YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Who.Is.She.2024.S01.E03.720p.WEB.[RMC].mp4

471.49 MB 720p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Stepford Wives
5.7

မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.7 2004 93 mins
The Stepford Wives
Where the Scary Things Are
5.2

အေလာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတက်နေတာပါ။ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း အိမ်မှာမနေချင်ကြလို့ ပိတ်ထားတဲ့ ကစားကွင်းဟောင်းကြီးတစ်ခုမှာ သွားသွားအချိန်ဖြုန်းလေ့ရှိကြပါတယ်။ အစောင့်က မိသွားလို့ မိဘတိုင်ရုံမက ဘာလုပ်လုပ် သူတို့က အဲဒီကို သွားမြဲသွားဆဲပါပဲ။ တစ်နေ့ ကျောင်းမှာ သမိုင်းဆရာက ယုံတမ်း မကောင်းဆိုးရွားပုံပြင်တွေအကြောင်း ပြောပြပြီး သူတို့ကို အိမ်စာတစ်ခု ပေးလိုက်ပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင် ယုံတမ်းပုံပြင်တစ်ခု ဖန်တီးဖို့ပါပဲ။ ဒီလိုနဲ့ အဲဒီကစားကွင်းဟောင်းကြီးကို ပြန်သွားကြရင်း အဲဒီမှာ လူမဟုတ် တိရစ္ဆာန်မဟုတ်တဲ့ သတ္တဝါကြီးကို မြင်လိုက်ရတဲ့အခါ ... သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ? ဘယ်လို ရင်ဆိုင်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.3GB, 517MB & 257MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 33mins Genre : Horror Translated by May Myat Encoded by Kinnov

Action • Drama • Romance
5.2 2022 97 mins
Where the Scary Things Are
Marcel the Shell with Shoes On
7.7

A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ... ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb - 8.1/10, Rotten Tomatoes - 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် လူတိုင်းကြိုက်ကြလောက်မှာပါ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မာဆယ်ဆိုတဲ့ ဖိနပ်စီးခရုခွံကလေးဟာ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး သူ့အဖွားနဲ့နေနေရတာပါ။ လူတွေကိုရှောင်ရင်းပေါ့၊၊ တစ်နေ့ကျ ဒင်းန်လို့ခေါ်တဲ့သူက သူနဲ့ခင်သွားပြီး သူ့ကို ဒိုကူမန်ထရီရိုက် ယူကျူ့ပေါ်တင်ရာကနေ မာဆယ်နာမည်ကြီးသွားပါတယ်။ အဲဒီကနေမှ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးပမ်းတဲ့အကြောင်း ရိုက်ပြထားတာပါ။ သူ့အဘွားက မနေရတော့မှာမို့ သူ့မြေးကို ဘဝမှာ ရှင်သန်တတ်အောင် သင်ပေးတာတွေကလည်း အီမိုရှင်နယ်ဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်း ငိုလည်းငိုရမယ့် ခပ်ဆန်းဆန်း A24 ကားပါပဲ။ မဆန်းရင် A24 ဘယ်ဟုတ်ပါတော့မလဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 30Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Science Fiction
7.7 2022 90 mins
Marcel the Shell with Shoes On
Deep Water
5.8

တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ... ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ပြောနေတဲ့အတွက် သူ့ကို သံသယမျက်လုံးတွေနဲ့ကြည့်ခံနေရတယ်။ တစ်ရက် သူတို့အိမ်မှာ ပါတီလုပ်ကြရင်း မိန်းမဖြစ်သူရဲ့ မိတ်ဆွေသစ်တစ်​ယောက် ရေကူးကန်ထဲမှာ သေဆုံးသွားတဲ့အခါမှာတော့.... Amazon Prime က​ အသစ်ထွက်ရှိထားတဲ့ Erotic Thriller ဇာတ်လမ်းဖြစ်ပြီး Main Cast ​တွေဖြစ်တဲ့ Ben Affleck နဲ့ Ana de Armas တို့နဲ့တင် အ​ထွေအထူးမိတ်ဆက်​ပေးစရာ မလို​တော့ပါဘူး။ ကနဦး IMDb 5.6 နဲ့ Rotten Tomatoes 41% , Metacritic မှာ​တော့ 51% ချိတ်ထားပါတယ်။ ဇာတ်ရဲ့ Genre အတိုင်း Erotic ဆန်တဲ့ ခပ်ကြမ်းကြမ်းဇာတ်ကွက်​တွေ များစွာပါဝင်မှာမလို့ မိသားစုနဲ့​ ကြည့်ရှုလို့မဖြစ်တာကို သတိချပ်​စေချင်ပါတယ်။ (ဇာတ်ကားကိုတော့ WiRa Aung, Jim X နဲ့ 666 တို့မှ ပြန်ဆိုထားပြီး အညွှန်းကိုတော့ Jim X နဲ့ 666 က ရေးသားပေးထားပါတယ်) Size - 1.93GB, 1.06GB, 534MB Quality - 1080p, 720p, 480p IMDb Rating - 5.5/10 Format - mp4 Duration - 1H 55Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung, Jim X, 666 Encoded by Y

