YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

WeCrashed.S01E07.720p(CM).mp4

479.09 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Everything Is Illuminated
7.2

အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Drama
7.2 2005 106 mins
Everything Is Illuminated
Annihilation
6.4

လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား? ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား? ပျက်သုန်းခြင်းဆိုတာ ဘာလဲ? လီနာ့ယောကျ်ား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။ လီနာကတော့ သူ့ယောကျ်ားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ယောကျ်ား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။ ဘယ္ကိုသြားခဲ့တာလဲ၊ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊ ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောကျ်ားကို ဝင်ဖမ်းသွားပါတော့တယ်။ လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။ အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။ လီနာရဲ့ယောကျ်ားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။ အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ဝင်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဘဝအကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ဇာတ်လမ်းကိုတည်ဆောက်ပြသွားပါတယ်။ ဒီဇာတ်ကားမှာ ဗီလိန်လဲမပါသလို လူကောင်းလဲမပါပါဘူး။ သိပ္ပံအက်ရှင်ဇာတ်ကားနဲ့ဆင်ပေမယ့်လဲ တကယ်တော့ Symbollism တွေ သေချာသုံးပြထားတဲ့၊ဇာတ်လမ်းတစ်ကွက် လွတ်သွားရင် ဇာတ်ရည်လည်ဖို့ခက်သွားနိုင်တဲ့ Arthouse ဆန်ဆန်ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မလွန်လောက်ပါဘူး။ လီနာရဲ့ Relationship အခြေအနေ၊ သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စကားပြောထက် အမူအရာတွေနဲ့ပဲ ပုံဖော်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းကို အပေါ်ယံကြည့်ရုံနဲ့နားလည်နိုင်မှာမဟုတ်ပဲ ပြောသမျှစကား၊ လုပ်သမျှအပြုအမူတိုင်းကို သေချာအာရုံစိုက် ကြည့်မှသာ ဇာတ်လမ်းရဲ့အနှစ်ကို ရနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကို နားလည်သွားတာဟာ ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာဆရာရဲ့ပေးချင်တဲ့ Message ကို သိသွားတာနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတိုင်း၊ ကိုယ့်ချစ်သူရည်းစားနဲ့ အဆင်မပြေတဲ့သူတိုင်း၊ စိတ်ညစ်နေတဲ့သူတိုင်း ဒီဇာတ်ကားကိုကြည့်ပြီးရင် အဆုံးသတ်မှာစိတ်ထဲ တစ်ခုခုတော့ ကျန်ရစ်နေမှာ အသေအချာပါပဲ။ Imdb 7.7 နဲ့ Rotten Tomatoes 87% ရရှိထားပြီး Star Wars fan တို့ရဲ့အချစ်တော် Natalie Portman, Thor: Ragnarok ကားထဲက Valkyrie အဖြစ်ပါဝင်ခဲ့တဲ့ Tessa Thompson နဲ့အတူ Oscar Issac တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီကားကြည့်ပြီး ဂိသထက် ဂိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကွီးအာကာပါ) File Size : (900 MB) Quality : WEBRip 720p Running Time : 1h 55min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.NF.WEBRip.DD5.1.x264-NTG Translated by Arkar Phyo Encoded by Thanhtike Zaw

