YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Warrior Baek Dong Soo(2011)EP13 WEB-DL 720P(CM).mp4

331.54 MB 720p video/mp4 248 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Annika Bengtzon: Crime Reporter - Prime Time
5.4

1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 715MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 33Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Comedy • Drama
5.4 2012 93 mins
Annika Bengtzon: Crime Reporter - Prime Time
The Milagro Beanfield War
6.5

Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.7 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre...Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • Drama
6.5 1988 117 mins
The Milagro Beanfield War
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
The Stratum
4.1

The Stratum (2023) ============== ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။ အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (586 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi Translator……Ngwe Zin Encoder……….SWM

4.1 2023
The Stratum
Ronnie O’Sullivan: The Edge of Everything
7.8

Ronnie O’Sullivan: The Edge of Everything (2023) ~ IMDb rating – 7.8/10 ~ ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင် သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ “ရွန်နီ အို ဆာလီဗန်“ ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။ သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။ ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။ သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။ “အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…” ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။ တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှုကြောင့်ပဲဖြစ်လိမ့်မယ်။ ရွန်နီက သူ့ရဲ့ခံစားချက်တွေအပေါ် သိပ်ရိုးသားတဲ့လူပဲ။ သူ့စိတ်ထဲဘာတွေခံစားနေရလဲ၊ ဘာတွေတွေးနေလဲ အမြဲထုတ်ပြောတယ်။ မြိုသိပ်ထားလေ့မရှိဘူး။ သူ့ရဲ့ တမူထူးခြားတဲ့စရိုက်က တခြား စက်ရုပ်စနူကာသမားတွေထက်သာပြီး ရွန်နီအိုဆာလီဗန် ဆိုတဲ့ နာမည်တလုံး ‌ဖြစ်လာစေခဲ့တယ်။ ကမ္ဘာကျော်တွေရဲ့ ဒိုကူမန်ထရီတွေဟာ ကိုယ့်ကိုအမြင်ပွင့်စေပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သူတို့ရဲ့ ဘဝနေထိုင်ပုံက မျက်မြင်အရဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ရနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြောလာမှ သူတို့ထမ်းပိုးထားရတဲ့ အစိုင်အခဲတွေကို မြင်ရတယ်။ ဒါကတော့ ‌ဒုံးပျံကြီး ရွန်နီအိုဆာလီဗန်ရဲ့ လျှော့ချနေဆဲ အစိုင်အခဲတွေအကြောင်းပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 915MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 53Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.8 2023 113 mins
Ronnie O’Sullivan: The Edge of Everything
Angithee 3
6

Angithee 3 2024 (အချစ်မီးလျှံ) ကူနယ်နဲ့ ရီဗာတို့ဟာ အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံပေါ့။ သူတို့ဟာ မင်္ဂလာဆောင်အပြီး ကူနယ့်မွေးရပ်မြေအိမ်လေးကို ဟန်နီးမွန်းခရီးအနေနဲ့ ပြန်လာခဲ့ကြပါတယ်။ ကူနယ့်မှာတော့ အမေပဲ ရှိတော့တာဖြစ်ပြီးတော့ အပန်းဖြေစခန်းလေး ဖွင့်ထားပါတယ်။ ကူနယ်တို့အိမ်မှာတော့ သူ့အမေကို ကူညီလုပ်ခိုင်းပေးနေတဲ့ သူတို့အိမ်က ကားမောင်းသမားကြီးရဲ့သမီးဖြစ်သူ ချန်ဒါနဲ့ အပန်းဖြေစခန်းကို ကူနယ့်ကိုယ်စား စီမံအုပ်ချုပ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ဆာမာတို့ နေကြပါတယ်။ ချန်ဒါဆိုတာကလည်း ကူနယ့်ကို ငယ်ငယ်လေးကတည်းက ချစ်ခင်ခဲ့သူဖြစ်ပြီး ခေါ်တာတောင် အစ်ကိုလေးလို့ပဲ ခေါ်သူပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ မတွေ့ရတဲ့သားလေး ပြန်လာမှာကို အိမ်ကနေ စိတ်လှုပ်ရှားစွာ စောင့်နေတဲ့ ကူနယ်ရဲ့ အမေ၊ မထင်မှတ်ဘဲ ကူနယ်တို့ ကားမတော်တဆဖြစ်တဲ့ သတင်းလည်းကြားရော အဲဒီအချိန်မှာပဲ ကံကြမ္မာဆိုးတွေ စတင်ခဲ့ပါတော့တယ်။ ချွေးမဖြစ်သူက အများကြီးမထိခိုက်ပေမယ့် ကူနယ်ကတော့ ကားမတော်တဆဖြစ်မှုကနေ ကျောရိုးထိခိုက်ပြီး တစ်သက်လုံးလမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြင်စဦးလင်မယားနှစ်ယောက် ရှေ့ဆက် ဘယ်လို စခန်းသွားကြမလဲ ……. အမေ, ချန်ဒါနဲ့ ဆာမာတို့ကရော ကူနယ့်အပေါ်မှာ ဘယ်လိုတွေ ဖြည့်စည်းလုပ်ကိုင်ပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023
Angithee 3
A Hidden Life
7.5

