YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Welcome.2.Life.2019.S01.E17+E18.WEB-DL.720p [CM].mp4

382.8 MB N/A video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
The Longest Nite
6.9

The Longest Nite (1998) ================= IMDb Rating - 7.2/10 Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။ သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်း ကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကို Wai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့ စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံ ထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toက နောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာ မရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။ အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။ ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာ ဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကို ပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသား တွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် Johnnie Toရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ် ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်း ကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိ သူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.1 GB) / (913 MB) / (514 MB) Quality............BLU-RAY 1080p / 720p  / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Mystery Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
6.9 1998 81 mins
The Longest Nite
The Monkey King: The Legend Begins
6.8

The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီ အားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ် ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ် ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ် ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480p Format : mp4 Genres : Action , Fantasy , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated By Xing Er Encoded by LK

Action • Thriller
6.8 2022 90 mins
The Monkey King: The Legend Begins
John Dies at the End
6.3

ဒီဇာတ်လမ်းလေးဟာအမေရိကန်နာမည်ကျော် စာရေးဆရာကြီးDavid-Wong ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတစ်ပုဒ်ကို ဝတ္တုရဲ့နာမည်အတိုင်းပဲ ပြန်လည်ရိုက်ကူးထားတဲ့Horror-Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ ..... ပဲငံပြာရည်လို့သူတို့နာမည်ပေးထားတဲ့ မူးယစ်ဆေး တစ်မျိုးကြောင့်ဖြစ်လာခဲ့ရတဲ့ဂျွန်နဲ့ ဒေးဗစ်သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကြားကနေအမှတ်မထင် လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့အကြောင်းဖန်လာတဲ့အခါဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ.. ပဲငံပြာရည်ဆိုတဲ့ မူးယစ်ဆေးအရည်တစ်မျိုးဟာ လူ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ သဘာဝလွန်စွမ်းအားတွေပေးနိုင်ပြီး အလွန်အကျွံသုံးစွဲမိတဲ့အခါမှာတော့ အသက်အန္တရာယ်ကိုထိခိုက်ပြီး သေသွားကြတဲ့လူငယ်လေးတွေနဲ့ မရည်ရွယ်ပဲ ဒီမူးယစ်ဆေးကိုအကျိုးရှိရှိပြန်အသုံးချဖြစ်သွားကြမယ့် ဂျွန်နဲ့ ဒေးဗစ် သူငယ်ချင်း နှစ်ယောက် ... ပဲငံပြာရည်ရဲ့အစွမ်းနဲ့ အပြိုင်စကြာဝဠာတွေဆီကူးလူးသွားလာနိုင်ပြီး ကမ္ဘာမြေပေါ်ကျရောက်လာမယ့်ကပ်ဆိုးတွေ ဘေးအန္တရာယ်ဆိုးတွေကိုဘယ်လိုတားဆီးလိုက်နိုင်မလဲ အဆုံးသတ်ဇာတ်သိမ်းပိုင်းမှာရော ဘယ်သူတွေကိုကယ်တင်လိုက်နိုင်ပြီးတော့ ဘယ်သူတွေကတော့ အသက်ရှင်ဖို့အခွင့်အရေးဆုံးရှုံးခဲ့ရမလဲ.... ဂျွန်ကရော ဇာတ်လမ်းအဆုံးမှာ တကယ်ပဲသေသွားရမှာလား.. ဆိုတာဒီဇာတ်လမ်းလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာပါ

Action • Adventure • Science Fiction
6.3 2013 99 mins
John Dies at the End
[18+] Raped by an Angel (1993) Naked Killer 2
5.5

ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ …Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။ ၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး Uncut Version နဲ့တင်ဆက်ထားတာမလို့ အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။ File Size : (1.1 GB) Quality : DVDRip(Uncut Version) 720p Running Time : 01:42:17 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Adventure • Mystery • Thriller
5.5 1900
[18+] Raped by an Angel (1993) Naked Killer 2
Kingslayer
4.1

Kingslayer (2022) ============== အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။ လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့ Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်) File Size……….(1.7 GB) / (704 MB) / (417 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Roman NoX Encoder……….SWM

Action • Crime • Drama • Thriller
4.1 2022
Kingslayer
Above The Fire
6

ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို နှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာ သူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်း လုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ…? ရည်းစားဖြစ်သူ ရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ – ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ? မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

