YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

WD_S03_E16.mkv

683.51 MB N/A video/x-matroska 406 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Churuli
7.3

ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။ Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။ ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။ ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။ 25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်၊ တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(1.4 GB) Quality…WEB-DL  1080p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Action • Adventure
7.3 2021 114 mins
Churuli
Willy's Wonderland
6.1

နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။ 2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ နောက် Pig ရိုက်ပါတယ်။ အတော်ကောင်းပြီး ဝေဖန်ရေးသမားတွေ သဘောကျခဲ့ပါတယ်။ နောက်ကျ Prisoners of the Ghostland ရိုက်ခဲ့ပါတယ်။ ဒီကားကို အင်္ဂလိပ်ရုပ်ရှင်ဖန်တွေ ကြိုက်ချင်မှကြိုက်ကြမှာပေမဲ့ ကားကောင်းပါပဲ။ ရိုက်တဲ့ဒါရိုက်တာကလည်း ဂျပန်ရဲ့ ဆရာတစ်ပါးဖြစ်တဲ့ Sion Sono ပါ။ သူ့ဟန်ကိုကထူးနေတော့ လူတိုင်းတော့ မကြိုက်ဘူးပေါ့။ ခု ဝေဖန်ရေးသမားတွေကြားရေပန်းစားနေတာက နစ်ကေ့ရဲ့ ကားအသစ် The Unbearable Weight of Massive Talent ပါပဲ။ ခရမ်းချဉ်သီး ၁၀၀ပထမဆုံးရထားတဲ့ နစ်ကေ့ကားပါ။ ဟိုးတုန်းက ကောင်းလှပါရဲ့ဆိုတဲ့ ကားတွေတောင် မရခဲ့ပါဘူး။ နစ်ကေ့ဟာ စစကတည်းက သူ့ဦးလေး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ နာမည်နဲ့လုပ်စားဖို့ မရွေးခဲ့သလို တွင်းဆုံးကျပြီးနောက်မှာလည်း ရအောင်ပြန်ကုတ်တက်နိုင်ခဲ့တဲ့ သရုပ်ဆောင်ပညာကို တကယ်ချစ်တဲ့သူပါပဲ။ ပေါကားတွေရိုက်ခဲ့ရပေမဲ့ ပေါကားမှာတောင် အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင် ၂၀၂၁မှာ အဲဒီတွင်းထဲက ပြန်စတက်ခဲ့တဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ခါက နစ်ကေ့ကို ချစ်ဖူးရင် ခင်ဗျားကြည့်သင့်တဲ့ကားပါပဲ။ ဟိုးတုန်းက ကေ့စ်ရဲ့ဟန်တွေပြန်မြင်ရမှာပါ။ ဝီလီ၀န်းဒါးလန်းဟာ Rating မမြင့်ပါဘူး။ ဒါပေမဲ့ Horror ကားပါ။ Horror ကားအနေနဲ့ဆို ဒီ rating က ပုံမှန်ပဲလို့ဆိုလို့ရပါတယ်။ ဗမာပြည်ထွက် Horror ကားထဲက အတော်ကောင်းတဲ့ သူစိမ်းအိမ်နဲ့ တစ်ချို့နေရာလေးတွေ ဆင်ပါတယ်။ သူ့ဘာသာကောင်းပေမဲ့ ဇာတ်လမ်းကတော့ သူစိမ်းအိမ်မမီဘူးပေါ့။ ဒါပေမဲ့ နစ်ကေ့ကြီးမို့ ကြည့်ရတန်မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အဆိုးဆုံး ကွင်းဆက်လူသတ်သမားဖြစ်ခဲ့တဲ့ ဝီလီဟာ ကစားကွင်းတစ်ခုထောင်ပြီး အဲဒီကစားကွင်းထဲမှာတင် ကလေးတွေ မိဘတွေကို သူ့အဖွဲ့နဲ့အတူသတ်ခဲ့ပါတယ်။ လူပျောက်တာတွေများလာလို့ ရဲတွေက လာစစ်ဆေးတဲ့အချိန်မှာ စေတန်ကိုပူဇော်တဲ့ အစီအရင်လုပ်ပြီး လူသတ်သမားတွေက သူတို့စိတ်နဲ့ဝိညာဉ်ကို ကစားကွင်းက အရုပ်တွေထဲထည့်လိုက်ပါတယ်။ အဲဒီအရုပ်ကို မြို့ခံလူတွေဟာ သူတို့ကိုမသတ်အောင် ခရီးသွားတွေပို့ပေးမယ်လို့ ညှိထားကြပါတယ်။ ခရီးသွားတွေ အဲဒီကိုမသွားသွားရအောင်လည်း မြို့ခံတွေက ကြံပြီးရအောင်ပို့ခဲ့ကြပါတယ်။ တစ်‌နေ့မှာ နစ်ကေ့က အဲဒီမြို့ကို ကားတစ်စီးနဲ့ရောက်လာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 605MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 28Min Genre - Action, Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Animation
6.1 2021 88 mins
Willy's Wonderland
Looop Lapeta
6.1

ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲ အတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါ ဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲ အတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။ သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာ မတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေ ခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်း အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲ ဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ် ရှာလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့် သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှ အရှုပ်တွေကိုလိုက်ရှင်းရင်း ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆပ်သ်ရာကိုရော ဆာဗီက သူ့အလှည့်မှာ ပြန်လည်ကယ်တင်နိုင်ပါ့မလား။ " ဘဝတစ်ခုပြောင်းလဲဖို့ နေ့ရက်လေးတစ်ရက်ပဲလိုတာ ဆာဗီ '' ဆပ်သ်ရာပြောနေကျ ဒီစကားအတိုင်း ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ပဲဖြစ်သွားမလား။ ရွှေဘုံပေါ်ရောက်ပြီး ကောင်းစားမလားဆိုတာကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဒီဇာတ်လမ်းမှာ အပီအပြင် ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…2.8GB / 1.02Gb / 600MB Quality…1080p AAC 5.1CH / 720p NF WEB DL AAC 2.0CH / 720p HEVC Small Size Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Shwe Pyae & HM & Haruko

Drama • Fantasy • Horror
6.1 2022 131 mins
Looop Lapeta
Medal
10

Medal 2023 IMDb - 8.4/10 ဒီတစ်ခါမှာတော့ အက်ရှင်ကားကောင်းတွေကြိုက်ကြတဲ့ CMရဲ့ ပရိသတ်ကြီးအတွက် rating 8.4 နီးပါးရထားပြီး ဇာတ်လမ်းအပြောင်းအလဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အစမှာဆိုရင် ပန်ဂျဘ်ပြည်နယ်တွေရဲတွေက ရဲအင်အားအများကြီးသုံးပြီး ဂိုဏ်းစတား‌တစ်ယောက်ကို ဖမ်းဖို့ကြိုးစားကြတဲ့မြင်ကွင်းနဲ့ အစပြုထားပါတယ်။ ဖမ်းဖို့ဒီ‌လောက်ထိ ရဲတွေကကြိုးစားရတဲ့ ဂိုဏ်းစတားကတော့ ပန်ဂျဘ်ပြည်နယ်တစ်ခုလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒီဂိုဏ်းစတားဆိုတဲ့သူဟာ ဂိုဏ်းစတားမဖြစ်ခင် အပြေးအားကစားမှာ အရမ်း‌တော်‌ပြီး ရွာကနေမြို့ကို ကျောင်းလာတက်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် အကြားအာရုံချွတ်ယွင်းနေတဲ့သူလည်းဖြစ်ပါတယ်။ | သူ့ဘဝရဲ့ တစ်ခုတည်းသော အိပ်မက်က အပြေးပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရချင်တာပါတဲ့... အဲဒီလို အပြေးချန်ပီယံဖြစ်အောင် ကြိုးစား‌နေတဲ့ ရိုးရိုးရှင်းရှင်း အားကစားလေးဘဝကနေ ပြည်နယ်တစ်ခုလုံးက ကြောက်ရတဲ့ဂိုဏ်းစတားတစ်ယောက် ဘယ်လိုဖြစ်လာရတာလဲဆိုတာကို CMပရိသတ်ကြီးက စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဇာတ်ကောင်စရိုက် အလှည့်အပြောင်းပါတဲ့ ကားတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီအက်ရှင်ကားက လုံးဝပျင်းစေမဲ့ ဇာတ်ကားမျိုးမဟုတ်ဘူးဆိုတာပြောပြရင်း ကြည့်ရှုခံစားပေးကြပါဦးလို့ ... (အညွှန်းနဲ့ဘာသာပြန်ကတော့ YH~Cherry~Zwe~Moon~Yunni တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  YH~Cherry~Zwe~Moon~Yunni

10 2023 124 mins
Medal
The D Train
5.1

The D-Train (2015) =================== ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့….. School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော်

Comedy • Drama
5.1 2015 101 mins
The D Train
The Top Secret: Murder in Mind
5.4

Top secret murder in mind တိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ “ဌာန၉”ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။ သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါ တကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ ) File Size__(2.6GB) / (1.3GB) Quality__WEB-DL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__02:16:00 Type__Crime, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
5.4 2016 148 mins
The Top Secret: Murder in Mind
True Spirit

