YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Welcome.to.Samdalri(2023)E11.WEB-DL.720P(CM).FIX.mp4

515.3 MB N/A video/mp4 1202 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Welcome to the Jungle
5.1

တစ်ချိန်တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ Adventure , Comedy ကားဟောင်းလေးကို ပြန်ခံစားကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက (၂၀၁၃) ခုနှစ်ကထွကခဲ့တာ အခုဆိုရင် (၁၀)နှစ်ပြည့်ခါနီးနေပြီဆိုတော့ တော်တော်လေးကြာပြီလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကုမ္ပဏီတွင်းအသင်းဖွဲ့နဲ့လုပ်ကိုင်တတ်အောင်လို့ ကျွန်းတစ်ကျွန်းပေါ်ခရီးထွက်လာခဲ့ကြရတဲ့ ကုမ္ပဏီအဖွဲ့သားတွေရဲ့ခရီးစဉ်က မထင်မှတ်တာတွေဖြစ်ပြီး ကျွန်းပေါ်မှာသောင်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုသောင်တင်နေတဲ့အဖွဲ့သားတွေကို အများကငကြောက် ငကြောင်လို့မှတ်ယူနေတဲ့ Chrisကကယ်တင်မလား... Chris ဆီကအိုင်ဒီယာကိုခိုးသွားတဲ့ အထက်လူကြီးPhilကပဲ ဦးဆောင်မလား.. ကျွန်းပေါ်မှာ သူတို့ဘယ်လို ရှင်သန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရမယ့် ဟာသအက်ရှင်စွန့်စားခန်းဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Chit Tee ပါ ) File Size__(1.6GB) / (900MB) Quality__Bluray_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Horror • Science Fiction • Thriller
5.1 2013 95 mins
Welcome to the Jungle
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
Mona Lisa Smile
6.9

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာ ဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာ မလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကို အတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာ လကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်း တွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်း သူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။ သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက် လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့် အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက် မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြု ဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ် ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။ (ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(3.5 GB) / (1.07 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Arr Khun Winchester Encoder..........Zin Phyo Aung

Action • Adventure • Crime • Drama • Fantasy • Horror • Mystery
6.9 2003 117 mins
Mona Lisa Smile
Middle Class Love
6.4

Middle Class Love (2023) IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Comedy • Drama
6.4 2022
Middle Class Love
Running Out of Time
7.3