Crime • Drama
6.4 2018 115 mins
Annihilation
My Favorite Girlfriend

My Favorite Girlfriend (2022) ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Drama, Comedy ကားကောင်းလေးဖြစ်တဲ့ My Favorite Girlfriend ပါ။ ဇာတ်လမ်းအကျဥ်းကတော့ ကွန်ရတ်ဆိုတဲ့ကောင်ချောလေးဟာ တစ်နေ့မှာ စားဖိုမှူးဖြစ်ချင်သူဆိုတော့ စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမယ်ရဝင်လုပ်နေသူတစ်ယောက်ပါ။ သူဟာ သိပ်ဇီဇာကြောင်လွန်းတော့ ဘယ်မိန်းကလေးနဲ့မှ ကြာကြာမတွဲဖြစ်ပါဘူး။ တွဲလိုက်တဲ့သူတိုင်းကိုလည်း ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ လမ်းခွဲပါတယ်။ ပလေးပါတယ်။ တစ်နေ့သူ့အလုပ်က သူဌေးက တောက်တိုမယ်ရခိုင်းရင်း မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်စကားပြောဖြစ် ဖုန်းနံပါတ်ပေးကြပြီး ရင်းနှီးသွားကြတယ်။ အဲဒီမိန်းကလေးနဲ့ date လုပ်ရင်း မိန်းကလေးဟာ ရုတ်တရက် တခြားမိန်းကလေးစရိုက်အသွင် ပြောင်းလဲသွားပါတယ်။ ဒါကိုသူကတော့ နောက်နေတယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။ ကောင်မလေးကလည်း အလန်းဆိုတော့ ကွန်ရတ်ခမျာ ကြွေဆင်းပြီး စိတ်ဝင်စားပါတော့တယ်။ ဒုတိယအကြိမ်ကောင်မလေး ထပ်စရိုက်ပြောင်းချိန်မှာတော့ ဒါဟာ သာမန်မဟုတ်ဘဲ စရိုက်ကွဲစိတ်ရောဂါရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလို စရိုက်အမျိုးမျိုးကွဲနေတဲ့ မိန်းကလေးကို ကွန်ရတ်တစ်ယောက် ဘယ်လိုကြောင်မလဲ၊ ဘယ်လိုကူညီမလဲဆိုတာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒရာမာကောင်းလေးမို့ လက်မလွှတ်ဖို့ အကြံပြုလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 650MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Chuck

Drama • Romance
0 2022
My Favorite Girlfriend
The Parent Trap
6.6

The Parent Trap (1998) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။ နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ တစ်နေ့တည်းမွေးတဲ့ အမွှာတွေပါ ဖြစ်နေတာပါပဲ။ အဖေနဲ့ပဲ ကြီးပြင်းလာရသူနဲ့ အမေသာ တစ်ကမ္ဘာထင်ခဲ့သူနှစ်ယောက်တို့ မမြင်ဖူးသေးတဲ့မိဘကို မြင်ချင်ရှာလွန်းလို့ ကလေးဉာဏ်လေးတွေနဲ့ ကြိုးစားကြပုံလေးတွေပါ။ The Parent Trap ဇာတ်ကားက ဂျာမန်ဝတ္ထုတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ အခု တင်ဆက်လိုက်တဲ့ဇာတ်ကားကတော့ သူ့ရဲ့ Remake ဇာတ်ကားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တာပါ။ ကုန်ကျငွေရဲ့ လေးဆကျော်ပြန်ရခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့အတူ အောင်မြင်တဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေထဲကမှ အမွှာညီအစ်မ ဟယ်လီ နဲ့ အန်နီ အဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့သူ Lindsay Lohan ကိုတော့ လူကြီးမင်းတို့ ကြားဖူးမယ်ထင်ပါတယ်။ အမေရိကားရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သရုပ်ဆောင် အဆိုတော် မိန်းမလှလေးပေါ့။ သူ့ရဲ့ဇာတ်ကားဖြစ်တာနဲ့အညီ သူ့ရဲ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းကို သယ်တဲ့နေရာမှာ ပိုင်နိုင်မှုရှိပြီး ကြည်နူးဖွယ်ရသကို ပေးစွမ်းနိုင်သူလေးပါ။ ငယ်ရွယ်စဉ်မာန်မာနနဲ့ အချင်းချင်း ကျောခိုင်းခဲ့ကြတဲ့ မိဘနှစ်ပါးကို အမွှာညီအစ်မလေးနှစ်ယောက်က ပြန်လည်ပေါင်းထုပ်နိုင်ဖို့အရေး ပြန်အောင်သွယ်ပေးရတဲ့ ဟောဒီဇာတ်လမ်းလေးက Drama Comedy နှစ်သက်ကြသူတွေအတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.41GB, 1.21GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 8Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Adventure • Fantasy
6.6 1998 128 mins
The Parent Trap
Naruto Shippuden the Movie: The Lost Tower
6.8

