YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

White.Rabbit.2013.720p.BluRay.(CM).mp4

988.29 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fallen Bridge
5

"တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး" ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်း ကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင် သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ကျွင့်ခိုင်(မုန့်ချောင်း) နဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသမီး မာစစ်းချွမ်(ဝမ်ရှောင်းယွီ) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် Review By Chit Mya Mya Hmwe Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 53 min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Mon , Chit Mya Mya Hmwe Encoded by LK

5 2022 113 mins
The Fallen Bridge
WarHunt
5.1

၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ် တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်း တစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးက ဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်း ရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီး အတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက် လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန် ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့ အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊ အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေ ဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲ ဖြစ်ပါတယ်ဗျ။ File size…1.35GB / 564MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Romance
5.1 2022 93 mins
WarHunt
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
Severance
6.4

IMDb- 6.4/10 Rotten tomatoes- 66% ဇာတ်လမ်းအညွှန်း ပယ်လီစိဒ် လက်နက်ကုမ္ပဏီက အဖွဲ့သား၇ယောက်ပါတဲ့ မားကတ်တင်းအဖွဲ့ဟာ အဖွဲ့ဖွဲ့စည်းရေးပိတ်ရက်အနေနဲ့ ဟန်ဂေရီနိုင်ငံက တောင်တန်းတွေဆီကို ရောက်လာကြတယ်။ မိန်းလမ်းမတစ်နေရာအရောက်မှာ ကားဆက်သွားလို့မရဖြစ်နေတာနဲ့ တောလမ်း လမ်းလွှဲ‌လေးကနေ သွားကြမယ်ဆိုတာကို ကားမောင်းသမားက “အဲ့တောလမ်းအကြောင်း ကြောက်စရာ ကောလဟာလသတင်းတွေကို သူသိထားတယ်၊ လိုက်မပို့နိုင်ဘူး” ဆိုတာကို ဇွတ်ရောအတင်းရော သွားချင်နေကြတဲ့ အဖွဲ့ကတော့ အဲ့နေရာမှာပဲ ဆင်းခဲ့ကြတယ်။ တောလမ်းတစ်လျှောက်သွားရင်းကနေ သူတို့မထင်မှတ်ထားတဲ့၊ ဘယ်သူပိုင်လို့ ဘယ်သူနေနေမှန်းလဲမသိတဲ့ အိမ်အိုကြီးကို တွေ့သွားကြတယ်။ ကုမ္ပဏီပိုင် ဇိမ်ခံအိမ်ကို မျှော်လင့်ထားကြတဲ့ အဖွဲ့သားတွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဲ့အိမ်ကြီးမှာပဲ တည်းဖို့ဖြစ်သွားတယ်။ အဲ့အိမ်မှာ လျှောက်စပ်စုကြည့်ရင်းနဲ့ တစ်ယောက်က အရင်ကမှတ်တမ်းဖိုင်တွေ တွေ့သွားတယ်။ အဲ့မှတ်တမ်းအရဆို “ပယ်လီစိဒ်ရဲ့ စနပ်ကြောင့် စိတ္တဇဆေးရုံကလူတွေ အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တယ်။ အဲ့တစ်ယာက်က သူ့လမ်းကြောထဲဝင်လာတဲ့ ပယ်လီစိဒ်တွေကို ရေဆုံးမြေဆုံးလိုက်သတ်တယ်တဲ့”။ အဲ့လို ဟိုဟိုဒီဒီသိထားကြတဲ့ သူတို့တစ်တွေ အဲ့အိမ်မှာတည်းနေရင်းနဲ့ ထူးထူးဆန်းဆန်းလေးတွေ ကြုံတွေလာကြရတော့တယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲ၊ အသက်ရှင်ကျန်တဲ့သူရော ရှိပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ “မင်းခေါင်းသာ အဖြတ်ခံလိုက်ရမယ်ဆိုရင် မင်းဦးနှောက်က ၂မိနစ် ၃မိနစ်လောက်ထိ အသိရှိနေသေးတယ်။” horror/ thriller ဇာတ်လမ်းလေးဖြစ်သည့်အတွက် ကြောက်ဖို့ကောင်းတာတွေ၊ စိတ်ချောက်ချားဖို့ကောင်းတာတွေကို တစိမ့်စိမ့် တစိမ့်စိမ့်ချင်းနဲ့ ကြည့်ရှုသွားကြရမှာဖြစ်ပါတယ်။ (ဒီလိုဇာတ်လမ်းအမျိုးအစားဆို မကြည့်ရဲပါဘူးဆိုတဲ့ သူတွေအတွက်လည်း ကြည့်လို့တော့ အဆင်ပြေမှာဖြစ်ပေမယ့်လို့ ကြည့်နေရင်းနဲ့ သွေးလန့်သွားနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလည်း ပါဝင်နေပါတယ်လို့ ကြိုတင်အသိပေးပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်။) File size…2.23GB / 804.6MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