6 2023
Above The Fire
Spoonful of Sugar
5.3

Spoonful of Sugar (2022) ~ Rotten Tomatoes – 56% ~ မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။ Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ ဟုတ်ပါတယ်… ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား… ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 34Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.3 2022
Spoonful of Sugar
10 Days of a Good Man
Robots
6.4

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.4 2005
Robots
Lang Lang Plays Disney
7.2

Lang Lang Plays Disney (2023) ======================= IMDb Rating – 7.2/10 ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံ တီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င် တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်း အပြင် သူ‌ဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ် ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်) File Size……….(1.2 GB) / (478 MB) Quality…………WEB-DL 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Music Translator……Khant Zar Ni Oo Encoder……….SWM

Crime • Drama • Thriller
7.2 2023 60 mins
Lang Lang Plays Disney
9th Company

IMDb 7.1, RT 69% SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။ ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ဒုဗိုလ် ဒိုင်းဂါလိုရဲ့လက်အောက်မှာ လေ့ကျင့်ရပါတယ်။ ထို့နောက် အာဖဂန်နစ္စတန်နိုင်ငံမှာ မစ်ရှင်တွေ ဆောင်ရွက်ဖို့ စစ်ကြောင်းထွက်ရပါတော့တယ်။ သူတို့ရဲ့ မစ်ရှင်က စစ်ယာဥ်ကြော ဖြတ်သန်းနိုင်ဖို့ အမြင့်တောင်ကုန်းတစ်ခုကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ခံတိုက်ပေးဖို့ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Jarheadလို စစ်ရေးလေ့ကျင့်နေစဥ်မှာ ဗယုသုတ်ခ လုပ်တာတွေ၊ SEAL Teamလို မစ်ရှင်စစ်ကြောင်းထွက်တာမျိုးကို ရုပ်ရှင်တစ်ကားထဲမှာ ပြည့်ပြည့်စုံစုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် Jarheadလို စစ်မတိုက်လိုက်ရဘဲ ပြီးသွားမယ့် ရုပ်ရှင်မျိုး မဟုတ်တဲ့အပြင် SEAL Teamလို အမေရိကန်ဘက်ကနေ ရိုက်ထားတာမဟုတ်ဘဲ ရုရှားနိုင်ငံအမြင်ဘက်က ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီရုပ်ရှင်က သာမန်နဲ့တော့ ကွာနေမှာပါ။ ဒါ့အပြင် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ကြည့်ရှု့ရတာဆိုတော့ သာမန်စစ်ကားတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ ခံစားချက်တစ်ခုကို ရရှိမှာတော့ အမှန်ပါပဲ။ တပ်ရင်း ၉က သူတို့ရဲ့မစ်ရှင်ဖြစ်တဲ့ တောင်ကုန်းကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ချေမှုန်းနိုင်ပါ့မလား၊ သူတို့ရဲ့ မစ်ရှင်ဟာ ကျရှုံးသွားမလားဆိုတာကို ဇာတိမာန်အပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.1 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:19:00 Genre…War, Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2005
9th Company
The Bad Orphan
5

ဂျက်စီကာနဲ့ ကားလ်တို့ ဇနီးမောင်နှံမှာ ကောလိပ်တက်တော့မယ့် သမီးတစ်ယောက်ရှိသော်ငြား ဂျက်စီကာက အသက် ၄၀ လည်း ကျော်လာပြီးဖြစ်ကာ ကလေးနောက်တစ်ယောက်ထပ်လိုချင်တဲ့အတွက် ဂက်ဘီလို့ ခေါ်တဲ့ ၈ နှစ်သမီးအရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါတော့တယ်။ ဂက်ဘီက အိမ်ကိုစရောက်လာစဉ်ကတော့ ကောင်းမိကောင်းလျက်နဲ့ တဖြေးဖြေး ဗီဇကပေါ်လာပြီး တစ်အိမ်လုံးကို ပြဿနာရှာတော့တာပါပဲ။ ဂျက်စီကာအနေနဲ့ သူမအပေါ် သံသယရှိပေမယ့် ကားလ်က သူမပြောသမျှကို မယုံကြည်ပါဘူး။ လူမှုဆက်ဆံရေးဘဝတွေမှာပါ မိတ်ပျက်လောက်တဲ့အထိ ပြဿနာရှာလာတဲ့ ကလေးကို သူတို့မိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(560 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5 2024
The Bad Orphan
In His Mother’s Eyes
7.1

