YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Way Back Love 2025 E05 1080p TVING WEB-DL [RMC].mp4

547.37 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breathe In
6

ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ် ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice

Comedy • Drama • Romance
6 2013 98 mins
Breathe In
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse
6.7

Teen Titans Go! ဆိုတာ Teen Titans အန်နီမေးရှင်းစီးရီးကို ဟာသဗားရှင်းနဲ့ ဆက်ထွက်တဲ့စီးရီးလေးဖြစ်ပြီး မူရင်းစီးရီးတင်မကပဲ တခြားစူပါဟီးရိုးကားတွေကိုပါ လှောင်ပြောင်ပေါက်ကရလုပ်ထားတာပါ။ အခု Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse ကတော့ မူဗီတစ်ခုဖြစ်ပြီး DC Super Hero Girls ဆိုတဲ့ စီးရီးနောက်တစ်ခုနဲ့ crossover လုပ်ထားတာပါ။crossover ဆိုရာမှာ သမားရိုးကျ crossover မဟုတ်ပဲ စူပါဟီးရိုးကားတွေရဲ့ ထုံးစံတွေကို ပညာသားပါပါဟာသလုပ်ထားတာကိုတွေ့ရမှာပါ။ လက်စ်လူသာရဲ့ မဟာ အကြံအစည်ကြီးကို Super Hero Girls အဖွဲ့က တားဖို့လုပ်တာကိုကြည့်ရရင်း သာမန်ကလေး ကာတွန်းကားလို့ ခံစားရလာပြီဆိုရင် Teen Titans တို့က စည်းကျော်ဘောင်ကျော် ဝင်ဝင်ဖောက်ပြီး crossover ဆိုတဲ့ခေါင်းစဥ်အောက်မှာ ထင်မထားတာလေးတွေလုပ်ပြသွားမှာမို့ ကြည့်ကြည့် လိုက်ကြဖို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Pyi T.Nyein ဖြစ်ပါတယ်) File Size..........(1 GB) / (495 MB) Quality............WebRip 1080p / 720p Duration.........1Hr 19mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Pyi T.Nyein Encoder..........SWM

Drama • Science Fiction
6.7 2022 79 mins
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse
The Teacher's Diary
7.7

အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။ Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။ ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။ Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။ သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher's Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။ အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher's Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ...။ IMDB - 7.9 (ရုပ်ရှင်အညွှန်းကို Ko Aung Myo Naing FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။) File size…(1.2 GB) / (900 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Meoww Meoww

Action • Crime • Drama • Thriller
7.7 2014 109 mins
The Teacher's Diary
You Were Never Really Here
6.5

အက်ရှင်ကားမှကြိုက်တဲ့ပရိတ်သတ်တွေ ရှိလား... ဒါဆိုရင်တော့ "You were never really here" ဆိုတဲ့ ဇာတ်ကားလေးညွှန်းပေးချင်ပါတယ်... အညွှန်း.... နိုင်ငံအတွက် အချိန်အကြာကြီး စစ်မှုထမ်းပေးခဲ့တဲ့ စစ်မှုထမ်းဟောင်း Joe... စစ်သားပီပီ ကယ်ဆယ်ကူညီပေးရတာ စိတ်အားထက်သန်သူ.. Joe က ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေကို ကူညီရှာဖွေပေးပါတယ်... ဒီလိုကူပေးရင်းနဲ့ သူရလာတဲ့ လှည့်ကွက်တစ်ခုက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်... Joe တစ်ယောက် မိန်းကလေးတွေကို ဘယ်လိုကူပေးမလဲ... သူ့ရဲ့ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် သူချစ်တဲ့သူတွေပါ ဒုက္ခတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်မလား... စတဲ့ လားလား မေးခွန်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းကို ကြည့်ရှူခံစားရမှာပါ... File Size : (699 MB) and (326 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Sci-Fi & Fantasy
6.5 2017 89 mins
You Were Never Really Here
Yoga Class
5