6.4 2006 96 mins
Severance
Ravenous
5.8

Ravenous (2017) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်‌နေရတဲ့‌ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား… ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား… ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။ Cinematography ကလည်း အရမ်းကိုလှပပြီး ကာရိုက်တာတွေကလည်း သူ့ဟာနဲ့သူ ပြီးပြည့်စုံပါတယ်။ ပျက်ကပ်ကြောင့် တိတ်ဆိတ်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အော်ဟစ်သံတွေက ဟော်ရာအရသာကို Perfect ဖြစ်စေတာမျိုးပါပဲ။ Drama ဖက်လည်း မလစ်ဟင်းစေရဘဲ အေးအေးလေးနဲ့ တဖြည်ဖြည်းဇာတ်ရှိန်တက်လာတဲ့ Slow Burn ဇာတ်ကားအမျိုးအစားပါ။ IMDb rating (5.8/10) ရထားပြီး ခရမ်းချဉ်သီး 88% ရထားပါတယ်။ အားလုံးပဲ… ဆုတွေ (၁၆)ခုထိရထားပြီး Nomination (၇)ခုလည်း ၀င်ထားတဲ့ ဒီကားလေးကို မိုးအေးအေးလေးမှာ အိပ်ရာထဲကွေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 840MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2017
Ravenous
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
Kalinga
8.3

Kalinga (2024) အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့ တလေဂူးလ်ထိတ်လန့်သည်းဖို ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရ။ လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုးပစ်ထားခဲ့ကြတာ ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဒီလိုမကောင်းတဲ့စွမ်းအင်တွေပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင် အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီးရွာပြင်သွားပစ်တတ်တဲ့ လူ့တိရစ္ဆာန်တွေကလည်းရှိနေပြန်ပါရော။ ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါတစ်ယောက် ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)

8.3 2024 116 mins
Kalinga
The Outrun
7

The Outrun (2024) IMDb Rating (7.0) / Rotten Tomatoes (81%) ရိုနာဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အရက်စွဲနေသူလဲဖြစ်ပါတယ်။ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပေမယ့် အဖေကတော့ bipolar disorder လို့ခေါ်တဲ့ စိတ်ကျစိတ်ကြွမြန်ရောဂါသည်ပါ ။ သူမဟာ အရက်စွဲနေသလို အရက်ဖြတ်ဖို့ကြိုးစားလိုက်၊ ပြန်သောက်ဖြစ်လိုက် သံသရာလည်နေသူပါ။ ချစ်သူကလဲ အဲဒါကြောင့်ပဲ ထားသွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာလဲ ပြဿနာပေါင်းစုံနဲ့ အမြဲပူလောင်နေရပါတယ်။ နောက်ဆုံးမှာတော့ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုတွေကြောင့် သူမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားပုံကို စကော့တလန်ရဲ့ သဘာဝရှုခင်းတွေ၊ အော့ကနေးကျွန်းရဲ့ အလှတွေ၊ Random facts တွေနဲ့ ကြည့်ရှုရမှာပါ။ Hanna, Atonement, The Lovely Bones တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Saoirse Ronan က ဦးဆောင်ပါဝင်ထားပြီး သူကိုယ်တိုင်လဲ ထုတ်လုပ်သူလုပ်ခဲ့တာပါ။ သူမဟာ Telluride Film Festival နဲ့ Evolution Mallorca International Film Festival တို့မှာ ဒီကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.7 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:58:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