A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ” – George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။

7.5 2019 173 mins
A Hidden Life
Preparations for a Miracle
8.2

Preparations for a Miracle (2024) IMDb Rating (8.2) “Preparation for a miracle” က Tobias Nölle ရိုက်ကူးခဲ့တဲ့ contemporary science fiction ဖြစ်ပြီး IMDB 8.2/10 ရရှိထားတဲ့ ဂျာမဏီဘာသာစကား အခြေစိုက် Switzerland နဲ့ Germany တွဲဖက်ထုတ်လုပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Science fiction နဲ့ documentary ပုံစံ ‌နှစ်ခုရောထားပြီး ထူးခြားတဲ့ ဇာတ်ကြောင်းပြောကြားမှု၊ Visual ကောင်းကောင်းနဲ့ အဓိက theme တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နည်းပညာအပေါ် လေးနက်တဲ့ထင်ဟပ်မှုတွေဖြစ်ပေါ်အောင် ရိုက်ကူးတင်ပြထားပါတယ်။ Plot summary: အနာဂတ်က လူသားသွင်ပြင်ပုံသဏ္ဌာန်နဲ့ Android တစ်ခုက ဘုရင်ကြီးရဲ့အသံကိုဖမ်းဖို့ 2022 ခုနှစ်ကို အချိန်ခရီးသွားလာခဲ့တယ်။ သူ့ရဲ့မစ်ရှင်ကတော့ သူတို့စက်‌တွေရဲ့ ဖြစ်တည်မှုမေးခွန်းတွေအားလုံးအတွက် အဖြေကို ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တဲ့ လူသားဘုရင်ကြီးရဲ့ လှပတဲ့အသံကို သွင်းယူပြီး အနာဂတ်ကို ပြန်လာခဲ့ဖို့ပါပဲ။ ဒီလိုနဲ့ ဘုရင်ကြီးကို တစ်ခါမှမမြင်ဖူးတဲ့ Android ဟာ စက်ရုပ်တွေနဲ့ ပြောဆိုမေးမြန်းပြီး လူသားတွေကြား အူကြောင်ကြောင်ရောထွေးနေထိုင်ကာ ဘုရင်ကြီးကိုတွေ့ဖို့ ကြိုးစားရင်း သူနားမလည်တဲ့ အတိတ်က လူသားတွေနဲ့ စက်ပစ္စည်းတွေရဲ့ အခြေအနေတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (760 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary,Science Fiction Duration….01:29:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Drama
8.2 2024 88 mins
Preparations for a Miracle
The Prophecy II The Prophecy 2
5.7