Naruto shippuden movie 4 : the lost tower ================================== Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါ အချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippuden လူငယ်ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ စတုတ္ထကားဖြစ်ပြီး IMDb 6.8/10 My anime list 7.4/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Konohaရွာက Narutoတို့အဖွဲ့ဟာ လူဆိုးတစ်​ယောက်ကို လိုက်ဖမ်းရင်းနဲ့မြို့ပျက်ကြီးတစ်ခုကို​ရောက်သွားပါတယ်။ အဲ့ဒီမြို့ပျက်ထဲမှာ 4th Hokageရဲ့ ချိတ်ပိတ်ထားတဲ့ အစီအရင်တစ်ခုရှိပြီး အဲ့ဒီအစီအရင်ကိုလူဆိုးက စုပ်ယူလိုက်တဲ့​နောက်မှာ​တော့ Naruto ဟာ အတိတ်ကို​ ရောက်ရှိသွားကာ 4th hokageနဲ့ပြန်ဆုံမိပါ​တော့တယ်။ အနာဂတ်ကလာတဲ့ Naruto​ကြောင့် သမိုင်း​ကြောင်း​ ပြောင်းသွားမလား သားအဖချင်း​ပြောချင်တဲ့စကား​တွေက ဘာ​တွေလဲ ပစ္စုပ္ပန်ကို Narutoပြန်လာနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ကြည့်ရှုလိူက်ပါ​တော့ File size…1.2GB / 509MB Quality…1080p / 720p Format…mp4 Duration….1h 25m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Dr Nyan

Action • Thriller
6.8 2010 85 mins
Naruto Shippuden the Movie: The Lost Tower
ThaRae United

Tharae United (2022) ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုး ဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလို ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လို ဇာတ်ကားလေးတွေလည်းရှိပါတယ် ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလို မြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကို ဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီး တောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူး အဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေ အချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်း ဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက် ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 2.1Gb | 961MB | 450MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Action • Family • Drama • Adventure
0 2022
ThaRae United
End of Loyalty

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Fantasy • Action • Thriller
0 2023
End of Loyalty
Camera
6.4

ဒီဇာတ်ကားလေးက ဘ၀မှာ ဆုံးရှုံးလိုက်ရတဲ့အရာ တစ်ခုခု ရှိတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားပါ။ ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ သာမန် အဖြစ်အပျက်တွေထဲက စိတ်လှုပ်ရှားစရာတွေကို မြင်အောင် ကြည့်တတ်ဖို့အတွက် အဓိက မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်အနေနဲ့ ဒီဇာတ်ကားကို နောက်ဆုံးထိ ကြည့်မယ်ဆိုရင် ဘေးမှာ တစ်ရှူးဘူးလေး ဆောင်ထားဖို့ အကြံပေးလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်း ************** ဒီ ဒရာမာကား‌လေးက အော်စကာဆိုတဲ့ စကားမပြောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဘဝအကြောင်း၊ သူ့ဘဝရဲ့ ဖြတ်သန်းမှု တစ်စိတ်တပိုင်းအကြောင်းကို ဟတ်ထိအောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီ ကောင်လေး အော်စကာဟာ တစ်နေ့မှာ အရမ်း သဘောကောင်းတဲ့ အဲရစ်ဆိုတဲ့ စက်ပြင်ဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံမိပြီး အော်စကာရဲ့ ကင်မရာ အပျက်တစ်လုံးကို အဲရစ်က ပြင်ပေးရင်း ဇာတ်လမ်းက စတင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နေထိုင်တဲ့ တံငါရွာလေးကို ဇိမ်ခံဟိုတယ် ပရောဂျက်တွေ ရောက်လာတဲ့အခါ .. ရွာသားတွေကြားမှာ ဘယ်လို သဘောထားကွဲမှုတွေလဖြစ်ကြလဲ။ ပြီးတော့ အဘိုးကြီး အဲရစ်နဲ့ ကောင်လေး ‌အော်စကာကရော သူတို့ရဲ့ ရင်းနှီးမှုမှာ ဘာတွေကို ရင်ဆိုင်ရပြီး ကျွန်တော်တို့ကို ဘယ်လို မက်ဆေ့တွေ ပေးသွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်မေ့တမော ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံ‌ရေးတွေက အတိတ်ရဲ့ ဒဏ်ရာတွေကို အနာကျက်မြန်အောင် ကုသပေးနိုင်တယ်ဆိုတာ ဒီဇာတ်ကားကြည့်ပြီးရင် သဘောပေါက်သွားမှာတော့ အသေအချာပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ဖြစ်ပါတယ် ) File size…1.31GB Quality…WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.4 2024
Camera
Andhaghaaram
7.5