Running Out of Time (1999) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ Directed by “Johnnie To” Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment of Romance… ၁၉၉၉မှာ ဂျွန်နီတိုရဲ့ Running Out of Time နဲ့ သရုပ်ဆောင်ဆုရခဲ့သလို အဲဒီနောက်မှာ Infernal Affairs ကားတွေရိုက်ခဲ့တယ်။ ဒါက တကယ့်အထင်ကရတွေချည်း။ ဂျွန်နီတိုတို့ ဝေါင်ကာဝေးတို့နဲ့ကားတွေ တခြားကားကောင်းတွေ မနည်းဘူး။ ကျန်တဲ့သုံးယောက်လည်း ဒါရိုက်တာကောင်းတွေနဲ့တွဲလုပ်ဖူးပေမဲ့ သူ့လောက်တော့မများဘူး။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်မှာလည်း ကိုယ်ပိုင်မာစတာပိစ်ကားတွေရှိနေတာပါပဲ။ Four Heavenly Kings ဟာ Four Heavenly Kings တော့ ပီသခဲ့တယ်။ အန်ဒီလောင်နဲ့ ဂျွန်နီတို တွဲရိုက်ဖူးတာ ၇ကား၈ကားလောက်တော့ရှိတယ်။ အဲဒီထဲကမှ Running Out of Time နဲ့ Blind Detective ကတော့ အကြမ်းဆုံးပဲ။ Running on Karma, Needing You, Love on a Diet နဲ့ A Moment of Romance III တို့ကတော့ အစောပိုင်းကားတွေဆိုတော့ သူ့ပုံစံသိပ်မပေါ်သေးဘူး။ Running Out of Time မှာတောင် ဂိုဏ်းစတားရုပ်ရှင်မဟုတ်ဘဲ Heroic Action ဆန်ဆန်ဆိုတော့ ဒါမျိုးက သူ့ဆီမှာပဲ တွေ့နိုင်တဲ့ကားမျိုးမဟုတ်နေဘဲ ဟောင်ကောင်အက်ရှင်စီနီမာတစ်ခုလုံးမှာ နိုင်းချင်းတွေ့နေကျကားတွေပဲ။ အထူးသဖြင့် ဂျွန်ဝူးဆီမှာပေါ့။ ဂျွန်ဝူးလို အပစ်အခတ်ကြမ်းတယ်လို့တော့ မဆိုလိုဘူးပေါ့။ နည်းနည်းထူးမှာက ညှိနှိုင်းရေးသမားနဲ့ ဓားစာခံဖမ်းအကြပ်ကိုင်တဲ့လူဆိုးတွေကြားက အဖြစ်တွေကို ရိုက်ပြထားတာပဲ။ ဒါမျိုးအများကြီးတော့ မတွေ့ဖူးဘူးပေါ့။ အန်ဒီလောင်နဲ့အတူ သရုပ်ဆောင်ထားတာက သူသုံးနေကျထဲက Sean Lau နဲ့ Lam Suet နောက် Waise Lee တို့ပါပဲ။ သူ့ကားတွေထုံးစံအတိုင်း သူသုံးနေကျ သရုပ်ဆောင်တွေနဲ့တော့ ကြမ်းနေတာပါပဲ။ Sean Lau ကို Mad Detective မှာနဲ့ တော်တော်ကွဲပြားတဲ့ ကာရိုက်တာနဲ့ပြထားသလို ဒီကားက သူ့နောက်ပိုင်းကားတွေလို Hero မပါတဲ့ကားမဟုတ်ဘဲ Hero ပါတဲ့ကားဖြစ်နေတော့ အန်ဒီလောင်က အဲဒီဟီးရိုးနေရာက သရုပ်ဆောင်ထားတာကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ Blind Detective မှာလည်း အန်ဒီလောင်နဲ့ ဟီးရိုးပါတဲ့ကားထပ်ရိုက်ဖူးတော့ အန်ဒီလောင်နဲ့ရိုက်ရင် ဒီလိုကားမျိုးတွေဖြစ်နေတတ်တယ်လို့ အကြမ်းဖျဉ်းသတ်မှတ်ရမှာပဲ။ အန်ဒီလောင်နဲ့ ဂျွန်နီတိုတွဲရိုက်ဖူးတဲ့ထဲက အကောင်းဆုံး၂ကားဖြစ်တဲ့ Running Out of Time နဲ့ Blind Detective မှာတူတာက နှစ်ခုလုံးက အက်ရှင်ထက် လူဆိုးနဲ့ရဲ ဉာဏ်ကစားတာကို ပြသွားတာပဲ။ ရဲကို ဂျွန်နီတို အကောင်းရိုက််ပြသွားတဲ့ သိပ်မများတဲ့ကားတွေထဲက ကားတွေပေါ့။ Running Out of Time 2 တော့ ထပ်ထွက်ပေမဲ့ ဂျွန်နီတိုရိုက်တာ မဟုတ်တော့သလို အန်ဒီလောင်လည်းမပါတော့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 935MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1999 93 mins
Running Out of Time
Branching Out
7.4

Branching Out (2024) ================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်) File Size……….(1.62 GB) / (897 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….KK Encoder……….SWM

7.4 2024 84 mins
Branching Out
Boat
7.7

Boat (2024) လှေ IMDb-7.9/10 အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ….။ ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်….။ ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်….။ ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်….။ တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့….။ ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Action • Science Fiction
7.7 2024
Boat
Rage Tokarev
5

Rage (2014) IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာ ရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။ အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။ သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2014 98 mins
Rage Tokarev
Spike Island
6.3

Spike Island (2012) ************************* အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့ The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့ 1980s နဲ့ 1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက် Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့ Spike Island ဖျော်ဖြေပွဲဟာ လာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီး British ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The Stone Roses band ကို အရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခု ထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာ The Stone Roses ရဲ့ Spike Island ဖျော်ဖြေပွဲလုပ်မှာဖြစ်တဲ့အတွက် ဂယ်ရီတို့တွေ ဖျော်ဖြေပွဲကို မဖြစ်မနေအရောက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။ အဲဒါအပြင် သူတို့ Shadow Caster band ရဲ့ သီချင်း demo တစ်ပုဒ်ကိုပါ The Roses လက်ထဲကိုအရောက်ပို့ဖို့ ရည်ရွယ်ထားကြပါသးတယ်။ အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ဂယ်ရီတို့ Shadow Caster အဖွဲ့သားတွေ ဖျော်ဖြေပွဲကို ရောက်အောင်သွားကြပုံကို လူငယ်အချစ်ဇာတ်လမ်းလေးနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာမျိုးပါ။ ပါဝင်တဲ့ သီချင်းတွေကလည်း The Stones Rosesရဲ့ နာမည်ကျော်သီချင်းတွေအပြင် Shadow Caster ရဲ့ Ten-Mile-Smileသီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် rock ဂီတကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။ (အညွှန်းကို muse မှ ရေးသားထားပါတယ်) File size…1.67GB / 801MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Musical, Band, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by muse Encoded by AHtet