ကိုယ့်ဘဝမှာဖြစ်ချင်နေတဲ့ အိပ်မက်တွေရှိနေပြီး အဲ့ဒီအိပ်မက်တွေနောက်ကို အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ဖြစ်နေကြတဲ့ လူတွေအများကြီးရှိမှာပါ။ အဲ့ဒီလို အိပ်မက်တွေဖြစ်လာဖို့က ကိုယ့်ရဲ့အိပ်မက်ကိုကိုယ်ယုံကြည်ပြီး အပြင်းအထန်ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ သက်သေပြသွားတာပဲဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဂျက်ဆီကာလို့ခေါ်တဲ့ သြစတေးလျကမ်းခြေမှာကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ပင်လယ်နဲ့ အကျွမ်းတဝင်ရှိခဲ့ပြီး ရွက်လွှင့်ရတာကို အရမ်းနှစ်သက်သဘောကျတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။သူကအသက် ၁၇ နှစ်နဲ့ကမ္ဘာတစ်ပတ်ကို အကူအညီမပါပဲ ဆက်တိုက်ရွက်လွှင့်ခဲ့တဲ့ဂျက်ဆီမာတင်ဆိုတဲ့ အသက်အငယ် ဆုံးရွက်လွှင့်သူကို အရမ်းအားကျပြီးသူကိုယ်တိုင်လဲအဲ့လိုမျိုးဖြစ်ချင်ခဲ့ပါတယ်။ ဒါကြောင့်ဂျက်ဆီကငယ်ငယ်လေးကတည်းက ဘန်ဆိုတဲ့နည်းပြနဲ့ လေ့ကျင့်ခဲ့ပြီးအသက် ၁၆ နှစ်ပြည့်တဲ့အခါမှာတော့ ကိုယ်တိုင်သူသွားချင်တဲ့ ပန်းတိုင်ကို ခရီးနှင်ဖို့စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့်စစချင်းမှာတော့ မီဒီယာတွေနဲ့ အစိုးရက သူ့ကိုအရမ်းတိုက်ခိုက်ကြပေမဲ့ လုံးဝလက်မလျှော့ပဲ မိသားစုနဲ့ နည်းပြရဲ့ အကူအညီနဲ့ သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ ဒီခရီးတစ်လျှောက်မှာ တွေ့ကြုံရမဲ့အခက်အခဲတွေမုန်တိုင်းတွေကို ဘယ်လိုတွေဖြစ်ကျော်ပြီးရက်ပေါင်း ၂၁၀ (ခုနှစ်လ) ကြာမြင့်တဲ့အခါမှာ အောင်မြင်စွာပြန်လာနိုင်ခဲ့ပုံတွေကို ရင်ထိတ်ဖွယ်ရာ စိတ်ဝင်စားစရာ ဒရာမာတွေနဲ့ လူ့ဘဝရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 2.70GB / 800MB Quality… NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Fantasy
0 2023
True Spirit
The Valley of the Sacred King
5.9

သင်္ချိုင်းဖောက်ထွင်းဆရာကြီး ဟူပါးရီးက ဒီတစ်ခါတော့ အရှေ့တောင်အာရှကရှေးဟောင်းဘုရင်သင်္ချိုင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။ သူတို့ရောက်လာတဲ့အကြောင်းအရင်းတော့ သင်္ချိုင်းထဲကရတနာတစ်ခုဟာ သူတို့မိနေတဲ့အဆိပ်ကိုဖြေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ပဲရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် သင်္ချိုင်းထဲမှာညီကိုတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် ဟူပါးရီးဟာသူ့ကိုယ်သူအပြစ်တင်ပြီး စိတ်ဒဏ်ရာကိုမကျော်ဖြတ်နိုင်ဘူးဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာ ဝမ်ခိုင်ရွှမ်ကို စကော့ထ်ဆိုတဲ့နိုင်ငံခြားသားတစ်ယောက်က အတင်းခေါ်သွားခဲ့တဲ့အတွက်ဟူပါးရီးနဲ့ ယန်ရွှယ်လိတို့က ဝမ်ခိုင်ရွှမ်ကိုလိုက်ကယ်ရတော့တာပေါ့…… ဝမ်ခိုင်ရွှမ်ကိုကယ်တင်ရင်းဘာတွေကြုံတွေရမလဲဆိုတာ သင်္ချိုင်းဖောက်ထွင်းရတနာသိုက်ရှာတဲ့ကားဆိုတဲ့အတိုင်း ထူးဆန်းဖြစ်ရပ်တွေအပြည့်နဲ့မလို့ ဆက်ပြီးကြည့်လိုက်ပါဦးနော်……

