YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Who.Killed.Sara.S01E05.1080p.CM.mp4

540.55 MB 1080p video/mp4 276 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Anek
6.2

ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်.. ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်... သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်... တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ... မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။ အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်... File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R

Action • Science Fiction • Thriller
6.2 2022 146 mins
Anek
Cobalt Blue
6.5

"ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့ မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလို ခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ.... ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကို ဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။ "ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။ IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။ File size…1.6GB / 800MB Quality…1080p NF WEB DL  AAC 5.1CH / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Shwe Pyae & Yate

6.5 2022 112 mins
Cobalt Blue
The Heist of the Century
7.8

IMDb...7.1 မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် ...မမိရင် သုံးလိုက်ဖြုန်းလိုက်.. မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့... တစ်နေ့တော့ သူတို့ သူခိုးအသိုင်းအဝန်းက လူတစ်ယောက်က လာကမ်းလှမ်းတယ်...လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစား အချီချဖို့ လာစည်းရုံးတယ်... ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖို့ပါပဲ...အတော်ကို မလွယ်ကူတဲ့ အလုပ်ပါ..သို့ပေမဲ့ အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာ ဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို့  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီး ဗျင်းဖို့ကြိုးစားကြတယ်... တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူက based on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ် January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူခိုးပါရဂူကြီးတို့ ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကို ဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ ကိုင်း ခံစားကြည့်ကြပါဦ:... File Size : (2.1GB)(799 MB) and (239 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by Phyo Pyae

Action • Crime • Drama
7.8 2020 114 mins
The Heist of the Century
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
I Fine.. Thank You..Love You
6.9

မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး... ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ... သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ .......။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။ (Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။) ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/category/sunny/  ကြည့်လို့ရပါတယ်။) File size…(2 GB) and (900 MB) Quality….WEB-DL 1080p 5.1 & 720p Format…mp4 Duration….01:55:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ye Kyaw Htet

Documentary • Music
6.9 2014 121 mins
I Fine.. Thank You..Love You
Mortal Engines
6.2

Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့ "Mortal engines"ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ် "Mortal engines"ဆိုတဲ့ စာအုပ်ဟာ ၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ ထွက်ရှိခဲ့ပါတယ် ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ ဒီဇာတ်လမ်းကို ဆန်းသစ်တဲ့အတွေးအခေါ် အိုင်ဒီယာတွေနဲ့ ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာပျက်သွားပြီးတဲ့နောက် လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ ပရိသတ်ကို တင်ပြထားပါတယ် ၂၁ရာစုကို သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး အချိန်ကာလအဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့ အဖျက်လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ မိနစ်၆၀ အတွင်းမှာတင် ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကို ရှေးဟောင်းလူသားတွေလို့ ပြောဆိုသုံးနှုန်းကြပြီး ပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လို့နေပါတယ် မိနစ် ၆၀စစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်နေတယ်လို့ နားလည်ကြပြီး ၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့ လူသားတွေအဖြစ် သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဒီကားကို အထူးညွှန်းဆိုစရာမလိုအပ်ဘူးလို့ ထင်ပါတယ်... File Size : (2 GB) , ( 1 GB), ( 444 MB) Quality : BluRay 1080p 5.1 CH , BluRay 720p , BluRay 480p Running Time :2hr 08 min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Aye Mon Kyaw Encoded by Moe Myint Lwin

Comedy
6.2 2018 129 mins
Mortal Engines
Kingdom of Heaven Director’s Cut Roadshow Version
7.2

Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 ) (အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7.2 2005 144 mins
Kingdom of Heaven Director’s Cut Roadshow Version
Lucky Girl (Ya, Nina)
5.8

ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ခြယ်မှုန်းထားတဲ့ ယူကရိန်းရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ… အရောင်အသွေးစုံလှတဲ့ set design တို့ကိုလည်း ခံစားရဦးမှာပါ Nina(ခေါ်) “မိကံကောင်း” လေးက နာမည်ကြီးတီဗီအစီအစဥ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ် ဒီကောင်မလေးက မာနကြီးတယ် ရိုင်းစိုင်းတယ် ကိုယ်ထင်တာကို ဇွတ်တရွတ်လုပ်တတ်တယ် ဒါပေမဲ့ လူအများအားကျလောက်အောင် ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ….တစ်နေ့ ကင်ဆာဖြစ်မှန်း သိလိုက်ရတဲ့ နေ့ကစပြီး သူကမ္ဘာပျက်ရတော့တယ်… သူလုံးဝခံနိုင်ရည်မရှိဘူး ပိုင်ဆိုင်တာတွေ တစ်စတစ်စ ဆုံးရှုံးရရင်း တချိန်ကမာန်တွေလည်း မနိုင်တော့ လျှော့ရတော့တာပါပဲ ကင်ဆာရောဂါသည် သူငယ်ချင်းတွေကလည်း အချင်းချင်း ဖေးမတစ်လှည့်… ဟိတ်ဟန်ကြီးတဲ့ Nina ကို ဆုံးမသွန်သင် ပညာပေးတာက တစ်ဖုံနဲ့ … မိကံကောင်းလေးတစ်ယောက် ပြောင်းလဲလာနိုင်ပါ့မလားဆိုတာကိုတော့ … ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ စိတ်ခံစားချက်အဖုံဖုံတို့ကို တွေ့မြင်ခံစားရမှာပဲ ဖြစ်ပါတယ် File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