Yoga Class (2009) ============= Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။ သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။) File Size……….(1.25 GB) / (509 MB) Quality…………WebRip 1080p / 720p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Mystery Translator…….Hay Thar Encoder……….SWM

Action
5 2009
Yoga Class
Bird Box Barcelona

Bird Box Barcelona (2023) ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

0 2023
Bird Box Barcelona
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
Trafficking

ရက်ကွင်ယန်ဆိုတဲ့အသက် ၅၀ ကျော်လူတစ်ယောက်က မကြာသေးခင်ကပဲသူ့မှာ ကုမရတဲ့ကင်ဆာရှိနေပြီး ခြောက်လ လောက်ပဲအသက်ရှင်ရတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။ သူက ၃၅ နှစ်တုန်းကလုပ်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့်ထောင် ၁၅ နှစ် ကျခဲ့ပြီးလွတ်လာတာလဲ ငါးနှစ်လောက်သာရှိပါသေးတယ်။ အခုလွတ်လာတော့လဲ သူကကြေးစားအကြွေးလိုက်တောင်းပေးတဲ့ လူတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ဇနဲ့ဘဲကြီးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့အကြွေးသွားတောင်းတဲ့လူတစ်ယောက်ရဲ့ အိမ်ကို ရောက်ပြီးနောက်မှာ အဲ့ဒီအိမ်က ကလေးမလေးတစ်ယောက် လူကုန်ကူးခံ ရတော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီလူကုန်ကူးတဲ့ လုပ်ငန်းကြီးရဲ့ပိုင်ရှင်က သူ့သူဌေးတောင်မထိရဲတဲ့ ဥရောပမူးယစ်မှောင်ခို ကုန်သည်ကြီးဖြစ်နေတဲ့ အတွက် သူ့သူဌေးကရော သူ့သူငယ်ချင်းကပါ အဲ့ဒီကိစ္စကိုသွားမရှုပ်ဖို့တားခဲ့ပါတယ် ။ ဒါပေမယ့် သေမထူးနေမထူးဖြစ် နေတဲ့လူတစ်ယောက်အနေနဲ့ သူ့သမီးအရွယ်လောက်သာရှိတဲ့ အဲ့ဒီ ကလေးမလေးကို သွားကယ်ခဲ့ပြီးနောက်မှာ ဘယ်လို နောက်ဆက်တွဲ ပြဿနာတွေဆက်ဖြစ်လာမလဲ။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်လေးတွေကိုရော ဘယ်လိုအကျိုးရှိရှိ နေသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…0.9GB / 416MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
0 2023
Trafficking
Kandasamys: The Baby
6

Kandasamys The Baby (2023) “ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ” CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ် IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော် ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း “Trippin’ with Kandasamys”, “Keeping up with Kandasamys” နဲ့ “Kandasamys : The Wedding” ဆိုပြီး ထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါ ပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့ မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကို သိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ် တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့် မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ် စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ် စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ အင်္ဂလိပ်ဗန်းစကား အသုံးအနှုန်းကတော့ ရှိတ်စပီးယားတောင် ထိုင်ငိုသွားလောက်တယ်ဗျ အဲဒီကနေ အထည်ကြီးဂွကျကျ ကန်ဒါဆာမီ မိသားစု ဘယ်လိုတွေ ပြဿနာတွေ တက်ကြမလဲဆိုတာကို အားလပ်ချိန်လေး အပန်းပြေ ကြည့်ရှုခံစားပေးကြပါဦး အိန္ဒိယကားဆိုပေမယ့် ဒီကားက အသက် ၈၀ အရွယ် အဘွားကြီးကအစ အီးလိုပဲ slang တွေ အထိ ထိုင်မှုတ်နေတာကြောင့် အီးစကေး တက်ချင်တဲ့သူတွေလည်း ပညာယူစရာရှိကြောင်းပါ (ဤကား စကားချပ်) အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ V ~ KKKZ ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6 2023 93 mins
Kandasamys: The Baby
Invictus
7.3

IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည် Invictus ဆိုတာက အင်္ဂလိပ်ကဗျာဆရာ William Ernest Henley ရဲ့ ကဗျာနာမည်ဖြစ်ပြီး လက်တင်လို “အနိုင်မခံ အရှုံးမပေး”လို့ အဓိပ္ပါယ်ရပါတယ်။ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်များများ ခါးသီးမှုတွေကို သည်းခံ တွန်းလှန်ပြီး နောက်ဆုံးအချိန်ထိ မလျှော့တဲ့ဇွဲ၊ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့သာ ကြိုးစားမယ်ဆိုရင်… အောင်မြင်မှုဆိုတာ ရယူဖို့ လွယ်ကောင်းလွယ်နိုင်သော်ငြား ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်တယ်လို့ပြောကြပေမဲ့ နိုင်ငံရေးသမား နယ်လ်ဆင်မန်ဒယ်လာအတွက်တော့ သမ္မတဖြစ်ဖို့ဆိုတဲ့ ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ၂၇ နှစ်ကျခံခဲ့ရပြီး ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါတယ်။ ၁၉၉၀ခုနှစ် ထောင်က ပြန်လွတ်လာချိန်မှာလည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ၁၉၉၄မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တာပါ။ သမ္မတ မဖြစ်ခင် ခရီးလမ်းကမလွယ်ကူခဲ့သလို သမ္မတဖြစ်ပြီးချိန်က ပိုလို့တောင် ခက်ခဲနေခဲ့ပါသေးတယ်။ လူမည်းတစ်ဦးကသမ္မတ ဖြစ်သွားတာမို့ အရင်ကဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေက သူတို့ကိုဖိနှိပ်ခဲ့တဲ့ လူဖြူတွေကို တဖန် ပညာပြဖို့ကြိုးစားရင်း လူဖြူ၊ လူမည်း အားပြိုင်မှုတွေ ဖြစ်လာတဲ့အခါ လူမျိုးရေးခွဲခြားမှုရဲ့သင်္ကေတလို့ ပြောလို့ရနိုင်တဲ့ လူဖြူတွေအားပေးကြတဲ့ ရက်ဘ်ဘီဘောလုံးကစားနည်းရဲ့ (ဘဲဥပုံဘောလုံးကို ဘေးတိုက်၊ နောက်ပြန် ပစ်၊ ကန်ရတဲ့ကစားနည်း) စပရင်ဘုတ်ခ်စ်အသင်းက လူမည်းတစ်ဦး သမ္မတဖြစ်လာမှုရဲ့အကျိုးဆက်ကို စတင်ခံစားရပါတော့တယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ သူတို့အသင်းဖျက်သိမ်းရေးကို လူမည်းတွေက ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒကို ဆန့်ကျင်သူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ယောက်ရဲ့ ပြယုဂ်ဖြစ်တဲ့ သမ္မတမန်ဒယ်လာက ဒီပဋိပက္ခကို ဖြေရှင်းဖို့ တစ်နိုင်ငံလုံးမှာ နိုင်ငံကိုယ်စားပြုအသင်း တစ်သင်းပဲရှိရမယ်ဆိုပြီး တစ်သင်းတည်းသော စပရင်ဘုတ်စ်ခ်အသင်းရဲ့ခေါင်းဆောင် ပီနာဖရန်ဆွာကို ကမ္ဘာ့ဖလားမှာ အနိုင်ရအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ကျွမ်းကျင်သူတွေက ကွာတားဖိုင်နယ်ရောက်ရင်တောင် ကံကောင်းလို့ မှတ်ချက်ပြုခဲ့ချိန်မှာ ဖရန်ဆွာတစ်ယောက် သာမန်အရည်အချင်းပဲရှိတဲ့ သူ့အသင်းကို ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ထိ ရောက်အောင်ဆွဲခေါ်သွားနိုင်ပါ့မလား.. ပြိုင်ပွဲကို ကွင်းထဲအထိ သွားအားပေးမဲ့သမ္မတကရော သောင်းချီတဲ့ပရိသတ်တွေကြား ဘေးကင်းနိုင်ပါ့မလား.. သမ္မတဖြစ်စေချင်သလိုရော လူဖြူ လူမည်း စည်းလုံးမှု ရယူနိုင်ပါ့မလား.. ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး အားလုံးရဲ့စံပြဖြစ်ရမဲ့ သမ္မတဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုစိတ်ထား ခံယူချက်တွေ ထားရှိရမလဲ.. ထားရှိသင့်သလဲ.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားနဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