Comedy • Romance
5.9 2023
The Valley of the Sacred King
Adalynn

” Adalynn ” ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Adalynn
The White Storm
6.7

Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်

6.7 2013 140 mins
The White Storm
Maruthi Nagar Subramanyam
7.7

Maruthi Nagar Subramanyam (2024)”ဗရုတ်သုတ်ခ မိသားစု” ============================================= တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။ အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Science Fiction • Thriller • Horror
7.7 2024 144 mins
Maruthi Nagar Subramanyam
Black Tea
5.2

Black Tea (2024) အာဖရိကန် ဒါရိုက်တာ Abderrahmane Sissako ရိုက်ကူးထားပြီး ဇာတ်အိမ်ကို တရုတ်နိူင်ငံ ကွမ်ကျိူးပြည်နယ်ဘက်မှာ ဇာတ်အိမ်တည်ထားတာပါတယ်။ ဂျွိုက်ဟာ သူစိတ်ဝင်စားတဲ့ လက်ဘက်ရည်ပညာရပ်ကိုလဲဆည်းပူးရင်း စိတ်ပြေလက်ပျောက် တရုတ်နိူင်ငံ ကွမ်ကျိုးမြို့ဆီ ထွက်လာခဲ့ပါတယ်။ နယ်ခံဖြစ်တဲ့ Cai နဲ့ ဂျွိုက်စ် တို့ရဲ့ကြားက သံယောဇဉ်ကနေ ချစ်ချင်းမေတ္တာပေါက်ဖွားလာပုံ၊ ဂျွိုက်နဲ့နယ်ခံတရုတ်တွေရဲ့ကြား ဆက်နွယ်မှုအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.5 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:50:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

5.2 2024 111 mins
Black Tea
The Sleeping Woman

Halloween Month ထဲမှာ ကြည့်ဖို့ Thriller ဇာတ်လမ်းသစ် ရှာနေသူတွေအတွက် Psychological Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ “The Sleeping Woman” (၂၀၂၄) ခုနှစ်ထွက် စပိန် Psychological Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ “The Sleeping Woman (La mujer dormida)” မှာဆိုရင် အန်နာဆိုတဲ့ သူနာပြုတစ်ယောက် သြဂတ်စတင်တို့အိမ်ကို ရောက်ရှိလာရာကနေ အစပျိုးထားပြီးတော့ အန်နာရဲ့တာဝန်ဟာ ကိုမာလူနာတဖြစ်လည်း သြဂတ်စတင်ရဲ့အမျိုးသမီးဖြစ်သူ ဆာရာကို ပြုစုဂရုစိုက်ပေးဖို့ပဲ ဖြစ်ပါတယ်။ သြဂတ်စတင်တို့ အိမ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ အန်နာတစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရကာ ဒီအိမ်မှာရှိနေတဲ့ တစ်စုံတစ်ခုက သူ့ကို မလိုလားသလိုမျိုး စိတ်ထဲခံစားနေရတယ်။ အစပိုင်းတော့ အန်နာဟာ ဒါတွေကို စိတ်ထဲမှာပဲ ဖြစ်နေတာပါလေလို့ ထင်ခဲ့ပေမယ့်လည်း ဆက်တိုက်ဆိုသလို သူ့အပေါ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ပိုပိုဆိုးလာတော့တယ်။ ဒီလိုဖြစ်ပျက်လာနေတာတွေကို ဆာရာလုပ်တာလို့လည်း အန်နာက တွေးမိနေပြန်တယ်။ ထူးဆန်းတဲ့အဖြစ်အပျက် တွေ ဖြစ်နေသည့်ကြားကမှ ကြိုးချင်းထားကြိုးချင်းငြိ အိုးချင်းထား အိုးချင်းထိဖြစ်အောင် ထိခဲ့သေးတဲ့ သြဂတ်စတင်ကို ပြောပြပေမယ့်လည်း ဆာရာဟာ ကိုမာဝင်နေတာကြောင့် မဖြစ်နိုင်ဘူးလို့ပဲ တွေးခဲ့ကြတယ်။ Horror/ Suspense ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ “The Sleeping Woman” ထဲမှာ တကယ်ပဲ ကိုမာဝင်နေတဲ့ ဆာရာက အန်နာကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒီအိမ်ထဲကနေ အကြောင်းတစ်ခုခုကြောင့်များ ထွက်သွားစေချင်လို့ ကူညီဖို့ ကြိုးစားနေတဲ့အရာ ရှိနေတာလားဆိုတာကို ဇာတ်လှည့်တွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(570 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Drama, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

Action
0 2024 110 mins
The Sleeping Woman