YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

We All Lie E08 720p WEB-DL CM.mp4

203.29 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Career Opportunities
6.9

ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။ မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်... ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ မင်းကို ဆိုင်ထဲက ထုတ်ပေးမယ်ဟုဆိုကာ အပြင်ကနေ သော့ပိတ်သွားပါတော့တယ်။ ဂျင် တစ်ယောက် လူသူကင်းမဲ့တဲ့ စတိုးဆိုင်ကြီးထဲမှာ သန့်ရှင်းရေးလုပ်ရင်း ညတာကို ဖြတ်သန်းရတော့မှာပါ. ဂျိုစီ (Jennifer Connelly) ကတော့ ဂျင် နဲ့ ဆန့်ကျင်ဘက်ပါ။ ရွှေပေါ်မြတင် သူဌေးသမီးဆိုပေမယ့် Comfort zone ထဲက ရုန်းထွက်ချင်သူတစ်ဦးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ တင်းကြပ်မှုကြောင့် လွတ်လပ်မှု ပျောက်ဆုံးနေသူတစ်ဦးပါ။ တိုက်ဆိုက်စွာနဲ့ ဂျင် အလုပ်ဝင်တဲ့နေ့မှာပဲ ဂျိုစီ ဟာ သူ့အဖေ အရှက်ရအောင်ဆိုပြီး စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုခုကို အလစ်သုတ်ပြီး အဖမ်းခံရအောင်လုပ်ဖို့ ကြံပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်ပြီး မခိုးဖြစ်တော့ပဲ စတိုးဆိုင်ထဲက တနေရာရာမှာ ပုန်းနေလိုက်ပါတယ်။ ဒီတော့ ညဘက် အလုပ်လာဆင်းတဲ့ ဂျင် နဲ့ အတူတူ စတိုးဆိုင်ထဲမှာ ပိတ်မိကုန်တာပေါ့။ ဂျင်ကလဲ ငပျင်းဆိုတော့ အလုပ်လုပ်တာ နည်းနည်း ကမျင်းတာ များများဆိုတော့ စတိုးဆိုင်ထဲ သူတစ်ယောက်တည်း အမှတ်နဲ့ နေချင်သလို နေပါတော့တယ်။ ဂျိုစီ ကလဲ အသံဗလံတွေကြားလို့ ထွက်အကြည့် လွတ်လပ်မှုတွေရပြီး ရုန်းမထွက်ချင်တဲ့ ဂျင် နဲ့ လွတ်လပ်မှုကို အရမ်းလိုချင်တဲ့ ဂျိုစီတို့ ဆန့်ကျင်ဘက်လူသားနှစ်ဦး ကြား ဘယ်လို အချစ်မီးများ ပေါက်ဖွားလာမလဲ.. ဒီကြားထဲ လူဆိုးနှစ်ဦးကပါ စတိုးဆိုင်ကို ဖောက်ထွင်းဖို့ရောက်လာခဲ့ချိန်မှာတော့...။ ဒါရိုက်တာ Bryan Gordon ရိုက်ကူးထားပြီး အရမ်းလှတဲ့ မမ Jennifer Connelly နဲ့ မင်းသား Frank Whaley တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးကားလေးပါ။ File size…(2.4 GB) / (1.4 GB)/ (500 MB) Quality….Blu-Ray 1080p HEVC HQ /720p Format…mp4 Duration….01:23:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Horror
6.9 1991 83 mins
Career Opportunities
A Thursday
6.2

