YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

When We Meet E03 CM.mp4

242.71 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Trials of Cate McCall
6.4

Genre – Crime, Drama IMDB – 6.2/10 ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့ အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့ အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့ မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင် သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်း မဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့ နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့ တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်း ဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်း သမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့ အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှု တစ်ခုပေါ့လေ။ အဲဒီမှာ ရှေ့နေရုံးကနေ အပြစ်ကို ပြန်လည်ပေးဆပ်စေချင်လို့ အမှုတစ်ခုကို ပြန်လိုက်ခိုင်းပါတယ်။ ဒီအမှုကတော့ ချစ်သူဖြစ်သူက မုဒိမ်းကျင့်တာခံရ ရဲတွေမုဒိမ်းကျင့်တာခံရ ထောင်ကျတော့လည်း အစောင့်က မုဒိမ်းကျင့်တာခံရပြီး ချစ်သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေချိန် ချစ်သူကို အီစီကလီ လာလုပ်တဲ့ကောင်မလေးကို အဖော်တစ်ယောက်နဲ့ သွားဖြဲရာကနေ လူသတ်မှုဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာ သူသတ်တာသေချာ ပါတယ်ဆိုတဲ့အမှုကို မမတစ်ယောက် လိုက်ရာကနေ လွဲမှားနေတာတွေ စတွေ့လာတဲ့အခါ… အမှုကို ဘယ်လိုမျိုး လိုက်ပေးမလဲ၊ မိသားစုရေးရာမှ ာ သမီးလေးကို အုပ်ထိန်းခွင့်ပြန်ရပါ့မလား၊ နောက်ထပ် ဘာပြဿနာတွေ ကြုံရဦးမလဲ စသဖြင့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်ပြီး ခေါ်သွားမယ့် တရားဥပဒေရုပ်ရှင်မျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ဘဝတွေပျက် ခွေးဖြစ်လုနီးပါး ဖြစ်ခဲ့တာတောင် အဖော်ကောင်းတွေရှိပြီး သေသေချာချာလေး ကြိုးစားရင် ပြန်ထူထောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ခွန်အားလည်း ပေးသွားတဲ့ ဇာတ်ကားကောင်းလေးပါ။ File size…1.41GB / 524.8MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 29m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

Drama
6.4 2013 89 mins
The Trials of Cate McCall
State of Grace
7

I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့ မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက် ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့ လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင် မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါ ဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာ ထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…2.81GB / 941.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 14m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama
7 1990 135 mins
State of Grace
Infernal Affairs III
6.9

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ ) File Size__(1.5GB) / (950MB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__01:58:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Nyi Yair Naing Encoded by Naing Aung Latt

6.9 2003 118 mins
Infernal Affairs III
The Reef: Stalked
6.1

The Reef: Stalked The Reef(2010) ရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းအချိတ်အဆက်တော့မရှိပါဘူး။ နစ်ခ် တို့ညီအစ်မသုံးယောက်မှာ နစ်ခ်နဲ့ကတ်ဟာ ရေငုပ်ရတာကို ဝါသနာပါသူတွေဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ ကတ်ကို နှိပ်စက်တတ်တဲ့သူ့ယောက်ျားက လက်လွတ်ပြီးသတ်မိသွားတဲ့အခါ နစ်ခ်ဟာ စိတ်ဒဏ်ရာကြောင့် ပြည်ပကိုထွက်သွားပါတော့တယ်။ ၉လကြာပြီးနောက်မှာတော့ နစ်ခ်တို့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းတွေနဲ့ပြန်ဆုံပြီး အရင်လိုစိတ်ပြေလက်​ပျောက် လှေလှော်ရေငုပ်ကြဖို့ ခရီးထွက်ကြပါတယ်။ ပင်လယ်ထဲမှာ လှေငယ်ကိုယ်စီနဲ့ ရေငုပ်ကြ ငါးဖမ်းကြနဲ့ ပျော်ရွှင်နေကြချိန်မှာ ရေပြင်ပေါ်မှာ အနက်ရောင်ဆူးတောင်တစ်ခုထွက်လာတာကို တွေ့လိုက်ရတဲ့အခါ.... File size…(1.68GB)/(MB)/(916MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein

Action • Comedy • Romance
6.1 2022 93 mins
The Reef: Stalked
Accident
6.7

Brain လို့ နာမည်ရတဲ့ ကြေးစားလူသတ်သမားက သူ့အဖွဲ့နဲ့အတူ လူသတ်မှုတွေကို မတော်တဆမှုဖြစ်အောင် ဖန်တီးပြီး အဖွဲ့လိုက် လှုပ်ရှားပေးကြတာပါ။ သူတို့ရဲ့လှုပ်ရှားမှုတစ်ခု မမျှော်လင့်ဘဲ လွဲချော်ပြီးခဲ့တဲ့နောက်မှာတော့ ဒီအဖြစ်အပျက်ဟာ တမင် ဖန်တီးခံရတာလို့ ဘရိန်းက ယူဆပါတယ်။ တစ်ယောက်ယောက်က သူနဲ့ သူ့အဖွဲ့ကို မလှုပ်ရှားနိုင်တော့အောင် ဖန်တီးတယ် ထင်လာပါတော့တယ်။ ဒီအဖြစ်အပျက်နဲ့ သက်ဆိုင်မယ်လို့ ယူဆရတဲ့ အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ ဆုံလာချိန်မှာတော့ .... တကယ်ပဲ ကတုံးပေါ် ထ်ပ်ကွက်သလို မတော်တဆမှုနဲ့ လူသတ်နေတဲ့ ကြေးစားအဖွဲ့ကို မတော်တဆမှုတွေ တကယ်ပဲ ဖန်တီးနေတာလား? တခြားတခြားသော အကြောင်းရင်းတွေ ရှိနေတာလား ဆိုတာကတော့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xiao Zhen ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 554MB | 2489MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xiao Zhen Encoder ..... August

Crime • Horror • Thriller
6.7 2009 89 mins
Accident
The Boy Behind The Door
6.5

လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Jo Jo Va Encoder..........SWM

Drama • Horror
6.5 2020 88 mins
The Boy Behind The Door
So Different
4.8

So Different (2009) =============== ဒီ‌တစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်‌နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။ စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်) File Size……….(2.17 GB) / (927 MB) / (554 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Jaka Encoder……….SWM

4.8 2009
So Different
Maybe I Do
4.9

Maybe I Do (2023) =============== တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။ အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။ အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.45 GB) / (484 MB) / (267 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Sai Sumali Encoder……….SWM

4.9 2023
Maybe I Do
Kingdom of Heaven Director’s Cut Roadshow Version
7.2

Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 ) (အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7.2 2005 144 mins
Kingdom of Heaven Director’s Cut Roadshow Version
Mr. Monk’s Last Case: A Monk Movie
7.4

Mr. Monk’s Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက ၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေ အများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ series မကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenic memory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ကျေနပ်တဲ့ စိတ်အခြေအနေတစ်မျိူးလေးတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပြသွားတဲ့ အကြောင်းအရာကတော့ Mr. Monk ရဲ့ သမီးအရင်းလို့ ချစ်တဲ့ Molly တစ်ယောက် သူ့ခင်ပွန်းလောင်နဲ့ လက်ထပ်ပွဲ မကျင်းပခင် တစ်ရက်အလိုမှာ သူ့ရဲ့ခင်ပွန်းလောင်းဟာ မသင်္ကာစရာဖြစ်ရပ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ Molly စိတ်သက်သာရာရအောင် Mr. Monk တစ်ယောက် ဆုံးပါးသွားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ သေမှုသေခင်းကို လေ့လာတဲ့ အခါမှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ မသင်္ကာစရာ ပတ်သက်မှုတွေ ရှိနေတဲ့ အခါမှာတော့ Mr. Monk တစ်ယောက် အမှုပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ သူ့ရဲ့ စိတ်အခြေအနေကလည်း ပုံမှန်ထက် ပိုပြီးယိုင်လဲနေတဲ့ အချိန်မှာ သူကျော်ဖြတ်နိုင်ပါ့မလား စတာတွေကို ဇာတ်ရှိန်မကျပဲ တဝကြီးကြည့်ရမဲ့ ဟာသ ဒရမ်မာ စုံထောက်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ…. File size…1.71GB / 791MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.4 2023 97 mins
Mr. Monk’s Last Case: A Monk Movie
Hunterrr
7