Action • Drama • Thriller
5.8 2022 116 mins
Deep Water
Survive
1.8

Adventures တွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် survive ဆိုတဲ့ ဗီယက်နမ် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ကင် တို့သူငယ်ချင်းတစ်သိုက်ဟာ အန္တရာယ်များတယ်လို့ နာမည်ကြီိးတဲ့ တာနောင် ဖန်ဒေါင် တောကြမ်းခရီးကို နည်းပြ ဟွိုင် ရဲ့ ဦးဆောင်မှုနဲ့ ခရီးထွက်ခဲ့ကြပါတယ် လမ်းမှာ ကင် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဘက်သ်တို့ ကတောက်ကဆဖြစ်ကြရာကနေ ဘက်သ် တစ်ယောက် အဖွဲ့ကနေ ခွဲထွက်သွားပြီး ပျောက်ဆုံးသွားပါတော့တယ် ဘက်သ် ပျောက်ဆုံးသွားပြီးမှ သူ့ကို အထင်လွဲမိမှန်း သိသွားတဲ့ ကင် တစ်ယောက် ဘက်သ် ကို ရှာဖွေဖို့ ကြိုးပမ်းပုံကို Adventures ဆန်ဆန် thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် တောအုပ်ထဲကစွန့်စားခန်းတွေကို အာရှ အငွေ့အသက်အပြည့်နဲ့ တဝကြီးခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် အညွန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Drama, Thriller Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 700MB and 273MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... LK

Action • Comedy • Drama
1.8 2021 95 mins
Survive
Borgman
6.5

ဒီဇာတ်ကားကတော့ ဟောလိဝုဒ်မဟုတ်တဲ့ ဒတ်ချ်ကားတစ်ကားပါ။ အိမ်ခြေရာမဲ့ လူတစ်ယောက်ဖြစ်တဲ့ ကာမီးလ်ဘော့ဂ်မန်းဆိုတဲ့ လူတစ်ယောက်က ရဲတွေလက်ကလွတ်အောင်ပြေးရင်း အဆင့်အတန်းမြင့်အိမ်တစ်အိမ်ကို ရေချိုးဖို့တောင်းဆိုရင်း အိမ်ရှင်ဖြစ်တဲ့ ရစ်ချတ်က သူ့ကိုရိုက်မိရာကနေ စတဲ့ဇာတ်လမ်းပေါ့။ အဲဒီအဖြစ်အပျက်ပြီးတော့ ရစ်ချတ်ရဲ့မိန်းမဖြစ်တဲ့ မာရီနာက ယောကျာ်းဖြစ်သူရဲ့အပြုအမူကြောင့် အပြစ်ရှိတယ်လို့ခံစားရပြီး ကာမီးလ်ကို သူ့အိမ်မှာရစ်ချတ်မသိအောင် ပေးနေလိုက်တယ်။ ဒါပေမဲ့ သူမသိခဲ့တာက ကာမီးလ်က သာမန်အိမ်ခြေရာမဲ့တစ်ယောက်မဟုတ်တာကိုပဲ။ ကာမီးလ်က အကြံနဲ့သူတို့ရဲ့အိမ်ကို အပိုင်စီးဖို့လာခဲ့တာဆိုပေမဲ့ ဝုန်းဒိုင်းကြဲပြီး အနုကြမ်းစီးတဲ့နည်းမျိုးနဲ့ မဟုတ်ဘဲ ဘယ်လိုနည်းမျိုးနဲ့ လုပ်မလဲဆိုတာကိုတော့ CM ပရိသတ်များကိုယ်တိုင် ကြည့်ရှူကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Action • Crime • Drama • Thriller • War
6.5 2013 113 mins
Borgman
The Karate Kid Part II
6.1

ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ အိုကီနာဝါဘယ်လိုပြောင်းလဲသွားလဲ ဒန်နီရယ်ရော ဂျပန်မှာဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ မှတ်ချက်——ဂျပန်မှာလည်း ၁၉၈၆ခုနှစ်ကနှစ်ကတည်းက လုရင်ဖေး(ဂူဂူး)လိုမျိုးချောမောပြီးချစ်စရာကောင်းတဲ့ မင်းသမီးလေးကို ဒီကားထဲမှာကြည့်ရှုရမှာပါ သူ့ရဲ့အလှတရားနဲ့တင် ဒီကားကတန်နေပြီလို့ပြောလို့ရလောက်အောင်ကို ချစ်ဖို့ကောင်းတာပါ ဒီကားထဲမှာတော့ သူ့နာမည်က ကူမီကိုပါတဲ့ နာမည်အရင်းကတော့ တမ်လင်းတိုမီတာပါ (ဂျပန်-အမေရိကန်-ဖိလစ်ပိုင်)စပ်လေးပါ သူ့ကိုဆက်ပြီးကြည့်ရှုခံစားမယ်ဆိုရင်တော့ Avatar: The Last Airbender ကိုစောင့်ကြည့်လို့ရသလို ဂိမ်းဇာတ်ကောင်အနေနဲ့ဆော့ချင်ရင်လည်း James Bond 007: Nightfire မှာ Makiko Hayashi ဇာတ်ကောင်အနေနဲ့ဆော့လို့ရပါသေးတယ် ခင်ဗျာ File size…(2.48GB/(1.35MB)/(836MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Action / Sport / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Thriller
6.1 1986 113 mins
The Karate Kid Part II
Fish Tank
7.3

Fish Tank (2009) ================ ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့ အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။ ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။ ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။ ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။ မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့ လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ် ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။ ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့ အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။

Animation • Drama • Romance
7.3 2009 123 mins
Fish Tank
The Wicked Are Alive / Villain is Alive

The Wickerd are Alive / Villain is alive (2015) မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီး လှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ် ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာ မန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ် ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1GB | 452MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2015
The Wicked Are Alive / Villain is Alive
Polis Evo
6.7

Polis Evo 1 (2015) IMDb – 6.7/10 အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။ တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Comedy, Crime Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.7 2015
Polis Evo
Luv Shuv Tey Chicken Khurana
6.6

Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန် IMDb – 6.6/10 မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။ သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့…. နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်)

6.6 2012
Luv Shuv Tey Chicken Khurana
Uglies
5.8

လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကို အလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေ ပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။ အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့ အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။ ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကို ကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေး တစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေး တစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။ ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ‌ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။ အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့ ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။ ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။ ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့ လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။ မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်း ကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။ တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စမုတ်လ်ဆိုတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုက ရှိနေပါသေးတယ်။ တချို့ကလည်း ဒါကို တကယ် ရှိတယ်လို့ ယုံကြပြီး တချို့ကလည်း မယုံကြဘူးပေါ့။ ဒီအခြေအနေတွေကို လက်တွေ့မြင်တွေ့နေရသူကတော့ တယ်လီဆိုတဲ့ မျက်မှေးမလေးပါ။ သူကလည်း ပရီးတီးဖြစ်မဲ့နေ့ကို စောင့်နေတဲ့ အားဂလီး တစ်ယောက်ပါပဲ။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပဲရစ်ဆိုတဲ့ ကောင်လေး ပရီးတီးဖြစ်သွားချိန်မှာ တယ်လီဟာ ကျောင်းမှာ အထီးကျန်ဆန်ခဲ့တယ်။ ဒါပေမဲ့ ရှေးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထပ်ခင်မင်ခွင့် ရသွားတယ်။ တယ်လီကတော့ ပရီးတီး သိပ်ဖြစ်ချင်နေချိန်မှာ ရှေးကတော့ ကျောင်းရဲ့ ထိန်းချုပ်မှုအောက်က ထွက်ပြေးပြီး စမုတ်ခ်ဆိုတဲ့ အရပ်ကို ထွက်သွားချင်ခဲ့တယ်။ တစ်နေ့ကျ တကယ်လည်း ထွက်သွားခဲ့တယ်။ ရှေးထွက်သွားအပြီး နောက်ရက်မှာ ကျောင်းကြီးကြပ်ရေးမှူးက ရှေးရှာပုံတော် မစ်ရှင်အတွက် တယ်လီ့ကို တာဝန်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ ကျောင်းဆိုတဲ့ အရပ်မှာ ပိတ်မိနေတဲ့ တယ်လီဟာ သူမသိခဲ့တဲ့ အမှန်တရားတွေကို တစ်စတစ်စ သိလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ Rating နည်းပေမဲ့ လူ့သဘာဝကို သိပ္ပံနဲ့နွယ်ပြီး ထောက်ပြထားလို့ အပျင်းပြေ ကြည့်မယ်ဆို ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ…. File size…1.50GB / 865MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Action , Adentrue , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

