YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

When I Fly Towards You E21 720p WEB-DL CM.mp4

226.72 MB 720p video/mp4 238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
The Purge
6.3

ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး အလုပ်ဖြစ်သွားတာ​တွေ့ရ​တော့ ​အ​မေရိကန်မှာ ရိုးရာ​နေ့​လေးတစ်​နေ့လို ဖြစ်သွားတာပဲ။ ဒီဇာတ်ကားရဲ့ဇာတ်လိုက်က​တော့ ဂျိမ်းဆိုတဲ့သူ... သူက လုံခြုံ​ရေးစနစ်​တွေကို ​​ရောင်းရင်းချမ်းသာလာတဲ့သူ။ သန့်စင်ပွဲ​နေ့​ကြောင့် သူ့ထုတ်ကုန်​တွေ ​ရောင်းရတာဆို​တော့ သန့်စင်ပွဲ​နေ့ကိုလည်း လုပ်သင့်တဲ့သူလို့ ​ထောက်ခံတဲ့ဘက်​က​ပေါ့။ သူ့မှာ သား​လေးတစ်​ယောက်နဲ့ သမီး​လေးတစ်​​ယောက်ရှိတယ်။ သမီး​လေးက​တော့ ၁၈နှစ်ပြည့်​ပြီး ဘဲတစ်​ယောက်လည်းရှိတယ်။ သား​လေးက​တော့ ငယ်ငယ်​လေးရှိ​သေးတာမို့လို့ ဒီလိုသန့်စင်ပွဲမှာလူ​တွေ ​သေရ​တာမဖြစ်သင့်ဘူးဆိုပြီး အမြဲလိုလိုအကူအညီ​ပေးချင်​နေတဲ့သူ။ ဖြစ်ချင်​တော့ သားဖြစ်သူက သန့်စင်ပွဲ​နေ့ညမှာ အိမ်ရာမဲ့ ​ခြေနှစ်​ချောင်းသားကို ကယ်လိုက်မိပါ​လေ​ရော။ အဲဒီလို ကယ်တင်ပြီး​နောက်ပိုင်း ​ခြေနှစ်​ချောင်းသားကယ်​ကောင်းလား မကယ်​ကောင်းလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှူရပါလိမ့်မယ်။ ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့ Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 25Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Horror
6.3 2013 86 mins
The Purge
The Magician's Elephant
7.1

The Magician's Elephant (2023) "ဘောလ်တိစ်" ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Action • Drama • Romance
7.1 2023 99 mins
The Magician's Elephant
Run Hide Fight
6.8

ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူ ဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန် အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။ အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏ ကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။ Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြပါတယ်။ ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်း ခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို လက်နက်တွေနဲ့ ၀င်လာပြီး လူသတ် ခြိမ်းခြောက်မှုတွေလုပ်ပါတော့တယ် .... ဒါကို သိသွားတဲ့ ဇိုအီဟာ မသိသေးတဲ့ ကျောင်းသား တွေကို သတိပေးနိုင်အောင် သူကိုယ်တိုင်လည်း မသမာသူတွေလက်က လွတ်အောင် ကြိုးစားရပါတော့တယ် .... (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Yoon Sandi Aung , August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Thriller Source : 1080p.WebRip Translator – Yoon Sandi Aung, August Encoder – SWM

Drama • Sci-Fi & Fantasy
6.8 2021 109 mins
Run Hide Fight
The Lego Batman Movie
7.2

IMDb - 7.3/10_____Rotten - 90% 2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်. ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင် အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment Lego ကုမ္ပဏီ တို့ ပေါင်းပြီး Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့ Lego Minifigures collectorsတွေကြားရေပန်းစား ခဲ့ပြီး ဖြစိပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့် Batman ရဲ့ respect ကို ရယူချင်တဲ့ Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့ အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ် ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက် ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ဘာဘရာ(Bat Girl) Robin(Dick Grason)တို့ရဲ့ အကူအညီနဲ့ တားဆီးကာကွယ်ဖို့ကြိုးစားရပါတော့တယ် ဆြာဘတ်က ဂျိုကြီးကို ဘယ်လိုများစိမ်းကားရက်စက်လိုက်လဲ Phantom Zone ထဲကကျလာမယ့် ရင်းနှီးပြီးသား ဗီလိန်ကြီးတွေကရော ဘယ်သူတွေဖြစ်မလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်ကြည့်အြီး ရယ်မောပျော်ရွှင် ဘဝအမောတွေပြေနိုင်ကြပါစေလို့ ညွှန်းပေးလိုက်ပါရစေခင်ဗျာ... File Size     :   748 MB Duration    :   1: 44: 28 Quality       :   Webrip 720p Translator :   Litteneo, HanHtooZaw Encoder     :   Littleneo

Action • Drama • Mystery
7.2 2017 104 mins
The Lego Batman Movie
13 Hours: The Secret Soldiers of Benghazi
7.3

