YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

What.Every.Frenchwoman.Wants.1986.ITALIAN.1080p(CM).mp4

2.89 GB N/A video/mp4 2263 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Men Can't Jump
6.6

Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။ Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် အရာရာက မျှော်လင့်ထားသလိုဖြစ် မလာဘဲ သူ့ဘဝရဲ့အမှောင်နေ့ရက်တွေကို ဖြတ်သန်းဖိုဖြစ်လာခဲ့တယ်။ တစ်ဖက်က Jeremy၊ သူလည်း အထက်တန်းကျောင်းလက်ရွေးစင် ဟောင်းဒူးဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူငယ်လေး တွေကို ထရိန်နင်ပေးနေတဲ့ ထရိန်နာတစ်ယောက်၊ သူတို့စိတ်ထဲက တူ ညီတဲ့အချက်တစ်ခုကြောင့် ထိပ်တိုက် တွေ့ဖိုဖြစ်လာပါတယ်။ သူတို့ ဘဝကို ပြောင်းလဲသွားစေမယ့်ပြိုင်ပွဲတစ်ခုက သူတိုနှစ်ယောက်ကို တ တွဲတွဲဖြစ်စေဖိုအကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ မိသားစုဘဝဇာတ်အိမ်လေးတွေ၊ ရဲဘော်ရဲဘက်စိတ် ဓါတ်၊ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် တခြားသောရသ မျိုးစုံကိုပါ ခံစားရစေစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.11 GB) / (971 MB) / (580 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......ZWT Encoder..........Zin Phyo Aung

TV Movie • Thriller
6.6 2023 101 mins
White Men Can't Jump
Girl in the Picture
7.3

~ IMDb - 7.3/10, Rotten Tomatoes - 95% ~ ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။ 1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ကိုယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ရုံသာမက ယူပါယူထားခဲ့တယ်။ သူတို့ရပြီးမွေးထားတဲ့ သားလေးတစ်ယောက်လည်းရှိနေပြန်တယ်။ ငွေရဖို့လည်း ယောက်ျားတကာနဲ့အိပ်ခိုင်းခဲ့တယ်။ ဒီလိုအရှုပ်အထွေးတွေကြားမှာ ခက်ခဲစွာ ရှင်သန်ခဲ့ရတဲ့ ကောင်မလေးဟာ ဘာလို့ သေသွားလဲ၊ အဖေဖြစ်ပြီး ဘာလို့ဒီလိုတွေလုပ်လဲဆိုတာကို ရဲတွေနှိုက်နှိုက်ချွတ်ချွတ်ရှာရင်း မယုံနိုင်စရာကောင်းတာတွေကိုပါ ဆက်သိလာရတဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီပါ။ ဒိုကူမန်ထရီပေမဲ့ ပေါ့ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဟောလိဝုဒ်ရဲ့ အစဉ်အလာကြီးတဲ့ ရုပ်ရှင်သတင်းစာ Variety က ဒီရုပ်ရှင်အကြောင်း ဆောင်းပါးရှည်ကြီးတစ်ခုတ်တရရေးခဲ့သလို Rating တွေလည်းကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒိုကူမန်ထရီသာပြောတယ်၊ twist တွေများလိုက်တာ ဆိုပြီး ဩချရတဲ့ ဇာတ်လမ်းလည်းဟုတ်ပါတယ်။ ဒိုကူမန်ထရီဆိုပေမဲ့ ပုံမှန် thriller ကားတွေထက်တောင် ပိုကြည့်ကောင်းနေတဲ့ ရှားပါးဇာတ်လမ်းပါပဲ။ အသက်၂၀မှာ သေသွားခဲ့ရတဲ့၊ ဖအေက မယားလုပ်ပေါင်းခံခဲ့ရတဲ့ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းထဲက ကောင်မလေးဟာ စိတ်ကောင်းအပြည့်ရှိပြီး ဉာဏ်လည်းကောင်းတဲ့ အဆင့်မြင့်အင်ဂျင်နီယာဘာသာရပ်ကိုတောင် စကော်လာရထားတဲ့ အင်ဂျင်နီယာဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ဆယ်ကျော်သက်မလေးပါပဲ။ ရုပ်လေးကလည်း အမှတ်တမဲ့ကြည့်ရင် Carey Mulligan လား ထင်ရတဲ့အထိ ‌ချောပါတယ်။ ခြောက်ပြစ်ကင်းနေတဲ့ ဒီကောင်မလေးရဲ့ နတ်ဆိုးလှောင်အိမ်ထဲက ဆယ်စုနှစ်တစ်ခုကျော်ကို ရင်မောစရာကောင်းအောင်ကို ဒီဒိုကူမန်ထရီဟာ ရိုက်ပြသွားပါတယ်။ ဒိုကူမန်ထရီပေမဲ့ ကလေးမုဒိန်းကောင်တစ်ကောင်ရဲ့အကြောင်းပါ ပါနေတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ဒိုကူမန်ထရီကြည့်ရပျင်းတဲ့လူတွေတောင် ကြည့်သင့်တဲ့၊ ဒိုကူမန်ထရီကိုမှ မှုခင်းကား အငွေ့အသက်အပြည့်ရနေတဲ့ ထူးခြားတဲ့ ဒိုကူမန်ထရီမို့ ကြုံရခဲတာမို့ ကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 744MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Documentary, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller
7.3 2022 101 mins
Girl in the Picture
The Teacher's Diary
7.7

အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။ Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။ ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။ Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။ သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher's Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။ အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher's Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ...။ IMDB - 7.9 (ရုပ်ရှင်အညွှန်းကို Ko Aung Myo Naing FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။) File size…(1.2 GB) / (900 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Meoww Meoww

Action • Crime • Drama • Thriller
7.7 2014 109 mins
The Teacher's Diary
A Royal Surprise
5.9

A Royal Surprise (2022) အခုတင်ဆက်ပေးမယ့် ကားလေးကတော့ ပေါ့ပေါ့ပါးပါး Romance ကားလေးပဲဖြစ်ပါတယ်… ရိုင်လီဆိုတဲ့ စာအုပ်ဆိုင်ပိုင်ရှင်မလေးဟာ သူ့ကောင်လေး မန်ဒလာရဲ့ မိသားစုနဲ့သွားတွေ့ဖို့ မန်ဒလာနဲ့အတူ တောင်အာဖရိက ကို လိုက်သွားရဖို့ ဖြစ်လာပါတယ်။ အဲဒီကိုရောက်သွားချိန်မှာ ရိုင်လီသိလိုက်ရတာက မန်ဒလာဟာ သိပ်ကိုမှ ချမ်းသာတဲ့အပြင် တော်ဝင်မင်းသားတစ်ပါး ဖြစ်နေတာပါ။ ဒီလို လျို့ဝှက်ချက်ကို ခုမှ သိလိုက်ရတဲ့ရိုင်လီအနေနဲ့ မန်ဒလာအပေါ် ယုံကြည်မှုက ယိမ်းယိုင်သွားပါတယ်။ မန်ဒလာရဲ့အမေ ဘုရင်မကြီးက ရိုင်လီလို သာမန်မိန်းကလေးကို မလိုလားပဲ မန်ဒလာရဲ့ Ex အယမ်ဒါကို ​ပိုသဘောကျနေတာက ကိစ္စတွေကို ပိုပြီးခက်ခဲရှုပ်ထွေးသွားစေတာပါ။ ရိုင်လီရဲ့ မန်ဒလာရဲ့ ရိုမန့်တစ် ချစ်ခရီးလမ်းမှာ ကြုံလာရတဲ့ အခက်အခဲတွေကို သူတို့ ကျော်ဖြတ်နိုင်ပါ့မလား… မန်ဒလာ့ကို ချစ်နေသေးတဲ့ ex နဲ့ ဘုရင်မကြီးတို့က ရိုင်လီနဲ့မန်ဒလာရဲ့ ဆက်ဆံရေးကို ဝင်နှောင့်ယှက်တာတွေ အောင်မြင်ပါ့မလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 2H 5Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
5.9 2022
A Royal Surprise
Black Hawk Down
7.7