7 2024 118 mins
The Outrun
Holiday Mismatch
6.2

2024 မှာ အသစ်ထွက်ရှိထားတဲ့ Christmas ဇာတ်ကားသစ် တစ်ကားဖြစ်ပြီး ဒါရိုက်တာ Caroline Labreche ရိုက်ကူးပြီး သရုပ်ဆောင်များဖြစ်ကြတဲ့ Caroline Rhea, Beth Broderick, John McLaren, Maxine Denis တို့ ပါဝင်အားဖြည့်ထားကြပါတယ်။ ပင်စင်ယူထားတာမကြာသေးတဲ့ စာရင်းကိုင်ဟောင်း Barbara ဟာ မြို့ကုန်သည်ကြီးများအသင်းက ခရစ်စမတ်ကော်မတီမှာ volunteer လုပ်ဖို့အတွက် စာရင်းပေးခဲ့ပါတယ်။ စည်းစနစ်ကျလွန်းတဲ့ Barbara ဟာ ကော်မတီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Kath နဲ့ စရိုက် မတူညီမှုကြောင့် ပြဿနာတွေတက်ကြပါတယ်။ သူတို့မသိလိုက်ဘဲ dating app ကနေတဆင့် သူတို့သားသမီးတွေကို မိတ်ဆတ် ပေးမိလိုက်တာကို သိသွားကြတဲ့အခါ သူတို့ကလေးတွေ စရိုက် မတူကြဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Barbara နဲ့ Kath တို့ နှစ်ယောက်ပေါင်းပြီး အကြံကုန်ထုတ်ကာ သူတို့အတွဲကို ခွဲကြဖို့ ကြိုးစားပါတော့တယ်။ File size… (1.45GB) / (806MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

6.2 2024 84 mins
Holiday Mismatch
Three Birthdays
5.8

Three Birthdays (2024) IMDb Rating (5.8) 1970 အမေရိကန်မှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဗီယက်နမ်စစ်ပွဲမပြီးသေးခင်ကာလမှာ တည်ထားတယ်လို့ ပြောလို့ရတယ်။ စကားထဲတော့ ဗီယက်နမ်စစ်ပွဲပါပေမဲ့ မပြဘူးပေါ့။ နောက် အမျိုးသမီးအခွင့်အရေး အများကြီးမရသေးခင်ကာလလို့လည်းပြောလို့ရတယ်။ အဓိကဇာတ်ကောင်တွေက မိသားစုတစ်ခုထဲက အဖေနဲ့အမေနဲ့ သမီးနဲ့။ သူတို့က ပွင့်လင်းမြင်သာတဲ့အမြင်တွေရှိပြီး အဖေက စာရေးဆရာနဲ့ ကျောင်းဆရာ အမေက စာရေးဆရာနဲ့ကျောင်းဆရာမ ။ သမီးကလည်း စာရေးဆရာဖြစ်ချင်နေတဲ့သူပေါ့။ သူတို့က သူတို့ခေတ်ရဲ့ရှေ့ကိုကျတဲ့အမြင်တွေရှိတယ်လို့ ခံယူထားကြသလို အဲဒီအရေးတွေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတာတွေလည်းလုပ်တယ်။ လိင်မှုလွတ်လပ်ခွင့်ကို အရေးပေးတဲ့ သူတွေလို့လည်း ကြွေးကြော်ထားကြပေမဲ့ တစ်နေ့ သူ့သမီးက သူ့အမေဖောက်ပြန်တာကို သိသွားရာကနေ အဲဒီအဖြစ်ကို လက်သင့်မခံနိုင်ရာက မိသားစုဆက်ဆံရေး ထိခိုက်သွားရပုံကို ပြထားတယ်။ သူ့နာမည်အတိုင်း ဒီရုပ်ရှင်ရဲ့အချိန်ကာလက မွေးနေ့၃ခုကို အချိန်တည်ထားတယ်။ ကားစစမှာ သမီးမွေးနေ့ နောက် အဖေမွေးနေ့ နောက်ဆုံးအမေမွေးနေ့ပေါ့။ မွေးနေ့၃ခုလုံးမှာ အရေးပါတဲ့အချိုးကွေ့တွေဖြစ်ခဲ့ပြီး မွေးနေ့တွေကိုပဲ အချိန်တည်ထားတဲ့ ရုပ်ရှင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.8 2024 90 mins
Three Birthdays