13 Hours: The Secret Soldiers of Benghazi(2016) (((Link ပြန်ချိန်ပေးထားတဲ့အပြင် 1080p 5.1CH လေးနဲ့ပါ Update ပေးထားပါတယ်...))) IMDB 7.4 အထိတောင်ရရှိထားတဲ့ စစ်အက်ရှင်ဇာတ်ကားဟာ 2h: 24mins ကြာမြင့်ပါတယ်။ဒီဇာတ်ကားဟာ Transformers ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Michael Bay ရဲ့ လက်ရာပါ။တကယ့်အဖြစ်အပျက်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်... လစ်ဗျားနိုင်ငံဘန်ဂါဇီ မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝင်ရုံးကို  အမေရိကန်သံအမတ်တစ်ဦးရောက်ရှိချိန်မှာ 2012 ခုနှစ်ကအစ္စလာမ်းစစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန် လုံခြုံရေးတပ်ဖွဲ့ က အစ္စလာမ်းမစ် စစ်သွေးကြွတွေကို ပြန်လည်တိုက်ခိုက်ပြီး 13 နာရီကြာအောင်ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်... File Size : (2.6GB) and (1GB) Quality : Blu-Ray 1080p 5.1 CH, Format…mp4 Duration…02:24:00 Genre : Action , Drama , History  Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Drama
7.3 2016 144 mins
13 Hours: The Secret Soldiers of Benghazi
Christmas in Paradise
4.6

Christmas in Paradise (2022) ===================== ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.82 GB) / (750 MB) / (450 MB) Quality…………Web-DL 1080p / 720p / 480p Duration………2Hr 09mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Fiona Gillen Encoder……….SWM

Animation • Family • Horror • Mystery
4.6 2022
Christmas in Paradise
Devil in the Lake
4.8

Devil in the Lake (2023) ရေကန်ရှိရင် ရေသရဲရှိတတ်ကြတာပဲဆိုပြီးတော့ ပြောကြတာပဲမလား… အင်းပိုင်ကြီးတို့ ကန်ပိုင်ကြီးတို့ ဆိုတာမျိုးတွေဆို မြန်မာမှာ ရှိတာပဲ။ အခုလည်း ဒီလိုပါပဲ ကိုရီးယားက ကန်ပိုင်ကြီးကားပဲ ဖြစ်မလားပေါ့ ကိုရီးယားက Horror ဆို တစိမ့်စိမ့်တွေး တရေးရေးပေါ်နေအောင် ရိုက်ပြတတ်လွန်းလို့ ဒီကားကို ညဘက်မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ….. ဘိုယောင်းက အကြွေးတွေပိနေလို့ အလုပ်ရှာရင်း အဘွားတစ်ယောက်ကို ပြုစုပေးဖို့ ရွာတစ်ရွာကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကလေး ခေါ်မလာရဘူး ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သမီးလေးကို ခိုးခေါ်ခဲ့တယ် ရွာကပဲ ကျိန်စာသင့်နေသလား? အပြင်လူ မခေါ်ရဘူးဆိုတာကြောင့်ပဲလား? တကယ်ပဲ ကန်က လူစားတာလားတော့မသိ ခဏခဏရေနစ်ပြီးသေကြတာပဲ… ဘိုယောင်းကလည်း အဘွားကိုပြုစုရင်းနဲ့ သူဌေးဖြစ်တဲ့အဘွားရဲ့ စိန်လက်စွပ်ကိုတိတ်တဆိတ်ရှာနေခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးကျ လာခဲ့တာကိုပဲ နောင်တရနေခဲ့ရပါပြီ ဘိုယောင်းနေရာမှာ မင်းသမီး Park Ha Na သရုပ်ဆောင်ထားပြီး ဒါက movie ကိုမှ KBS ကနေ drama special series အနေနဲ့ပြန်တင်ဆက်ထားပါသေးတယ် ဘိုယောင်းနဲ့သမီးလေးတို့ အဲဒီရွာကနေ လွတ်မြောက်နိုင်မလား အဲဒီရွာရဲ့ ထူးဆန်းမှုတွေကဘာတွေလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size…1.1GB | 592MB | 293MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