In His Mother’s Eyes (2024) IMDb Rating (7.1) အော်တစ်ဇင်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကမ္ဘာကိုတင်ဆက်ပြသထားတဲ့ ဖိလစ်ပိုင်ကားလေးပါ။ ကမ္ဘာဆိုတဲ့‌နေရာမှာ အော်တစ်ဇင်တစ်ယောက်ရဲ့ အမြင်ကနေ မြင်ရမယ့် ကမ္ဘာကို ပြထားတာတော့မဟုတ်ပါဘူး။ ဒီလိုကမ္ဘာကိုတော့ The Reason I Jumpလို ရုပ်ရှင်မျိုးမှာ လက်တွေ့ကျကျပြထားတယ်။ ဝူယောင်းဝူလို ဇာတ်လမ်းတွဲမျိုးမှာလည်းပြထားပေမဲ့ ဒီမှာကတော့ သူ့ဘေးပတ်ဝန်းကျင်က ဆက်ဆံမှုတွေကြား သူနေရတဲ့ ကမ္ဘာကို ဦးတည်ပါတယ်။ အော်တစ်ဇင်ဆိုပြီး နှိမ်ချင် ကြဉ်ချင်ကြတဲ့လူတွေ သနားသလိုနဲ့ အမြတ်ထုတ်ချင်နေတဲ့လူတွေနဲ့ ဆက်ဆံနေရတဲ့ကမ္ဘာကြီမှာ သူ့ဘက်ကရပ်တည်ပေးတဲ့ လူနည်းစုက ရပ်ကြည့်နေရတဲ့ အကြောင်းတွေ။ နောက် ရပ်မကြည့်ခဲ့တဲ့ သူ့အမေရဲ့ သူ့တုံ့ပြန်မှုနဲ့ သူ့ကမ္ဘာကလူတွေရဲ့ တုံ့ပြန်မှုတွေကို ပြထားတယ်။ ကောင်းကွက်ကတော့ ဒီလိုဘီအဆင့်အာရှရုပ်ရှင်တွေမှာ ကျွန်တော်တို့ကို လက်တွေ့ကျတဲ့ ဇာတ်သိမ်းခန်းတွေ ပေးတာရှားပါတယ်။ ကမ္ဘာနဲ့ငါ ပြန်ပေါင်းထုပ်ကျလေသတည်းနဲ့ ပျော်ရွှင်စွာဇာတ်သိမ်းခန်းတွေကို မြင်ရတာများပေမဲ့ ဒီရုပ်ရှင်ကတော့ အသိမ်းကိုတော့ လက်တွေ့ကျကျ သိမ်းပေးထားတယ်။ အော်တစ်ဇင် အနည်းနဲ့အများဖြစ်နေကြတဲ့ ကလေးတွေ ပမာဏတစ်ခုအထိရှိတဲ့ကိစ္စကို အဲဒီဘက်လိုင်းကို အားစိုက်နေတဲ့ အသိတစ်ယောက်ပြောဖူးတယ်။ သူတို့မြင်တဲ့ကမ္ဘာနဲ့ ကျွန်တော်တို့မြင်တဲ့ကမ္ဘာတော့ မတူကြပေမဲ့ ကျွန်တော်တို့ကမ္ဘာကို သူတို့နားလည်ဖို့ခက်နေရင် ကျွန်တော်တို့က သူတို့ကမ္ဘာကို နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ သူတို့ခံစားချက်ကို ထုတ်ပြဖို့က သူတို့အတွက်ခက်ခဲနေရင် သူတို့ခံစားချက်ကို ကျွန်တော်တို့က နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ ဘာလို့ဆို မမြင်နိုင်တဲ့အကြောင်းတရားတွေနဲ့ ဂြိုဟ်တွေ ကမ္ဘာတွေက အမြဲ တစ်ခုအတွက်တစ်ခု အမှီသဟဲဖြစ်နေတာပဲ မဟုတ်လား။ ဇာတ်လမ်းဇာတ်အိမ်က ခြောက်ပြစ်ကင်းနေတာကြီးတော့ မဟုတ်ပေမဲ့ သူတို့ကမ္ဘာကို ပိုနားလည်လာအောင် ကြည့်သင့်တဲ့ ရုပ်ရှင်လို့ပဲမြင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:49:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.1 2024 115 mins
In His Mother’s Eyes
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada