YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Welcome.to.Sudden.Death.2020.1080p.WEBRip(CM).mp4

871.39 MB N/A video/mp4 2948 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Michael Collins
6.9

သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီ မင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။ Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိ Michael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။ သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေ Dublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။ သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်း လွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာ ထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
6.9 1996 132 mins
Michael Collins
The OctoGames
2.9

နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေ ဘယ်လောက်များရှိနိုင်မလဲ...။ ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့ အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။ သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames...။ ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့် အသက်နဲ့ဘ၀ပါ...။ အဲဒီလူသတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber "ဂျက်စ်ပရို" ဆိုသူ ဖြစ်ပါတယ်။ ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး လူသတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။ ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့ နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါ တော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊ ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို အထင်းသားတွေ့ကြရမှာပါ။ ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.55 GB) / (625 MB) / (360 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Sci-Fi Translator.......C'mon Encoder..........SWM

Drama
2.9 2022 88 mins
The OctoGames
Snake Lady
4

မြွေကားကြိုက်တဲ့သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီနှစ်ထဲအသစ်ထွက်ထားတဲ့မြွေကားတစ်ကားနဲ့တင်ဆက်ပြသလိုက်ပါတယ် ဒီကားလေးကတော့ ပုံမှန်လိုမြွေစိမ်းမလေးတွေအကြောင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းမှာ မြွေနတ်ကိုသွားရှာတဲ့ကားလေးဖြစ်ပါတယ် မဂ္ဂဇင်းတိုက်ရဲ့ထုတ်လုပ်သူ ကုချိုးနဲ့ အယ်ဒီတာ လီထုံတို့ဟာ သူငယ်ချင်းတစ်ချို့ခေါ်လာပြီး ဒဏ္ဍာရီဆန်တဲ့ကျွန်းကိုရှာပြီးသွားရောက်ကြတယ် အဲ့နေရာမှာထူးခြားတဲ့မြွေကြီးတွေရှိပြီး လီထုံရဲ့အဖေက တစ်ချိန်တစ်ခါ တာဝန်ထမ်းတောင်ရင်း အဲ့ကျွန်းကိုရောက်သွားခဲ့ပြီး ဘာတွေဖြစ်လဲဆိုတာ လီထုံက သိချင်နေခဲ့တယ် ကျွန်းပေါ်ကခေါင်းဆောင်လျန်ရန်ကလည်း ရုတ်တရက်ရောက်လာတဲ့သူတို့ကို ဘယ်လိုဧည့်ခံမလဲ သူတို့အပေါ်ဘာတွေလျှိုဝှက်ထားတာလဲ လီထုံကရော နောက်ဆုံးမှာ သူ့အဖေအဲ့ကျွန်းပေါ်ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနိုင်မလားဆိုတာကို အားလုံးအတူတူကြည့်ရင်းအဖြေရှာထုတ်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Adventure Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
4 2022 88 mins
Snake Lady
Kaithi
7.6

IMDb ratings : 8.5/10 Genre : Action, Thriller Budget ₹35 crore Box Office ₹106 crore ဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကို အင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီး ဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။ သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ ဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။ ဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . . ညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။ ဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။ မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။ ဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . . သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . . ဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။ တောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။ (Over-Action မဆိုသလောက်သာ ပါပါတယ်) (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။) ဒီဇာတ်ကားထဲကဇာတ်ကောင်တွေဟာ Vikram (2022) မှာ ပြန်လည်ပါဝင်လာပါတယ်..Vikram(2022) ကို ဒီမှာ https://channelmyanmar.org/vikram-2022/  ကြည့်ပါ။ File size…(5.1 GB)/(1.9 GB) / (950 MB) Quality….WEB-DL 4K HEVC/1080p HEVC/ 720p Format…mkv/mp4 Duration….02:24:37 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Nyi Koe & Myint Thu

Drama
7.6 2019 147 mins
Kaithi
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
Triple Frontier
6.3

Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့်  အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။ File Size          :          900/ 450 Mb Duration         :          2 hr Quality            :          Webrip Translator       :          Littleneo & Yuki Encoder           :          Than Htike Zaw