6.3 2012 96 mins
Spike Island
Bioscope
7.7

Bioscope(2025) “ဘိုင်စကုပ်” တမီးလ်ကျေးလက် ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကုန်တင်ကားစက်ရုံအလုပ်နဲ့ ရက်ကန်းအလုပ်နှစ်မျိုးပဲရှိတဲ့ ရွာလေးတစ်ရွာမှာ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ မာဒရာ့စ်မြို့ကိုသွားပြီး ရုပ်ရှင်ပညာကို မရမကသွားလေ့လာခဲ့တယ် ဒီလိုနဲ့ ပရိုဂျူဆာတွေနဲ့ရအောင်စည်းရုံးပြီး ရိုက်တော့မယ်လုပ်ရာမှ ရွာက သူချစ်ရတဲ့ ဦးလေးဟာ ဗေဒင်ဆရာရဲ့စကားကိုယုံပြီး သေကြောင်းကြံသွားတဲ့အခါ ယူကြုံးမရဖြစ်ပြီး အယူသီးတဲ့ ဓလေ့တွေအကြောင်း ပညာပေးရုပ်ရှင်ကို ရွာသားတွေနဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ရာကနေ အလွဲအချော်တွေ၊ အခက်အခဲမျိုးစုံတွေ့ကြုံရင်ဆိုင်ရပုံကို ပရိသတ်တို့ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance
7.7 2025
Bioscope
The Night of the Skirt
5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့ လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်း ဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်,,, Roos ဆိုတဲ့ အမျိုးသမီးဟာ လက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက် Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကို ဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင် နေရာချပေးနိုင်တယ်လို့ ယုံကြည်ထားသူတစ်ဦးပါ… ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny… လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bob… ပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo… မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့ Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ် Roos ဟာ ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီး လိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ ခေါင်းကိုက်စရာတွေကို ရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ် စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တင်ပြထားပြီး အမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးကို အချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ ညွှန်းဆိုပေးလိုက်ပါရစေဗျာ………. File size… (2.05GB) / (1.01GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 2024
The Night of the Skirt
God with Three Eyes
6

League Of Gods Universe ထဲကအာ့လန်နတ်ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးနဲ့ ရေနဂါးတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက ရေနဂါးမိစ္ဆာဘုရင်က (၃)လောကကိုဖျက်ဆီးပြီး အရှင်သခင်ဖြစ်ဖို့ကြိုးစားလာတဲ့အခါ ရှန်ကုန်းနဲ့ကွေဖူဆိုတဲ့နတ်မင်း(၂)ပါးကသူ့ကိုတားခဲ့ကြတယ်။ အဲဒီသမိုင်းတွင်တဲ့တိုက်ပွဲမှာ ကွေဖူကရေနဂါးမိစ္ဆာဘုရင်ကိုမြစ်ဝှမ်းမှာချုပ်နိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကိုစတေးခဲ့ပြီး သူ့ရဲ့စွမ်းအားတွေကိုနတ်လက်နက်ထဲသွင်းခဲ့တယ်။ အဲဒီတော့မှမိစ္ဆာကြီးကိုထိန်းချုပ်နိုင်ပြီး လောကကြီးအေးချမ်းသွားခဲ့တယ်။ နတ်ဘုရားစစ်ပွဲပြီးသွားတော့ မော့ချီလင်နဲ့ ရေနဂါးလေးတစ်ကောင်ဟာ အဲဒီတားမြစ်နယ်မြေထဲကိုဝင်ဖို့အကြိမ်ကြိမ်ကြိုးစားကြတယ်။ အဲဒီလိုနဲ့ ကျန်းကျီယာရဲ့အကြံပြုချက်ကြောင့် ကောင်းကင်မင်းကြီးက ကောင်းကင်လောကရဲ့လူမိုက်လေးဖြစ်တဲ့ အာ့လန်နတ်ကို အဲဒီနှစ်ကောင်ကိုသွားဖမ်းဖို့တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် သွားဖမ်းတဲ့အချိန်မှာ အာ့လန်နတ်ကလှည့်စားခံရပြီး ကြီးမားတဲ့ထောင်ချောက်ကြီး တစ်ခုထဲကိုဝင်မိသွားလို့ဖြစ်သွားခဲ့ပါတယ်။ အာ့လန်က ဒီထောင်ချောက်ထဲက အချိန်မီထွက်နိုင်ပါ့မလား ဒီထောင်ချောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေရှိနေမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်……