5.8 2023
Lucky Girl (Ya, Nina)
Fuks 2
5.5

Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Thriller
5.5 2024
Fuks 2
Sarileru Neekevvaru
6.8

Sarileru Neekevvaru (2020) တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။ (ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်)

Thriller • TV Movie
6.8 2020 169 mins
Sarileru Neekevvaru
Hisaab Barabar
6.1

Hisaab Barabar (2025)”အကြွေ” ========================= Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။ ၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊ စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊ အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင် လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။ ၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ နောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Crime • Drama • Mystery
6.1 2025 112 mins
Hisaab Barabar
Journey to the West: The Helltown of Heaven
5.8

CM ရဲ့ တရုတ်ကားချစ်သူတို့ရေ… မတူညီတဲ့ စွန်းဝူခုန်းဗားရှင်းတွေထဲမှာ ဒီတစ်ခေါက်တော့… ကောင်းကင်ဘုံကို ပြဿနာရှာခဲ့တဲ့ စွန်းဝူခုန်းတစ်ယောက် ဘာလို့ စိတ်ပြောင်းသွားရတာလဲ ဆိုတဲ့ မေးခွန်းကို အခြေခံပြီး စိတ်ကူးယဉ် ပုံစံ အဆန်းလေး ဖန်တီးထားတာပေါ့… မိစ္ဆာတိုင်းက ဆိုးတာလား… သူတော်စင်ဂိုဏ်းဆိုတိုင်း ကောင်းကြတာလား… ဒီဇာတ်ကားလေးထဲမှာ သူတော်စင်ဂိုဏ်းက တပည့်အသစ်အားလုံးရဲ့ ဆရာတူအစ်ကိုကြီး မိစ္ဆာဖမ်းသူအဖြစ် ကျင့်ကြံအားထုတ်နေပြီး ဆရာအားလုံးက အလေးထားရတဲ့သူက တကယ်တော့ မိစ္ဆာတစ်ဝက် လူတစ်ဝက်တဲ့… ဒါကြောင့်လည်း သူတော်စင်ဂိုဏ်းက ဝရမ်းထုတ်တဲ့အထိ ဖြစ်ခဲ့တာပေါ့… ဒါကြောင့်လည်း ပျော်ရွှင်ခြင်းမြို့ကို ရောက်လာပြီး သူလူအပြည့်အဝဖြစ်စေမယ့် နည်းလမ်းကို ရှာတာပေါ့… သူ့ကိုကာကွယ်ပေးခဲ့တာက မိစ္ဆာမလေး… ဒီမိစ္ဆာမလေးက အကြိမ်ကြိမ်ကယ်တာကို လက်ခံခဲ့ရတာတောင် သူက ဒီကောင်မလေးရဲ့ အမြုတေနဲ့ လူအပြည့်အဝပြန်ဖြစ်ဖို့ကို ကြိုးစားချင်နေခဲ့တာ… ဒီတော့ ဆရာတူအစ်ကိုကြီးက လူအပြည့်အဝပြန်ဖြစ်မှာလား… နောက်တော့ သူ့ကိုကယ်တဲ့ မိစ္ဆာလေးကရော ဘယ်သူလဲ… သူကရော ဘာကြောင့်ကယ်တင်နေတာလဲ… ဘယ်လိုပုံစံကွဲတဲ့ အနောက်ခရီးသွားဇာတ်လမ်းမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်…

Mystery • Thriller • Action • Science Fiction
5.8 2025
Journey to the West: The Helltown of Heaven
[18+] The Secret Game of the Immoral Wife
6.6

