YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

While.You.Were.Sleeping.1995.BLU-RAY.1080P5.1Ch(CM).mp4

4.59 GB N/A video/mp4 189 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
The Sadness
6.8

Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊ သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။ တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊ သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​ လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ‌ရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WebDL_1080p, 720p (Uncut Version) IMDb Rating__6.6/10 Format__mp4 Duration__01:35:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • Mystery • Thriller
6.8 2021 99 mins
The Sadness
[18+]Rang Rasiya
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။ မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။ သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ရာဂျာရဗီဗာမာ့နေရာမှာ သရုပ်ဆောင်ပေးထားလို့ ဆက်လက်ရှုစားကြည့်ကြပါဦးလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။ File size…2.3GB / 1.1GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Drama • Romance
6.2 2008 132 mins
[18+]Rang Rasiya
Die Hard 2
6.9

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:03:22 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung

Action • Drama • Western
6.9 1990 124 mins
Die Hard 2
Susie Searches
6.1

Susie Searches (2022) ~ IMDb – 6.1/10, Rotten Tomatoes – 51% ~ ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှို့ဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့… ဆူဇီ ကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ “Susie Searches” ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတို့ကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။ ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ဂျက်စီကို ရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Popularity လည်း တက်လာပြီး အခွင့်အလမ်းကောင်းတွေရလာတာပေါ့။ ဒီမှာတင် ကိစ္စတွေ မပြီးသေးပါဘူး… ဂျက်စီကို အမှန်တကယ် ပြန်ပေးဆွဲတဲ့သူက ဘယ်သူလဲ… ဒီအမှုမှာ ဘာတွေ ထပ်ပေးဆပ်ရဦးမလဲ…စတဲ့ လှည့်ကွက်လေးတွေကို ခန့်မှန်းအားပေးကြည့်ရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 845MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.1 2022
Susie Searches
Thank You, I’m Sorry
6

ဘယ်လိုအခက်အခဲတွေ ဘယ်လိုအဖြစ်ဆိုးတွေကြုံနေရပါစေ။ နောက်ဆုံးမှာတော့ ကိုယ့်အနားမှာရှိနေပေးနိုင်မှာကိုယ့်မိသားစုပဲ ရှိပါတယ်။ ဘယ်လောက်ပဲမိသားစုအချင်းချင်းပြဿနာတွေတက်တက် စိတ်တွေဆိုးဆိုး အချိန်တန်ရင်တော့သွေးကစကားပြောမှာပါပဲ။ ဒီ Thank You I’m Sorry ဆိုတဲ့ဇာတ်ကားလေးထဲမှာလည်း ဘယ်အချစ်ကမှ မိသားစုရဲ့ချစ်ခြင်းလောက် မကြီးမားဘူးဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။ IMDb Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Rating 100% ရထားပါတယ်။ဆာရာမှာဒန်နီရယ်ဆိုတဲ့ ခင်ပွန်းနဲ့အဲလိယော့ဆိုတဲ့သားလေး တစ်ယောက်ရှိပြီး မကြာခင်မွေးဖွားလာတော့မဲ့ ကလေးလေးတစ်ယောက်ကလည်း ဗိုက်ထဲမှာရှိနေပါတယ်။သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးရဲ့ဘ၀ကို အပြောင်းအလဲ ကြီးဖြစ်သွားစေခဲ့တာကတော့ ရုတ်တရက်ကြီးဒန်နီရယ် နှလုံးဖောက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးရဲ့ ကံကြမ္မာ အလှည့်အပြောင်းကြီးကို ဆာရာတစ်ယောက်ဗိုက်တစ်လုံးကလေးတစ်ဖက်နဲ့ အံကြိတ်ပြီးရင်ဆိုင်နေရပါတော့တယ်။ဒီလိုအချိန်မှာ သူ့ဆီကနေတစ်ယောက် ထွက်ခွာသွားပေမယ့် တခြားတစ်ယောက်ကတော့သူ့ဘ၀ထဲကိုပြန်ဝင်လာခဲ့ပါတယ်။ အဲ့ဒီတစ်ယောက်ကတော့ သူနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီ ဖြစ်တဲ့ သူ့အစ်မလင်ဒါပဲဖြစ်ပါတယ်။ဆာရာရဲ့ ဘ၀ထဲကိုလင်ဒါပြန်ဝင်ရောက်လာပြီး နောက်မှာ ညီအစ်မနှစ်ယောက် အတူတူလောကဓံတွေကိုဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲ ဘယ်လိုဆူးညှောင့်ခလုတ်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.39 GB / 592 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
6 2023 91 mins
Thank You, I’m Sorry
Doubao Magistrate
5.8

