YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Who Rules the World E30 CM.mp4

282.13 MB 720p video/mp4 2034 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Zoey 102
7.3

Zoey 102 (2023) ဘဝမှာဖြစ်ချင်တာတွေများပြီး ဟိုဟာလည်းလုပ်ချင် သည်ဟာလည်းလုပ်ချင်နဲ့ အလွဲတွေဖြစ်ကုန်တဲ့ ဇိုအီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသ ဒရာမာအရောလေးတွေနဲ့ကြည့်ရှုကြရမှာပါ။ ဇိုအီဆိုတာက ရသစုံတီဗွီရှိုးထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ ဇိုအီတို့က LOVE:Fully Charged ဆိုတဲ့ ချိန်းတွေ့တဲ့တီဗွီရှိုးတစ်ခုရိုက်နေတာဖြစ်ပြီး အဲဒီရှိုးမှာ ဇိုအီ မရှိလို့မဖြစ်တဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့ ပါဝင်သူတစ်ယောက်ရှိနေပါတယ်။ အဲဒါနဲ့ပဲ ဇိုအီလည်းရာထူးတိုးပြီး ရှိုးရဲ့ဇာတ်သိမ်းပိုင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဇိုအီ့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မယ့်ရက်နဲ့တိုက်နေပါတယ်။ အောင်မြင်မယ့်အခွင့်အရေးနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ကြားမှာ နှစ်ခုလုံးကိုဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါအပြင် ရည်းစားဟောင်းနဲ့ပြတ်ပြီးကတည်းက ဘဲမရှိသေးလို့ဆိုပြီး အနှိမ်မခံရအောင် အယောင်ဆောင်ရည်းစားလည်းငှားလိုက်ပါသေးတယ်။ တကယ့်မင်္ဂလာပွဲနေ့နဲ့ ရှိုးပွဲနောက်ဆုံးပိုင်းနေ့ရောက်တဲ့အခါ ဘာတွေဖြစ်မလဲ ဇိုအီတစ်ယောက်ဘယ်လိုအမျိုးစုံကြိုးခုန်မလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ပဲ ဖြစ်ပါတယ်။

Drama • Romance
7.3 2023 101 mins
Zoey 102
Reminiscence
6.7

Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲ အတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား? ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ... ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။ File size…(2 GB) / (1.1 GB) / (450MB) Quality….WEB-DL 1080p / 720p / 480p Format…mp4 Duration….01:56:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Sai Thurein Alias

Comedy • Drama • Sci-Fi & Fantasy
6.7 2021 116 mins
Reminiscence
A Safari Romance
6.6

ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။File size…(1.85 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.6 2023 84 mins
A Safari Romance
10 Truths About Love
6

ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1.72 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6 2022
10 Truths About Love
Tae Guk Gi: The Brotherhood of War
8.1

ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်…. ညီအကို၂ယောက်ကတော့ ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်… သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ….. အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ် ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်… ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ… သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ… ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ… စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating 8.0 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေ မဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ…

8.1 2004
Tae Guk Gi: The Brotherhood of War
Carriers

ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။ Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader

0 2009
Carriers
Ice Age: Continental Drift
6.5

ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size… 5.8 GB / 2.2 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.5 2012
Ice Age: Continental Drift
Two Lovers
7

Two Lovers (2008) ============== IMDb Rating – 7.0/10 Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။ သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(1.5 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Act Molemy Encoder……….SWM

Drama • Romance
7 2008
Two Lovers
More than Blue
6.1

ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ် ရှယ်ငိုရမယ့်ကားပါ အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့ Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ် Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး 153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင် အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား… ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင် သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို သိလိုက်ရတယ်… အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့…. သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်… မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ…

Horror • Mystery
6.1 2018 106 mins
More than Blue
Dr. Lamb
5.9

Dr.Lamb (1992) ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ပါဝင်တဲ့အတွက် ၁၈ နှစ်အထက်မှမဟုတ်ရင် မကြည့်ဖို့ ကြိုတင်သတိပေးပါရစေ။ ဒီကားကို ကြည့်ပြီးရင်တော့ မိန်းကလေးတွေ ညဘက် တစ်ယောက်တည်း တက္ကစီမစီးကြဖို့နဲ့ စီးမယ်ဆိုလည်း မိသားစုတွေ မိတ်ဆွေတွေကို သေချာအကြောင်းကြားပြီးမှ စီးဖို့ တစ်ခါတည်းမှာလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။ Genre….. Crime, Horror, Thriller Quality…. 1080p | 720p File size… 5.5GB | 1.4GB Format… mp4 Duration….. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Egg Encoder ….. Aaron

Action • Drama • Fantasy • Mystery • Science Fiction
5.9 1992
Dr. Lamb
Operation Raavan
7.6

Operation Raavan (2024) “နတ်ဆိုးဘုရင်စစ်ဆင်ရေး” အသစ်ထွက်ရှိလာတဲ့ တေလဂူးသည်းထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ် အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီး သူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ် သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့ သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်က အဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာ ဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.6 2024 147 mins
Operation Raavan
Don’t Die: The Man Who Wants to Live Forever
6.2

