YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Wheres.the.Money.2017.PROPER.720p.WEBRip.(CM).mp4

562.41 MB N/A video/mp4 471 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella Man
7.5

James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး... ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး... အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့ အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ... မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါ ဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ် သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲ သူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါ ဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင် ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကို မျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ.. အဲ့ဒီနောက်မှာတော့.. rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါ လူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး.... File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae

Action • Thriller
7.5 2005 144 mins
Cinderella Man
Light for the Youth
6.5

IMDB - 7.1/10, 2 Wins ဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား "အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေ မပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေ ၊ အရွယ်နဲ့မလိုက်အောင် မြင်တွေ့ခံစားခဲ့ရတာတွေက နောက်ဆုံးမှာ "အီဂျွန်း" ကို ဘယ်လို အကျိုးသက်ရောက်သွားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ "အီဂျွန်း" အနေနဲ့ All of us are Dead (2022) မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young က ပါဝင်သရုပ်ဆောင်ထားပြီး "အီဆယ်ယွန်း"အနေနဲ့ မင်းသမီး Kim Ho Jung က ပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.63GB and 852MB and 293MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... LK

Action
6.5 2020 114 mins
Light for the Youth

အပိုင်း( ၁ မှ ၈ )ထိ စ/ဆုံး ဒီစီးရီးက 2019 မှာ အပိုင်း(၈)ပိုင်းထွက်ရှိထားပြီးသလို တင်လည်းထားပြီးပါပြီ.... ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး... စူပါ ပါဝါရြပီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်... ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်... ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့.... SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်.... Quality – 720p  WEB-DL Duration – 60min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre :    Crime,Action Translator –Littleneo , Myo Nyunt  & May Thu Aung Encoder – Phyo Pyae

Action • Crime • Thriller
null 2019
The Boys
Promising Young Woman
7.5

Promising Young Woman အညွှန်း ကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူး သူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ် သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကို အမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါ တစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ? တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား Promising Young Woman 2020 ဟာ 92% tomatometer ရထားပြီး IMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့် လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်း နက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai Lwin Encoded by : YK Quality : 720 p WEBSCR File Size : 1.2Gb Duraion .1h 53min Subtitle :Myanmar (Hardsub)

Action & Adventure • Crime • Drama
7.5 2020 114 mins
Promising Young Woman
Race 3
4.3

ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။ တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။ ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။ ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။ ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်) (BrilliantStar နဲ့ d3mon တို့ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (1.2 GB) Quality : AMZN WEB-DL 720p Running Time : 2hr 40min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN WEB-DL H264 DDP5.1-M2Tv Translated by BrilliantStar and d3mon Encoded by Thanhtike Zaw

Horror • Thriller
4.3 2018 160 mins
Race 3
The Unseen
6.7

The Unseen (2023) အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။ တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား RJ Mitte ကနေ ရုပ်ရှင်တစ်ကားလုံးကို Carry သွားတယ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ရဲ့ Plot တစ်ခုလုံး အရမ်းကြီး ရုပ်မပေါက်သွားသလို အရမ်းလည်း Over မဖြစ်သွားပါဘူး။ ဒါ့အပြင်နာမည်ကြီး ဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်၊ ပညာတွေသင်ယူခဲ့ပြီး ကိုယ်တိုင် ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာတဲ့ Vincent Shade ကရိုက်ကူးထားတာဖြစ်လို့ ကြည့်ရမဆိုးလှတဲ့ ဇာတ်ကားကောင်းတစ်ကောင်းလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Family
6.7 2023 100 mins
The Unseen
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
Superheroes
6.7

ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 2m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Crime
6.7 2021
Superheroes
Hopeless
6.3

Hopeless (2023) ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။ Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်း အကျဥ်းကတော့ ၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။ ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီး ဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာ‌တော့… ဘာသာပြန်တွေကတော့ Hnin Miri,Stary Tiff & Treasure Estel တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.2GB | 459MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Miri,Stary Tiff & Treasure Estel Encoder ….. Aaron