Black Hawk Down(2001) IMDb – 7.7/10_____Rotten – 76% Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင် အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် File Size :(14.55 GB) (4.3GB) (1.4GB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…02:24:00 Genre : Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Phyo Pyae

7.7 2001 145 mins
Black Hawk Down
Sister Death
5.8

သရဲကားမှာ သရဲကားဆိုသူတွေအတွက် ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ကြည့်ကောင်းမယ့် သရဲကားလေးပါပဲ….။ အခြားသရဲကားတွေ…ဥပမာ-The Nunတို့လို သရဲကားတွေနဲ့မတူတာက Jump scareတွေ၊ မှောင်မှောင်မည်းမည်း cinematography တွေ မသုံးထားဘဲ… ပြောင်ပြောင်တင်းတင်းနဲ့ ဇာတ်အိမ်အတိုင်းဆွဲခေါ်သွားခံရမယ့်ကားမျိုးပါ…။ နောက်ပြီး ဒီဇာတ်ကားဟာ 2017ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံသရဲကား Veronicaရဲ့ Prquelလည်းဖြစ်ပါတယ်….။ ဇာတ်လမ်းအကျဥ်းလေးကတော့…. 1939 ခုနှစ်ဝန်းကျင် စပိန်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့စဥ်မှာ နာသီဆာဆိုတဲ့ သဘာဝလွန်အစွမ်းတွေရှိတဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်ခဲ့တယ်…။ သူဟာနာမ်လောကနဲ့ ဆက်သွယ်နိုင်တာမလို့ လူတွေက သူတော်စင်မလေးလို့ ဝိုင်းအသိမှတ်ပြုခဲ့ကြတာပေါ့….။ သူအရွယ်ရောက်လာတဲ့အခါ သီလရှင်လျောင်းလျာလေးဖြစ်လာပြီး ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ပေးဖို့တာဝန်ကျခဲ့ပါလေရော… ကျောင်းကိုရောက်တော့ ကလေးတွေက ထူးထူးဆန်းဆန်းပဲ စာသင်ရမှာကြောက်သလိုလို… အရင်ကစာသင်ပေးဖူးတဲ့ သီလရှင်ဆရာမကလည်း ထွက်သွားသလိုလို ပျောက်သွားသလိုလိုနဲ့ သရဲကားထုံးစံအတိုင်း ထိတ်လန့်စရာ ဇာတ်လမ်းတွေစတင်ခဲ့တယ်ပေါ့….။ ဒီလောက်ဆိုရင် ဇာတ်လမ်းထဲ မျှောပါသွားအောင် ဆွဲခေါ်ခံရနိုင်ပြီမို့ ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့….။ File size…900MB / 600MB Quality…NF.WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.8 2023 91 mins
Sister Death
Room No.7
5.8

Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Shin Ha Kyun နဲ့ EXO ရဲ့ treasure လေး D.O. တို့ကအဓိကပါဝင်ထားသလို thriller ရုပ်ရှင်ကြိုက်တဲ့သူတွေအဖို့ ကြည့်လို့ကောင်းတဲ့ကားဟောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Thriller Quality…. 1080p | 720p File size… 1.4GB | 564MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