Andhaghaaram (2020) စိတ်ရဲ့အရိပ် ဒီတစ်ခါအလှည့်ကျတာကတော့ IMDb 7.5 ရရှိထားတဲ့ Andhaghaaram ဆိုတဲ့ တမီးလ်စကားပြော Horror , Mystery ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာဆိုရင် Netflix မှာ ထုတ်လွှင့်ခဲ့ကတည်းက ထူးခြားတဲ့ဇာတ်လမ်းသွားနဲ့ စိတ်ခြောက်ခြားစရာခံစားချက်ကို ပေးနိုင်တဲ့အတွက် မှတ်ချက်ကောင်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားအစမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ်မရှိတဲ့ အမျိုးသား သုံးယောက်နဲ့ သူတို့ဘဝရဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ပုံဖော်ထားပါတယ်။ ပထမလူကတော့ နိုင်ငံ၏ အကျော်ကြားဆုံး စိတ်ရောဂါကု ဆရာဝန် ဒေါက်တာအင်ဒရန်ဖြစ်ပြီး စိတ္တဇလူနာတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ပြီး အသံရော အလုပ်ကိုပါ ဆုံးရှုံးခဲ့ရသူပါ။ ဒုတိယလူက ဆယ်လ်ဗန်ဖြစ်ပြီး စာကြည့်တိုက်မှာအလုပ်လုပ်နေတဲ့ ရိုးသားကြိုးစားတဲ့ မျက်မမြင်လေးတစ်ယောက်ဖြစ်ပါတယ်။ တတိယတစ်ယောက်ကတော့ အသစ်တပ်ဆင်ထားတဲ့ဖုန်းကတဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိနေတဲ့ ဗင်နို့ဒ်ပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ရည်းစားကိုရင်ဖွင့်ပေမယ့် ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ ထင်မှတ်ခံနေရသူပါ။ အဲဒီအမျိုးသားသုံးယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာ တဖြည်းဖြည်းချင်းပုံဖော်ရိုက်ကူးထားပြီး စိတ်ဝင်တစားနဲ့ အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ Slow burn type ဖြစ်ပေမယ့် ထူးခြားကောင်းမွန်တဲ့တင်ဆက်မှုနဲ့ မထင်ထားတဲ့လှည့်ကွက်တွေပါဝင်တာကြောင့် သင့်အတွက် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိဘဲဖြစ်သွားမှာပါ။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

Drama • Family
7.5 2020 171 mins
Andhaghaaram
Tòkunbọ̀
5

Tòkunbọ̀ (2024) *************** ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ Nigeria နိုင်ငံက ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ Tokunboလို့​ခေါ်တဲ့ ​ကားမှောင်ခိုသမားတစ်​ယောက် က​​လေးရလာတဲ့အခါမှာ အလုပ်က​နေအနားယူလိုက်ပါတယ်။ ဒါ​ပေမဲ့ ​ငွေး​ကြေးအကျပ်အတည်းဖြစ်လာတဲ့အခါမှာ အရင်အလုပ်ပြန်လုပ်ဖို့ကြိုးစားရင်း သူတင်သွင်းဖို့ပစ္စည်းက က​လေးမ​လေးတစ်​ယောက်ဖြစ်လာပါတယ်။ Tokunbo တစ်​ယောက် က​လေးမ​လေးကို ပို့ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ က​​လေးမ​လေးက​ရော ဘယ်သူလဲ ဆိုတာကို​တော့ ဇာတ်လမ်း​လေးမှာရှု့စားကြပါဦးခင်ဗျား။ (အညွှန်းကို Jack မှ ရေးသားထားပါတယ်) File size…1.66GB / 750MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Action, Crime, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jack Encoded by AHtet

5 2024 113 mins
Tòkunbọ̀
The Brutalist
7.9

The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (13.8 GB) / (4.3 GB) / (1.9 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….03:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