ဒီတစ်ခါမှာတော့ ကြာသပတေးနေ့တစ်နေ့အကြောင်းကို ရိုက်ကူးထားတဲ့ A Thursday ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် Nina Jaiswal က Rohit Mirchandandi နဲ့ စေ့စပ်ထားပြီး Rohit ပိုင်တဲ့ အိမ်မှာ ကလေးထိန်းကျောင်း​တစ်ခုဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ ကလေးတွေရဲ့ ချစ်ခင်မှုကိုရော မိဘတွေရဲ့ ယုံကြည်လေးစားမှုကိုပါ ရရှိထားတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ် နေမကောင်းလို့ ၃ ပတ်လောက် အနားယူနေရာကနေ ကြာသပတေးနေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာတော့ Nina ဟာ ကလေးထိန်းကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ် မိဘတွေက ကလေးတွေကို ထားခဲ့ပြီး ကလေးထိန်းကျောင်းက အကူကိုလည်း ခွင့်ပေးလိုက်ပြီးတဲ့နောက် ကလေးထိန်းကျောင်းမှာ Nina နဲ့ ကလေး ၁၆ ယောက်ပဲ ကျန်ခဲ့ပါတော့တယ် ကလေးတွေနဲ့ပဲ ကျန်တော့တဲ့ အချိန်မှာ Nina က Colaba ရဲစခန်းကို ဖုန်းဆက်ပြီး ကလေး ၁၆ ယောက်ကို ဓာစားခံအနေနဲ့ ဖမ်းထားပြီး ရဲအရာရှိ Javedd Khan နဲ့ စကားပြောချင်တဲ့အကြောင်း ပြောပါတော့တယ် အခင်းဖြစ်တဲ့နေရာကို ကိုယ်ဝန်သည် ရဲအရာရှိ Catherine Alveraz ရောက်လာပြီး သေနတ်နဲ့ အပစ်ခံရပြီးတဲ့နောက်မှာတော့ Javed ကို အရေးပေါ်ခေါ်ရပါတော့တယ် Javed ရောက်လာပြီးတဲ့နောက်မှာ ဘယ်လိုတောင်းဆိုချက်တွေ လုပ်သွားမလဲ Nina က ဘာဖြစ်လို့ ကလေးတွေကို ဓာစားခံအဖြစ်ဖမ်းထားရတာလဲ ကလေးတစ်ယောက်ချင်းစီနဲ့ ဘယ်လို အလဲအလှယ်တွေလုပ်သွားမလဲ ဘာလို့ ရဲအရာရှိ Javed နဲ့မှ စကားပြောချင်ရတာလဲ မွန်ဘိုင်းကိုရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ရော ဘယ်လိုတွေပတ်သက်နေလဲ ဆိုတာတွေကို မိုးတွေရွာနေတဲ့ ကြာသပတေးနေ့လေးတစ်နေ့နဲ့အတူ လိုက်ပါစီးမြောရင်း ခံစားလိုက်ကြပါဦး အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Roman NoX, Loon Swal Eain, Leonard Lin, Thwal Yadi တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Drama, Thriller Quality….WEB-DL 4K HEVC, 1080p, 720p and 360P File size…4.09GB, 1.89GB, 1.23GB and 291MB Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX, Loon Swal Eain, Leonard Lin, Tbwal Yadi Encoder .....August

Comedy • Romance
6.2 2022 129 mins
A Thursday
Mulan
6.9

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မူလန် ထွက်လာခဲ့ပါပြီ ရုံတွေ ပိတ်ထားလို့ Disney+ မှာပဲ တင်ခဲ့ပြီး လောလောဆယ် 720P Version ပဲ ရရှိအုံးမှာပါ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Reversion Live Action တွေ ပြန်ရိုက်လဲ ပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် File size…(1.6GB)/(734MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Little Neo

Crime • Drama • War
6.9 2020 115 mins
Mulan
Pleasantville
7.5

Pleasantville (1998) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။ အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။ လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ… ဘာကြောင့် အရောင်စုံလာတာလဲ… ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။ ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။ ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။ ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ‌ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။ “Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို ‌အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.40GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Comedy
7.5 1998
Pleasantville
Next Day Air

ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့ သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
Next Day Air
Undercover Blues
6

Genre – Comedy, Crime IMDB – 6.10 ၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာ ရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆို ဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီ လက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲ ဘလူးလင်မယားဟာ သမီးလေးမွေးထားလို့ အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာ သာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်က မစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေ ရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီး သာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီး အနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာက အစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကို ခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့ အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့် ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… 1.3 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6 1993 90 mins
Undercover Blues
Social Media 101