Adventure • Animation • Comedy • Family • Fantasy
6.3 2019 125 mins
Triple Frontier
The Drover’s Wife: The Legend of Molly Johnson
6.3

The Drover’s Wife: The Legend of Molly Johnson (2021) ၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်….. လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes 81% နဲ့ IMDb rating 6.4 ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre…..Drama, History, Thirller Quality…. 1080p | 720p | 480p File size… 1.4GB | 757MB | 282MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Comedy • Drama • Romance
6.3 2021 109 mins
The Drover’s Wife: The Legend of Molly Johnson
Ice Age: A Mammoth Christmas
6.4

ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက ​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကို ရှာဖို့ လုပ်ပါ​တော့တယ်။ သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့် မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့ ​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာ ဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။ File size… 655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
6.4 2011 26 mins
Ice Age: A Mammoth Christmas
Charlie
8

Charlie (2015)”ချာလီ” =================== တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။ အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။ တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

8 2015
Charlie
Breaking the Waves
7.8

ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ် ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့‌သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ် သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာ‌နဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် File size…(3.1 GB)/(1.9 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

Comedy • Romance • Drama
7.8 1996
Breaking the Waves
Shyamchi Aai
7.2

Shyamchi Aai (2023) လက်ဦးဆရာ 20 ရာစုရဲ့ ပထမဆုံး Best Feature Filmနဲ့ President Gold metalရထားတဲ့ Shyamchi Aaiဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လူမှုရေးတက်ကြွလှုပ်ရှား Sane Gurujiရဲ့အတ္ထုပတ္တိလို့လည်း ပြောလို့ရသလို လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်လာစေတဲ့ သူ့ရဲ့အမေဖြစ်သူရဲ့ လမ်းညွှန်မှုတွေကို ပြန်ပြောပြထားတဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဆရာကြီးဆာနေးဆိုတဲ့ ဗြိတိသျှအုပ်စိုးစဉ်ကာလရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်မဖြစ်လာခင်က ရှမ်ဆိုတဲ့ကောင်လေးဟာ အရမ်းသတ္တိနည်းတဲ့ကလေးတစ်‌ယောက် သူဘယ်လောက်ထိ ကြောက်တတ်လဲဆို ရေတွင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးသင်ဖို့ချိန်းလိုက်ပြီးမှ ရေနစ်မှာကြောက်လို့ အိမ်မှာပုန်းနေတဲ့အထိပါပဲ မိသားစုကလည်း မပြေလည် အကြွေးနွံနစ်နေတဲ့ ဆင်းဆင်းရဲရဲ ဒီဘဝမှာ အရာရာကို ကြောက်တတ်တဲ့ ရှမ်ဆိုတဲ့ကောင်လေးကနေ ဆာနေးဆိုတဲ့ နာမည်ကျော် လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်လာအောင် ရှမ်ရဲ့အမေက သူ့ရဲ့မိခင်မေတ္တာနဲ့ ဘယ်လိုပြောင်းလဲပေးခဲ့လဲ။ မိခင်မေတ္တာနဲ့လမ်းညွှန်မှုက သူ့ရဲ့ဘဝမှာ ဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အတူရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Linn ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)

Fantasy • Action
7.2 2023 140 mins
Shyamchi Aai
The Rundown
6.7

2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7 ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ 2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ Dwayne (The Rock) Johnson အတွက်တော့ လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ …….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။ အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့ သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။ အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ မြန်မာစာတန်းထိုးဘာသာပြန်ကတော့ ကိုညီညီကျော်မြင့်မှ ရေးသားတင်ဆက် ထားပါတယ်။)

6.7 2003 104 mins
The Rundown
Permission

Permission (2017) ******************* IMDb…..5.4 (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်။) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင်း အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမဲ့ သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ် အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။ Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ… File Size : 1.03GB/ 490MB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…01:36:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Tiff