Hunterrr (2015) “အသက်၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ ဟန်ဆောင်ရပြီ လူတွေမသိအောင် အပြုံးလေးနဲ့ ရယ်ပြသည်။” ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ပြုရတာကို အယုံံအကြည်မရှိတဲ့ စားဘဲကြီးတစ်ယောက်ရဲ့အကြောင်းပေါ့ဗျာ။ ကောလိပ်စတက်ကတည်းက မိန်းမလှလှလေးမြင်ရင် မနေနိုင်တဲ့ သူကြီးပေါ့။ အချစ်ကို အယုံအကြည်မရှိတဲ့သူဟာ မိန်းမတွေကို မူစကူဒူးဖို့လောက်သာ သိတဲ့သူပါ။ တစ်နေ့တော့ ပါတီမှာ ကောင်မလေးတစ်ယောက်ကို မူစကူဒူးဖို့ကြိုးစားရင်းကနေ ဝိုင်းရိုက်ခံရပါတော့တယ်။ နောင်တတွေရပြီး နောက်နောင်မူစကူဒူးဖို့ မစဥ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ပါဘူး။ ကဲ ဆက်လက်ပြီး ဒီလူကြီးရဲ့ဘဝမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7 2015 141 mins
Hunterrr
Trip Ubusan: The Lolas vs Zombies
6.8

Trip_Ubusan_The_Lolas_vs_Zombies (2017) ဒီတစ်ခါ train to busan ဘာညာ walking dead လို ဖုတ်ကောင် ဇွန်ဘီးကားကြိုက်တဲ့အာရှကားပရိသတ်တွေအတွက် ဖိလစ်ပိုင်ကနေ အားကျမခံတင်ဆက်ထားတဲ့ ဖုတ်ကောင်ကားလေးနဲ့ မိတ်ဆက်ပေးလိုပါတယ် ဒီကားလေးကတော့ ဖုတ်ကောင်ကားထဲမှာ မဆိုးလှဘူးပဲပြောရမှာပါ ဖုတ်ကောင်တွေပြေးတာလိုက်တာကိုက်တာ ပြန်တိုက်ခိုက်တာ ဘာညာအစုံပါပြီးတော့ Survival Mode ကိုမှ ဟာသလေးနဲနဲရောထားတော့ ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ ဇွန်းဘီးကားအရသာလဲမပျက်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ချာမိုင်းဆိုတဲ့ကောင်မလေးရဲ့မွေးနေ့မှာ အဘွားသုံးယောက်နဲ့အတူမွေးနေ့ပွဲကျင်းပဖို့ အပြင်ထွက်လာချိန် ဖုတ်ကောင်တွေရုတ်တရက်ပေါ်လာလို့ အသက်ရှင်ရေး ဘယ်လိုကြိုးစားရုန်းကန်မလဲဆိုတာ အဘွားသုံးယောက်ရဲ့ဟာသတွေနဲ့အတူ အာရှထုံးစံဒရာမလေးပါ နဲနဲရောစပ်ထားတာမို့ ပရိသတ်ကြီးတို့ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 2.69GB | 1.32GB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.8 2017
Trip Ubusan: The Lolas vs Zombies
Haunt Season
5

Haunt Season (2024) ******************** ဟောလိုဝင်း ပရိသတ်တွေအတွက် ဟောလိုဝင်း vibe ရစေမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သွေးပျက်ဖွယ် ခြောက်လှန့်မှုတွေ လုပ်ပြီးတော့ ဖျော်ဖြေမှုလုပ်တဲ့ သရဲအိမ်လိုမျိုး အလုပ်လုပ်တဲ့ အဖွဲ့တစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပြောရရင်တော့ ဒီနှစ် ဟောလိုဝင်းရာသီချိန် ဒီအဖွဲ့သားတွေထဲက လူတွေ တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးတာတွေ ဖြစ်လာသလို ဝင်ပြီး လည်ကြတဲ့ ဧည့်သည်တွေလည်း တစ်ချို့တစ်လေ ပျောက်ခြင်းမလှ ပျောက်သွားတာတွေ ဖြစ်လာကြပါတယ်။ ဒီမျက်နှာဖုံး လူသတ်သမားဟာ သွေးသံရဲရဲ ဟန်ဆောင်ခြောက်လှန့်မှု လုပ်တာတွေကို အမှန်တကယ် ကြောက်လန့်မှု ဖြစ်လာဖို့ ကြိုးစားလာတဲ့အခါမှာ ကျန်တဲ့အဖွဲ့သားတွေအနေနဲ့ ဒီသတ်ဖြတ်နေတဲ့သူက ဘယ်သူလဲ.. ဘာကြောင့် ဒီလိုတွေ လုပ်နေတာလဲ.. ဒီအိပ်မက်ဆိုးကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြရမလဲဆိုတာတော့….။ (အညွှန်းကို Aoi မှ ရေးသားထားပါတယ်) File size…2.05GB / 824MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Aoi Encoded by AHtet