Social Media 101 (2019) လူကြီးမင်းတို့ဘဝမှာ Hollywood Bollywood Tollywood BBC တို့ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကြီးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ Nollywood ကိုတော့ တစ်ယောက်မှကြားဖူးကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ် Nollywood ပါ။ ကျွန်တော်လဲ ပြောရရင် ခုမှကြားဖူးတာပါ။ နိုင်ဂျီးရီးယား နိုင်ငံက သူတို့ ဖျော်ဖြေရေးမီဒီယာကို Nollywood လို့နာမည်ပေးထားတာဗျ။ Hollywood ကဇာတ်ကားတွေက ကမ္ဘာကျော်တွေ ပိုပြီးကြည့်ကောင်းတယ်တို့ Bollywood ကားတွေကမှာ ဇာတ်ရှင်ခန်းတွေကလွဲရင် ကျန်တာတွေက ကြည့်ကောင်းတယ်တို့ Tollywood ကဇာတ်ကားတွေကမှာ လူ့သဘာဝနဲ့နီးစပ်တာတို့ ငြင်းခုန်နေမဲ့အစား Nollywood ကားတွေကို ကြည့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ကြည့်မယ်ဆိုလဲ ဘေးနားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားပါနဲ့ တီဗီကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိမှာစိုးလို့ပါ။ မကြည့်ခင်သေသွားသင့်တဲ့ ကားကောင်းလေးတွေမို့ပါ။ မြန်မာပေါကေားတွေရပ်ဆိုတဲ့ သူတွေကိုပြကြည့်ပါ အကယ်ဒမီပေးပွဲကို တန်ဖိုးထားတတ်သွားပါလိမ့်မယ်။ မြန်မာအနုပညာရှင်တွေကိုတော့ သွားမပြနဲ့ ကြံဖန်ပြီးဂုဏ်ဆာနေမှာစိုးလို့။ ကဲဒီလောက်ညွှန်းပြီးသွားပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောကြလိုက်ရအောင်။ ဇာတ်လမ်းလေးကတော့ ပညာပေးပုံစံလေးပေါ့။ ဆိုရှယ်မီဒီယာကို ကိုယ့်အတွေးနဲ့ကိုယ် သုံးစွဲနေကြတဲ့ မိန်းမပျိုလေးသုံးယောက်ပေါ့ဗျာ။ တစ်ယောက်က လာရှင်ဖို့အတွက် သုံးတယ်။ တစ်ယောက်က ကြွားဖို့အတွက်သုံးတယ်။ တစ်ယောက်က အလုပ်အတွက်သုံးတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဘယ်တော့မှယုံကြည်ရတဲ့ အရာမဟုတ်ဘူးဆိုတာ ပညာပေးသဘောလေးနဲ့ တင်ဆက်ထားတဲ့ကားလေးပေါ့ဗျာ။ ကဲကြည့်ရှုအားပေးလိုက်ကြပါဦး … (အညွှန်းနဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်) Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.5GB | 763MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Action • Adventure • Comedy • Romance
0 2019
Social Media 101
Crimes of Fashion: Killer Clutch
6

အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့် ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား? ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ! ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူ စိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့် ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှု ကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ… ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူ စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံ လက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊ အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှု တွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်း ပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကား ကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။ File size…1.74 GB / 760 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6 2024 84 mins
Crimes of Fashion: Killer Clutch
The Slick Guy
5.7

တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။

Horror • Science Fiction
5.7 2024
The Slick Guy
Breathless
7.7

Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – BluRay 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 1960
Breathless
Munda Southall Da
6.4

Munda Southall Da (2023) “အမြဲတမ်း” IMDb 6.4 ရင်ကိုအေးစေမယ့် ပန်ဂျာဘီ အချစ်ဟာသကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်မြင်တွေ့နေကျ ပန်ဂျာဘီကားတွေလို ခေါင်းပေါင်းတွေနဲ့ မဟုတ်ဘဲ UK က အိန္ဒိယပြောင်းရွှေ့ရပ်ကွက်လို နေရာမျိုးမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ အာဂျွန်က ဘော်ဒါနှစ်ယောက်နဲ့ ပေါင်းပြီး ခြေဦးတည့်ရာသွား မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသူတစ်ယောက် ကောင်မလေးတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အာဂျွန် ပါတီညတစ်ညမှာ ပြဿနာတက်နေရာကနေ ကောင်မလေးတစ်ယောက်က သူ့ကိုကူညီပေးခဲ့တယ် သွက်လက်ချက်ချာပြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ကောင်မလေးက သူ့အသည်းနှလုံးကို လှုပ်နှိုးနိုင်ခဲ့တယ်ပေါ့ ထိုမှတဆင့် နောက်ထပ်အဆင့်တက်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2023 114 mins
Munda Southall Da
Mad Sad Bad