The Prophecy II (1998) နတ်တမန်ချင်း စစ်ခင်းကြတဲ့ကြား လူတွေရောက်ခဲ့ရပြီးနောက် ၄ နှစ်အကြာမှာ ငရဲပြည်မှာ ပိတ်လှောင်ခံထားရတဲ့ နတ်မင်းတမန် ဂေဘရီယယ် လူ့ပြည်ကို ပြန်တက်လာခဲ့တယ်။ ဒီတစ်ခေါက်မှာ သူ့ရည်ရွယ်ချက်က နတ်တမန်စစ်ပွဲကို အဆုံးသတ်ပေးလိမ့်မယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ကလေး မွေးမလာခင်မှာ လက်ဦးမှုယူပြီး သုတ်သင်ပစ်ဖို့ပဲ။ ဒီလိုနဲ့ ဘုရားသစ္စာတော်ခံနတ်တမန် ဒန်နေယယ်နဲ့ ပေါင်းဖက်ရာကနေ ကိုယ်ဝန်ရှိသွားခဲ့တဲ့ ဗယ်လာရီဆိုတဲ့ မိန်းကလေးနောက်ကို ဂေဘရီယယ် တောက်လျှောက်လိုက်ရင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ်။ ဒီ The Prophecy II ဟာ ၁၉၉၅ က ထွက်ရှိခဲ့တဲ့ The Prophecy ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အရင်ကားမှာ သရုပ်ဆောင်စွမ်းပြခဲ့တဲ့ Christopher Walken ကပဲ ဂေဘရီယယ်နေရာမှာ ဆက်သရုပ်ဆောင်ထားတဲ့ ဘာသာရေး ဟော်ရာဇာတ်လမ်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 01:24:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Costanza

5.7 1998 83 mins
The Prophecy II The Prophecy 2
Dora and the Search for Sol Dorado
6

Dora and the Search for Sol Dorado 2025 ရုပ်ရှင်ကတော့ လူကြိုက်များခဲ့တဲ့ Dora the Explorer ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ အထက်တန်းကျောင်းသူဘဝကို ရောက်ရှိနေပြီဖြစ်တဲ့ Dora က မိသားစုနဲ့အတူ တောထဲမှာ နေထိုင်လျက်ရှိပါတယ်။ တစ်ရက်မှာတော့ ရှေးဟောင်းလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ဆန်းကျယ်တဲ့ Sol Dorado ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ အန္တရာယ်တွေပြည့်နှက်နေတဲ့စွန့်စားခန်းတစ်ခုထဲကို ချီတက်ကြပါတော့တယ်။ လမ်းတစ်လျှောက်မှာ ပဟေဠိတွေ၊ ထောင်ချောက်တွေနဲ့ ရန်သူတွေကို ရင်ဆိုင်ရပြီး Dora ရဲ့ စွမ်းရည်၊ ဉာဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ Dora ရဲ့ စူးစမ်းလိုစိတ်နဲ့ချစ်စရာကောင်းတဲ့စကားပြောဟန်တွေ ပါဝင်ပြီး အထူးသဖြင့် သူ့ကျောပိုးအိတ်ထဲက ပစ္စည်းတွေနဲ့ မျောက်ကလေးဘု့စ်တို့ရဲ့ပါဝင်မှုက Dora ဇာတ်ကောင်နဲ့ရင်းနှီးမှုကို ဖန်တီးပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းသလို လူကြီးတွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ်။ CGI အသုံးပြုမှုတွေနဲ့ တောထဲကရှုမျှော်လင်းအလှပြအကွက်တွေက ရုပ်ရှင်ကို ပိုမိုစွဲမက်ဖွယ်ဖြစ်စေပါတယ်။ Dora ကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်တဲ့သူတွေ၊ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်လိုသူတွေ အတွက် ကောင်းမွန်တဲ့ဇာတ်လမ်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ File Size… (2.65 GB) / (1.22 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre ….. Action , Adventure , Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance
6 2025 96 mins
Dora and the Search for Sol Dorado
How to Train Your Dragon
8.1

How to Train Your Dragon (2025) IMDb Rating (8.1) / Rotten Tomatoes (77%) ( WEB-DL ကြည်တောက်ရှင်း Update…Audio ပါ Fix ထားပေးပါပြီ ) 2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ပြန်ပါဝင်ထားပါတယ်။ The Black Phone မင်းသား Mason Thames ကတော့ ဟစ်ကပ် နေရာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဘာ့ခ်ဆိုတဲ့ ဗိုက်ကင်းရွာလေးဟာ နဂါးတွေနဲ့ စစ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဦးရာလူဆော်စတမ်း အပြန်အလှန်ချနေကြတာပါ။ ခေါင်းဆောင်ကြီး စတိုးရစ်က နဂါးတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်သလောက် သူ့ရဲ့သား ဟစ်ကပ်ကိုတော့ တစ်ရွာလုံးက အထင်မကြီးကြပါဘူး။ ပန်းပဲဖိုမှာနေရင်း တီထွင်တာတွေပဲ လျှောက်လုပ်နေတတ်တဲ့ ငကြောက်လေးအဖြစ်မှတ်ထားကြတာပေါ့။ တစ်နေ့မှာတော့ ဟစ်ကပ်ဟာ နဂါးတွေထဲမှာ အကြမ်းဆုံးဖြစ်တဲ့ နိုက်ဖြူရီကို ပစ်ချလိုက်မိပါတယ်။ နောက်တော့မှ နိုက်ဖြူရီနဲ့ သူငယ်ချင်းတွေ ဖြစ်လာပြီး အတူတူ လေပေါ်ပျံကြတဲ့အထိ ရင်းနှီးလာကြပါတယ်။ နဂါးတွေနဲ့ ဗိုက်ကင်းတွေကြားမှာ နားလည်မှုယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ တိုက်ပွဲကြီးဖြစ်လာတဲ့အခါ ဟစ်ကပ်နဲ့ သူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(6.2 GB)/ (2.2 GB) / (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC / 720p Format…. mkv/mp4 Genre….Action,Family,Fantasy Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