5.8 2017 100 mins
Room No.7
Night Swim

Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား “ရေးဝေါ်လာ” နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။ ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး မမြင်သင့် မမြင်အပ်တဲ့ အရာတွေမြင် မမြင်သင့် မမြင်အပ်တဲ့အသံတွေကို ကြားလာရတယ်။ ဒီလိုကနေမှ ရေးဝေါ်လာဟာ သူ့ပုံစံအတိုင်း သူ ဟုတ်မနေတော့တဲ့နောက် အိဗ်ဟာ ဒီကိစ္စကို အဖြေရှာဖို့ကြိုးစားခဲ့တယ်။ သူဘာတွေသိလိုက်ရလဲတော့ ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရလိမ့်မယ်။ စူပါနေထရယ်ဟော်ရာကားတွေရဲ့ ပုံသေနည်းအတိုင်း သုံးထားတာတွေ တော်တော်မြင်ရပေမဲ့ တစ်ချို့နားလေးတွေကတော့ နည်းနည်းဆန်းသစ်တယ်ပြောရမှာမို့ သိပ်လည်း အလန်းစားကြီးမဟုတ်ပေမဲ့ ဟော်ရာဖန်တွေ ကြည့်ပျော်မယ့်ရုပ်ရှင်ပါပဲ။ မင်းသားနေရာကလည်း Kurt Russell ရဲ့သား Wyatt Russell က သရုပ်ဆောင်ထားသလို Hunger Games ထဲပါဖူးတဲ့ မင်းသမီးလှလှလေး Amélie Hoeferle တို့၊ The Banshees of Inisherin နဲ့ BAFTA မှာ ဇာတ်ပို့မင်းသမီးဆုဆန်ခါတင်ဝင်ထားဖူးတဲ့ Kerry Condon တို့လည်း ပါတာမို့ သရုပ်ဆောင်မဆိုး ဇာတ်မဆိုးတဲ့ ဟော်ရာကားလို့ပြောရပါမယ်။ ဘာနေနေ ဂျိမ်းဝမ်ထုတ်တာဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4GB, 1.5GB, 810MB Quality – 4K HEVC, 1080p, 720p Format – mp4 Duration – 1H 38Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Thriller • Action • Crime
0 2024
Night Swim
Calvaire
6.1

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီး မင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့ မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ. ဒီဇာတ်ကားဟာ Special Juary Prize, Premier Award International Critics Award နဲ့ Best Film Award စတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါ ပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက် ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက် ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာ ကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေး ဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော် မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်း တစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့ တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့ စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ် ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ် အဖိုးကြီးကလည်း မာ့စ်ကားကို မိမိပြင်ပေးမည် ဖြစ်ကြောင်းနဲ့ ခရစ္စမတ်မတိုင်မှီ ဖျော်ဖြေပွဲကို အချိန်မှီရောက်နိုင်ကြောင်း မာ့စ်ကိုအယုံသွင်းပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးက ဒီတည်းခိုခန်းက သူ့မိန်းမရှိတဲ့အချိန်တုန်းကတော့ စည်စည်ကားကား ရှိခဲ့ကြောင်း မိမိကလည်း လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့မိန်းမထွက်သွားပြီးတဲ့နောက်ပိုင်း အရာအားလုံး ကပြောင်းကပြန် တွေ ဖြစ်ကုန်ကြောင်း ရင်ဖွင့်ပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးရဲ့ အပြုအမူတွေက တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာပြီး မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း မာ့စ်တစ်ယောက် သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. မာ့စ်တစ်ယောက်အဖိုးကြီးလက်ကနေလွတ်ပြီး ခရစ္စမတ်ဖျော်ဖြေပွဲ ကို အချိန်မှီရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး.. ဒီဇာတ်ကားက Drama, Horror &Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…1.62GB / 775MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.1 2004 88 mins
Calvaire
The Good Neighbor
6.3