6.3 2023
Hopeless
Rockstar
7.7

Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။ Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ ပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့ Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2011
Rockstar
Into the Forest
5.8

Into the Forest (2015) IMDb Rating (5.8) / Rotten Tomatoes (76%) ဒီဇာတ်ကားဟာ Musical film ဖြစ်တဲ့ Into the Woods ကိုမှီငြမ်းထားပါတယ်။ ဒါရိုက်တာ Patricia Rozemaရိုက်ကူးထားပြီး မင်းသမီး Elliot Page, Evan Rachel Wood နဲ့မင်းသား Max Minghella တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ရက်မှာ နေရာအနှံ့အပြားအကြီးအကျယ် လျပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အခါ ဒီမိသားစုဟာ တောထဲကသူတို့အိမ်မှာသောင်တင်နေခဲ့ပါတယ်။ မကြာခင်မှာပဲသူတို့ဟာ အသက်ရှင်ဖို့အတွက်တိုက်ပွဲဝင်ရတော့မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ ညီအစ်မ၂ယောက်ဟာ သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပြီး အသက်ရှင်အောင်ကြိုးစားရလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်။) File size…(1 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Science Fiction Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Na Ei

5.8 2015 101 mins
Into the Forest
The Rhythm
5.1

The Rhythm (2024) ဇာတ်လမ်းအကြောင်းအ‌ရာကတော့ လူဖြူအများစုကစားကြတဲ့ ဟော်ကီအားကစားမှာ လူမည်းကောင်လေးတစ်ယောက်က ဟော်ကီကစားတာကို တအားဝါသနာပါ ပါတယ် ။ အဲ့လိုဝါသနာပါတာကလဲ သူ့အဖေ သူ့အဘိုးကအစတကယ်တော်ကြတဲ့ ဟော်ကီကစားသ‌မားတွေဖြစ်ကြလို့ပါပဲ။ ငယ်ငယ်က တစ်နေ့မှာ သူ့အဖေ နဲ့ ဟော်ကီလေ့ကျင့်ပြီး ပြန်အလာမှာသူ့မျက်စိရှေ့တင် သူ့အ‌ဖေဟာ အthetခံလိုက်ရပါတယ်။ အဲ့တာနဲ့ ဟော်ကီကို ဆက်မဆော့ဖြစ်တော့ပါဘူး..နောက်တော့ နည်းပြတစ်ယောက်ဟာ သူ့‌ဆီကိုလာပြီး သူတို့အသင်းမှာ‌ ဝင်ကစားပေးဖို့ပြောပါတယ်။ ဝင်ကစားရာကနေ လူဖြူတွေ လူချတာကိုခံလိုက်ရပြီး ဒေါသထွက်ကာ ထိုးလိုက်မိ လူသတ်ရန်ကြံစည်မှုနဲ့ထောင် ၇ ခုနှစ်ကျသွားပါတယ်။ ထောင်ကျသွားရာကနေ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ဖို့စောင့်ကြည့်ကာလအနေနဲ့ ဘတ်ဇယ် လူထုအကျိူးပြုစင်တာကို ကလေးတွေကို ဟော်ကီသင်ပေးဖို့ဟော်ကီနည်းပြ လုပ်အားပေး ‌အနေနဲ့ရောက်လာပါတယ်။ အဲ့ကနေပြီးတော့ ဘယ်လိုမျိုး ပရိုဟော်ကီကစားသမားဖြစ်အောင်ကြိုးစားသွားမလဲ? နည်းပြအနေနဲ့ကောဘယ်လိုအောင်မြင်အောင်ကြိုးစားသွားမလဲဆိုတာကိုဘဝသင်ခန်းစာတွေနဲ့ မိုတီပေးတဲ့ဟော်ကီဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:39:01 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Action • Crime • Thriller • Adventure
5.1 2024 108 mins
The Rhythm
War of the Worlds
5.5