TV Movie • Comedy • Romance
7.9 2024
The Brutalist
Mr. Housekeeping
6.8

Mr. Housekeeping (2025) “အိမ်ဖော်ကိုကို” တမီးလ် အချစ်/ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်လိုက်ပါတယ် အောနက်စ်က တက္ကသိုလ်နောက်ဆုံးနေ့မှာ သူ့ခရက်ရှ်ကို လူသိရှင်ကြားဖွင့်ပြောခဲ့ပြီး လူသိရှင်ကြား အငြင်းခံလိုက်ရတဲ့အခါမှာ တစ်ချိန်ကျရင် ပိုလှတဲ့မိန်းကလေးနဲ့ တွဲပြမယ်လို့ ကြိမ်းဝါးခဲ့ပေမဲ့ နောက်လေးနှစ်ကြာလို့မှ ရည်းစားလည်းမရှိ၊ အလုပ်လည်းမရှိသေးတဲ့အပြင် ငွေညှစ်ခံရတဲ့ပြဿနာကိုလည်း အဖြေရှာဖို့ အကျပ်ရိုက်နေပြန်ပါတယ် ဒီလိုနဲ့ ငွေရှာဖို့ အိမ်ဖော်သွားလျှောက်ရာမှာ ]ကံဆိုးချင်တော့ အိမ်ရှင်က သူ့ကိုငြင်းခဲ့တဲ့ ကျောင်းတုန်းက crush လေးဖြစ်နေတဲ့အခါ ဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်ကြမလဲ ရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
6.8 2025
Mr. Housekeeping
Love Guide for Dumpees

Love Guide for Dumpees (2015) ***************************** ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2015တုန်းက ထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေး Love Guide for Dumpees ပဲဖြစ်ပါတယ်… အဓိက သရုပ်ဆောင်တွေအဖြစ် The Frog ထဲက အားလုံးရင်းနှီးကြပြီးသား မင်းသား Yoon Kye Sang နဲ့ Hometown(2021)ထဲက မင်းသမီး Han YeRi တို့အပြင် တခြားသော လူသိများတဲ့ အနုပညာရှင်များလည်း ပါဝင်အားဖြည့်ထားပါသေးတယ်… ဇာတ်လမ်းအကျဉ်း ————- ဘဝမှာဒုက္ခအပေးဆုံး ရည်းစားဟောင်းတွေရဲ့ မင်္ဂလာပွဲကိုသွားရာကနေပြီး ယူဂျောင်ဟွန်း(Yoon Kye Sang)နဲ့ ရှီဟူ(Han YeRi) တို့ရဲ့ ဇာတ်လမ်းက စတင်ခဲ့ပါတယ်… Love at first sight မဟုတ်ဘဲ Love at first sex ဖြစ်ခဲ့ကြတဲ့ နှစ်ယောက်သား သဘောတူညီချက်တစ်ခုလုပ်ရင်း ရည်းစားဟောင်းကို move on ဖို့ အစီအစဉ်ချခဲ့ကြပြီးတဲ့နောက်မှာတော့…. ၁၀ကြိမ်အထိပဲ Sexပါတနာ အဖြစ်နေဖို့ ကတိပြုခဲ့ကြတဲ့ သူတို့နှစ်ယောက်ကြားထဲ အချစ်တွေ ပေါက်ဖွားလာပုံနဲ့ ဘဝဆိုတာ ခဏလေးမို့လို့ ပစ္စုပ္ပန်မှာရှင်သန်ရင်း ချစ်ရသူနဲ့ တစ်ဝကြီးချစ်ကြပါဆိုတဲ့အချက်ကို မီးမောင်းထိုးပြထားတဲ့ ကားလေးပဲဖြစ်ပါတယ်… ရည်းစားဟောင်းကို မမေ့နိုင်သူတွေအတွက် ပညာရနိုင်တာကြောင့် ကြည့်ဖို့ သင့်တော်ကြောင်းလည်း ညွှန်းပေးချင်ပါသေးတယ်… ပွင့်လင်းတဲ့ အသုံးအနှုန်းတွေအပြင် ၁၈နှစ်အောက် မသင့်တော်တဲ့ ဇာတ်လမ်းဇာတ်ကွက်အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့ အတူမကြည့်ဖို့တော့ အကြံပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းကို Milkeux မှ ရေးသားပေးထားပါတယ်… File Size : 1.79GB / 650MB Quality : WEB-DL 1080p / 720p Genres : Romance, Comedy Duration : 1h 47m Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Heather Oo

Action • Comedy
0 2015 107 mins
Love Guide for Dumpees
Mokshapatam
5.7

Mokshapatam (2025) “အိတ်တစ်လုံးဇာတ်လမ်း” မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါ သူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ် ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ် တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Thriller • Western
5.7 2025 134 mins
Mokshapatam