The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့ အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့ အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်း ကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။ သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာ အဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးက လူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလို နေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော် နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။ Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက် တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albert စမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Harold အပေါ်အသုံးချကြမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီး ကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့ အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကို ကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။ အရင်က အတိတ်ဇာတ်လမ်းဟောင်းတွေထဲက ရုန်းမထွက်နိုင်ဘဲ စိတ်ဝေဒနာရှင် အရက်ဂျိုးကြီးဖြစ်နေတဲ့ Harold နဲ့ အသိဉာဏ်နုနယ်ပြီး မရင့်ကျက်တဲ့ ကျောင်းသား လူငယ်လေးနှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဒီအဖိုးကြီးက ညညဆိုရင် မြေအောက်ခန်းထဲကို ဝင်သွားတာပြီးတော့ ဒီမြေအောက်ခန်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကျောင်းသားနှစ်ယောက်ဟာ မြေအောက်ခန်းထဲမှာ သူတို့သိပ်စိတ်ဝင်စားတဲ့အရာတခုကို ရှာတွေ့နိုင်ပါ့မလား။ Harold ကရော လူတွေနဲ့ ခပ်ကင်းကင်း နေထိုင်တာ ဘာကြောင့်လဲ၊ သူက Ethan ရဲ့မိဘတွေနဲ့ ဘယ်လိုရာဇဝင်ဟောင်းတွေရှိခဲ့တာလဲ ဆိုဝာာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာဖြစ်ပါတယ် File size…933MB / 392MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.3 2016 98 mins
The Good Neighbor
Handling the Undead

နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။ နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Handling the Undead
Love Child
7.6

Love Child (2024) IMDb Rating (7.6) အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက် လိုက်ကြပါတယ်။ နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊ အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။ “Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:41:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

7.6 2024 100 mins
Love Child
Bad Tidings
5.5

Bad Tidings (2024) IMDb Rating (5.5) Home Alone လိုမျိုး ခရစ္စမတ် အားလပ်ရက်ကာလမှာ အိမ်ကိုပစ္စည်းဝင်ခိုးမဲ့ သူခိုးဓားပြတွေရန်ကနေ စွန့်စားခန်းဆန်ဆန်ကာကွယ်ရတဲ့ ဟာသဇာတ်မြူး ဇာတ်ကားမျိုးကို နှစ်သက်သဘောကျသူတွေအတွက် 2024 ထွက် Bad Tidings ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေးလ်ဟာ အိမ်တွင်းလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရစ္စမတ်မီးတွေပို တစ်နှစ်ပတ်လုံး အလှဆင်ထားတဲ့ အိမ်ရှေ့အိမ်က မျက်မမြင် စကော့နဲ့ အမြဲတမ်းကတောက်ကဆဖြစ်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်းမတည့်ကြတဲ့အပြင် အရွဲ့ပြိုင်တိုက်ကြရင်းနဲ့ ရပ်ကွက်စောင့်ကြည့်ကင်းအဖွဲ့မှာ တွဲဖက်လူကြီးရာထူးကို နှစ်ယောက်သားယူလိုက်ရပါတယ်။ ဒီနှစ်ခရစ္စမတ်မှာတော့ သူတို့တစ်လမ်းလုံး မီးပျက်သွားတဲ့အတွက် အိမ်တွေမှာလူမရှိတာကို အခွင့်ကောင်းယူပြီးဖောက်ထွင်းဖို့လုပ်ကြတဲ့ ဘရန်နန်မိသားစုကို ရပ်ကွက်စောင့်အနေနဲ့ကျန်ခဲ့ကြတဲ့ နေးလ်နဲ့ စကော့တို့ နှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ဖြစ်ပါတယ်။) File size…(1.1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,TV Movie Duration….01:22:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by TMMT