6 2025
God with Three Eyes
A Little Princess
7

A Little Princess (2019) *************************** ဒီတစ်ခါမှာတော့ ကြည့်ရူခံစားသူတို့အတွက် အဘွားကို လွမ်းရင်းကြည်နူးမှုအပြည့်နဲ့ ရသမျိုးစုံကို ငြိမ့်ငြိမ့်လေးခံစားသွားရစေမဲ့ ရုပ်ရှင်လေးတစ်ကားတင်ဆက်ပေးပါရစေ။ အခုလက်ရှိ နာမည်ကြီးနေတဲ့ When Life Gives You Tangerines မှ သရုပ်ဆောင်များဖြစ်ကြရုံသာမက ကိုရီးယားဇာတ်ကားတိုင်းမှာလိုလို အမေအဖြစ် အဘွားအဖြစ်တွေ့ရတဲ့ မင်းသမီးကြီး Na Moon Hee နှင့်တကွ အိုဂျယ်နီဇာတ်ကောင် တစ်ဖြစ်လှည့် Train to busanမှ ကလေးမလေး Kim SooAhn တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားကြပါတယ် .. အသက် ၇၂နှစ်အရွယ် အဘွားဗြောင်မာဆွန်းဟာ နယ်မြို့လေးမှာပဲ တစ်ကိုယ်တော် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့ပေမဲ့ တစ်နေ့မှာတော့ အိမ်ကနေထွက်သွားတဲ့ သမီးဖြစ်သူရဲ့ ကလေးနှစ်ယောက်ရောက်ချလာပါတော့တယ်။ ပျိုဖော်ဝင်စအရွယ်မြေးမလေး နာဂုံဂျူ နဲ့ မွေးကင်းစအရွယ်မြေးမလေးနာဂျင်းဂျူအပေါ် ကံကြမ္မာဆိုးများဝင်ရောက်လာတဲ့ကြားထဲမှ ဘယ်လိုသံယောဇဉ်တွယ်သွားမလဲ .. မြေးမလေးတွေကို ဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာကို သဘောဝဆန်ဆန်ကြည့်ရူရမဲ့အပြင် မြေးမလေးဂုံဂျူရဲ့ အဘွားအပေါ်မလျော့တဲ့အချစ်တွေကိုလည်း ခံစားကြရဦးမှာဖြစ်ပါတယ်။ (အညွှန်းကို Khin Ni မှ ရေးသားထားပါတယ်) File size…1.59GB / 699MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Life, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Khin Ni Encoded by AHtet

Horror
7 2019 104 mins
A Little Princess
A Normal Woman
4.9

A Normal Woman (2025) IMDb Rating (4.9) မီလာဟာ ဂူနာဝမ်မိသားစုဆိုတဲ့ ဒိတ်ဒိတ်ကြဲ လူချမ်းသာ မိသားစုရဲ့ချွေးမတစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးရဲ့အိမ်မှုကိစ္စတာဝန်တွေကိုအားလုံးယူထားရပါတယ်။ ယောက္ခမနဲ့ခင်ပွန်းဖြစ်သူအလိုကျ ထားရာနေစေရာသွားဘ၀မျိုးဖြစ်ပြီးသူ့မှာကိုယ်ပိုင်ဘ၀ရှိတာကိုတောင်မေ့လျော့နေခဲ့ရတဲ့အထိပါပဲ။ ယောက္ခမဖြစ်သူရဲ့မွေးနေ့ပွဲအတွက် ပြင်ဆင်ရင်းအလုပ်များနေဆဲ သူ့မျက်နှာမှာအင်ပြင်လိုအဖုအထစ်တွေနဲ့အရေပြားရောဂါတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ကိုတတ်ကျွမ်းနားလည်သူတွေနဲ့အမျိုးမျိုးတိုင်ပင်ကုသပေမယ့် ဘာရောဂါမှမရှိဘူးဆိုတဲ့ အဖြေတစ်မျိုးတည်းသာထွက်သလို ရောဂါကလည်းဆိုးသထက်ဆိုးလာ သူ့အိမ်မက်ဆိုးတွေထဲမှာလည်း ဂရေစ့်ဆိုတဲ့ ကလေးမလေးတစ်ယောက်ကိုထပ်ကာတလဲလဲမြင်တွေ့လာချိန်မှာတော့… ဂရေစ့်က ဘယ်သူလဲ? သူလက်ရှိကြုံနေရတဲ့ ပြဿနာတွေနဲ့ဘယ်လိုအစပ်အဆက်တွေရှိလာမလဲ? ဖြစ်နေတာတွေရဲ့ မူလဇစ်မြစ်ကရော ဘယ်ကလဲ? အစရှိတာတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ အင်ဒို Thriller/ Horror တွေထဲမှာစတိုင်တစ်မျိုးထူးထူးခြားခြားနဲ့မြင်တွေ့ရမယ့် ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Thriller Duration…. 01:51:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

4.9 2025 110 mins
A Normal Woman