။ Pedro နဲ့ Ethan ပရိသတ်တွေတော့ အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ကြလောက်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းတိုနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 755MB Quality – 1080p IMDb Rating – 6.6/10 Format – mp4 Duration – 31Min Genre – Short, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 2023 31 mins
Strange Way of Life
Pom Poko
7.3

Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့ Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်​သေးဘူးဆိုတော့လည်း နည်းနည်း​လောက်တော့ပြောပြလိုက်ပါဦးမယ်။ ဇာတ်လမ်းလေးကဒီလိုစပါတယ်……. ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာ တာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ …. ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့ လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေက မြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီး မြို့သစ်တစ်ခုတည်ဆောက်​ဖို့ကြိုးစားကြပါတော့တယ် …… အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို အသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ……. ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့ အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာ အခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။ နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေ မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေက ဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့် အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Romance • Comedy
7.3 1994 119 mins
Pom Poko
The Puppetman
5.3

The Puppetman (2023) ================= Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။ အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ… သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.0 GB) / (407 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

Drama
5.3 2023
The Puppetman
Snowed In for Christmas
6.2

Snowed In for Christmas (2021) ======================== IMDb rating – 6.2/10 ပရိတ်သတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ခရစ်စမတ်မှာ ကြည့်ရှူနှုန်း 613 အထိတက်လာတဲ့ ခရစ်စမတ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ – ကေလီ ကန်နင်းဟမ်မိသားစုက သမီးလေးနှစ်ယောက်ဖြစ်တဲ့ လီလီနဲ့ ရိုစီကို ထိန်းပေးနေတဲ့ကလေးထိန်းတစ်ယောက်ပါ။ ခရစ်စမတ်ကျရင် သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကိုပြန်ပြီး အနားယူနေပေမဲ့ ဒီနှစ်မှာတော့ လီလီနဲ့ရိုစီရဲ့မိဘတွေက နှင်းမုန်တိုင်းကြောင့် နယူးယော့ခ်မှာပိတ်မိနေ တာနဲ့ သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကို မပြန်ရဘဲ လီလီနဲ့ရိုစီရယ် တခြား နယ်တစ်နယ်ကရောက်လာတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ဦး လေးရယ်နဲ့ပိတ်မိနေပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ ခရစ်စမတ်မှာ မိသားစုတွေအတူတူခရစ်စ မတ်ကိုဖြတ်သန်းကြပုံနဲ့ ကေလီနဲ့အီသန်တို့ဘယ်လိုချစ်မိသွားကြမလဲ ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ခရစ်စမတ် vibe အပြည့်နဲ့ကြည့်ရ မယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.69 GB) / (558 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

6.2 2021
Snowed In for Christmas
Head Count
5.5

ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက် အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင် တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။ အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန် ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့ သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ…….. File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2018
Head Count
Marinette

CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin

0 2023
Marinette
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
Despatch
6.1

Despatch (2024) “လျှို့ဝှက်ချက်များ တူးဖော်ခြင်း” သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်း‌တွေထက် မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကို စာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကို မလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။ Print media ခေတ်ကနေ digital media ခေတ်မှာ အသားကျအောင် ကြိုးစားနေရသူတွေထဲမှာ နှစ်‌ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။ သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲ အုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။ အဲ‌ဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။ အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊ စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီး သတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊ အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.1 2024 151 mins
Despatch
Centipede
5.6

သဲထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်သူတွေအတွက် Centipede ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကျော်ဝေတို့အုပ်စုဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ထူးဆန်စွာ အသေအပျောက်များခဲ့တဲ့ အပန်းဖြေစခန်းတစ်ခုကို လိုက်ဖ်လွှင့်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီ အပန်းဖြေစခန်းရဲ့ ပိုင်ရှင်ကိုယ်တိုင်က ဆွဲကြိုးချ သေသွားခဲ့ပြီး အပန်းဖြေစခန်း အခန်းတွေထဲမှာ မီးလောင်သေသူ၊ ရေနစ်သေသူတွေလည်း ရှိနေပါတယ်။ အဲဒီလူတွေရဲ့ အခန်းထဲကို လိုက်ဖ်လွှင့်ဖို့ သွားတဲ့သူတို့တစ်ဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လိုထိတ်လန့်မှုတွေ ဖြစ်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Crime • Drama • Comedy
5.6 2025
Centipede