YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Weed.People.2023.720p.WEB-DL.CM.mp4

400.13 MB N/A video/mp4 577 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Don
6

3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက် Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊ အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့ တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကို သွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။ "တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ..... ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးက‌တော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊ အဖေနဲ့သားကြား ဆက်ဆံရေးတွေကို သက်ဝင်ခံစားရမှာ ဖြစ်ပါတယ်။ "တက္ကသိုလ်တက်ရတဲ့အချိန်က သူငယ်ချင်းတွေ အချစ်တွေကို တွေ့ကြုံခံစားရတော့ ဘဝမှာ ရွှေရောင်အမှတ်တရတွေ ဖန်တီးနိုင်ခွင့်ရခဲ့တဲ့ အချိန်ပါပဲ"တဲ့။ ဆိုတော့ ဒီကားလေးကို ကြည့်ရင်း ကိုယ့်ဘဝရဲ့ အမှတ်တရတွေကိုပါ ပြန်လည်ခံစားစီးမြောလိုက်ကြပါဦးနော်။ File size…3.6GB / 1.6GB Quality… 1080p WEBDL Tamil AAC 5.1CH  / 720p  Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet ~ OeliuJ ~ Lwin Htoo Aung ~ Go-O ~ Yunni

Crime • Drama • Mystery
6 2022 164 mins
Don
Nude Tuesday
4.8

ပျော်ရွှင်မှုဟာလူတိုင်း လိုချင်၊ လိုအပ်ကြတဲ့ အရာတစ်ခုဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ဒီကားလေးထဲမှာတော့ အိမ်ထောင်သက်တမ်း ကြာမြင့်ပြီး တစ်ဦးနဲ့တစ်ဦး ငြီးငွေ့‌ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြတဲ့ ဘရူနိုနဲ့ လော်ရာတို့ဟာ သူတို့ရဲ့ မိသားစုအသိုက်မြုံလေးကို ထိန်းသိမ်းနိုင်ဖို့ ကိုယ့်စိတ်ကိုယ် စစ်နိုင်မယ်လို့ ယူဆရတဲ့ Camp တစ်ခုကို နောက်ဆုံးကြိုးစားမှုအဖြစ် သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီ Campရဲ့ ရည်ရွယ်ချက်‌တွေက စိတ်ကို ပြန်လည် လတ်ဆတ်စေဖို့၊ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ပြန်လည် မြင်ယောင်နိုင်ဖို့နဲ့ အချစ်တွေကို ပြန်လည်တွေ့ရှိစေဖို့ပါပဲ။ ဘရူနိုတို့စုံတွဲအတွက် ဘယ်လိုအမှန်တရားတွေ စောင့်‌ကြိုနေလဲ? လူ့စိတ်ရဲ့အ‌ခြေအနေနဲ့ ကာလအပေါ် လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘောသဘာဝတွေက ဘယ်လိုလဲ? သူတို့ ကြိုးစားရှာဖွေခဲ့တဲ့ ပျော်ရွှင်မှုဟာ ဘယ်အရာ ဖြစ်မလဲ? ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Moe Han ပါ။) File Size : 2GB,  790MB, 389MB Quality : 1080p WEB-DL AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr & 30mins Genre : Comedy, Drama, Romance Translated by Pyae Moe Han Encoded by Kinnov

4.8 2022 99 mins
Nude Tuesday
County Line: All In
6

မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။ သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့..... 2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ တစ်ချို့အချက်တွေနဲ့ တရားခံကို အစကတည်းက အရိပ်ပြထားခဲ့ပေမဲ့ လုံး၀မမှန်းမိမှာတော့ သေချာသလောက်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ W ပါ ) File Size__(1.6GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:28:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Drama
6 2022 83 mins
County Line: All In
Vellai Pookal
6.5

ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖိုပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အိန္ဒိယ ချန်နိုင်းမြို့က အသက် ၅၇နှစ်အရွယ်အငြိမ်းစား ရဲအရာရှိတစ်ယောက်က အကြောင်းတစ်စုံတစ်ရာကြောင့် စကားမပြောဖြစ်တော့တဲ့ သားဖြစ်သူနဲ့ ပြန်လည်သင့်မြတ်အောင်နေဖို့ အမေရိကန်ကိုလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့သားရပ်ကွက်ထဲမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ စတင်လာတဲ့အချိန်မှာတော့.....။ ဒီဇာတ်ကားဟာ Seattle, USA မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး IMDb Rating 7.1 ရရှိထားတဲ့အတွက် မှုခင်းစုံထောက်ကားကောင်းမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားအဖြစ်ညွှန်းလိုက်ပါရစေ။ File size…2.16GB  / 1GB Quality…1080p AAC5.1CH / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Thriller
6.5 2019 130 mins
Vellai Pookal
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
As I Am
6

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size… 1.74 GB / 752 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6 2019
As I Am
Bora