The Secret Game of the Immoral Wife (2016) IMDb Rating (6.6) ဟာရူအိုဟာ လမ်းပေါ်ကလူအသွားအလာတွေကိုရေတွက်ရတဲ့ ဆာဗေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူရေတွက်နေတဲ့သူတွေထဲက မိန်းမလှလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ နောက်ငါးနှစ်အကြာမှာတော့ ဟာရူအိုရဲ့အရူးရောဂါက အတော်လေးမြင့်တက်နေခဲ့ပါပြီ။ သူကြိတ်ချစ်နေတဲ့ကောင်မလေး မာကိုတိုဟာ အိမ်ထောင်နဲ့ဆိုတာသိရတဲ့နောက် မာကိုတိုနဲ့မျက်နှာချင်းဆိုင်က အိမ်ကိုငှားနေပြီး အလုပ်ကိုပါပြောင်းပစ်လိုက်ပါတယ်။ မာကိုတိုနဲ့သူ့ရဲ့သာယာတဲ့အိမ်ထောင်ဘက်ကို တစ်ဖက်ကနေချောင်းကြည့်ပြီး စိတ်ဖြေတတ်သလို တစ်ခါတစ်လေ ပစ်စာလိုလိုကြောင်တောင်တောင်စာတွေလည်းပို့တတ်ပါသေးတယ်။ တစ်ချိန်မှာတော့မာကိုတိုဘက်က သူ့ကိုရိပ်မိသွားခဲ့ပြီး လူရိုးကြီး ဟာရူအိုကို အရူးအမဲသားကျွေးလိုက်ချိန်မှာတော့ ဟာရူအိုတစ်ယောက်ဘယ်လောက်အထိရူးရူးမိုက်မိုက်ရှေ့ဆက်တိုးမလဲဆိုတာကို ဆက်ပြီးရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Romance Duration….01:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.6 2016 71 mins
[18+] The Secret Game of the Immoral Wife
Monster Island Orang Ikan
5.1

Monster Island (2024) IMDb Rating (5.1) / Rotten Tomatoes (54%) ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တွေဟာ မဟာမိတ်စစ်အကျဉ်းသားတွေကို ရဲဘက်လုပ်သားအဖြစ်ခိုင်းစေဖို့အမိမြေကိုပြန်ပို့လေ့ရှိကြပါတယ်။ အဲ့ဒီလိုသယ်ယူပို့ဆောင်ရာမှာသုံးတဲ့သင်္ဘောတွေဟာ ငရဲသင်္ဘောတွေအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့မှားယွင်းတိုက်ခိုက်မှုကိုမကြာခဏခံရလေ့ရှိတဲ့အတွက် ဒီခရီးစဉ်တွေမှာ ဂျပန်စစ်သားနဲ့မဟာမိတ်စစ်သား ၃၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရပါတယ်။ ဆိုင်တိုနဲ့ဘရွန်ဆင်ကတော့ ဒီသင်္ဘောခရီးစဉ်တစ်ခုပေါ်က စစ်သုံ့ပန်းနှစ်ယောက်ပါ။ ဆိုင်တိုကတော့ ဂျပန်စစ်သားဖြစ်ပေမယ့်သစ္စာဖောက်မှုနဲ့စွပ်စွဲခံထားရပြီးဗြိတိန်စစ်သားဖြစ်သူဘရွန်ဆင်ကိုတော့ ထွက်ပြေးရန်ကြံစည်မှုနဲ့ နှစ်ယောက်လုံးကို ဂျပန်နိုင်ငံအရောက်မှာစံပြအဖြစ်ကွပ်မျက်မှာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုသံကြိုးနဲ့တွဲချည်ခတ်ထားခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ ရန်သူလေယာဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ သွားပြီးသောင်တင်ခဲ့ပါတယ်။ ကံဆိုးချင်တော့အဲ့ဒီကျွန်းဟာ အဲ့ဒီဒေသဘက်မှာရှိတဲ့ အယူအဆတွေထဲက ဒဏ္ဍာရီလာမွန်းစတားဖြစ်တဲ့ အိုရန်အီကန်အခြေချနေထိုင်ရာဖြစ်နေပြီး မျှော်လင့်မထားနိုင်တဲ့အန္တရာယ်အသွယ်သွယ်ဟာ သူတို့ကိုစောင့်ကြိုနေပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ ဘက်နှစ်ဘက်ဆီက မဟာရန်သူတော်နှစ်ယောက်၊ ဒီဘေးဒုက္ခတွေကို အတူတကွဘယ်လိုဖြတ်ကျော်မလဲ? လွတ်မြောက်နိုင်စရာလမ်းစရောရှိသေးရဲ့လား? ဆက်လက်ရှုစားကြပါ။ စင်္ကာပူ၊အင်ဒိုနီးရှား၊ ဂျပန်နဲ့ ယူကေ နိုင်ငံတို့ရဲ့ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး အက်ရှင်၊ အထူးပြုလုပ်ချက် နဲ့ သရုပ်ဆောင်တွေပါအပြစ်ပြောနည်းပါးသေသပ်တဲ့မွန်းစတား ဟော်ရာ/အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Fantasy,Horror,Thriller Duration…. 01:24:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

5.1 2024 83 mins
Monster Island Orang Ikan