5 2024 81 mins
Haunt Season
Hear Me: Our Summer
7.5

Hear Me: Our Summer (2024) ****************************** IMDb… 7.5 Weak Hero Class, Revenantထဲက မင်းသား Hong Kyung၊ Our Blues, The Frog ဇာတ်လမ်းတွဲထဲက Roh Yoon Seo၊ IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ ပါဝင်ထားပြီး ချိုချိုမြိန်မြိန် Romance ဇာတ်လမ်းလေးကိုမှ ဘဝအကြောင်းလေးပါ ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယုံးဂျွန်း (Hong Kyung) က ဘဝမှာ သူ ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့ မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။ တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။ ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား.. သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှူစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.96GB/ 810MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary & Hnin Wai Oo Encoded by Tiff

Drama • Action
7.5 2024 109 mins
Hear Me: Our Summer
The Painted
5.5

ပိတ်ရက်ရှည်မှာ ခြောက်ခြားစရာကောင်းတဲ့ Horror ကားကောင်းကောင်း ကြည့်ချင်မယ့် CM ပရိသတ်တွေ အတွက် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Jump Scare တွေ အတော်များများ ပါပြီး အသံ၊ အလင်း အမှောင်တွေက လုံးဝကို Creepy Vibe ကို ပေးနိုင်တဲ့ ဇာတ်ကားပါ။ ကြောက်တတ်ရင် အနားမှာ အဖော်ခေါ်ထားပြီး ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ပရိဘောဂ လက်သမား အဖြစ် လုပ်ကိုင်တဲ့ အာဒမ်နဲ့ သူတို့ မိသားစုဟာ ဖောက်သည်ရှားပါးမှုနဲ့အတူ တဖြည်းဖြည်း စီးပွားကျဆင်း လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အာဒမ်ဇနီး အယ်ဗလင်းရဲ့ ဝမ်းကွဲညီမ လင်မယား သေဆုံးပြီးတော့ အမွေဆက်ခံမယ့်သူ မရှိတာကြောင့် သူတို့မိသားစုဆီကို အမွေဆက်ခံဖို့ လမ်းကြောင်း ပေါ်လာပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အာဒမ်က ဝမ်းသာ နေပေမယ့်လည်း အယ်ဗလင်းကတော့ စိတ်မသိုးမသန့် ဖြစ်နေတာမို့ အဲဒီအိမ်ကို သွားဖို့ တွန့်ဆုတ်နေခဲ့တာပါ။ ခင်ပွန်းသည်ရဲ့ ဇွတ်အတင်း တိုက်တွန်းမှုကြောင့် အမွေခံ အိမ်နဲ့ ပစ္စည်းတွေကို ရောင်းချနိုင်ဖို့အတွက် မိသားစုလိုက် ခေတ္တပြောင်းရွေ့လာခဲ့ကြပါတယ်။ သူတို့တွေ့လိုက်ရတာက အိမ်ကြီးထဲမှာ များပြားလှတဲ့ ပန်းချီကားတွေကို ချိတ်ဆွဲထားပြီးတော့ ဒီပန်းချီကားတွေက ဒီအိမ်ကြီးရဲ့ သမိုင်းကြောင်း ကျိန်စာနဲ့ ဆက်စပ်နေတယ် ဆိုတာပါပဲ။ ဒီပန်းချီကားတွေက ဘယ်လိုမျိုး သက်ဝင် လှုပ်ရှားနေကြတာလဲ… သူတို့မိသားစုကရော ဒီကျိန်စာကနေ လွတ်မြောက်ပါ့မလား ဆိုတာကိုတော့…။ File size… (1.08 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance
5.5 2024 85 mins
The Painted