Bora (2023) ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်က‌နေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။ အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ… ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား…ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

0 2023 90 mins
Bora
Rest Stop
4.5

Rest Stop (2006) ============= ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။ Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(731 MB) Quality…………WEB-DL 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Action • Crime • Thriller
4.5 2006 85 mins
Rest Stop
Hunt the Wicked
5.8

ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့ မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့…… ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကို အပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ…… သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာ ဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2024
Hunt the Wicked
Sumpahan Syaitan / Satan’s Curses

Sumpahan Syaitan / Satan’s Curse (2023) “စေတန်ရဲ့ကျိန်စာ” Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီး စီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့ အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင် သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။ အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်း ဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့…။ Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2023
Sumpahan Syaitan / Satan’s Curses
Detective Chinatown
6.6

Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်… ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown (1) (2015) IMDb Rating (6.6) / Rotten Tomatoes (74%) ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့… တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကို လူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေ ထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်… ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား အလွဲတွေကြားကနေ ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့……။ (ယခင်တင်ထားတုန်းက စာတန်းထိုးမညီတာတချို့ရှိတာကြောင့် ယခုပြန်လည်ပြင်ဆင်တင်ဆက်ထားပါတယ်။)

6.6 2015
Detective Chinatown
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists
Analyze This

ယခုအခါတင်တင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy/crime အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….မင်းသားကြီး Robert De Niro နဲ့ Billy Crystal တို့ကအဓိကဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်…. ဇာတ်လမ်းကတော့ ဘန်ဆိုဗယ်ဆိုတဲ့စိတ်ရောဂါဆရာဝန်ဟာ အဖေဖြစ်သူကတော့အောင်မြင်နေပေမဲ့ သူ့လုပ်ငန်းက‌တော့အဆင်‌မပြေ‌နေပါဘူး…ထို့အပြင်သူဟာ ‌နောက်အိမ်ထောင်ပြုဖို့အတွက်လုပ်နေပါတယ်….. နဂိုထဲကမှအဆင်မပြေတဲ့လူနာတွေအပြင်၊အိမ်ထောင်ပြုဖို့ကလည်းရှိတဲ့ကြားထဲကမှ ပေါလ်ဗီတီဆိုတဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်ဟာ ဘန်ဆိုဗယ်ဆီကိုရောက်ရှိလာခဲ့ပါတယ်….ပေါလ်ဗီတီက panic attack, anxiety attack လို့ခေါ်တဲ့ အလွန်အကြွံအထိတ်တလန့်ဖြစ်တာကိုခံစားနေရလို့ဘန်ဆိုဗယ်ဆီရောက်ရှိလာခဲ့တာပါ…. ဒီတော့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ကဘာလို့အထိတ်တလန့်ဖြစ်နေရတာလဲ…သူ့မှာဘာပြဿနာ‌တွေရှိနေလဲ….ဘန်ဆိုဗယ်ကရောဘယ်လိုကုသပေးမလဲ…မာဖီးယားလူဆိုးတွေဆိုတော့ ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ရှုစားကြပါခင်ဗျာ… File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 1999
Analyze This
Revenge of the Boogeyman
3.2

Revenge of the Boogeyman (2025) IMDb Rating (3.2) ကယ်ဗင်က မကြာသေးခင်ကမှ Rehab ကထွက်လာခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းတစ်စုဟာ သူ့ကိုမူးယစ်ဆေးတွေအရက်တွေ ပြန်မသုံးစွဲမိအောင် ကူညီတဲ့အနေနဲ့ လူသူကင်းဝေးတဲ့ တောအုပ်ထဲကအိမ်တစ်လုံးမှာအားလပ်ရက်ကို အတူတကွဖြတ်သန်းကြဖို့စီစဉ်ထားပါတယ်။ အဲ့ဒီတောအုပ်ဟာ ဘူဂီမန်းတစ်ကောင်သောင်းကျန်းနေပြီး လူတွေခဏခဏပျောက်တယ်လို့ နာမည်ထွက်နေတဲ့ တောအုပ်ပါပဲ။ တကယ်တမ်း သူတို့ရောက်သွားချိန်မှာလည်း ထူးခြားတဲ့ ပုံရိပ်တွေအသံတွေ၊ အိမ်မက်တွေကို ကယ်ဗင်တွေ့ကြုံလာရပါတယ်။ သူ့သူငယ်ချင်းတစ်စုကတော့ ဆေးကြောင်ပြီး ထင်ရာမြင်ရာတွေမြင်နေကြတယ်လို့ယူဆကြတဲ့အတွက် ကယ်ဗင့်ကိုမယုံကြပါဘူး။ သူမြင်နေရတဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်အာရုံတွေဟာ တကယ်လား? သူ့ရဲ့စိတ်လှည့်စားမှုတွေလား ? ဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:23:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
3.2 2025
Revenge of the Boogeyman