YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

wdc-demonicchristmastree.2022.us-1080p.mp4

1.3 GB N/A video/mp4 293 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Donnie Brasco
7.5

IMDb Rating(7.7) / Rotten Tomatoes (88%) ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။ Action,Crime ပုံစံ သတ်တာဖြတ်တာတွေရှယ်ကြမ်းသလို မင်းသားကြီး ၂ ယောက်ရဲ့ Drama ခင်းမှုတွေကလဲ ဒီဇာတ်ကားကို အစအဆုံး အချိန်ဘယ်လိုကုန်သွားမှန်းမသိအောင် ဆွဲဆောင်သွားမှာပါ။ ဒီရုပ်ရှင်ဟာ အနုပညာပိုင်းအရအောင်မြင်ခဲ့သလို Budget $35 million သာရှိခဲ့ပေမယ့် Box office မှာ $124.9 million ရရှိတဲ့အထိ စီးပွားရေးအရလဲ အောင်မြင်ခဲ့ပါတယ်။ File size…(2.5 GB)/(900 MB) Quality….BluRay Extended 1080p/720p Format…mp4 Duration….02:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Comedy • Drama
7.5 1997 127 mins
Donnie Brasco
Love Tactics 2
7.2

ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM

7.2 2023 98 mins
Love Tactics 2
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
No Such Thing as Loyalty
5.8

No Such Thing As Loyalty (2021) ======================== ဒီနေ့မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ 2021 ခု‌နှစ်ကမှ ထွက်ရှိထားပြီး သစ္စာတရားအကြောင်းကိုရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ဟာ ငယ်ဘ၀ကတည်းကခင်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ကြားကို ကျေးဇူးကန်း တတ်တဲ့ မိန်းမတစ်ယောက် ရောက်ရှိလာတဲ့အခါ၊ ဒီမိန်းမက ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ရဲ့ခင်မင်မှုကို ပျက်စီးအောင်လုပ်နိုင်မလား။ ဒါမှမဟုတ် သူကစားနေတဲ့ဂိမ်းကနေ သူငယ်ချင်းနှစ်ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ စကားလုံးအသုံးအနှုန်းတွေကြမ်းတဲ့အတွက် မိသားစုနဲ့ကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JaKa ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
5.8 2021
No Such Thing as Loyalty
Death of the Ember
6

အခုတစ်ခေါက် CM က အက်ရှင်စုံထောက်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေအတွက် Death of the ember ဆိုတဲ့ စုံထောက်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တိတ်ဆိတ်ပြီး လှပတဲ့ ယွီမြိုမှာ မိုးညတစ်ညရဲ့ ထူးဆန်းတဲ့ ကားတိုက်လူသတ်မှုတစ်ခုကြောင့် ယုတ်မာမှုရဲ့ အပိုင်းအစတွေ ထွက်ပေါ်လာပါတယ်။ ရဲဖြစ်သူ အားကျန့်ဟာ တာဝန်အရ ချင်မိသားစု ကုမ္ပဏီတွင် သူလျှိအဖြစ်ဝင်ရောက်ခဲ့ပြီး စခန်းမှူးအသစ်ဖြစ်သူ လန်ကျဲနှင့်ပူးပေါင်းကာ မကောင်းမှုတွေကို ဖော်ထုတ်ရန် ကြိုးစားနေပါတယ် သိုသော် ချင်မိသားစု ညီအစ်ကို နှစ်ယောက်က အလွန်ဉာဏ်နီဉာဏ်နက်များပြီး သတိကြီးကြတဲ့အတွက် သူလျှိလှုပ်ရှားမှုအတွက် ခက်ခဲနေခဲ့ပါတယ် ချင်မိသားစု ညီအစ်ကိုရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ လောဘတွေနဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုတွေကြားမှာ အချိန်မရွေး သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့ အားကျန့်တစ်ယောက် တာဝန်ကို အောင်မြင်အောင် ဘယ်လို ထမ်းဆောင်မလဲဆိုတာကို CM က ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါဦးနော်။