7.3 2009
Invictus
Third Day

တူရကီ အချစ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဝမှာသူချစ်ရတဲ့သူနဲ့ပဲလက်တွဲမယ်လို့ ဆုံးဖြတ်ထားတဲ့အယ်လီယာဟာ dating site တစ်ခုမှာ ဆီမိဟ် ဆိုတဲ့ ကောင်လေးနဲ့ဆုံမိတယ်။ ဆီမိဟ်ဟာ သူ့အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုပြီးယုံကြည်တဲ့အတွက် ဆီမိဟ်ရှိရာနေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထပ်ဖို့ အတင်း တိုက်တွန်းနေတဲ့ မိခင်ဖြစ်သူကို အစ္စတန်ဘူမှာ အလုပ်အင်တာဗျူး ရှိတယ် ၊ ခရီးသွားဖို့အချိန်သုံး‌ရက်လောက်ပေးပါဆိုပြီးတောင်းဆိုတယ်။ မိခင်ဖြစ်သူကလည်း သုံးရက်ကျော်လို့မှပြန်မလာရင် ယောက်ျားပေးစား ပစ်မယ်လို့ပြောတယ်။ အယ်လီယာကလည်းသူ့အမေပြောတဲ့စကားကို လက်ခံပြီးအိမ်ကနေ ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ဆီမိဟ်တို့အိမ်ရောက်တဲ့အခါမှာ သူထင်ထားတဲ့သူနဲ့လွဲနေတဲ့အခါမှာတော့…. File size…1.93GB / 1.05GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2024 97 mins
Third Day
One Win
6.5

One Win (2024) ***************** IMDb… 6.5 Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက် ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့ Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသ‌မားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီး သင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။ အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီး အရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။ အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ Pink Storm အသင်းကို ပြန်လည်ဝယ်ယူထားတဲ့ အသင်းပိုင်ရှင်သစ်ကတော့ ဂန်ဂျောင်ဝန်း (Park Jeong-Min) ပါ။ သူ့ရည်ရွယ်ချက်ကတော့ အသင်းကို တစ်ပွဲအနိုင်ရတဲ့အသင်းဖြစ်အောင် လုပ်ပြီး ပြန်ရောင်းထုတ်ဖို့ပါပဲ။ ဒရမ်မာဆန်ဆန် ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ အသင်းပိုင်ရှင်ဂျောင်ဝန်းလည်း Pink Storm သာ တစ်ပွဲနိုင်ခဲ့မယ်ဆိုရင် လက်မှတ်ဝယ်ယူသူများထဲမှ အယောက် ၁၀၀ ရွေးပြီး ပိုက်ဆံ ၂ ဘီလီယံဆုချမယ်လို့ ကတိပြုကြေညာလိုက်တဲ့အခါမှာတော့..။ ဘဝတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းနဲ့ပဲ အသားကျနေခဲ့တဲ့ နာမည်မဲ့နည်းပြ ဂင်အူဂျင်နဲ့ Pink Storm အသင်းသားများ ပူးပေါင်းကြိုးစားပြီး တစ်ပွဲအနိုင်ရရှိသွားမလား… ဘော်လီဘောအကြောင်း ဘာတစ်ခုမှမသိဘဲ အသင်းပိုင်ရှင်ဖြစ်လာတဲ့ မရင့်မကျက်သူဌေးသားလေး ဂန်ဂျောင်ဝန်းကရော အသင်းအပေါ်ထားတဲ့ သဘောထားတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.58GB/ 810MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Miri & Treasure Htet Encoded by Tiff

6.5 2024 107 mins
One Win