YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wedding.Agreement.The.Series.S01E10.The.End.Is.The.Beginning.720p.HS.WEB-DL.AAC2.0CH.YK(CM).mp4

591.06 MB N/A video/mp4 352 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Sassy Girl
6.7

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Comedy • Family • TV Movie
6.7 2022 117 mins
My Sassy Girl
Muoi: The Curse Returns
5

လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာ ငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။ ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။ စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီး လင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေ သူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။ လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်း သူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ် လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre..... Drama, Horror Quality…. 1080p | 720p | 480p File size… 1.7GB | 626MB | 307MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron

Comedy • Horror • Thriller
5 2022
Muoi: The Curse Returns
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
Dread
5.4

လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။ အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။ စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ... အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 520MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Thriller
5.4 2009 108 mins
Dread

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တိုအတွက် ကြည့်ရင်းနဲ့ အားတက်လာစေမယ့် အမျိုးသမီးလက်ဝှေ့ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးသမီးလက်ဝှေ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ပိုင်ယန်ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှားတစ်ခုကြောင့် ထောင်ကျခဲ့ပြီး တစ်နှစ်အရွယ်သားလေးနဲ့ ခွဲခွါခဲ့ရပါတယ်။ ထောင်ထဲက ထွက်လာပြီးနောက် သားလေးနဲ့တူတူ ပြန်နေချင်ပေမဲ့ သူမရဲ့ အခြေအနေကြောင့် အစ်မဖြစ်သူရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။ လက်ဝှေ့ပဲထိုးတတ်တဲ့ သူမဟာ လက်ဝှေ့နည်းပြရှန်ဟောက်ရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲ...... သူတို သားအမိတတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ပါဦး... Quality : WEB-DL 1080p , 480p Format : mp4 Genres  : Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Moon Encoded by LK

Action • Adventure • Drama • History
null 2022
Shallow
Brian and Charles
6.7

Brian and Charles (2022) ================== IMDb Rating – 6.7/10 တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ…. အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ… အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
6.7 2022
Brian and Charles
Next Exit
5.7

Next Exit (2022) အခုတလောမှ အသစ်ထွက်လာတဲ့ Sci-Fi/ Drama ကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.6, Rotten Tomatoes 85 % အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ နောက်ဘဝဆိုတာ တကယ်ရှိကြောင်း အတည်ပြုထားတဲ့ အနာဂတ်ကာလတစ်ခုမှာ ရို့စ်ဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ နောက်ဘဝကို ကူးပြောင်းပြီး ဝိညာဥ်အဖြစ်နေနိုင်အောင် ကူညီပေးတဲ့ Life Beyond ဆိုတဲ့ လေ့လာရေးအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့ဆီ သွားရမှာပါ။ သို့သော် ရို့စ်ဟာ အစီအစဉ်ကပေးတဲ့ လေယာဉ်နဲ့ မသွားချင်ဘဲ ကားနဲ့ သွားချင်တာကြောင့် အငှားကားငှားဖို့ အငှားကားကုမ္ပဏီဆီကိုရောက်ခဲ့ပါတယ်။ တက်ဒီဆိုတဲ့ လူတစ်ယောက်ဟာလည်း ထိုအစီအစဉ်မှာ ပါဝင်ဖို့ သွားရမှာဖြစ်တာကြောင့် အငှားကားကုမ္ပဏီကို ရောက်လာပါတယ်။ သို့သော် အငှားကားကုမ္ပဏီမှာ အဆင်မပြေဖြစ်ရာကနေ နှစ်ဦးသား သွားမယ့်နေရာကလည်း တူနေတာမို့ နှစ်ယောက်သား ကားတစ်စီးတည်းနဲ့ ခရီးအတူတူသွားဖို့ ဖြစ်လာပါတော့တယ်။ \ ခရီးတစ်ခုတည်းကို အတူတူသွားကြမယ့် လူနှစ်ယောက်က ဘာကြောင့် သတ်သေချင်ရတာလဲ၊ သူတို့မှာ ဘာအကြောင်းတွေရှိလို့လဲ ဆိုတာတွေကို ခရီးစဉ်တစ်လျှောက် လိုက်ပါရင်း စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အက်ဒီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Rahul Kohli ဟာဆိုရင် Haunting of Hill House, Haunting of Bly Manor, Midnight Mass နဲ့ Midnight Club တွေ ပါဝင် သရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Mystery, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 569MB | 339MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Action • Crime • Horror
5.7 2022 106 mins
Next Exit
Shirensha

စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို Channel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော် ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့် နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ် ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတို့နှစ်ယောက်နဲ့ အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက် ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ် ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့ သူတို့သူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။ အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。 ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင် အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ် အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီး ထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေက သန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖို့ပဲ ဖြစ်ပါတယ်。。。 အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌ အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့ ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အသေးစိတ်ကြည့်ရှုလိုက်ပါနော်

0 2023
Shirensha
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
Happy Ghost 3
6.1

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟောင်ကောင်သရဲဟာသကားလေးဖြစ်တဲ့ Happy Ghost 3 ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲ နောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။ နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာ ခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့် ရွှီကျောင်းကျောင်းကလက်စားချေဖို့ နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝက ချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါ ခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံး သူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါ စတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင် စုစုပေါင်း ၅ ကားရှိပြီးတော့ ပထမ ၂ ကားကိုတင်ဆက်ပီးပါပြီ ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

History • Drama
6.1 1986 89 mins
Happy Ghost 3
A Tribe Called Judah
6.3

Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။ သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော သူတို့အမေကို ဘယ်လောက်ထိချစ်သလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

6.3 2023
A Tribe Called Judah
It Remains
5.9

သဲထိတ်ရင်ဖိုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ထိုင်ဝမ်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီကားလေးကတော့ အားလုံးကြိုက်လောက်မဲ့ Jump scare တွေအများကြီးမပါဘဲ အသဲတထိတ်ထိတ်နဲ့ကြည့်ရပြီး အဆုံးကျမှ plot twist တွေကိုသိရမဲ့ဇာတ်ကားမျိုးပါ ။ ကျိကျယ်ဆိုတဲ့ကောင်လေးဟာ ချစ်သူကိုချစ်ပေမဲ့ အလုပ်များတဲ့သူဖြစ်တဲ့အလျောက် အလေးအနက်သိပ်မထားခဲ့ပါဘူး။ သူတို့ရဲ့ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာ ချစ်သူကောင်မလေးက ကားတိုက်ပြီးဆုံးပါးသွားခဲ့ပါတယ် ။ ကျိကျယ်တစ်ယောက် ကောင်မလေးရဲ့ သေဆုံးမှုက သူ့အပြစ်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ကျိကျယ်ကို သူငယ်ချင်းတွေက ကျွန်းတစ်ကျွန်း‌ပေါ်က လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးဆီကိုအလည်သွားခရီးထွက်ဖို့ပြောလာချိန်မှာတော့… ကျွန်းပေါ်မှာ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ? ကျိကျယ်ရဲ့ချစ်သူသေဆုံးမှုက ကျိကျယ်နဲ့ဘယ်လိုပတ်သတ်နေမလဲ ? သရဲကားဆိုတဲ့အတိုင်း ဒီကားရဲ့အဓိကသရဲက ဘယ်အရာများဖြစ်နေမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။

5.9 2023
It Remains
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
Thunder Chase
6

မိုးကြိုး (Thunder) ဟာ နိုင်ငံခြားမှာ ပုဂ္ဂလိက လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ သူ့သား လီယို (Leo) ဟာ နိုင်ငံခြားက ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အသုံးချခံရပြီး လူသတ်အမဲလိုက်ကစားပွဲမှာ စည်းကမ်းချက်တစ်ခုအဖြစ် အသုံးပြုခံရပါတယ်။ မိုးကြိုးနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ယူဆောင်ပြီး နိုင်ငံခြားက တောအုပ်ထဲကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် ညီဖြစ်သူက ဓားစာခံဖြစ်သွားပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့ မိုးကြိုးဟာ သူ့အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကယ်တင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမဟာ အမဲလိုက်သတ်ဖြတ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ ပေါ်လွင်လာခဲ့ပါတယ်။ သူမက ကယ်တင်ဖို့ လာတာလား၊ ဒုက္ခပေးဖို့လာတာလား။ ဒါမှမဟုတ် သွေးဆာနေတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား

Drama
6 2021
Thunder Chase