YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Werewolf.Game.2025.1080p.WEBRip.HEVC (CM).mkv

1.64 GB N/A video/x-matroska 114 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rough Night
5.7

ဂျက်စ်၊ အဲလစ္စ၊ ဖရန်ကီနဲ့ ဘလဲတို့ သူငယ်ချင်းလေးယောက်က ၂၀၀၆ ကောလိပ် ပထမနှစ်ကတည်းက တွဲခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဆယ်စုနှစ်တစ်ခုကြာအပြီး မှာတော့ ဂျက်စ်က သူ့ချစ်သူပီတာနဲ့ လက်ထပ်ပွဲကျင်းပမှာမို့ သူငယ်ချင်းတွေပြန်ဆုံဖို့ ဖြစ် လာခဲ့ပါတယ်။ သူတို့လေးယောက်ဟာ ဂျက်စ် လက်မထပ်ခင် မီယာမီမှာပါတီလုပ်ရင်းကဲဖို့ အစီအစဉ်တွေဆွဲခဲ့ပြီး ဂျက်စ်ရဲ့ ဩစတြေးလျမှာခင်ခဲ့တဲ့သူငယ်ချင်း ပစ်ပါကိုလည်း အတူပျော်ဖို့ ခေါ်ခဲ့ပါတယ်။ ဗရုတ်ကျလွန်းတဲ့ ဂျက်စ်တို့ အဖွဲ့ဟာ အပြောင်အနောက်သဘောနဲ့ အမျိုးသား အဖော်အချွတ်အကသမားတစ်ယောက် ကို အိမ်မှာဖျော်ဖြေဖို့ ငှားခဲ့ပါတယ်။ အဲဒီလူ အိမ်ရောက်လာပြီးနောက်မှာ နောက်ကြပြောင်ကြရင်း မတော်တဆ ခေါင်းထိ သွားပြီး အဖော်အချွတ်အကသမား သေသွားခဲ့ ပါတယ်။ အိမ်ထဲမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ဂျက်စ်တို့တစ်တွေ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး အပြစ်လွတ်ဖို့နဲ့ အလောင်းဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားပါတော့တယ်။ ဘလဲရဲ့ ဦးလေးရှေ့နေကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာ လူသေမှုကြောင့် ၁၅ နှစ်လောက်အပြစ်ကျဖွယ်ရှိတယ်လို့ ပြောတဲ့အတွက် အလောင်းကို ပင်လယ်ထဲ သွားပစ်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေမှာ အလောင်းပြန် ပေါ်တဲ့အတွက် နောက်ထပ် အစီအစဉ်တစ်ခု ထပ်ဆွဲခဲ့ရပြန်ပါ တယ်။ လက်လက်ထ၊ ဗရုတ်သုတ် ခအဖွဲ့ဖြစ်တဲ့ ဂျက်စ်တို့တစ်တွေ အလောင်းဖျောက်ပြီးနောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦးမှာ လဲ။ သူတို့ငှားခဲ့တဲ့ အဖော်အချွတ် အကသမားရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိနေတာ လဲ။ ဂျက်စ်တစ်ယောက် မင်္ဂလာ ပွဲကို အေးအေးချမ်းချမ်း ကျင်းပ နိုင်ပါ့မလားဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ လူငယ်ဇာတ်လမ်းဖြစ်တဲ့အ တွက် အချို့ဇာတ်ဝင်ခန်းတွေ၊ အ ပြောအဆိုတွေက ကြမ်းတယ်လို့ ဝေဖန်မှုတွေရှိထားတဲ့ ဒီဇာတ် ကားမှာ ဂျက်စ်အဖြစ် စကားလက် ဂျိုဟန်ဆန်၊ ပစ်ပါအဖြစ် ကိတ် မက်ကင်နွန်၊ အဲလစ္စအဖြစ် ဂျစ် လီယန်ဘဲလ်၊ ဖရန်ကီအဖြစ် အစ် လာနာဂလေဇာ၊ ဘလဲအဖြစ် ဇိုး ကရာဗစ်၊ ပီတာအဖြစ် ပေါလ်ဒဗ လျူဒေါင်းစ်တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://7daydaily.com/)မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (700 MB) and (300 MB) Quality : 720pBluray Running Time : 1hr 41minutes Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw

Crime
5.7 2017 101 mins
Rough Night
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
What’s Love Got to Do with It?
6.4

What’s Love Got to Do with It? (2022) =========================== IMDb Rating – 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။ ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (735 MB) / (422 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Drama • Music • Adventure
6.4 2022
What’s Love Got to Do with It?
Chandramukhi 2

Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စား ဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ********************************* အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့ ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြို့လေးဆီကို လာရဖို့ ဖြစ်လာတဲ့အခါမှာ သူတို့ တစ်မိသားစုလုံး နေထိုင်နိုင်ဖို့အတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့ စံအိမ်ကြီးတစ်ခုကို ငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတို့တွေ ရောက်လို့လာခဲ့ကြတဲ့နောက်ပိုင်းမှာတော့ …….. စံအိမ်ကြီးထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲ…. သူတို့မိသားစုနဲ့ စံအိမ်ကြီးကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ…. ၄၈ရက်ကြာ ပူဇော်ပြီးတဲ့ နောက်မှာရော သူတို့မိသားစုတွေရဲ့ ဆိုးနေတဲ့ကံတွေ ပြန်ကောင်းလာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ အထိတ်တလန့် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Science Fiction • Adventure • Action
0 2023
Chandramukhi 2
Midnight Son
5.8

Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့ အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများ ကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်း နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက် နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက် သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်း လူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင် ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေး အဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက် လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက် ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက် နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာ ဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2011
Midnight Son
Please Teach Me English
6.5

Please teach me English (2003) ***************************** 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။ ၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့ အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။ လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်း ရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။ နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့ သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။ သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့ သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကို မိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်း နာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။ အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။ Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: Nov 5, 2003 Duration: 1 hr. 58 min. Content Rating: 13+ – Teens 13 or older Translated by Yee Wai Encoded by Phyo Pyae

6.5 2003
Please Teach Me English
You Get Me

You Get Me (2017) ဒီကားလေးကတော့ မင်းသမီးချောလေး”ဘယ်လာသွန်း”က အဓိကဇာတ်ကောင် “ဟိုလီ” အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ “ဟိုလီ” ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ “ဟိုလီ”ပါတီတက်ရင်း “တိုင်လာ”ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ “ဟိုလီ”အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ “တိုင်လာ”အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။ “တိုင်လာ”ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး”အယ်လီ”နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ “တိုင်လာ”နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ “ဟိုလီ”ပဲဖြစ်ပါတယ်။ တဖြည်းဖြည်း “ဟိုလီ”တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး “အယ်လီ”နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ “တိုင်လာ”ကတော့ “အယ်လီ”နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး”ဟိုလီ”က Social Media မသုံးတာဟာ “အယ်လီ့”သူငယ်ချင်းအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။ တစ်နေ့တော့ အဲဒီသူငယ်ချင်းဟာ ကျောင်းမှာ ရုတ်တရက်ကြီး သူနဲ့မတည့်တာကိုသောက်မိပြီး တက်ကာ သတိလစ်သွားခဲ့တယ်။ “ဟိုလီ”ဟာ “တိုင်လာ”နဲ့နီးစပ်ဖို့ကို နည်းမျိုးစုံသုံး ကြိုးစားနေပြီး သူလိုချင်ရဖို့အတွက် ဘေးလူထိခိုက်တာကိုလည်း မမှုတဲ့သူဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ “တိုင်လာ”တစ်ယောက် “ဟိုလီ့”နာမည်အပြည့်အစုံကိုသိလိုက်ရပြီး အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့ “ဟိုလီ”ဟာ အန္တရာယ်ရှိတဲ့ပြဿနာအိုးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီအချိန်မှာတော့ “တိုင်လာ”ဟာ အသိနောက်ကျသွားပြီလား… “ဟိုလီ”တစ်‌ယောက် ဘယ်လောက်အထိ လက်လွန်ကြက်သွန်လိုက်ပြီလဲ… ဆိုတာ‌ကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

TV Movie • Comedy • Romance
0 2017 89 mins
You Get Me
Goldstone
6.6

ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေက Goldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့ အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။ အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့ လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ် ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြား ကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့် မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်… မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက် ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ… ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်… File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.6 2016
Goldstone
Low Life
6.1

Low Life (2004) *************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီ‌နောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံ‌လူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…5.13GB / 1.48GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 45 min. Genre ….. Action, Crime, Political Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

6.1 2004
Low Life
Vaayai Moodi Pesavum
6.7

Vaayai Moodi Pesavum (2014) “စကားမပြောရ” IMDb 6.7/10 မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ် စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်‌နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ် ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ် အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

Crime • Mystery
6.7 2014 140 mins
Vaayai Moodi Pesavum
Soodhu Kavvum 2: Nadum Naatu Makkalum…
5.3

Soodhu Kavvum 2 (2024) “မမွှေးသင့်သောမီး” အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ် ၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ် ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ် နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ် တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ …. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Fantasy • Mystery • Romance
5.3 2024 129 mins
Soodhu Kavvum 2: Nadum Naatu Makkalum…
A Great Divide
5.7