Don’t Die: The Man Who Wants to live forever (2025) IMDb 6.2/10 ဒီတစ်ခေါက် Documentary လေးကိုတော့ တချို့တော်တော်များများ ဖတ်ဖူးကြားဖူးမယ့်လူလို့ ထင်ပါတယ်။ သူကတော့ တခြားမဟုတ် ဘရိုင်ယန်ဂျွန်ဆင်လို့ခေါ်တဲ့ အသက်၄၀ကျော်အရွယ်ကနေ ဖြစ်နိုင်ရင် ထာဝရနေနိုင်အောင် ဆယ်ကျော်သက်လေးလို ပြန်လည်ငယ်ရွယ်အောင် ကုထုံးမျိုးစုံနဲ့ ကြိုးစားနေတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ တချို့လူတွေအတွက်တော့ သူကပိုက်ဆံရှိလို့ လျှောက်လုပ်နေတဲ့ ငကြောင်တစ်ကောင်လို မြင်ကြပြီး တချို့ကလည်း သူလိုက်တဲ့အတိုင်း လိုက်လုပ်တဲ့လူတွေပါ ရှိလာပါတယ်။ အခြေအနေကိစ္စတစ်ရပ်မှာ တစ်မျိုးထက်မကတဲ့ သဘောထားတွေရှိနိုင်တဲ့အတွက် သူ့ရဲ့လုပ်ရပ်က မှန်တယ်မှားတယ် မပြောလိုပေမယ့် သူ့ကြောင့်နဲ့ ကျန်းမာရေးရဲ့အရေးပါမှုကို လူတွေသတိပြုလာအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သူ့မှာပေးဆပ်ရတာ သန်းနဲ့ချီတဲ့ဒေါ်လာတွေတင်မဟုတ်ဘဲ သားသမီးတို့ရဲ့ ချစ်ခင်ယုံကြည်မှုနဲ့ လူအများရဲ့ ဝေဖန်ပုတ်ခတ်တာကိုပါ ခံခဲ့ရပါတယ်။ မဖြစ်နိုင်ဘူး မလွယ်ဘူးဆိုပေမဲ့ ငယ်ရွယ်နုပျိုလာအောင် သူ့ရဲ့လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့စိတ်ခံစားချက်တွေကြောင့် သူဘယ်လိုဒီအနေအထားနဲ့ဒါတွေကို လုပ်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ဗဟုသုတအဖြစ် ရှုစားရမယ့် Documentary လေးပဲဖြစ်ပါတယ်ခင်ဗျ။

Action • History • Drama • Adventure • War
6.2 2025 88 mins
Don’t Die: The Man Who Wants to Live Forever
Rooster Cogburn
6.8

ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။ ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။ ဇတ်လမ်းအကျဥ်း ရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။ အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။ ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။ တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး သူတို့နှစ်ယောက်ကိုခေါ်သွားပါတယ်။ သူ့အသိ ကုန်စုံဆိုင်မှာသူတို့နှစ်ယောက်ကို ရူးစတာကအပ်ခဲ့ပေမဲ့မစ္စယူးလာကလူဆိုး ဖမ်းတာမှာရူးစတာကိုကူညီဖို့နောက်က လိုက်လာလို့ရူးစတာကလက်မခံချင်ပဲလက်ခံလိုက်ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာ ကစာတွေကိုရွတ်ပြတတ်တဲ့ မစ္စယူးလာ နဲ့ ဖြစ်သလိုနေတတ်တဲ့လူကြမ်းကြီးရူးစတာတို့အဆင်ပြေပါ့မလားသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်ကဘယ်လိုရှိလဲလူဆိုးတွေအကြံအောင်မလားဘာတွေဆက်ဖြစ် မလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါ တယ်။ ကြိုက်တဲ့အချက် Legend နှစ်ယောက်ရဲ့ သရုပ်ဆောင် တာနဲ့စကားပြောတာကိုကြိုက်ပါတယ်။ စကားအချီအချပြောတာစကားစစ်ထိုးတာတွေက ဇတ်ကောင်စရိုက်ကိုပေါ်လွင်စေ ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကတ်သရင်း ဟက်ဘန်းကိုတော်တော် သဘောကျမိပါတယ်။ ရုပ်ရှင်ကို အမေရိကန်တောင်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ရိုက်ကူးထားပါ တယ်။ အော်ရီဂွန်ပြည်နယ်က တောင် တန်းတွေ မြစ်တွေရဲ့အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ပေးတဲ့ message လေး ကိုကြိုက်ပါတယ်။ မိန်းမသားဖြစ်ပေမဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘယ်အချိန်ဘာလုပ် ရမယ်ဆိုတာ ပင်ကိုယ်သိစိတ်နဲ့လုပ်တတ် သူနဲ့အပြင်ပန်းမှာပစ်စလက်ခတ်ဖြစ်နေပေမယ့်နှလုံးသားလှတဲ့သူတွေရဲ့အကြောင်းပါ။ “လူသည်မျိုးစေ့ကြဲသည့်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” “ မြေကြီးက မြေကြီးသို့ ပြာက ပြာသို့ ဖုန်မှုန့်မှ ဖုန်မှုန့်သို့” “ဒီကမ္ဘာကိုကျွန်မတို့ဘာတစ်ခုမှယူမလာခဲ့ဘူး ပြီးရင်ဒီကမ္ဘာကနေကျွန်မတို့ဘာတစ်ခုမှယူမသွားနိုင်တာသေချာတယ်” ဟုတ်ပါတယ် အပေါ်ယံအကာတွေနဲ့ တုပြိုင်ပြီးလောဘဒေါသနဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးမှာ သေခြင်းဆိုတာရှောင်လွှဲ လို့မရတောင် စစ်မှန်တဲ့ မေတ္တာတရား ရိုးသားဖြောင့်မတ်မှုနဲ့ လူပီသပြီးကိုယ့်သ မိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးစားကြရမှာပါ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin

Thriller
6.8 1975 108 mins
Rooster Cogburn
J Loop
5.3

J Loop (2024) ************* ဇာတ်လမ်းအကျဉ်းကတော့ အသက် ၄၀ အရွယ် လူလတ်တစ်ယောက်ဖြစ်တဲ့ ဂျွန်နသန်ဟာ ဘောက်ဆင်လောကကို အနားယူပြီးတော့ ကိုယ်ပိုင် Gym ရုံလေး ဖွင့်ထားခဲ့တယ်။ အခြေအနေ အကြောင်းကြောင်း Gym ရုံကို ပိတ်ပစ်လိုက်ရပြီး home personal trainer အဖြစ်ရပ်တည်လိုက်ပါတယ်။ ကြွက်သားတွေအပြည့်နဲ့ ဆက်ဆီကျတဲ့ ခန္ဓာကိုယ်ကြောင့် ဒီလုပ်ငန်းမှာ အတော်လေး လူသိများပါတယ်။ ကိုယ်တိုင်က trainer အဖြစ်ရပ်တည်နေပေမယ့် တကယ်တမ်းမှာတော့ သင်တန်းသူတစ်ချို့ရဲ့မာယာကြောင့် အညှာလွယ်တဲ့သူဖြစ်လာခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ နီကိုလတ်ကနေဒါဆိုတဲ့ ကလေးတစ်ယောက်က သင်တန်းလာစုံစမ်းတယ်။ ကျောင်းမှာခဏခဏအနိုင်ကျင့်ခံရတာကို မခံချင်တော့တဲ့အတွက် ဂျွန်နသန်ဆီမှာ လက်ဝှေ့ လာသင်ဖို့ဆုံးဖြတ်ထားတဲ့ ဒီကလေးကိုအစမှာ လက်မခံချင်ပေမယ့် လက်တွေ့မြင်လိုက်ရတော့ သနားပြီးလက်ခံခဲ့တယ်။ ဂျွန်နသန်ကိုအထင်ကြီးလေးစားတဲ့ နီကိုလတ်ဟာ တစ်ခုလတ်ဖြစ်နေတဲ့ သူအမေနဲ့ဒိတ်ပေးဖို့ ကြိုးစားပေးပါတော့တယ် .. ။ နီကိုလတ်ရဲ့အမေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဂျွန်နသန်ရဲ့ ချစ်သူဟောင်းဖြစ်နေတဲ့အခါမှာတော့…. (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်) File size…1.75GB / 758MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Sci-Fi, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by AHtet

5.3 2024 100 mins
J Loop
I Am The King
6.4

I Am The King (2012) ********************* IMDb….. 6.4 I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်း​နောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီး သရုပ်​ဆောင်​တွေက​တော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong, Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အိမ်​ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း​​ညောက ​ သောက်စားမူးယစ်ပြီး ​ပျော်​ပါး​နေတာ​ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ​မြောက်သား​တော် မင်းသားချွန်း​ညောကို အိမ်​ရှေ့စံအဖြစ် တင်​မြှောက်လိုက်ပါ​တော့တယ်။ ဒါပေမဲ့လည်း မင်းသားချွန်း​​ညောဟာ တိုင်းပြည်​ရေးကို စိတ်မဝင်စားဘဲ စာ​​ပေ​ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ​ကြောင့် နန်း​တော်ထဲက ထွက်​ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း​​ညောနဲ့ တစ်ပုံစံတည်းတူတဲ့ အ​စေခံ​ဒေါ့ချီဆိုသူကလည်း နန်း​တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သား လူလဲကာ ​ဒေါ့ချီက အိမ်​ရှေ့စံအစား နန်း​တော်ထဲက ဖိအား​တွေခံစားရပြီး မင်းသားချွန်း​​ညောက အ​စေခံအစား နှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအ​ခြေအ​နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့ မင်းသားချွန်း​ညောအ​နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 2.11GB/ 0.98GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Thriller
6.4 2012 120 mins
I Am The King