5.5 2024 80 mins
Bad Tidings
Avengers: Age of Ultron
7.4

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Avengers: Age of Ultron (2015) IMDb Rating (7.3 ) / Rotten Tomatoes (76 %) “Avengers: Age of Ultron” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး၊ Avengers အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒုတိယအကြိမ်ချပြခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tony Stark (Iron Man) နဲ့ Bruce Banner (Hulk) တို့ရဲ့ ကြိုးပမ်းမှုကြောင့် Ultron လို့ခေါ်တဲ့ ဉာဏ်ရည်တု AI စနစ်ကို ဖန်တီးမိပြီး၊ ဒီ AI စနစ်ဟာ လူသားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ultron ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် Vision နဲ့ Scarlet Witch တို့လို စွမ်းအားရှိသူတွေကို ဖန်တီးပါတယ်။ Avengers အဖွဲ့ဟာ Ultron ရဲ့ ခြိမ်းခြောက်မှုကို တားဆီးဖို့အတွက် ပြန်လည်စုစည်းခုခံဖို့ဖြစ်လာတဲ့အခါမှာတော့….။ Vision ရဲ့ နဖူးမှာ တပ်ဆင်ထားတဲ့ Mind Stone ဟာ Infinity Stones တွေထဲက တစ်ခုဖြစ်ပြီး၊ MCU ရဲ့ နောက်ကားတွေအတွက် စကြာဝဠာကျောက်တုံးတွေကို တခုပြီးတခုမိတ်ဆက်နေခဲ့ပါတယ်၊ Budget $444–495.2 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.405 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

7.4 2015 141 mins
Avengers: Age of Ultron
Dawn’s Dream
55

အခု ဘတ်ဂျက်နည်းနည်းနဲ့ နှလုံးသားကို ခိုးဖို့ကြိုးစားထားတဲ့ မိသားစုကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးမှာတော့ ဘားတစ်ခုမှာ မူးချင်တိုင်းမူး… ငွေရှိတယ်ဆိုပြီးတော့ မောက်မာချင်တိုင်းမောက်မာပြီး… လူတိုင်းအပေါ် ရိုင်းချင်တိုင်းရိုင်းနေတဲ့… သူဌေးသမီးလေး ချန်ရှီးအကြောင်းကို ပုံဖော်ထားတာပါ… အများအမြင်မှာတော့ မိဘကအရမ်းချစ်ပြီး အမွေတွေ အများကြီးရခဲ့တဲ့ အချစ်ခံ ရွှေမင်းသမီးလေးဆိုပေမယ့်… တကယ်တော့ ဒီလိုသူ့ကိုချစ်ပေးတဲ့ မိဘက မွေးစားမိဘတဲ့… သူ့အဖေအရင်းက အလုပ်မလုပ်ဘဲ အပျော်မက် လောင်းကစားမက်နေတဲ့ ဆန်ကုန်မြေလေးတစ်ယောက်တဲ့… သူ့အမေကလည်း သူ့ကိုမွေးပြီးတာနဲ့ သူ့အဖေနဲ့မပေါင်းနိုင်တော့ဘူးဆိုပြီး နောက်ယောက်ျားနောက်လိုက်ပြေးသွားတာတဲ့… သူကတော့ အဖိုးအဖွားတို့လက်ထဲမှာ ကြီးပြင်းခဲ့တာပေါ့… ငွေမရှိပေမယ့် မေတ္တာအပြည့်ပေးနိုင်တဲ့ အဖိုးအဖွားကြောင့် သူ့ငယ်ဘဝလေးက ပျော်ဖို့ကောင်းခဲ့ပါတယ်… ဒါပေမယ့်…သူဘာလို့ မွေးစားမိဘတွေလက်ထဲရောက်သွားတာလဲ… သူဘာလို့ အခုလိုတွေ ဘာတွေ့တွေ့ စိတ်အလိုမကျဖြစ်နေတာလဲ… သူဘာလို့ အဖေရင်း အမေရင်းကို မုန်းနေတာလဲ.. ဒီမေးခွန်းတွေရဲ့ အဖြေကို ဇာတ်လမ်းလေးက ပုံဖော်ပြီး ပြောပြထားတာမို့ ကြည့်ကြည့်လိုက်ကြပါဦးနော်….

Comedy • Crime
55 2025
Dawn’s Dream