6 2023
Death of the Ember
A New Old Play
5.9

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၉၈၀ ခုနှစ်နဲ့ ညနေခင်းလေးတစ်ခုမှ ၂၀ရာစုရဲ့ စစ်ချွမ်းအော်ပရာ ထိပ်တန်းသရုပ်ဆောင် ချိုးဖူ ဆိုသူဟာ ဒီလောကကနေ စွန့်ခွာပြီး မြေအောက်ကမ္ဘာက အရာရှိကြီးနှစ်ဦးရဲ့ ဦးဆောင်မှုနဲ့ အတူ “သစ္ဆေမြို့တော်” ကို သွားရောက်ခဲ့ရပါတော့တယ် ။ ဒီလိုနဲ့ လမ်းမှာ မိတ်ဆွေဟောင်း ၂ ယောက်နဲ့တွေ့ဆုံပြီး သူတို့မသေခင်က အတိတ်ကို ပြန်လည်တမ်းတ ခဲ့ကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ❏ အတိတ်မှာ ကံကြမ္မာ ကသောင်းကနင်းဖြစ်နေတဲ့ကြားက အော်ပရာ ပညာကို သင်ယူခဲ့ရှာတဲ့ ချိူးဖူ ❏ စစ်ပွဲတွေ မတည်မငြိမ် ဂျပန်တွေအုပ်စိုးနေစဥ်ကာလမှာ စစ်ချွမ်းရဲ့ ထိပ်တန်းအော်ပရာ ဆရာဖြစ်လာသူ ချိူးဖူ ❏ အော်ပရာကတဲ့ သရုပ်ဆောင်ဖြစ်ပေမဲ့လို့ နိုင်ငံရေးအတွက် တော်လှန်မှုတွေပြုလုပ်ခဲ့တဲ့ နေရာမှာလဲ ပါဝင်ခဲ့ရရှာတဲ့ ချိုးဖူ ဝမ်းနည်းမှုတွေ ခါးသီးမှုတွေ နဲ့ပြည့်နှက်နေတဲ့ ဇာတ်ကောင် ချိုးဖူ ရဲ့ အကြောင်းကိုရင်နင့်ဖွယ်ရာ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။ ဒီ ““A New Old Play” ဆိုတဲ့ရုပ်ရှင်လေးကို ဒါရိုက်တာ ချိုးကျုံးကျုံး က ရိုက်ကူးထားပြီး ဇာတ်အိမ်လေးကတော့ သူ့ရဲ့ အဖိုးဖြစ်သူအကြောင်း ဖြစ်ရပ်မှန် အခြေခံထားတာလေးပါ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်။

5.9 2022
A New Old Play
Head to Head
6.7

လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကား ကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကို ထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။ အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကို ရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေး သလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်း ဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့ စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။ စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာ အဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။ အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။ အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့ နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊ လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက် သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံ ရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေ ဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့ မူးယစ်ဆေးလောကတွေ၊ လူသတ်တာတွေ စတဲ့ အမှောင်လောကအကြောင်းကိုလည်း လှည့်ကွက်တွေအများကြီးနဲ့ ပီပြင်အောင်သရုပ်ဖော်ရိုက်ကူးထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.29GB / 549MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Comedy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

6.7 2023 94 mins
Head to Head
Saw 3D Saw 7
5.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3D The Final Chapter (2010) Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ် ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ် ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ် Plot twist တချို့ကိုလဲချပြသွားပါတယ် သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့် ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

Action
5.6 2010
Saw 3D Saw 7
Outlaw Johnny Black
6.1

Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော် Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေ အဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာ သူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီး ဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီး တစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာ သူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကော ဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကို ရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်း ဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်…… File size…2.23GB / 901MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….2h 10m Genre ….. Action , Comedy , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.1 2023 137 mins
Outlaw Johnny Black
Angrezi Medium
7.6

Angrezi Medium (2020) IMDb Rating (7.2/1) ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့ Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။ မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး ဇာတ်လမ်းကတော့ အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ် ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို လူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

7.6 2020
Angrezi Medium
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins
When Frank Met Carlitos aka Cuando Frank conoció a Carlitos
7.1

When Frank met Carlitos 2023 Frank Sinatra အမေရိကန်မှာ ဆယ်စုနှစ် ၅၀ ခုစာလောက်အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ နာမည်ကျော်အဆိုတော် ရုပ်ရှင်သရုပ်ဆောင်ကြီးတစ်ယောက် သူငယ်စဉ်ဘဝ အတွေ့အကြုံနုစဉ်က သူ့ရဲ့အိုင်ဒေါကြီးဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်ကို NBC Stand up showမှာ သွားတွေ့ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အခက်အခဲတွေအားလုံးကို ဖိုက်တာတစ်ယောက်လို ကျော်လွှားပြခဲ့တဲ့ Frankရဲ့နောက်ကွယ်က inspiration ဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်နဲ့ ပထမဆုံးတွေ့ဆုံမှုမှသည် အတွေ့အကြုံနုသေးတဲ့ Frankကို ခုလို သမိုင်းဝင် အနုပညာရှင်ကြီးအဖြစ် ဘယ်လိုတွေသင်ပြသွားမလဲဆိုတာ ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

Action • Animation • Family
7.1 2023
When Frank Met Carlitos aka Cuando Frank conoció a Carlitos
Rumours