ဒီတစ်ခါCMကတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ရှေးခေတ်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ခရိုင်လူကြီးမင်းဖြစ်သူ ငယ်နာမည်သုန့်ပေါင်းခေါ် ယွီချင်းဖုန်းနဲ့ သုန့်ပေါင်းပြောနေကြဖြစ်တဲ့ နတ်သမီးရှုံးအောင်လှပရတဲ့ သူ၏ဇနီး ကျောက်ယွီဖုန့်တို့ရဲ့ ပျော်ရွှင်စရာမိသားစုအကြောင်းကို အဓိကထားပြီးရိုက်ကူးပြသပေးထားတာဖြစ်ပါတယ် သူတို့လင်မယားနှစ်‌ယောက်ကတော့ ကလေးယူချင်တဲ့စိတ်ကြောင့် ဇနီးဖြစ်သူနှင့် အလုပ်အချိန်ပိုဆင်းမယ်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ဟာသအနှောက်ယှက်လေးတွေနဲ့ ခရိုင်လူကြီးမင်းဖြစ်သူက ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စည်းစနစ်ကျကျ ဟာသနှောပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေဟာသကားလေးတကားဖြစ်ပါတယ်

Drama • Mystery • Thriller
5.8 2024
Doubao Magistrate
Universal Soldier II: Brothers in Arms
2.8

ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ဇာတ်ကားဖြစ်တာမလို့ Universal Soldier ရုပ်ရှင်​တွေကိုနှစ်သက်ရင် ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားထွက်အပြီး နောက်​တစ်နှစ်အကြာ ၁၉၉၉ မှာ ထွက်ရှိ​ခဲ့တဲ့ Universal Soldier​ : The Return မှာမှ ဗန်ဒိန်း​က Luc အဖြစ်နဲ့ပြန်လာမှာဖြစ်ပါတယ်။ File size…(1.8 GB)/(950 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

2.8 1998
Universal Soldier II: Brothers in Arms
The Child

Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2005
The Child
Scooby-Doo! Music of the Vampire
6.3

စကူဘီတို့အဖွဲ့ ကတော့ ဘယ်မကောင်းစိုးဝါးနဲ့ ဘယ်အချိန်ကကြုံရမှန်းမသိအောင်ကို ပဟေဠိပြဿနာတွေ ဖြေရှင်းလို့နေပါတယ်။ အဲဒီတော့ အပန်းဖြေခရီးလေး လိုအပ်လာတာပေါ့။ အားလပ်ရက်မှာ စကူဘီနဲ့ရှက်ဂီတို့ တစ္ဆေသရဲ၊နာနာဘာဝမ‌တွေ့ချင်ပါလို့ ကြွေးကြော်ထားကြပေမယ့် ဗယ်မာရွေးချယ်လိုက်တဲ့မြို့လေးက ဗန်ဟဲဆင်း တည်ထောင်ခဲ့တဲ့မြို့လေးပါတဲ့။ ကဲ ပြောရရင် ဗန်ပိုင်းယားမြို့လေးပေါ့။ ဒီတစ်ခေါက်ရော ဉာဏ်ကြီးရှင်အဖွဲ့ ဘာတွေကြုံလို့ ဘယ်လိုဖြေရှင်းကြဦးမလဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ စကူဘီဒူးဇာတ်လမ်းတွေမှာ အကောင်းဆုံး musical ဇာတ်လမ်းလေးပါပဲ။ CM ဖန် စကူဘီဒူးဖန်တွေအတွက် doo doo doo- doo doo doo Scooby-Doo! တင်ဆက်လိုက်ပါပြီ။ File Size : 1.5 GB, 862 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