5.8 2024
Uglies
Christmas with a Kiss
5.7

Christmas with a Kiss (2023) IMDb Rating (5.7) ကျရောက်လာတော့မဲ့ ခရစ္စမတ်အချိန်အခါသမယမှာ အေးအေးဆေးဆေးကြည့်ရှုလို့ရမဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ မိုနာစင်ကလဲဆိုတာ နယူးယော့ခ်မှာ အောင်မြင်နေတဲ့ အင်ဖလူရန်ဆာတစ်ယောက်။ ခရစ္စမတ်အတွက် သူတို့အိမ်မှာရိုးရာတစ်ခုရှိပါတယ်၊ အဘေးဖြစ်သူက စတင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီပွဲအတွက် အိမ်ပြန်လာဖို့ သူ့မိဘတွေကခေါ်တော့ မိုနာတစ်ယောက် မွေးရပ်မြေပြန်ဖို့ဖြစ်လာခဲ့တယ်။ မိုနာ့အကြောင်းပြောရရင် အသက် ၃၀ကျော်ပေမဲ့ ရည်းစားနဲ့မမြဲသေးတဲ့ အချစ်ရေးကံမကောင်းတဲ့သူပါ။ အောင်မြင်မှုနောက်ကိုလိုက်ပြီး တစ်ကိုယ်တည်းတောက်ပနိုင်ပေမဲ့ မွေးရပ်မြေကအဒေါ်ကြီးတွေက သူပြန်လာတိုင်း ခုထိရည်းစားမရှိသေးဘူးလား ယောကျာ်းကဘယ်တော့ယူမှာလဲဆိုပြီး နှုတ်ဆက်စကားတွေဆိုကြတော့ လက်တွဲဖော်ရှာဖို့စဉ်းစားလာရပါတယ်။ ဒီလိုနဲ့ မွေးရပ်မြေကိုရောက်တော့ အထက်တန်းတုန်းကပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး ပြန်အဆင်ပြေမလိုဖြစ်နေချိန် သူတို့မြို့ကို ဆောင်းပါးရေးမဲ့ သတင်းထောက်တစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်မှာ ခေတ္တတည်းခိုဖို့အကြောင်းဖန်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ဆက်လက်ခံစားလိုက်ပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.5 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:24:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2023 84 mins
Christmas with a Kiss
Rewind
7.5