Romance • Drama
0 2017 99 mins
Permission
Psycho IV: The Beginning
5.4

Psycho IV Beginning 1990 IMDb: 5.4/10 ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုလူသတ်ဇာတ်လမ်းတွေကို သဘောကျကြိုက်နှစ်သက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ လေးကားမြောက်ဖြစ်ပြီး ရှေ့မှာ sequel 1 2 3 လည်းရှိပါသေးတယ်။ ဇာတ်လမ်းတွေအားလုံးက ပျင်းစရာမကောင်းသွားအောင် plot twist များစွာနဲ့ ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားမျိုးပါ။ ဒီလိုဇာတ်လမ်းမျိုးကို အသစ်ပုံဖော်ရိုက်ကူးထားတဲ့ Bates Motel (2013)လည်း အတော်လေး လူကြိုက်များခဲ့တာမို့ မူရင်း ဇာတ်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ နော်မန်ဘိတ်စ်ဟာ ကိုယ့်ရဲ့မိခင်ဖြစ်သူကို ဘဝနိဂုံးချုပ်စေတဲ့ လူတွေနဲ့ တိုက်ရိုက်ဆွေးနွေးတင်ဆက်တဲ့ ရေဒီယိုတင်ဆက်မှုတစ်ခုကို ဖုန်းခေါ်ရင်းက စတင်ထားပါတယ်။ ရေဒီယိုရှိုး အစီအစဉ်တင်ဆက်သူနဲ့ စိတ်ပညာရှင်တွေဟာ နော်မန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တကယ့် လူသတ်သမားဆိုတာကို မသိကြပါဘူး။ ဇာတ်လမ်းဟာ အဲဒီကနေမှ နော်မန့်ရဲ့ ဆိုးရွားတဲ့ ငယ်ဘဝကို နောက်ကြောင်းပြန် ထင်ဟပ်စေရင်း စတင်ခဲ့ပါတယ်။ အဲဒီမှာ သူ့အမေရဲ့ အကျင့်ဆိုးတွေက သူ့စိတ်ကို ဘယ်လို ပြောင်းလဲလာစေတယ်ဆိုတာကို ဖော်ပြလာပါတယ်။ မိခင်ဖြစ်သူ နော်မာ ဘိတ်စ်ဟာ လှည့်စားတတ် ဝန်တိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာကို အတော်လေး ဒုက္ခပေးနိုင်လွန်းတဲ့ မိခင်မျိုးပါ။ ဒါကြောင့်ပဲ နော်မန်လေးဟာ လူတစ်ကိုယ်တည်းနဲ့ စိတ်၂မျိုး ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။ အခုအချိန်မှာတော့ နော်မန်ဟာ အိမ်ထောင်ကျနေပြီဖြစ်ပြီး တည်ငြိမ်သယောင်ရှိနေပေမဲ့ သူဟာကလေးယူလိုက်လို့ သူ့ရဲ့ကလေးက သူ့ဗီဇလိုက်ပြီး မကောင်းဆိုးဝါးလေးတစ်ကောင်ကို လက်သပ်မွေးသလိုဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ သူ့လိုမျိုး ဇာတ်နာခဲ့ရတဲ့ ကောင်လေးဘဝကနေ စိတ္တဇလူသတ်သမားဖြစ်လာမှာမျိုးကို သူမလိုလားတဲ့အတွက် ကိုယ်ဝန်ရှိနေတဲ့ မိန်းမကိုပါ သတ်ဖို့ကြံလာပါတယ်။ အဲဒီအကြောင်းတွေကိုလည်း ရေဒီယိုရှိုးမှာ ထုတ်ဖော်ရင်ဖွင့်လာတဲ့အခါ သူ့ရဲ့ကောင်းတဲ့မသိစိတ်ကို တင်ဆက်သူတွေက ပြန်ပြီးကြီးစိုးလာနိုင်အောင် ဝိုင်းဝန်းဖျောင်းဖြရင်း ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… 1.8 GB / 970 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyi Sin Thant

Comedy
5.4 1990 96 mins
Psycho IV: The Beginning
The Ritual
4.6

The Ritual (2025) Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။ Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Adventure • Comedy • Romance
4.6 2025 98 mins
The Ritual