Drama
6.3 2012 79 mins
Scooby-Doo! Music of the Vampire
That Untold Story
6

ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်… ပေါက်စီမြေမှာ ဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့… စာရေးသူ ကျိုးအိုက်ဟွားရဲ့ “ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်” ဆိုတဲ့ ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ… ဟုတ်ပါတယ်… ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်… ဇာတ်လမ်းလေးကတော့… ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူ ယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်… အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်… အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်… ထူးခြားတာကတော့ ဒီချန်မင်ရှန်းက…မူးယစ်ဆေးနဲ့ပတ်သက်ရင် အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်… နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲ ဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်…ဓာတ်ပုံလည်းအရိုက်မခံဘူး… တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်… သူဘာကိုလျို့ဝှက်နေတာလဲ…ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာ သူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ

Drama
6 2024
That Untold Story
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You
Kumbaari
6.3

Kumbaari (2024) “တို့အတူ” ပေါ့ပေါ့ပါးပါး တမီးလ် ဖန်စီအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ် သာယာတဲ့ နယ်မြို့လေးတစ်မြို့က အာရွန်ဆိုတဲ့ တည်ကြည်ရိုးသားတဲ့ ကောင်လေးနဲ့ အစအနောက်သန်တဲ့ ဒါရှီနီဆိုတဲ့ ကောင်မလေးတို့ဇာတ်လမ်းမှာ ဒါရှီနီက ယူကျုဘာတစ်ယောက်ဖြစ်ပြီး prank ဗီဒီယိုတွေ ရိုက်ရင်း အာရွန်နဲ့ မတော်တဆဆုံမိတာပါ ဗီဒီယိုတစ်ပုဒ် နာမည်ကြီးသွားတဲ့နောက်မှာတော့ အာရွန်တစ်ယောက် ဟီးရိုးကြီးဆိုတဲ့ နာမည်ရလာခဲ့ပြီး သူတို့နှစ်ယောက်ဘယ်လိုတွေ နီးစပ်လာကြမှာလဲ ဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ဖိုက်ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller • Mystery
6.3 2024 115 mins
Kumbaari
Vulcanizadora
6.2

Vulcanizadora (2024) IMDb Rating (6.2) / Rotten Tomatoes (98%) “Vulcanizadora” က Joel Potrykus ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုလို ဆိုနိုင်ပြီး ဘဝရဲ့ အဓိပ္ပါယ်၊ လူတွေရဲ့ ဆက်ဆံရေးနဲ့ စိတ်ဒဏ်ရာတွေကို ပြန်တွေးမိအောင် ပုံဖော်ရိုက်ကူးထားပါတယ်။ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Marty (Joshua Burge) နဲ့ Derek (Joel Potrykus) တို သူငယ်ချင်းနှစ်ယောက်က Michigan သစ်တောထဲမှာ ခရီးထွက်လာကြတယ်။ Marty က စကားသိပ်မပြောဘဲ တိတ်ဆိတ်နေတတ်သူဖြစ်ပြီး Derek ကတော့ စကားများပြီး စိတ်မငြိမ်တဲ့ သူငယ်ချင်းဖြစ်တယ်။ ဒါပေမယ့် သူတိုရဲ့ ခရီးက သာမန် လျှောက်လည်တဲ့ခရီးမဟုတ်ဘဲ ထိတ်လန့်စရာ သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ဖိုအတွက်ဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်းမဟုတ်တဲ့ အမှားတွေဖြစ်လာချိန်မှာတော့ အကျိုးဆက်တွေကို တရားရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Thriller Duration….01:25:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama
6.2 2024 85 mins
Vulcanizadora