Mad Sad Bad (2014) ****************** Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့… ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ… သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– “ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့… လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့… ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်” “ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ… ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ… ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်” “နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း… ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ … တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်” ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့ Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ… အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်… ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ် File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : Thriller, Horror, Drama, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Ni Encoded by Heather Oo

0 2014
Mad Sad Bad
A Burning Hot Summer
5

A Burning Hot Summer (2011) ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂန္ဓဝင်အလှတရားပိုင်ရှင်မမကြီး မော်နီကာရဲ့ဇာတ်ကားဟောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ရောမရဲ့နွေရာသီတစ်ခုက စုံတွဲနှစ်တွဲဖြစ်တဲ့ ပန်းချီဆရာဖရက်ဒရစ်နဲ့ သူ့ရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးဇနီးချော အိန်ဂျယ်၊ နောက်တော့ သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့အိမ်ကိုရောက်လာတဲ့ ဖရက်ဒရစ် သူငယ်ချင်း ပေါလ်နဲ့သူ့ကောင်မလေး အဲလိဇဘတ်တို့ကိုအခြေခံပြီး အချစ်၊ပေါင်းသင်းဆက်ဆံရေးနဲ့လူသားတွေရဲ့စိတ်သဘောတွေကို နှီးနွယ်တင်ပြထားတာဖြစ်ပါတယ်။ အီတလီဇာတ်ကားတွေထုံးစံအတိုင်း အေးအေးငြိမ့်ငြိမ့်နဲ့ cinematography လှလှ မင်းသမီးလှလှတွေကိုတစ်၀ငေးရမယ့် ဇာတ်ကားပါပဲ။

Crime • Thriller
5 2011 95 mins
A Burning Hot Summer
Crazy Escape
5.6

မြို့ပြနဲ့ဝေးလံခေါင်သီတဲ့တောင်ပေါ်ဒေသတစ်ခုမှာ မာမျိုးနွယ်တွေကကြီးစိုးနေပြီးတော့ ဆင်းရဲသားတွေကိုဖမ်းခေါ်ပြီး ရွှေတွင်းတူးပါတယ်။ မာမျိုးနွယ်တွေဟာ လုပ်သားတွေကိုလူသားလိုသဘောမထားပဲ ရက်ရက်စက်စက်နှိပ်စက်ပြီးခိုင်းပါတယ်။ အဲဒီလိုနဲ့သေသွားတဲ့လူတွေအများကြီးပါပဲ။ တစ်နေ့ကျတော့ သန်မာတဲ့ထျယ်ထိုဆိုတဲ့လုပ်သားတစ်ယောက်ဟာ တစ်ချိန်ချိန်မှာသေရမှာသေချာနေတဲ့ဒီရွှေတွင်းထဲကနေလွတ်ဖို့ လုပ်သားတွေကိုဦးဆောင်ပြီးတော့စည်းရုံးပါတယ်။ မထင်မှတ်ပဲ မာသူဌေးရဲ့သားကိုသတ်မိပြီးတော့ သူတို့ရဲ့ထွက်ပြေးမယ့် အစီအစဉ်ကိုမြန်မြန်အကောင်အထည်ဖော်လိုက်ရပါတယ်။ ကူကယ်သူမယ့်တဲ့တောနက်ကြီးထဲမှာ အသက်ဘေးကလွတ်အောင် ပြေးရမယ့် လွတ်မြောက်ခြင်းခရီးစဉ်ဟာစတင်သွားပါတယ်။

Horror • Fantasy • Thriller
5.6 2025
Crazy Escape