G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင် 7 ယောက်ဟာ နှစ်ပတ်လည်ညီလာခံတစ်ခုမှာ Global Crisis တစ်ခုအတွက် ယာယီထုတ်ပြန်ချက် ထုတ်ဖို့ရာ ဆွေးနွေးဖို့ ရောက်ရှိလာကြတယ်။ ပြီးနောက်မှတော့ သူတို့‌ခေါင်းထဲမှာ အဲဒီပြဿနာကို ဖြေရှင်းဖို့ကလွဲလို့ အကြောင်းအရာ ပေါင်းစုံ အကုန်‌ရောက်ကြတယ်။ ပုဂ္ဂိုလ်ရေးကိစ္စကိုပဲ စိတ်ဝင်စားသူက စိတ်ဝင်စား စသဖြင်ပေါ့။ နောက်တော့ အမှောင်ကျသွားချိန်မှာ ခြံကြီးထဲမှာ သူတို့ ၇ ယောက်သာ ကျန်ခဲ့ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ကြောက်စရာကိစ္စတွေပါ ထဖြစ်လာချိန်မှာ မြူဆိုင်းနေတဲ့ တောထဲကနေတစ်ဆင့် အပြင်ကို ရောက်အောင် ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက ကမ္ဘာ့အကျပ်အတည်းဖြစ်နေချိန် ကိုယ်ကိစ္စကိုယ်ပဲ အာရုံစိုက်တဲ့ နိုင်ငံရေးသမားတွေကို ပါးပါးလေးနဲ့ ပညာပြထားတဲ့ Dark Comedy အမျိုးအစားပါ။ ၇၇ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး critics တွေဆီက positive review တွေ ရရှိထားတဲ့ ဉာဏ်မီမှ ကြည့်လို့ နားလည်မဲ့ ဇာတ်လမ်းမျိုးလို့ သိရပါတယ်။ ဘာသာပြန်ကတော့ အဲဒီအုပ်စုထဲ မပါပါ File size…(1.4 GB)/(975 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy

0 2024
Rumours
Iron Fighter
5.5

လက်ဝှေ့ဝါသနာရှင်များအတွက် အကြမ်းစားကြီးရိုက်ကူး ထားတာတော့မဟုတ်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းမဲ့ Iron Fighter ဆိုတဲ့ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားက စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပေမဲ့ ဒီဇာတ်ကားရဲ့မင်းသားဖြစ်တဲ့လက်ဝှေ့သမားကလောက်ဒီယိုက အပြင်လောကမှာလည်း ဒီနာမည်နဲ့ပဲလက်ဝှေ့နဲ့ကရာတေးချန်ပီယံ ဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကိုဒီဇာတ်ကားထဲထည့်သွင်းပုံဖော် ထားတာပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းထဲမှာ ကလောက်ဒီယိုကို မိန်းမဆုံးသွားပြီးတဲ့နောက်မှာ အကြီးအကျယ်စိတ်ထိခိုက်ပြီး လက်ဝှေ့လောကနဲ့ပရိသတ်ရှေ့ကနေ ပျောက်သွားတဲ့ ၁၀၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ချန်ပီယံကြီး အနေနဲ့ပုံဖော်ထားပါတယ်။ ဒါပေမယ့်လည်းဘ၀ကရှေ့ဆက်သွားနေရမှာဖြစ်တဲ့အတွက် သမီးဖြစ်သူနဲ့နောက်မိန်းမနဲ့အတူတူအေးဆေးနေသွားရဖို့အတွက် နောက်ဆုံးတစ်ပွဲအနေနဲ့နာမည်ကြီးလက်ဝှေ့သမားတစ်ယောက်နဲ့ စိန်ခေါ်ထိုးသတ်ခဲ့ပါတော့တယ်။ဆုကြေးကလည်း ဒေါ်လာ ၁၀ သန်းနဲ့ ၃ သန်းတန်တဲ့ဆုဖလားကြီးဖြစ်တဲ့အတွက် အပြင်းအထန်ထိုးသတ်တဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုလည်း ရှုစားရဦးမှာဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းမဲ့ထိုးသတ်ပွဲကြီးမှာ ကလောက်ဒီယိုတစ်ယောက် အနိုင်ရသွားမလား ကြိုး၀ိုင်းအပြင်ကနေစောင့်ကြည့်နေကြတဲ့ ကြေးကြီးလောင်းတဲ့ လောင်းကစားသမားတွေနဲ့ရော ဘာအရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာတွေကို အက်ရှင်နဲ့လက်ဝှေ့ အချိုးကျကျ ပေါင်းစပ်ပြီး လှလှပပရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… (998MB) / (502MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Iron Fighter