War of the Worlds (2025) ဒါရိုက်တာ ရစ်ချ် လီ (Rich Lee) ရိုက်ကူးထားပြီး နာမည်ကျော်ရက်ပါဖြစ်တဲ့ ice cube ၊ Diary of a wimpy kid မှာ ပါဝင်တဲ့ ဒက်ဗွန် ဘော့စ်တစ် (Devon Bostick) နဲ့ တခြား သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ သည်းထိတ်ဖို သိပ္ပံ စိတ်ကူးယဥ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဝီလ် ရက်ဖို့ဒ် (Will Radford) က Homeland Security (ပြည်တွင်းလုံခြုံရေးဌာန) မှ ထိပ်တန်း ဆိုက်ဘာလုံခြုံရေး သုတေသီတစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ စောင့်ကြည့်လေ့လာရေး အစီအစဉ် “Goliath” (ဂိုလိုင်းယတ်) မှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ခြေရာခံဖို့ပါ။ ဝီလ်သည် ဇနီးသည် ကွယ်လွန်ပြီးနောက် အလုပ်မှာသာအာရုံစိုက်ပြီး သူ့သားသမီးတွေဖြစ်တဲ့ ဒေ့ဗ် ( အစိုးရ စောင့်ကြည့်ရေးအလုပ်ကို ဆန့်ကျင်တဲ့ ပရိုဂရမ်မာ) နဲ့ ဖေ့ချ်( ဇီဝသုတေသီ) တို့နဲ့ ဝေးကွာနေတာပါ။ ရုတ်တရက် ထူးဆန်းတဲ့ရာသီဥတုတွေဖြစ်လာပြီး NASA သိပ္ပံပညာရှင် ဒေါက်တာ စန်ဒရာ ဆာလတ် က ဒါတွေဟာ ဂြိုလ်သားကျူးကျော်စစ် အရိပ်ယောင်ဖြစ်ကြောင်း ပြောပေမယ့် ဝီလ်က ဂရုမစိုက်မိရာမှ မကြာမီကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများသို့ ထူးဆန်းတဲ့ ဂြိုလ်သားစက်များက ကျူးကျော်စတင်တော့သည်။ ဒီဂြိုလ်သားတွေဟာ သတင်းအချက်အလက် (data) ကို စားသုံးကြသည့် သတ္တဝါတွေဖြစ်ပြီး၊ သူတို့ရဲ့ ပစ်မှတ်က ကမ္ဘာပေါ်ရှိ ဒေတာစင်တာတွေပါ။ Homeland Security ဒါရိုက်တာ ဒေါ်နယ် ဘရစ်ဂ်စ်ကလည်း “Goliath” အစီအစဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေပြီး သူတို့ဟာ ဂြိုလ်သားများနှင့် အဆက်အသွယ်ရှိပြီး ဂြိုလ်သားတွေကို ဘမ္ဘာမြေကို ရောက်လာဖို့ ဆွဲဆောင်မိကြောင်းပေါ်ပါက်လာပါတယ်။ ဂြိုလ်သားတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ခုလုံးဟာရှုပ်ထွေးကုန်ပါတော့တယ်။ ဂြိုလ်သား တွေဟာ ကွန်ပြူတာလိုစက်တွေဖြစ်ပေမယ့် သူတို့ထဲကို ကွန်ပြူတာဗိုင်းရပ်စ် ထည့်လဲ မပျက်စီးသွားပါဘူး။ အဲ့ဒီနောက်မှ ဒီဂြိုလ်သားတွေဟာ သူတို့ရဲ့ DNA တွေကို ပရိုဂရမ်နဲ့ရေးဆွဲထားတဲ့ ဇီဝနဲ့ဆိုက်ဘာ မျိုးစပ် သက်ရှိတွေဆိုတာ သိလိုက်ရပြီး သူတို့ကို သ-တ်နိုင်မယ့်နည်းကတော့ ဘယ်လို ဖြစ်မလဲ ဘာအခက်အခဲရော ကြုံတွေပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Htet Naing Lin ဖြစ်ပါတယ်။) File size… (2.1 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Drama, Horror, Sci-Fi, Thriller Duration…. 01:31:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Htet Naing Lin

Crime • Drama
5.5 2025 91 mins
War of the Worlds