4.8 2022
Devil in the Lake
The Year I Started Masturbating
5.2

The Year I Started Masturbating (2022) Netflix ကထွက်ထားတဲ့ The Year I Started Masturbating ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကြည့်ပြီးတော့ ကျောင်းသားကားဆိုပြီး တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။ ၁၈ ယောက်စုကြည့်ရမယ်ထင်နေရင်လဲ သင့်ရဲ့ စိတ်ကို အမှောင်ဘက်ခြမ်းကနေ ပြန်ခေါ်လိုက်ပါ။ ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ပြသွားမဲ့ကားမျိုးပါ။ ဒါပေမဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်းပြောထားတော့ မိသားစုနဲ့တွဲကြည့်လို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ (ဥပမာဆို လူတိုင်းသိကြတာက ဂျီစပေါ့ လောက်ပါပဲ ဒါပေမဲ့ ဒီထဲမှာတော့ ဂျီစပေါ့တင်မကဘဲ အိုစပေါ့ အမ်စပေါ့ ဒီစပေါ့ တွေပါ ပါပြီးတော့ ဘယ်နေရာမှပါ ရှိတယ်ဆိုတာ ညွှန်ပြထားပါသေးတယ်)။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ပဲဖိလုပ်တဲ့သူပါ။ ယောကျာ်းဖြစ်သူဟာလဲ ကြာလာတေ့ ငြိုငြင်လာပါတယ်။ ဟန်နာအတွက်ကတော့ ကလေးတွေယူပြီး အလုပ်လုပ် ပိုက်ဆံရှာပေးနေရင် မိသားစုကိစ္စပြီးပြီလို ထင်နေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ယောကျာ်းဖြစ်သူနဲ့ ပြဿနာ ဖြစ်ပြီး အိမ်ကနေဆင်းလာတဲ့အချိန်မှာ အချစ်ဆုံးသူငယ်ချင်းကလဲ သူ့ကိုပစ်ခွာသွားတော့ ဟန်နာ တစ်ယောက် သူ့ဘဝမှာ ရင်းနှီးခဲ့တဲ့သူတေွ အနားမှာမရှိတော့ဘဲ တစ်ယောက်တည်း ဘဝကိုရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက သူ့ကိုကူညီပြီး ဘယ်သူတွေက အမြတ်ထုတ်မလဲ။ နောက်ဆုံးမှာတော့ အခြားသူတွေအမြင်က အရေးမကြီးဘဲ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာသာ အဓိကကျကြောင်း ဘယ်လိုတင်ဆက်သွားမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 867MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama
5.2 2022
The Year I Started Masturbating
Elephant White

ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။ အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့ လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။ ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ် အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့ လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက် ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။ မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့ အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေ ဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး File size…1.64GB / 724MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

0 2011 91 mins
Elephant White
Breakfast at Tiffany’s
7.6

Breakfast at Tiffany’s (1961) ~ IMDb – 7.6/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒ‌ရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb – 7.6/10 || Rotten Tomatoes – 88% အသီးသီးရရှိထားပြီး Breakfast at Tiffany’s ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်‌ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။ သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး တဖြည်းဖြည်းနဲ့မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ကြတယ်။ တစ်နေ့မှာတော့ အသားညိုညို တောင့်တောင့်ဖြောင့်ဖြောင့် အရပ်ရှည်ရှည် ဘရာဇီးလူမျိုး လူကုံထံအထက်တန်းစား မောင်ချမ်းသာတစ်ယောက်နဲ့ ဂိုလိုက်လီးတို့ချိန်းတွေ့ပြီးပြန်အလာ အခန်းဝမှာရောက်နေခဲ့တဲ့ကြေးနန်းစာတစ်စောင်ကြောင့် ဟော်လီတစ်ယောက်ယူကြုံးမရတဲ့အဖြစ်နဲ့ကြုံခဲ့ရတယ်။ အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးတဲ့နောက် ဟော်လီတစ်ယောက် နလန်ထူနိုင်ချိန်မှာ ဘရာဇီးကိုသူ့ချစ်သူနဲ့အတူလိုက်သွားဖို့စီစဉ်ပြီး သူရဲ့အိမ်နီးချင်းမိတ်ဆွေကောင်းပေါလ်ကို နောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့လုပ်ခဲ့တယ်။ သူတို့စားသောက်ကြပြီး အိမ်အပြန်မှာ ဟော်လီ့ကို မူးယစ်ဆေးအဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့စွဲချက်ကြောင့် သတင်းထောက်‌တွေရောက်နေခဲ့ပြီး ဇယားတွေရှုပ်ခဲ့တယ်။ အဲဒီနောက်မှာ မိသားစုဂုဏ်သိမ်ကိုထိခိုက်မခံနိုင်တဲ့ ဟော်လီရဲ့ချစ်သူဟာလည်း သူ့ကိုစာတစ်စောင်နဲ့ဖြတ်ချသွားခဲ့တယ်။ လူတစ်ယောက်ကိုတကယ်ချစ်မိမှာ ကြောက်တဲ့ဟော်လီတစ်ယောက် သူ့အတွက်ဆိုအမြဲအသင့်ရှိနေတဲ့ ပေါလ်ရဲ့အချစ်ကိုလက်မခံနိုင်တဲ့နောက်ဆုံး ပေါလ်လည်း သူ့ကိုထားခဲ့လိုက်တယ်။ နောက်ဆုံးမှာ ဟော်လီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်ကိုချလိုက်မလဲဆိုတာကို ခံစားချက်ရိုလာကိုစတာကြီးစီးပြီး ကြည့်ရှုလိုက်ရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.85GB, 905MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 55Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

7.6 1961
Breakfast at Tiffany’s
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
Love Fool
5.9

ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။ တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ …… ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။

Romance
5.9 2023
Love Fool