Comedy • Family • Fantasy
8.1 2025 125 mins
How to Train Your Dragon
The Escape Door
5.6

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အပြောကြမ်းတဲ့သူတွေ သင်ခန်းစာရစေမယ့် ပညာပေးကအမျိုးအစားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကျန်းယွီထင်ရယ်လီရှုးဝန်တို့နှစ်ယောက်က သူတို့ရဲ့အမေနဲ့အဖေကြောင့် အတူတူနေဖို့ဖြစ်လာတဲ့အချိန်မှာ လီရှုးဝန်ကို ကလေးသဘာဝအရ ကျန်းယွီထင်က အနိုင်ကျင့်သလိုရှိခဲ့ပါတယ် တစ်ရက်အရုပ်လုရင်း စကားများပြီးတော့ လီရှုးဝန်ကို အိမ်ပေါ်က နှင်ချခဲ့ပြီးနောက်မှတော့ လီရှုးဝန်ဟာ မြစ်ထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ် ဒီသေဆုံးမှုဟာပြောရရင်တော့ ကျန်းယွီထင်ရဲ့ ပယောဂမသေးပါဘူး အဲ့လိုနဲ့ ကျန်းယွီထင်တစ်ယောက် ကြီးလာတဲ့အချိန်မှာလည်း အိမ်နဲ့ပဲဖြစ်ဖြစ် ချစ်သူကောင်လေးကိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း အ တော်လေးကို အပေါက်ဆိုးတယ်လို့ပြောလို့ရပါတယ် တစ်ရက်အလုပ်သမားနေ့ပိတ်ရက်ရှည်ပိတ်တဲ့အချိန်မှာ‌တော့ သူ့ကောင်လေးက အလုပ်ခရီးသွားနေချိန် ကျန်းယွီထင်တစ်ယောက် အိမ်ပိုင်ရှင်ရဲ့ ကြောင်ထန်းယွမ်ကို သူ့အိမ်ကို ခဏခဏ ခိုးဝင်လို့ မှတ်လောက်သားလောက်အောင် ပညာပေးမယ်ဆိုပြီး ရေချိုးခန်းထဲ အဝင်မှာပဲ အမြဲပျက်နေတဲ့တံခါးက လုံးဝပြန်ဖွင့်လို့မရဘဲ ကျန်းယွီထင်တစ်‌ယောက် ရေချိုးခန်းထဲမှာ ပိတ်မိနေခဲ့ပါပြီ အော်ဟစ်ရိုက်ထုပြီး အကူအညီတောင်းပေမယ့်လည်း ခါတိုင်း ဆူညံလို့လာပြောတိုင်း ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တတ်တဲ့ ကျန်းယွီထင်ဆီကို ဘယ်သူမှ လာမကြည့်ပါဘူး ကဲအဲ့တော့ အမြဲအပေါက်ဆိုးပြီး စကားကိုကောင်းကောင်းမပြောတတ်တဲ့ ကျန်းယွီထင်တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ သူကျူးလွန်ခဲ့တဲ့အမှားတွေကြောင့် သူ့အတွင်းစိတ်လိပ်ပြာကရောလုံပါ့မလားဆိုတာကိုတော့ ခုပဲဇာတ်လမ်းထဲမှာ ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါနော်

Comedy • Crime • Thriller
5.6 2025
The Escape Door