Rewind 2024 (အချစ်အတွက်ဆို အချိန်ခရီးပါသွားပစ်တဲ့ကောင်လေး) ယခုတစ်ခါမှာတော့ တေလ်ဂူ အချိန်ခရီးသွား ခပ်မိုက်မိုက် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးဟာ သူ့သူငယ်ချင်းဆူဘူးအိမ်ကိုလာရင်းနဲ့ ရှန်သီဆိုတဲ့ကောင်မလေးကို တွေ့သွားပြီးတော့ မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ ရှန်သီဟာလည်း နေရာပြောင်းလာသူဖြစ်ပြီး သူ့သူငယ်ချင်းရဲ့အိမ်မှာ ခဏလာနေတုန်း ကာသစ်နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ နောက်ရက်မှာပဲ သူငှားနေတဲ့အိမ်ကိုပြောင်းသွားပါတော့တယ်။ ဒီလိုနဲ့ ကာသစ်တစ်ယောက် ရှန်သီ့ကိုတွေ့ရဖို့အတွက်ကြိုးစားပြီးတော့ ရှာဖွေပေမယ့်လည်း ဘယ်လိုမှကို ရှာလို့မတွေ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအလှည့်အပြောင်းတွေကြားထဲမှာ ကာသစ်တစ်ယောက် ရှန်သီ့ကို ရှာတွေ့နိုင်ဖို့အတွက်နဲ့ နည်းမျိုးစုံကြိုးစားပါတော့တယ်။ နည်းလမ်းတွေရှာဖွေရင်းနဲ့ပဲ ရှန်သီနဲ့တွေ့တဲ့အချိန်ကို ပြန်သွားပြီးတော့ ရှန်သီ့အချစ်ကို ပြန်ရဖို့အတွက် တွေးမိရင်း အချိန်ခရီးသွားစက်ကို လုပ်ပါတော့တယ်။ ဒီလိုတွေ ကြိုးစားရင်း အချိန်ခရီးသွားစက်နဲ့ အချိန်တွေနောက်ပြန်လှည့်ရင်း ရှန်သီနဲ့ပြန်တွေ့နိုင်ပါ့မလား ……….. ဒီလို ကြိုးစားလုပ်ဆောင်နေတဲ့ကြားထဲမှာရော ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ …….. ကာသစ်နဲ့ ရှန်သီတို့ ပြန်လည်တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာနိုင်မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဒရာမာ အချိန်ခရီးသွားကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Animation • Adventure • Family • Fantasy
7.5 2024 135 mins
Rewind
Renner
5.1

လက်ရှိ AI တွေဖွံ့ဖြိုးတိုးတက်လာတဲ့ကာလမှာ ပါးစပ်နဲ့ လှမ်းပြောပြီး အမေးအဖြေလုပ်လို့ရတဲ့ AI တွေလည်းရှိနေပါပြီ။ ဒီလိုမျိုးစကားအပြန်အလှန်ပြောလို့ရတဲ့အခါမှာတော့ ကိုယ့်ရဲ့ အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားကိုး အားထားပြုစရာရလာပြီး ဒီ AI ကိုအသုံးချတတ်ရင် အသုံးချ တတ်သလောက် ကိုယ့်အတွက်ကောင်းကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် AI လို့ပြောလိုက်တာနဲ့ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးတွေရှိလာမှာကို ကြောက်နေကြတဲ့လူတွေလည်းရှိ ကြပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားထဲမှာလည်း ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကို တီထွင်ဖန်တီးခဲ့တဲ့လူနဲ့ သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Renner ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရန်နာဆိုတဲ့လူက အထက်မှာပြောခဲ့တဲ့ ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကိုတီထွင်ဖန်တီးခဲ့တဲ့ ကွန်ပြူတာ ဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သူက အဲ့ဒီ AI ကိုသူ့ဘ၀ တိုးတက်ဖို့ ဘ၀နည်းပြအနေနဲ့အသုံးချပြီး သူ့ရဲ့နေ့စဉ်လှုပ်ရှား သွားလာမှုတွေမှာ တစ်နေ့ထက်တစ်နေ့တိုးတက်လာအောင် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘ၀မှာ လိုအပ်နေတဲ့ ဘ၀င်မကျတဲ့အရာတစ်ခုကတော့ရှိနေပါ သေးတယ်။အဲ့ဒါဘာလဲဆိုတော့ ကွန်ပြူတာသမားတွေရဲ့ထုံးစံ အတိုင်း ကောင်မလေးတွေနဲ့ကင်းကွာတဲ့အတွက်သူသဘောကျ နေတဲ့သူ့အိမ်နီးချင်းဂျေမီကို လိုက်ဖို့အတွက်ခက်ခဲနေတဲ့အတွက် AI ကိုအကူအညီတောင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ AI ကောင်းကျိုးနဲ့ တစ်ခါမှစန်းမပွင့်သေးဖူးတဲ့ ရန်နာကြီး စန်းထပွင့်ပြီး ဂျေမီနဲ့ အဆင် ပြေလာခဲ့ပေမဲ့ ဂျေမီရဲ့မရိုးသားတဲ့အကြံတွေကို ဆလေနက်စ်ကရိပ် မိလာတဲ့အခါမှာတော့ AI နဲ့လူသားကြားမှာ ဘယ်လိုအားပြိုင်မယ် ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.18 GB) / (988 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy • Adventure
5.1 2025 90 mins
Renner