A Great Divide ရုပ်ရှင်ဟာဆိုရင် ဟာသသရုပ်ဆောင် Ken Jeong, The Last Airbender မင်းသမီး Miya Cech တို့လိုနာမည်ကြီးသရုပ်ဆောင်များပါဝင်ပြီး Emmy Award winner director Jean Shim ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဆုပေးပွဲများမှာလည်း Best Feature Narrative,Best Picture, Best Performances, and Audience Awards အစရှိတဲ့ ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဘန်ဂျမင်လီတို့ မိသားစုရဲ့ ဝါယိုမင်းမြို့ကိုပြောင်းရွှေ့လာပုံနဲ့ အစပြုထားပါတယ်။ အဲ့နောက်မှာဘန်တို့က အာရှသားတွေအနေနဲ့ အမေရိကမှာ လူမျိုးရေးခွဲခြားမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ ဘန်ရဲ့သူငယ်ချင်း အယ်လီကလည်း ဘန်တို့ဆီ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်တောထိန်းအရာရှိရဲ့အကြပ်ကိုင်မှုကိုခံရပြီး ဘန်ဂျမင်တို့ မိသားစု အခက်တွေ့ပါတော့တယ်။ ဒီအခက်အခဲကနေမှ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေနဲ့ သူတို့ဒါတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ရသလို ခံစားရအောင် ရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်။ မိသားစုဝင်တွေအချင်းချင်းရော တစ်ယောက်ရဲ့အတွေးကိုတစ်ယောက်နားလည်ပေးသွားနိုင်မလား…. သစ်တောထိန်းရဲ့အကြပ်ကိုင်မှုကိုရော ဘယ်လိုဖြေရှင်းသွားမလဲ… ဘန်ဂျမင်တစ်ယောက်ရော ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူကြရမှာပဲ ဖြစ်ပါတယ်။ File size… (1.17 GB) / ( 650 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shiki

Drama
5.7 2024 100 mins
A Great Divide
Kerebete
6.8

Kerebete (2024) “ငါးဖမ်းပွဲ” ကန်နာဒါစကားပြော အိန္ဒိယကျေးလက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်နာမည် ကယ်ရီဘယ်တီဆိုတာကတော့ ရွာလုံးကျွတ်ဆင်နွှကြတဲ့ ရိုးရာငါးဖမ်းပွဲတော်ကြီးရဲ့နာမည်ကို ပေးထားတာပါ။ ဇာတ်လမ်းက နာဂါလိုခေါ်ကြတဲ့ ရွာဇော် လူမိုက်ကြီးတစ်ယောက်ဇာတ်လမ်းပေါ့။ နာဂါက ဇိုး။ သစ်ခိုးခုတ်လို ထောင်ထဲဝင်ရပေမဲ့ ခဏနဲ့လွတ်လာတတ်တယ်။ မိခင်မုဆိုးမကြီးနဲ့နေပြီး နှစ်ဧကခွဲလယ်မြေကို ပိုင်ဆိုင်ဖို အိပ်မက်မက်နေတဲ့ကောင်။ အမျိုးတွေနဲ့ မြေယာကိစ္စ ခဏခဏစကားများရတဲ့သူ။ ရွာရဲ့ အော်ကြောလန်။ မီနာဆိုတဲ့ ချစ်ရတဲ့ကောင်မလေးကို အတင်းဓမ္မခေါ်ဆောင်သွားပြီးနောက်မှာတော့ ပြဿနာတွေပိုကြီးလာတဲ့ နာဂါရဲ့ အရှုပ်တော်ပုံကြီးကို ရှုစားကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။

Drama • Thriller
6.8 2024 151 mins
Kerebete
Kundannoorile Kulsitha Lahala
6.8

Kundannoorile Kulsitha Lahala (2024) “ကွန်ဒါနောရွာ အရှုပ်တော်ပုံ” ================================ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိ ဒါရိုက်တာ အက်ရှေးအာရှော့ခ်က ကိုင်တွယ်ထားတာဖြစ်ပြီး ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာထဲက ဗရုတ်သုတ်ခအဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ မာလျာလမ်လူမျိုးတွေနေကြတဲ့ ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာမှာ အမျိုးသမီးအလုပ်ရအာမခံအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး နာမည်တပ်ထားကြပေမဲ့ တကယ်တမ်းတော့ဘာအလုပ်မှမလုပ်ဘဲ ရွာထဲကကိစ္စတွေကို ကြမ်းပိုးကို လိပ်ဖြစ်တဲ့ထိ အတင်းအဖျင်းပတ်ပြောနေကြတာပါ။ သူတို့ရဲ့ မဟုတ်ကဟုတ်ကအတင်းတွေကြောင့် ပြဿနာတက်ကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ အဲဒီလို မိန်းမကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့် ပြဿနာတွေကြုံနေရတဲ့ရွာထဲမှာ ထူးဆန်းစွာပဲ အတွင်းခံတွေ တစ်ထည်ပြီးတစ်ထည်ပျောက်လာကြတဲ့အခါမှာတော့…။ အတင်းပြောတဲ့ဘွားတော်တွေကြောင့် ဘယ်သူတွေ ဘယ်လိုတိုင်ပတ်မလဲ၊ အတွင်းခံတွေပျောက်တာ ဘယ်သူ့လက်ချက်လဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရ၊ ခွီကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.8 2024 146 mins
Kundannoorile Kulsitha Lahala